Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒီပုံထဲက ငှက်တော့ မြင်ဖူး တွေ့ဖူးကြမယ် ထင်တယ်။ ရေနဲ့ နီးစပ်တဲ့ ချုံတွေမှာ နေထိုင်ကျက်စားပြီး ပေါပေါများများ တွေ့ရတယ်။ အိမ်နား ပတ်ဝန်းကျင်မှာ ရေစပ်ချုံရှိရင် "ကွတ် ကွက် ကွက်" ဆိုပြီး သူ့အသံလေး အမြဲကြားရလိမ့်မယ်။ သေချာ သတိထားပြီး နားထောင်ကြည့်ကြနော် ... ❤️❤️❤️
မြန်မာအမည် - ရေကြက်မ/ရေကြက်ရင်ဖြူ/ ကလူကွက်
အပြာရောင် ဝေလငါးတွေဟာ ကမ္ဘာပေါ်က သတ္တဝါတွေထဲမှာ အကြီးမားဆုံးသော သတ္တဝါတွေဖြစ်ကြပြီး သူတို့ရဲ့လျှာဟာ မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားလွန်းလှပါတယ်
ခန့်မှန်းခြေကီလိုဂရမ် ၂,၇၀၀ (ပေါင် ၆,၀၀၀ ခန့်) အထိလေးတဲ့ သူတို့ရဲ့လျှာဟာ အရွယ်ရောက်ပြီးသား လူ ၃၀၊ ၄၀ ခန့်ရဲ့ အလေးချိန်နှင့် ညီမျှပါတယ်
ဒါကြောင်း တိရစ္ဆာန်လောကထဲမှာ အပြာရောင်ဝေလငါးတွေရဲ့ လျှာကတော့ အလေးဆုံးသော ကိုယ်ခန္ဓာအစိတ်အပိုင်း တခုဖြစ်ပါတယ်
လျှာကို အဓိကအသုံးပြုခြင်းအားဖြင့် အစာစားလေ့ရှိတတ်ကြတဲ့ ဒီဝေလငါးတွေဟာ ပုဇွန်လေးတွေနှင့်တူတဲ့ ‘ကရီးလ်' ခေါ် သတ္တဝါငယ်လေးများကို အများအားဖြင့် စားသုံးကြပါတယ်
ကရီးလ်များပါဝင်တဲ့ ရေပမာဏအမြောက်အမြားကို မျိုချနိုင်ရန်အတွက် သူတို့ရဲ့ကြီးမားတဲ့လျှာနှင့်အတူ ပါးစပ်အတွင်းရှိ 'ဘေးလီးယင်' လိုခေါ်တဲ့ အရိုးပြားများအား အသုံးပြုခြင်းဖြင့် ရေကိုပြန်လည်စစ်ထုတ်လိုက်ပါတယ်
ကရီးလ်များကို ထပ်ခါထပ်ခါမျိုချရင်း သာမန်အပြာရောင်ဝေလငါးကြီးတစ်ကောင်ဟာ တစ်ရက်လျှင် ကရီးလ်တန်ချိန် ၄ တန်အထိ စားသုံးနိုင်ကြပါတယ်
ဝဥအပင်မှ သီးသည့် ရွက်သီးအကြောင်း
=============================
မိမိသည်မြန်မာပြည်အနှံ့ဝဥစိုက်ပျိုးရေးနည်းပညာများကို မျှဝေပေးနေသူ တစ်ဦးဖြစ်၏
မိမိရောက်ရှိရာဒေသတိုင်းတွင် အမေးအများဆုံးမေးခွန်းမှာ တစ်ဧကစိုက်လျှင်ဝဥပိဿာချိန်ဘယ်လောက်ရပါသလဲ??
မိမိအါး မမေးသောမေးခွန်းမှာတစ်ဧကစိုက်လျှင်
ဝဥပင်မှရွက်သီးဘယ်နှစ်ပိဿာရလဲ??
ဆိုလိုသည်မှာ ဝဥစိုက်ပျိုးရန်စိတ်ပါဝင်စားသူအများစုသည် ဝဥပင်အရွက်မှသီးသည့်အသီးတန်ဖိုးကိုမေ့လျှော့ထားကြပုံရ၏
ဖူးတန်စေ့မှစိုက်သောစိုက်ခင်းမှလည်းရွက်သီးရ၏
ရွက်သီးကိုစိုက်သောစိုက်ခင်းမှလည်းရွက်သီးရ၏
မျိုးဥမှစိုက်သောစိုက်ခင်းမှလည်းရွက်သီးရ၏
သို့သော် မျိုးဝမှစိုက်သောစိုက်ခင်းသည်အပင်ကြီးထွား၍ ရွက်သီးအကြီးအများအပြားရ၏
မျိုးဥစိုက်ခင်းတစ်ဧကတွင်ဥအရည်အတွက်ကိုတစ်သောင်းမှ တစ်သောင်းနှစ်ထောင်ကြားစိုက်သဖြင့်
အပင်အရည်အတွက်တစ်သောင်းကျော်ပေါက်၏
ထိုသို့စိုက်ပျိုးရာတွင်
ဝဥပန်းရောင်မျိုးကိုဖြစ်စေ
ဝဥအဝါရောင်မျိုးကိုဖြစ်စေ
ထိုအရည်အတွက်အတိုင်းစိုက်ပျိုးကြ၍ရ၏
ပန်းရောင်မျိုးဝဥပင်တစ်ပင်မှရွက်သီးသည်
ငါးကျပ်သားမှ တစ်ဆယ်သားခန့်ရ၍
တစ်ပင်မှ ပျမ်းမျှရွက်သီးခုနှစ်ကျပ်သားခန့်ရရှိ၏