10 w - Translate

ဒုတိယအကြိမ်ကျင်းပနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့မှာ ကျောင်းသား ၆၂၈၂၄ ဝင်ရောက်ဖြေဆို၊ပျက်ကွက် ၈၀၀ ကျော်ရှိ
ဇွန် - ၁၆ ၊ ၂၀၂၅
GG (VOM)
တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေမီးလောင်သွားခဲ့လို့ ဒုတိယအကြိမ် ပြန်လည်ကျင်းပတဲ့တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ ဒီကနေ့ ဇွန် ၁၆ ရက် မြန်မာစာနေ့မှာ ကျောင်းသား ကျောင်းသူ ၆၂၈၂၄ ယောက် ဝင်ရောက်ဖြေဆိုမှုရှိခဲ့တယ်လို့ နစကထုတ်ပြန်မှုအရ သိရပါတယ်။
စာမေးပွဲပြန်လည်ဖြေဆိုရမယ့် ကျောင်းသားကျောင်းသူ ၆၃၆၇၃ ယောက်စာရင်းရှိတဲ့အနက်မှာ ၆၂၈၂၄ ယောက် ဖြေဆိုမှုရှိခဲ့တာဖြစ်ကြောင်း ၊ ပျက်ကွက်ဦးရေ ၈၄၉ ယောက်သာရှိခဲ့တယ်လို့ နစက ဖြေကြားမှုအရသိရပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေတဲ့ကျောင်းသားကျောင်းသူတွေဟာ စစ်ကိုင်းတိုင်း ၊ နေပြည်တော်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းအတွင်းက ဖြစ်ပါတယ်။
" ဒီနေ့စဖြေနေပြီ။ မြန်မာစာတော့ ဖြေနိုင်တယ်။ပထမ တကြိမ်ထက်တော့ လွယ်တယ်။ မနက်ဖန် တော့ ဘယ်လိုလာမယ်မသိသေးဘူး ။ " ညောင်ဦးမြို့နယ်မှ စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသူကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီးတခုလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်တဲ့ မန္တလေးတိုင်းမှ ဖြေဆိုသူကျောင်းသားကျောင်းသူ ဦးရေ ၄၆၉၄၄ ယောက်ရဲ့ အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းမှ ဖြေဆိုသူဦးရေ ၇၃၁၁ ယောက်ရဲ့ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင်ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ​ယောက်ရဲ့ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ်နဲ့ နေပြည်တော်ကစာဖြေလွှာတွေ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတာ ကြောင့် အဆိုပါ ေဒသကကျောင်းသား ကျောင်းသူတွေဟာ တက္ကသိုလ်ဝင်စာမေးပွဲကို ဒုတိယအကြိမ်ထပ်မံဖြေဆိုကြရတာဖြစ်ပါတယ်။
ဒုတိယအကြိမ် ထပ်ပြီးကျင်းပနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ဒီနေ့ ဇွန် ၁၆ ရက်ကနေ ဇွန် ၂၁ ရက်နေ့အထိ နားရက်မရှိ ဆက်တိုက်ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။
ပထမအကြိမ် တနိုင်ငံလုံးအတိုင်းအတာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကြီးမှာတော့ ကျောင်းသားကျောင်းသူ ၁၅၀၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန စာရင်းအရသိရပါတယ်။
ဓာတ်ပုံ - ပြန်ဆက်

image

imageimage
10 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့်ရှိသည့်အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ထိုင်းအစိုးရ နှိမ်နင်းမည်
ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့်ရှိသည့် အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများအား နှိမ်နင်းရေးတိုးမြှင့်လုပ်ဆောင်သွားမည်ဟု အလုပ်သမားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့ကြောင်း ထိုင်းသတင်းများ၌ဖော်ပြချက်အရ သိရသည်။
ထိုသို့ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့်ရှိသည့် အလုပ်အကိုင်များအနက် အမျိုးအစားသုံးခုတွင် လုပ်ကိုင်နေသော နိုင်ငံခြား သားအလုပ်သမား ၁၁ဝဝ ကျော်ကို ဥပဒေအရ အရေးယူထားပြီး လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ အလုပ်သမားများစွာကို အဆိုပါကန့်သတ်အလုပ်များတွင် ငှားရမ်းအလုပ်ခန့်ထားခြင်းတို့အား ပိုမိုပြင်းထန်စွာ နှိမ်နင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇွန် ၁၃ ရက်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုံးဝတားမြစ်ထား သော အလုပ်အကိုင်များတွင် နိုင်ငံခြားသားအလုပ်သမား ၄၄၃၇ ဦးကို စစ်ဆေးခဲ့ပြီး ၄၁၇ ဦးအား တရားမဝင်အလုပ်လုပ်နေသည်ကို တွေ့ရှိခဲ့သည့်အတွက် အရေးယူခဲ့ကြောင်း သိရသည်။
ထို့ပြင် အလုပ်သမားဝန်ကြီးဌာနထုတ်ပြန်ချက်အရ ခွင့်ပြုချက်အောက်တွင်သာ လုပ်ကိုင်နိုင်သောအလုပ်များ လုပ်ကိုင်နေသည့် နိုင်ငံခြားသားအလုပ်သမား ၄၇၂ဝ ကိုလည်းစစ်ဆေးခဲ့ပြီး ၅၃ ဦးကို ဥပဒေအရအရေးယူခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများ လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အကိုင် ၂၇ မျိုးသတ်မှတ်ထားပြီး ဈေးရောင်းခြင်း၊ ဆံပင်ညှပ်ဆိုင်ဖွင့်ခြင်း၊ ဧည့်လမ်းညွှန်၊ ခရီးသည်ကြိုပို့၊ စားသောက်ဆိုင်ဖွင့်ခြင်း စသည့် လုပ်ငန်းများပါဝင်ကြောင်း သိရသည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ထိုင်းနှင့်ဖြစ်ပွားနေသော နယ်စပ်ပြဿနာ အိုင်စီဂျေသို့ ကမ္ဘောဒီးယားတင်သွင်း
ထိုင်းနှင့် ကမ္ဘောဒီးယားအကြား နယ်စပ်ပြဿနာများကို ဖြေရှင်းပေးရေးအတွက် နယ်သာလန်နိုင်ငံ သည်ဟိဂ်အခြေစိုက် နိုင်ငံ တကာတရားရုံး (အိုင်စီဂျေ)ကို ဦးတိုက်လျှောက်ထားပြီး ဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရက ဇွန် ၁၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မေ ၂၈ ရက်ကပိုင်ဆိုင်ခွင့် အငြင်းပွားနယ်စပ်တစ်နေရာ၌ ထိုင်း နှင့် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များအကြား ၁ဝ မိနစ်အကြာ အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီးနောက် ထိုင်းနှင့်ဖြစ်ပွားနေသော နယ်စပ်ပြဿနာများအား ဖြေရှင်းပေးရန်အိုင်စီဂျေကို ကမ္ဘောဒီးယားနိုင်ငံက တောင်းဆိုထားခြင်းဖြစ်သည်။
ထိုင်းနှင့်ကမ္ဘောဒီးယားတို့ နယ်စပ်အငြင်းပွားမှုအကြား ပြဿနာများကို အိုင်စီဂျေလုပ်ငန်းယန္တရားမှ တစ်ဆင့် နိုင်ငံတကာဥပဒေများကို အခြေခံ၍ဖြေရှင်းမည့် လမ်းစဉ်ကို ကမ္ဘောဒီးယားနိုင်ငံက ရွေးချယ်ထားကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်မာနက်က ၎င်း၏ လူမှုမီဒီယာ စာမျက်နှာပေါ်တွင် ရေးသားထားသည်။
ကမ္ဘောဒီးယားအစိုးရ၏ အထက်ပါသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးပေ။
သို့ရာတွင် ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနှင့်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုပြဿနာများကို ဖြေရှင်းရာတွင် အိုင်စီဂျေ၏ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုမည်မဟုတ်ဘဲ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းရေးလမ်းစဉ်ကို ပိုလိုလားကြောင်း ထိုင်းအစိုးရက ပြောကြားထားသည်။
ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်စပ်ချင်းကီလိုမီတာ ၈ဝဝ ကျော်ထိစပ်နေသည်။
ရိုက်တာ

image

အစ္စရေး-အီရန် တင်းမာမှုတွေကြောင့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲကနေ ဒေါ်နယ်ထရန့် ပြန်လာ
ဝါရှင်တန်၊ ဇွန်-၁၇-၂၀၂၅
ရတီ(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အစ္စရေးနဲ့အီရန်တို့ အပြန်အလှန်တိုက်ခိုက်မှုတွေနဲ့ တင်းမာမှုတွေ ဆက်လက်မြင့်တက်နေတာကြောင့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲကနေ အစောတလျင် ပြန်လာမယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ဆက်လက်တင်းမာနေတာကြောင့် သမ္မတထရန့်ဟာ ဒီကနေ့ ညနေပိုင်းမှာ ကနေဒါကနေ အမေရိကန်ပြန်လာမယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အရှေ့အလယ်ပိုင်အရေးနဲ့ပတ်သက်ပြီး အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးလုပ်ဖို့ ထရန့်က တောင်းဆိုထားပေမယ့် အီရန်အပေါ် အစ္စရေးရဲ့ ထိုးစစ်မှာ ပါဝင်ပတ်သက်တာမရှိဘူးလို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
အီရန်မြို့တော် တီဟီရန်ကနေ ချက်ချင်း ရွေ့ပြောင်းကြဖို့ ဒေါ်နယ်ထရန့်က တိုက်တွန်းထားပြီး သိပ်မကြာခင်မှာပဲ တီဟီရန်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မြို့မှာလမ်းတွေပိတ်ဆို့နေပြီး ဒေသခံ ၁၀ သန်းကတော့ ပြီးခဲ့တဲ့ရက်တွေကတည်းက တိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။
တနင်္လာနေ့ မနက်အစောပိုင်းကတော့ အစ္စရေးဟာ အီရန်နိုင်ငံပိုင်သတင်းဌာနကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးမှာတော့ လေကြောင်းရန်အချက်ပေးသံတွေ မကြခဏ သတိပေးထုတ်လွှင့်နေပေမယ့် အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ထူးထူးခြားခြား ပျက်စီးမှု မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး အီရန်ကို အစ္စရေးတိုက်ခိုက်မှုကြောင့် လူ ၂၂၄ ယောက်သေဆုံးခဲ့ပြီး အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၂၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အီရန်နျူကလီးယား စက်ရုံတွေ၊ စစ်ဘက်ဆိုင်ရာနေရာတွေအပြင် ထိပ်တန်းဗိုလ်ချုပ်ကြီးတွေနဲ့ နျူကလီးယားပညာရှင်တွေပါ သေဆုံးခဲ့ပြီး နှစ်ဖက်အကြား တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။

image

အမေရိကန် လေယာဉ်တင်သင်္ဘော နီမစ်ဇ်ကို အရှေ့အလယ်ပိုင်းစေလွှတ်ပြီး ဒေသတွင်းမှာ စစ်အင်အားဖြည့်
ဝါရှင်တန်၊ ဇွန်-၁၇-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ်နီမစ်ဇ်သည် ဗီယက်နမ်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီးနောက် အစ္စရေး-အီရန် ပဋိပက္ခတွေကြောင့် တင်းမာမှုတွေမြင့်တက်နေတဲ့ အရှေ့အလယ်ပိုင်းဒေသကို ဦးတည်ခုတ်မောင်းနေပါတယ်။
ပဋိပက္ခတွေအရှိန်မြင့်နေတဲ့ အရှေ့အလယ်ပိုင်းဒေသကို နောက်ထပ်စစ်အင်အားတွေ စေလွှတ်မယ်လို့ ပင်တဂွန် စစ်ဌာနချုပ်ကလည်း ကြေညာထားပါတယ်။ ယူအက်စ်အက်စ်နီမစ်ဇ်ဟာ စင်ကာပူစံတော်ချိန်ည ၉ နာရီ ၄၅ မိနစ်မှာ မလက္ကာရေလက်ကြားကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာဘက်ကို ဦးတည်ခုတ်မောင်းသွားပြီလို့ ဆိုပါတယ်။
လေယာဉ်တင်သင်္ဘောဟာ ကနဦးမှာတော့ ဇွန် ၁၉ ရက်ကနေ ၂၃ ရက်ထိ ဗီယက်နမ်နိုင်ငံ ဒါနန်းကိုလာရောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး ဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ဗီယက်နမ်အရာရှိတွေကလည်း အတည်ပြုပြောဆိုထားပါတယ်။
အရေးပေါ် စစ်ဆင်ရေးလိုအပ်ချက်ကြောင့် ဒီခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတာလို့ အမေရိကန်သံရုံး တာဝန်ရှိသူက ပြောပါတယ်။ အမေရိကန်ရဲ့ခံစစ်အနေအထားကို မြှင့်တင်ဖို့ အရှေ့အလယ်ပိုင်းမှာ စစ်အင်အားတိုးချဲ့ချထားမယ်လို့ ကာကွယ်ရေးဝန်ကြီး ဟက်ဆက်ချ်က ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့တွေအားလုံးကို အကာအကွယ်ပေးဖို့က မိမိတို့ရဲ့ ထိပ်တန်းဦးစားပေးဖြစ်ပြီး ဒီတပ်ဖြန့်မှုတွေက ဒေသတွင်းမှာ အမေရိကန်စစ်တပ်ရဲ့ ခံစစ်အနေအထားကို မြှင့်တင်ဖို့ရည်ရွယ်တယ်လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး အစ္စရေးက အီရန်ရဲ့နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး အီရန်ထိပ်တန်းစစ်ဗိုလ်ချုပ်တွေနဲ့ နျူကလီးယားပညာရှင်တွေ သေဆုံးခဲ့ကာ အရပ်သာ ၂၂၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒီအတောအတွင်း အီရန်နိုင်ငံမြို့တော် တီဟီရန်က ဒေသခံတွေအားလုံး ဘေးလွတ်ရာပြောင်းကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးလာပြီး နာရီပိုင်းအကြာမှာတော့ တီဟီရန်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
အီရန်ကလည်း အစ္စရေးကို ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်နေပြီး တင်းမာမှုတွေ မြင့်တက်လာတာကြောင့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ ကနေဒါကို ရောက်နေတဲ့ ဒေါ်န်ထရန့်ဟာ အမေရိကန်ကို ချက်ချင်းပြန်လာခဲ့တယ်လို့ အိမ်ဖြူတော်က အတည်ပြုထားပါတယ်။