❝မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ကင်တာကား ၃ စီးတိုက်ကြလို့ ၂ ဦးသေဆုံးပြီး ၃ ဦးပြင်းထန်ဒဏ်ရာရ❞
စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်ဘဲစျေးအရှေ့မှာ ကင်တာကား ၃ စီး တိုက်မိခဲ့ကြပြီး လူ ၂ ဦးသေဆုံးပြီး ၃ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းထံက သိရပါတယ်။
ယင်းဖြစ်စဥ်ဟာ ဒီကနေ့ စက်တင်ဘာ ၂၃ ရက်၊ မနက် ၄ နာရီ၊ ၁၀ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တာလို့ သိရပြီး ရှင်သန်ရေးကူညီမှုအသင်း မှ လူနာတင်ယာဥ် (၃)စီး၊ တာမွေကွန်ယက်အသင်းမှ (၁)စီးနဲ့ ကြက်ခြေနီသူနာတင်ယဥ်(၁)စီးတို့ သွားရောက်ကူညီပေးခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီဖြစ်စဥ်အတွင်းမှာ လူ ၁ ဦးက နေရာမှာတင် သေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူ ၄ ဦးကို ဆေးရုံသို့ ပို့ဆောင်စဥ်မှာ ယာဥ်မောင်းတစ်ဦး ဆေးရုံအရောက်မှာ ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ ၂ ဦးရှိခဲ့တာပါ။
ဆေးရုံကိုရောက်သွားတဲ့ ကျန်လူနာ ၃ ဦးထဲက ၂ ဦးဟာလည်း အနီရောင်အဆင့် (စိုးရိမ်ရ)လူနာတွေဖြစ်ကြသလို ကျန်တစ်ဦးက အဝါရောင်အဆင့်ဖြစ်တယ်လို့သိရပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာ/ကယ်ယာဥ်မှ ကားခေါင်းထဲ ညှပ်နေတဲ့လူနာနှစ်ဦးကို ကယ်ထုတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး


+8





