🌿 ပျားရည်စိမ် သင်္ဘောသီးဖိုပွင့် ဟာ အရှေ့တောင်အာရှမှာ ရာစုနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတဲ့ အံ့မခန်းဆေးဖက်ဝင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ခါးသက်သက်အရသာနဲ့ ချိုမြိန်တဲ့ပျားရည်တို့ ပေါင်းစပ်လိုက်တဲ့အခါ အစွမ်းထက်တဲ့ဆေးတစ်လက်ကို ဖြစ်ပေါ်စေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကနေ အသားအရေအလှအပအထိ အကျိုးပြုပါတယ်။ ခေတ်ပေါ်ဆေးနည်းတွေနဲ့ မတူဘဲ ဒီနည်းလမ်းဟာ ရိုးရှင်းပေမဲ့ နက်ရှိုင်းတဲ့ အာနိသင်တွေကို ပေးစွမ်းနိုင်ပါတယ်။
ပျားရည်စိမ် သင်္ဘောသီးဖိုပွင့်ရဲ့ အံ့မခန်းအကျိုးကျေးဇူး (၁၀) ချက်
၁။ ချောင်းဆိုးသက်သာစေခြင်း - သဘာဝချောင်းဆိုးပျောက်ဆေးရည်လိုပဲ လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာကို သက်သာစေပါတယ်။
၂။ အူလမ်းကြောင်းကျန်းမာရေး - အူလမ်းကြောင်းရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မျှတအောင် ထိန်းညှိပေးပါတယ်။
၃။ သွေးတွင်းသကြားဓာတ်ထိန်းညှိခြင်း - သွေးတွင်းဂလူးကို့စ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။
၄။ ရောင်ရမ်းမှုကို လျှော့ချခြင်း - ကိုက်ခဲနာကျင်မှုနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေပါတယ်။
၅။ အသည်းလုပ်ဆောင်မှုကို အားဖြည့်ခြင်း - အဆိပ်အတောက်တွေကို ညင်သာစွာ ဖယ်ရှားပေးနိုင်ပါတယ်။
၆။ နှလုံးကျန်းမာရေးကို မြှင့်တင်ခြင်း - ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးလည်ပတ်မှုနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။
၇။ ဓမ္မတာလာစဉ် နာကျင်မှုသက်သာစေခြင်း - ဓမ္မတာစက်ဝန်းအတွင်း သက်သောင့်သက်သာဖြစ်စေပြီး စိတ်ကိုတည်ငြိမ်စေပါတယ်။
၈။ သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုခြင်း - အသေးစားကူးစက်မှုတွေအတွက် သဘာဝပိုးသတ်ဆေးအစွမ်းကို ပေးစွမ်းပါတယ်။
၉။ ကိုယ်အလေးချိန် ထိန်းချုပ်ခြင်း - ခါးသက်တဲ့အရသာလေးက အစားစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။
၁၀။ အသားအရေကြည်လင်တောက်ပစေခြင်း - ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အသားအရေကို ကြည်လင်ဝင်းပစေပြီး နုပျိုစေပါတယ်။
ပျားရည်စိမ် သင်္ဘောသီးဖိုပွင့်ကို ကိုယ်တိုင်ပြုလုပ်နည်း
ဒီဆေးစွမ်းကောင်းကို အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။
• သင်္ဘောသီးအဖိုပင်ကနေ အပွင့်သေးသေးလေးတွေကို ခူးပြီး ရေနွေးနဲ့ ဆေးပါ။ ပြီးရင် ရေခြောက်အောင် သုတ်ပေးပါ။
• ဖန်ပုလင်းကို ရေနဲ့ လုံးဝခြောက်သွေ့အောင် ပြုလုပ်ပါ။ ထို့နောက် ပုလင်းထဲသို့ သင်္ဘောသီးဖိုပွင့်များ ထည့်ပြီး ပျားရည်စိမ်း (ပျားရည်စစ်စစ်) ဖြင့် လောင်းထည့်ကာ အဖုံးကို လုံအောင်ပိတ်ပါ။
• အေးမြပြီး အလင်းရောင်မရတဲ့နေရာမှာ ၁-၂ ပတ်ခန့်ထားပြီးမှ သုံးစွဲနိုင်ပါတယ်။
• တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းကို အစာစားပြီးနောက် သို့မဟုတ် အိပ်ရာမဝင်မီ သောက်သုံးနိုင်ပါတယ်။
ကျန်းမာရေးကို မြှင့်တင်နိုင်မည့် အခြားနည်းလမ်းများ
• အရောင်အသွေးစုံတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများကို ရွေးချယ်စားသုံးပါ။
• ပေါ့ပေါ့ပါးပါးလမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း (သို့) ကခြင်း စတဲ့ လှုပ်ရှားမှုတွေကို ပုံမှန်လုပ်ဆောင်ပါ။
• အရည်အသွေးမြင့်မားတဲ့ အိပ်စက်ခြင်းကို ဦးစားပေးပါ။
• စိတ်ကိုငြိမ်သက်စေဖို့အတွက် တစ်နေ့တာမှာ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်တာမျိုး လုပ်ပေးပါ။

image

image

ကိုယ်ချစ်ရတဲ့ သူ ကို ရအောင် - ယူ - ပြီး
တစ်ပုံစံထဲတူအောင် မွေ: ပေးလို” က်ရသောအခါ 😉

image

ကိုယ်ချစ်ရတဲ့ သူ ကို ရအောင် - ယူ - ပြီး
တစ်ပုံစံထဲတူအောင် မွေ: ပေးလို” က်ရသောအခါ 😉

image

ကိုယ်ချစ်ရတဲ့ သူ ကို ရအောင် - ယူ - ပြီး
တစ်ပုံစံထဲတူအောင် မွေ: ပေးလို” က်ရသောအခါ 😉

imageimage

ကလေးတို့အကြိုက်စနိုးပူတင်းပြုလုပ်နည်း(နို့မုန့်ပူတင်း)
ပါဝင်ပစ္စည်းများ
နွားနို့ ၅၀၀ မီလီလီတာ(သို့မဟုတ်)နို့မှုန့်၅ထုပ်
သကြား 50g
ပြောင်းဖူးကော်မှုန့် ၅၀g
အုန်းသီးဖတ်/နို့မှုန့်
ဆား အနည်းငယ်
ပြုလုပ်ပုံ
နွားနို့ထဲကိုဆား သကြားထည့်၍အရင်ကျိုပေးပါ (နို့မှုန့်ကိုအသုံးပြုပါကနို့မှုန့်နဲ့ရေကိုသမအောင်အရင်မွှေပြီးမှမီးဖိုပေါ်တင်ပြီးကျိုပေးပါ) သကြားအရည်ပျော်လာပြီဆို ပြောင်းကော်မှုန့်ရေအေးလေးနဲ့ဖျော်ပြီး လောင်းထည့်ပေးပါ ပြောင်းကော်မှုန့်ထည့်ပြီးမှပါ အဆက်မပြတ်ဆက်တိုက်မွှေပေးပါ
နွားနို့များဆူပွက်လာပြီး
တဖြည်းဖြည်းပစ်လာပါက ဗန်းတစ်ခုထဲထည့်ပြီးအအေးခံထားပေးပါ
အအေးခံထားတာတစ်နာရီ‌လောက်ဆိုပူတင်းအိတုံတုံလေးတွေရလာပါပြီ အတုံးလေးတွေလှီးပြီး အပေါ်ကအုန်းသီးမှုန့်/နို့မှုန့်လေးတွေ ကပ်ပြီးစားသုံးလို့ရပါပြီ

#နွားနို့ပူတင်း
#စနိုးပူတင်း

image

နည်းပြလောကထဲကို နစ္စတယ်ရွိုင်း ပြန်လာဖွယ်ရှိ

စက်တင်ဘာ ၁၃

လက်စတာအသင်းကနေ ထုတ်ပယ်ခံထားရတဲ့ နစ္စတယ်ရွိုင်းဟာ FC တွမ်တီးအသင်းရဲ့ နည်းပြရာထူးရယူကာ နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်ဖွယ် ရှိနေပါတယ်။

ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းဟာ လက်စတာအသင်းကို ၂၇ ပွဲ ကိုင်တွယ်ခဲ့တာမှာ ၅ ပွဲသာ အနိုင်ရပြီး ၁၉ ပွဲ ရှုံးပွဲကြုံတွေ့ကာ အသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းဆင်းခဲ့ရတာပါ။

ဒတ်ချ်ကလပ် FC တွမ်တီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က နည်းပြဂျိုဆက်အိုစတင်နဲ့ လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ် ရှာဖွေမှု ပြုလုပ်နေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ FC တွမ်တီးအသင်းရဲ့ နည်းပြရာထူးအတွက် နည်းပြ အများအပြား ချိတ်ဆက်မှုတွေ ခံနေရတာ ပါ။

အဲရစ်တန်ဟတ်၊ ဗန်ဘွန်မဲလ်၊ ရီနီဟော့ခ်တို့ဟာ FC တွမ်တီးအသင်း နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေပါတယ်။

ဒတ်ချ်လိဂ်မှာ မှတ်တမ်းကောင်းတွေ ရရှိထားတဲ့ နစ္စတယ်ရွိုင်းကလည်း သူတို့ထဲက တစ်ဦးအနေနဲ့ ရှိနေတာပါ။

ESPN ရဲ့ သုံးသပ်သူ တစ်ဦးဖြစ်တဲ့ အာမာဒီက နစ္စတယ်ရွိုင်းဟာ FC တွမ်တီးအသင်းရဲ့ နည်းပြရာထူးအတွက် အပြင်းထန်ဆုံး စဉ်းစားသင့်တယ်သူလို့ အကြံပြုထားပါတယ်။

နစ္စတယ်ရွိုင်းဟာ ဒတ်ချ်ကလပ် PSV အသင်းကို ကိုင်တွယ်ခဲ့တုန်းက ပွဲပေါင်း ၅၁ ပွဲမှာ အနိုင် ၆၄.၇၁ ရာခိုင်နှုန်း အထိရှိခဲ့ပြီး ဒတ်ချ်ဖလား ရယူပေးနိုင်ခဲ့တာပါ။

နစ္စတယ်ရွိုင်းဟာ လက်စတာအသင်းကို မကိုင်တွယ်မီ ယူနိုက်တက်အသင်းမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ရင်းနဲ့ နည်းပြအဲရစ်တန်ဟတ် ထုတ်ပယ်ခံရချိန်မှာ အသင်းကို ယာယီနည်းပြအဖြစ် ၄ ပွဲကိုင်တွယ်ခဲ့ပြီး ၃ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

FC တွမ်တီးအသင်းဟာ ဒီရာသီ ဒတ်ချ်လိဂ်ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ နိုင်ပွဲ ၁ ပွဲသာရရှိကာ ရှုံးပွဲ ၃ ပွဲအထိ ကြုံတွေ့ ထားပြီး အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source: Goal

ပုံ - နစ္စတယ်ရွိုင်းကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

နီပေါဆူပူမှုကို လေ့လာပြီး သင်ခန်းစာဖော်ထုတ်ရန် ပြော

စက်တင်ဘာ ၁၃

နီပေါနိုင်ငံတွင် ဖြစ်ပေါ်နေသော ဆူပူမှုများအပေါ် လေ့လာ၍ မိမိတို့နိုင်ငံအတွက် သင်ခန်းစာ ဖော်ထုတ် ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်တွင် ကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ လတ်တလော ဖြစ်ပေါ်နေသည့် နီပေါနိုင်ငံအတွင်း ဆူပူမှုများနှင့် ပတ်သက်၍ လေ့လာကြည့်သည့်အခါ ဆိုရှယ်မီဒီယာများအား မှတ်ပုံတင်ရန် ဆောင်ရွက်ခြင်းမှ စတင်၍ ဖြစ်ပေါ်လာသည်ဟု သိရှိရကြောင်း၊ သို့သော် အဆိုပါ ဆူပူမှု၏ နောက်ကွယ်တွင် အင်အားကြီး နိုင်ငံအချို့ ပါဝင်နေသည်ကို လေ့လာသိ ရှိရကြောင်း၊ ထိုသို့ ဆူပူမှုများ ဖြစ်ပေါ်ခြင်းအပေါ် မိမိတို့နိုင်ငံအတွက် သင်ခန်းစာ ဖော်ထုတ်ဆောင်ရွက်သွားရန်လို သည်”ဟု ပြောသည်။

နီပေါနိုင်ငံတွင် ယခုလအတွင်းမှာ ဆိုရှယ်မီဒီယာများ ပိတ်သိမ်းမှုနှင့် အစိုးရအဖွဲ့၏ အဂတိတရားများ ကြီးထွား ခြင်းအပေါ် မကျေနပ်ဖြစ်ကာ ကျောင်းသား/သူများနှင့် လူငယ်များက ဆန္ဒပြခဲ့ကြသည်။

ထို့နောက် အစိုးရအဖွဲ့ရုံးများ၊ လွှတ်တော်များ၊ အစိုးရအဖွဲ့ အကြီးအကဲ အိမ်ယာများ၊ လွှတ်တော်အမတ်နှင့် နိုင်ငံရေးသမားများ အိမ်ယာများကို ဝင်ရောက် စီးနင်းခဲ့ကြသလို စီးပွားရေးသမားများ၏ ဆိုင်များကိုလည်း ဖျက်ဆီးခဲ့ကြသည်။

အဆိုပါ အခြေအနေများတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် Gen Z တို့ကြား အဓိကရုဏ်းများဖြစ်ပွားကာ နီပေါ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အများစု နုတ်ထွက်သွားခဲ့ကြပြီး နီပေါစစ်တပ်နှင့် Gen Z ကြား ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး ဆွေးနွေးနေကြသည်။

မြန်မာနိုင်ငံတွင်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ နိုင်ငံတော်ကို အရေးအပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်ခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်က ဆိုရှယ်မီဒီယာ အသုံးပြုမှုများကို ပိတ်ပင်ခြင်းနှင့် ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့ သည်မှာ ယနေ့ထိဖြစ်သည်။

လက်ရှိတွင် မြန်မာ့တပ်မတော် ခေါင်းဆောင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံအား ထိန်းချုပ်ထားနိုင်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ လုပ်မည်ဟု ကြေညာခဲ့သည်။

ထို့နောက် ရွေးကောက်ပွဲအနိုင် ရရှိသော နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး မြန်မာ့တပ်မတော်က ကာကွယ်ရေးတာဝန်များကိုသာ ပြန်လည် ထမ်းဆောင်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ကြေညာထားသည်။

#centralnewsnaypyitaw

image
13 w - Translate

ရည်မှန်းချက်မရှိတဲ့ကောင်လို့သာပြောကြတာ
ရည်မှန်းချက်ကိုထုတ်ပြလိုက်ရင်….
မင်း​စောင့်ဆင့်နဲ့ ဖြစ်အုံးမယ်လို့ပြောမယ့်
စောင့်ပါးစပ်တွေ။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

စက်တင်ဘာ ၁၃

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၆၅၂ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၇၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၉၇၀၀၀၀ ကျပ်
ဝယ်ဈေး ၇၉၃၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၅၇၀၀၀၀ ကျပ်
ဝယ်ဈေး ၇၅၃၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၈၅၀၀၀၀ ကျပ်
ဝယ်ဈေး ၇၈၁၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၄၅၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၁၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၅၀ ကျပ်
ဝယ်ဈေး - ၄၁၆၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၄၅ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၉၈၅ ကျပ်
ဝယ်ဈေး - ၄၈၈၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂၃ ကျပ်
ဝယ်ဈေး - ၁၃၁.၅၈ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၀၉ ကျပ်
ဝယ်ဈေး - ၉၈၉ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၉၇ ကျပ်
ဝယ်ဈေး - ၅၈၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၈၃ ကျပ်
ဝယ်ဈေး - ၂၈.၂၆ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၈.၁၁ ကျပ်
ဝယ်ဈေး - ၄၇.၁၆ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၆ ကျပ်
ဝယ်ဈေး - ၃ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၆၀ ကျပ်
ဝယ်ဈေး - ၅၆၅၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၃၀ ကျပ်
ဝယ်ဈေး - ၂၇၇၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၇၀ ကျပ်
ဝယ်ဈေး - ၃၀၁၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၆ ကျပ်
ဝယ်ဈေး - ၅၃၅ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၅၆ ကျပ်
ဝယ်ဈေး - ၁၁၃၃ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image