Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဆန်ပက်ဒရို (San Pedro) အကျဉ်းထောင်ဟာ ကမ္ဘာပေါ်မှာ အထူးဆန်းဆုံး အကျဉ်းထောင်တွေထဲက တစ်ခုဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့ ဒီထောင်ဟာ သာမန်ထောင်တစ်ခုလိုမျိုးမဟုတ်ဘဲ အကျဉ်းသားတွေ ကိုယ်တိုင်စီမံခန့်ခွဲတဲ့ မြို့ငယ်လေးတစ်ခုကဲ့သို့ လည်ပတ်နေတာပါ သမားရိုးကျ အကျဉ်းထောင်တွေနဲ့ ကွဲပြားပြီး အကျဉ်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို ခွင့်ပြုထားပါတယ်
ရဲတွေနဲ့အစောင့်တွေဟာ ထောင်ပတ်လည် နံရတွေနားမှာသာ ကင်းလှည့်ကြပြီး ထောင်အတွင်းပိုင်းမှာ ဘယ်အစောင့်မှ မရှိပါဘူး ထောင်တွင်းလုံခြုံရေး၊ စည်းမျဉ်းစည်းကမ်း နဲ့ အငြင်းပွါးမှုတွေကို အကျဉ်းသားတွေ ကိုယ်တိုင် ရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ (Delegates) နဲ့ ဖွဲ့စည်းထားတဲ့ ကောင်စီက ကိုင်တွယ်ဖြေရှင်းရပါတယ်
ထောင်ထဲမှာ စားသောက်ဆိုင်တွေ ၊ အသားရောင်းဆိုင်တွေ ၊ ဆံပင်ညှပ်ဆိုင်တွေ ၊ ဈေးဆိုင်ငယ်တွေ နဲ့ ဘောလုံးကွင်းတွေရှိကြပါတယ် အကျဉ်းသားတွေဟာ ၎င်းတို့ရဲ့ စားဝတ်နေရေးအတွက် ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေရှာနိုင်ကြပါတယ်
ရာဇဝတ်မှု (ဓားထိုးမှုကဲ့သို့သော) တွေ ဖြစ်ပွားပါက အကျဉ်းသားခေါင်းဆောင်တွေကသာ စီရင်ဆုံးဖြတ်လေ့ရှိပြီး ပြင်ပအာဏာပိုင်တွေက ဝင်ရောက်စွက်ဖက်လေ့မရှိပါဘူး
ထောင်ဟာ ကိုယ်တိုင်ရပ်တည်တဲ့ စီးပွါးရေးစနစ်နဲ့ လည်ပတ်နေပြီး ငွေကြေးရှိသူနဲ့ ငွေကြေးမရှိသူကြားလူတန်းစားကွာဟချက်ဟာ ပြင်ပကမ္ဘာနဲ့မခြား သိသိသာသာရှိနေပါတယ်
အကျဉ်းကျခံရသူတိုင်းကို အခန်းပေးအပ်ခြင်းမရှိပါဘူး အကျဉ်းသားအသစ်တွေဟာ၎င်းတို့ရဲ့ကိုယ်ပိုင်အခန်းကို အခြားအကျဉ်းသားထံမှ ဝယ်ယူခြင်း ဒါမှမဟုတ် ငှါးရမ်းခြင်းတွေပြုလုပ်ရပါတယ် ငွေကြေးချမ်းသာတဲ့ ရာဇဝတ်သားတွေဟာ ကိုယ်ပိုင်ရေချိုးခန်း၊ မီးဖိုချောင်၊ TV တွေပါဝင်တဲ့ အခန်းတွေကို ဝယ်ယူနိုင်ကြပါတယ်
ငွေကြေးမတတ်နိုင်သူတွေက အန္တရာယ်များတဲ့နေရာတွေမှာ ပြည့်ကျပ်စွာ နေထိုင်ရသလို ထောင်တွင်းလမ်းတွေပေါ်မှာလည်းအိပ်စက်ကြရပါတယ် အစိုးရက မနက်စာနဲ့ နေ့လယ်စာအတွက်သာ အခြေခံထောက်ပံ့ကြေးပေးပါတယ်
ဆန်ပက်ဒရိုထောင်ရဲ့ အထူးခြားဆုံးအချက်မှာ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို ထောင်တွင်းမှာ အတူနေထိုင်ခွင့်ပြုခြင်းဖြစ်ပါတယ်
အချို့သော အကျဉ်းသားတွေရဲ့ ဇနီးနဲ့ သားသမီးတွေဟာ ထောင်တွင်းမှာ ခင်ပွန်းဒါမှမဟုတ် ဖခင်နဲ့အတူ အမြဲတမ်း နေထိုင်ကြပါတယ် မိသားစုအတွက် ပြင်ပမှာ စားဝတ်နေရေး ခက်ခဲတာကြောင့် ဒါမှမဟုတ် လုံခြုံမှုအတွက် ထောင်ထဲသို့ လိုက်ပါနေထိုင်ရခြင်းဖြစ်ကြပါတယ်
ကလေးတွေဟာ ထောင်နံရံအတွင်းမှာဘဲ ကြီးပြင်းလာကြပြီး မနက်တိုင်း ထောင်အပြင်ဘက်ရှိ ကျောင်းတွေသို့ ရဲအစောင့်တွေနဲ့ သွားကြပြီး ညနေမှ ပြန်လာကြပါတယ် ထောင်တွင်း ပတ်ဝန်းကျင်ကြောင့် ကလေးများအတွက် စိုးရိမ်မှုများလည်းရှိနေပါတယ်
ဒီလို ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ လျော့ရဲတဲ့စည်းမျဉ်တွေကြောင့် တရားမဝင်လုပ်ငန်းများလည်း လည်ပတ်နေပါတယ် ဆန်ပက်ဒရိုဟာ အရည်အသွေးမြင့် ကိုကင်းတွေထုတ်လုပ်တဲ့ နေရာအဖြစ် နာမည်ကြီးပြီး ၎င်းတို့ကို ထောင်အပြင်သို့ ခိုးထုတ်ရောင်းချမှုများ ရှိကြောင်း လူသိများပါတယ်
ယခင်က ငွေကြေးပေးဆောင်ပါက နိုင်ငံခြားသား ခရီးသွားတွေ အား ထောင်အတွင်းသို့ ဝင်ရောက်လေ့လာခွင့်ပြုပြီး အချို့မှာ ထောင်တွင်းမှာ တစ်ညပင်အိပ်ခဲ့ကြပါတယ် ဒါပေမဲ့ လုံခြုံရေးနဲ့ ပြဿနာများစွာကြောင့် ဒီလိုခရီးစဉ်တွေကို ယခုအခါ တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး
သက်ရောက်မှုများ (ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ)🔥
အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက် စေပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမား စွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။
(၁) စိတ်ဖိစီးမှု💫
စိတ်ဖိစီးမှု လက္ခဏာတွေဟာ နေ့စဉ်အိပ်စက်တဲ့ အချိန်ပမာဏပေါ်မှာ ကြီးမားစွာ လွှမ်းမိုးမှု ရှိပါတယ်။ အိပ်စက်ချိန် သင့်တင့်လျောက်ပတ်မှု မရှိခြင်းဟာ စိတ်ကျခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျား ဖြစ်မှုတွေကိုဖြစ်ပေါ်စေ တတ်ပါတယ်။ နောက်ကျမှ အိပ်တတ်သူတွေဟာ အိပ်ဆေးတွေကိုမှီဝဲနေရပြီး ဒီဆေးဝါးတွေဟာ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ထပ်မံမြင့်တက်စေပါတယ်။
(၂)ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း💁
အိပ်ချိန် နောက်ကျခြင်းဟာ တချို့သော ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပွားလွယ်စေပါတယ်။ ဆေးဘက်ဆိုင်ရာ လေ့လာမှု တစ်ခုအရ ကော်တီဆိုး လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ နောက်ကျစွာ အိပ်စက်တတ်သူတွေမှာ ပိုမို ထုတ်လွှတ်တတ်ကြောင်း သိရပါတယ်။ ဒီဟော်မုန်းဟာ သွေးဖိအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပြန့်ပွားမှုကို လျော့ကျစေပါတယ်။ ကင်ဆာ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ကိုလည်း ပိုမိုဖြစ်ပွား စေပါတယ်။
(၃)မျက်ကွင်းညိုခြင်း🐼
မျက်ကွင်းညိုခြင်းဟာလည်း စိတ်မချမ်းမြေ့ဖွယ်ရာ တစ်ခုပါပဲ။ ဒါဟာ အိပ်ချိန်လုံလောက်မှု မရှိခြင်းနဲ့ အိပ်စက်ချိန် ပုံမှန်မရှိခြင်း တို့ကြောင့်ပါပဲ။ ညဉ့်နက်တဲ့ တိုင်အောင် အလုပ်လုပ်ခြင်းနဲ့ နံနက်ပိုင်းမှာ အိပ်ရာထ နောက်ကျခြင်းတို့ကြောင့် ဒီလိုမျက်ကွင်း ညိုခြင်းတွေ ဖြစ်ပေါ်တတ်တာပါ။ ဝက်ခြံနဲ့တခြားသော အရေပြားဆိုင်ရာ ပြဿနာတွေဟာ အိပ်စက်ချိန်နဲ့ သက်ဆိုင်တဲ့ အားနည်းမှုတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
(၄)အဝလွန်ခြင်း🐷
ပုံမှန်အားဖြင့် အိပ်ရာဝင် နောက်ကျတဲ့ အလေ့အကျင့် ရှိသူတွေဟာ နံနက်စောစောတွင် စားသောက်လေ့ မရှိပါဘူး။ ဒါကြောင့် ဒီလိုလူတွေဟာ အလုပ်ချိန်မှာ အမြန်စာ Fast Food တွေကို အများအပြား စားမိလေ့ရှိပါတယ်။ သရေစာတွေကိုလည်း အများအပြား စားလေ့ရှိပါတယ်။ဒါဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို အားနည်းစေပါတယ်။
Credit to owner