ကြံမဆိုင် ကိုယ်တိုင်လုပ်နည်း...။
(မုန်ညှင်းစိမ်းက အကောင်းဆုံးပါ)
မုန်ညှင်းစိမ်းကို သေချာရေဆေးပြီး ရေစစ် ထားပါတယ်။
ဒယ်အိုးထဲ ရေထည့်ဆူအောင်တည်ပါတယ်။
ဆန်စိမ်းမှုန့် ထမင်းစားဇွန်း ၄ ဇွန်းကို ရေပျော်အောင်ဖျောပြီး
ရေဆူ အိုး ထဲ ထည့် တည်ပါတယ်။
ဆား ထမင်းစားဇွန်းတဇွန်းထည့်ပါတယ်။
အဲ အရည် ထဲ မုန်ညင်းကို တပင်စီ ထည့်ပြုတ်ပါတယ်။
(အကြာကြီးမပြုတ်ပါ နည်းနည်းနွမ်းရုံသာ ပြုတ်ပါ။)
ပြီရင် ဆယ်ထား
ရေ အများကြီး မဟုတ်လို့ တပင်စီပဲ ထည့်ပြုတ်လို့ရပါတယ်။
အဲလို တရေဖျောပြီးရင် ဆယ်ပြီး အအေးခံထားပါ။
ဂျင်းနည်းနည်း ပါးပါးလှီးပြီး
ငရုတ်သီးစိမ်းနည်းနည်း အတောင့်လိုက်ထည့်စိမ်ပါ။
အားလုံးအေးရင် လေလုံဘူးထဲ ထည့်ပါ။
အရွက်တွေရော ပြုတ်ရည်ရော ဂျင်း ငရုတ်သီးရောထည့် လိုက်ပါ။
5 ရက် လောက်ဆို စားလို့ရပါပြီ။
အနံ့ ရော အရသာရောရှယ်ပါ။
ဆနွင်းလည်းမလို ဆိုးဆေးလည်းမလိုပါ။
သူ့ဟာသူ ဝါကျင့်ကျင့်လေး မွှေးနေရောပါပဲ 😋😋😋

image

မန္တလေး - မိုးကုတ်ကားလမ်းပေါ် က ဖော့တောလမ်းဆုံကို နလအပြန်ထိန်းချုပ်လိုက်ပြီး တိုက်ပွဲတွေဆက်ရှိနေ

အောက်တိုဘာ ၁၅ ၊ ၂၀၂၅
GG (VOM)

မန္တလေး - မိုးကုတ်ကားလမ်းပိုင်းအတွက် အရေးပါတဲ့ သပိတ်ကျင်းမြို့နယ်ထဲက ဖော့တောလမ်းဆုံကို နလအတပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီး ထိတွေ့ တိုက်ပွဲတွေကတော့ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။

ဖော့တောလမ်းဆုံအနီးက ဝါးဖြူတောင်ရွာကို တပ်က အရင်ထိန်းချုပ်လိုက်ပြီး အဲဒီကမှတဆင့် ဖော့တောလမ်းဆုံကို မြေပြင် စစ်ကြောင်း ၊လေကြောင်း ၊ လက်နက်ကြီးလက်နက်ငယ် သုံးပြီး အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဖော့တောလမ်းဆုံကို မနေ့ကအောက်တိုဘာ ၁၄ ရက်မှာ လက်လွှတ်လိုက်ရတာဖြစ်တယ်လို့သိရပါတယ်။

" ဖော့တောလမ်းဆုံကိုစစ်တပ်ကပြန်ရသွားတာသေချာသလောက်ရှိပါတယ်။ လမ်းဆုံမှာလည်း အပျက်အစီးတွေများတယ်။ပစ်ခတ်မှုတွေကတော့ရှိနေသေးတယ်လို့သိရတယ်။ဖော့တောလမ်းဆုံ ပြန်ဖွင့်ဖို့မလွယ်လောက်တော့ဘူးထင်တယ်။လမ်းဆုံကနေ အညာဘက်လည်းသွားလို့ရတယ်။စဥ့်ကူးကနေလည်းမိုးကုတ်ကိုသွားလို့ရတယ်။ခုတော့လမ်းကြောင်းပြတ်သွားပြီ။ " လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

လက်ရှိမှာ စစ်တပ်က သပိတ်ကျင်းမြို့ကနေ ဖော့တောလမ်းဆုံအထိကို ပြန်လည်ထိန်းချုပ်ထားနိုင်လာတာဖြစ်ကြောင်း ဖော့တောလမ်းဆုံကိုထိန်းချုပ်နိုင်ဖို့အတွက် လချီကြာ တိုက်ခိုက်ပြီးနောက် ပြန်လည်ရရှိသွားတာဖြစ်တယ်လို့သိရပါတယ်။

ဖော့တောလမ်းဆုံဟာ မန္တလေး - စဉ့်ကူး - မိုးကုတ် ကားလမ်း နဲ့ မန္တလေး - စဉ့်ကူး -သပိတ်ကျင်း- ထီးချိုင့် - ဗန်းမော်လမ်း ကိုသွားလာနိုင်တဲ့ အဓိကအရေးပါတဲ့ လမ်းဆုံနေရာ ဖြစ်တာကြောင့် ဒေသတွင်းလက်နက်ကိုင်တပ်တွေကို လမ်းကြောင်းဖြတ်တောက်ဖို့အတွက် စစ်တပ်က ဖော့တောလမ်းဆုံကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အပြင်းအထန်တိုက်ခိုက်ရယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဖော့တောလမ်းဆုံဟာ သပိတ်ကျင်းမြို့နဲ့ ၁၀ မိုင်သာကွာဝေးပြီး မိုးကုတ်နဲ့ဆိုရင်လည်း အချိန် ၂ နာရီလောက်သာမောင်းရတဲ့ ခရီးဖြစ်တယ်လို့သိရပါတယ်။

နှစ်ဘက်တိုက်ပွဲကြောင့် လက်ရှိမှာ ဖော့တောလမ်းဆုံ အနီးရှိ ညောင်ပင်သာ ၊ ဇရပ်ကွင်း ၊ဝါးဖြူတောင်ရွာအပါ အဝင်ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံတွေ စစ်ရှောင်နေကြရတယ်လို့သိရတယ်။

" ဖော့တောလမ်းဆုံကို စစ်တပ်ကပြန်ရသွားပြီဆိုတော့ pdf တွေ လမ်းပြတ် သွားပြီ။သပိတ်ကျင်းကလည်းတပ်ကသိမ်းထားတယ်။အညာဘက်ကနေလည်းဝင်လို့မရတော့ဘူးဆိုတော့ အဲဒီဘက်တွေ ကုန်စည်စီးဆင်းမှုခက်ခဲသွားနိုင်တယ်။တဖက်မှာ ကျွန်တော်တို့မိုးကုတ်ကလည်း တခြားလမ်းကသွားရတော့မယ်။ဖော့တောဘက်က မိတ်ဆွေတွေလည်းစစ်ရှောင်နေကြရတယ်။အိမ်ကိုဒီတိုင်းထားခဲ့ရတာ။ " လို့ မိုးကုတ်ဒေသခံကပြောပါတယ်။

လက်ရှိမှာ ဖော့တောလမ်းဆုံပိတ်ထားတဲ့အတွက် မန္တလေး - မိုးကုတ်ကားလမ်းလည်းသွားလာလို့မရတာကြောင့် အချို့ကတော့ မိုးမိတ်ဘက်ကနေ ပတ်ပြီး မိုးကုတ် - မန္တလေး ကားထွက်နေကြတယ်လို့သိရပါတယ်။

ပြီးခဲတဲ့ ဇူလိုင်လမှာ စစ်တပ်က သပိတ်ကျင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာ ဝါးဖြူတောင်ရွာ၊ ဖော့တောလမ်းဆုံ အထိ ထပ်မံထိန်းချုပ်လိုက်ကြောင်းကို နလအဘက်က ထုတ်ပြန်ထားပါတယ်။

သပိတ်ကျင်းမြို့နယ် နဲ့ မိုးကုတ် - မန္တလေးလမ်းပိုင်းကိုတော့ ဒေသတွင်းလက်နက်ကိုင်တပ်တွေဟာ ၂၀၂၄ ခုနှစ် မှာ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Credit. - Voice of Myanmar

#centralnewsnaypyitaw

image
image
image
47 w - Translate

ချစ်လို့..........

image

ထိုင်းမှာ မြန်မာအလုပ်သမား ၁ ဦး သူ့ကိုလာကြိုတဲ့ကားနဲ့ တိုက်မိလို့သေဆုံး

အောက်တိုဘာ ၁၅

ထိုင်းနိုင်ငံ၊ ချွန်ပူလီမြို့မှာ မြန်မာအလုပ်သမား ၁ ဦးဟာ သူ့ကိုလာကြိုတဲ့ကားနဲ့တိုက်မိလို့ သေဆုံးသွားတဲ့ဖြစ်စဥ်တစ်ခု အောက်တိုဘာ ၁၄ ရက် မနက် ၆ နာရီခွဲအချိန်က ဖြစ်ပွားခဲ့တယ်လို့ Migrant Times သတင်းဖော်ပြမှုအရ သိရပါတယ်။

သေဆုံးသွားတဲ့ မြန်မာအလုပ်သမားက ကိုစိုးလင်းဦး ဆိုသူဖြစ်တယ်လိုသိရပြီး သူဟာ အခြားမြန်မာအလုပ်သမား ၃ ဦးနဲ့အတူ ချွန်ပူလီမြို့အတွင်းက ဂျက်လစင်ဟွေ့ပါကွန်ဒိုအနီးမှာရှိတဲ့ ဖုန်းဆိုင်တစ်ခုရဲ့ရှေ့မှာ အလုပ်သွားဖို့ ကားစောင့်နေစဥ် သူတို့ကိုလာကြိုတဲ့ကားက အရှိန်လွန် ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

အဲဒီ ကားတိုက်မှုကြောင့် ဘန်ဝ၊ ဒယ်အိုးရုံမှာ အလုပ်လုပ်နေတဲ့ ကိုစိုးလင်းဦးဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့သလို သူနဲ့အတူ အလုပ်လုပ်ကိုင်နေကြတဲ့ ကျန် မြန်မာအလုပ်သမား ၃ ဦးလည်း ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကြလို့ ဆေးရုံကိုပို့ဆောင်ထားရတယ်လို့လည်း သိရပါတယ်။

Credit - Myanmar Hard Talk

#သတင်းဟင်းလေးအိုးကြီး

image
image
image

ရွယ်တူတွေကြားမှာ ဘာဆက်လုပ်ရမှန်းမသိဘဲ လမ်းပျောက်နေပြီလား ။ ဒီပုံပြင်ဟောင်းလေးက သင့်ကို မယုံနိုင်စရာကောင်းလောက်တဲ့ အတွေးတစ်ခုပေးလိမ့်မယ်🤔💭

တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ ဦးထုပ်ရောင်းတဲ့ ကုန်သည် တစ်ယောက်ရှိပါတယ်။ သူဟာ အပတ်စဉ် အရောင်စုံ ဦးထုပ်တွေနဲ့ ပြည့်နေတဲ့ ခြင်းတောင်းကို ယူပြီး အနီးက မြို့ကို သွားလေ့ရှိတယ်။ သူ့ဟာ ခရီးလမ်းတစ်လျှောက် အရိပ်ရတဲ့သစ်ပင်ကြီးတွေရဲ့အောက်မှာ ထမင်းစားပြီး အိပ်တတ်တဲ့အကျင့်လည်းရှိတယ်။

တစ်နေ့မွန်းလွဲပိုင်းမှာ ခရီးရှည်လမ်းလျှောက်အပြီး သူဟာ သူ့အကျင့်အတိုင်း သစ်ပင်ကြီးတစ်ပင်အောက်မှာ ခေတ္တအနားယူ၊ ထမင်းစားပြီးတော့ ခြင်းတောင်းကို ဘေးချထားရင်း အိပ်ပျော်သွားတော့တယ်။ သူမသိလိုက်တာက အဲဒီသစ်ပင်မှာ ကျီစားတတ်တဲ့ မျောက်တွေ နေထိုင်နေတယ်ဆိုတာပါပဲ။ သူဟောက်သံထွက်လာတာနဲ့ တစ်ပြိုင်နက်မျောက်တွေ ဆင်းလာကြပြီး သူ့ဦးထုပ်တွေကို သူတို့ခေါင်းမှာ စွပ်လိုက်ကြပါတယ်။

ဦးထုပ်ရောင်းသမား နိုးလာတဲ့အခါ ဦးထုပ်တွေပျောက်နေတာကို တွေ့ပြီး ထိတ်လန့်သွားခဲ့တယ်။ "ဦးထုပ်တွေ ဘယ်ရောက်သွားတာလဲ" လို့ ငိုကြွေးရင်း အသည်းအသန် ရှာဖွေတယ်။ ချက်ချင်းပဲ သစ်ကိုင်းတွေပေါ်မှာ ဦးထုပ်တွေစွပ်ထားတဲ့ မျောက်တွေကို သူမြင်လိုက်ရပါတော့တယ်။ ဦးထုပ်တွေမရှိရင် မိသားစုအတွက် ဝင်ငွေရမှာမဟုတ်ဘူးဆိုတဲ့ စိုးရိမ်စိတ်နဲ့ သူအလွန်ပဲ ထိတ်လန့်သွားခဲ့တယ်။

ရုတ်တရက်ပဲ သူအကြံဉာဏ်တစ်ခုရသွားတယ်။ မျောက်တွေဟာ တုပရတာကို ကြိုက်တယ်ဆိုတာသတိရလိုက်တာကြောင့် စကားမပြောပဲ သူ့ဦးထုပ်ကို ချွတ်ပြီး မြေကြီးပေါ်ကို ပစ်ချလိုက်တယ်။ သေချာကြည့်နေတဲ့ မျောက်တွေဟာ သူ့လုပ်ရပ်ကို တုပလိုက်ကြပြီး ဦးထုပ်တွေအားလုံးကို မြေကြီးပေါ်ပစ်ချလိုက်ကြပါတယ်။ ဦးထုပ်ရောင်းသမားဟာ ဦးထုပ်တွေအားလုံးကို မြန်မြန်သိမ်းယူပြီး "ငါ့အကြံဉာဏ်ကြောင့် ဒီပြသနာကို ဖြေရှင်းနိုင်ခဲ့ပြီ" လို့ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူစွာ ပြောလိုက်ပါတယ်။

---

အချိန်ကုန်လွန်လာတာနဲ့အမျှ ဦးထုပ်ရောင်းသမားဟာ အိုမင်းလာပြီး သူ့သားက လုပ်ငန်းကို ဆက်ခံပါတော့တယ်။ တစ်နေ့မနက် သားဖြစ်သူ မြို့ကိုခရီးထွက်မယ့်အချိန်မှာ အဖေဖြစ်သူက သူ့အတွေ့အကြုံကို မျှဝေတယ်- "ချစ်သား၊ ဂရုစိုက်နားထောင်ပါ။ မင်းသွားတဲ့လမ်းမှာ ကျီစားတဲ့ မျောက်တွေရှိတဲ့ သစ်ပင်ကြီးရှိတယ်။ မင်းအိပ်နေချိန်မှာ သူတို့က ဦးထုပ်တွေကို ခိုးသွားရင် ငါလုပ်ခဲ့သလိုပဲ မင်းဦးထုပ်ကို မြေကြီးပေါ်ပစ်ချလိုက်၊ သူတို့လည်း မင်းကိုတုပြီး ဦးထုပ်တွေပစ်ပေးလိမ့်မယ်"။ သားဖြစ်သူက ပြုံးရင်းသဘောတူပြီး ပြသနာကြုံလာရင် အဲဒီနည်းကိုအသုံးပြုမယ်လို့ ကြံရွယ်လိုက်ပါတယ်။

ယုံကြည်ချက်အပြည့်နဲ့ လူငယ်လေးဟာ ခရီးထွက်လာခဲ့တယ်။ ပူပြင်းတဲ့မွန်းလွဲပိုင်းမှာ အဖေဖြစ်သူလိုပဲ ရင်းနှီးနေတဲ့ သစ်ပင်အောက်မှာ ခေတ္တရပ်ပြီး ထမင်းစားကာ အိပ်ပျော်သွားပါတယ်။ အရင်တုန်းကလိုပဲ မျောက်တွေဟာ ဆင်းလာပြီး ဦးထုပ်တွေကို ကောက်ယူ၊ ဂုဏ်ယူစွာနဲ့ ခေါင်းပေါ်မှာစွပ်ကြပါတော့တယ်။ တချို့က ခုန်ကြ၊ တချို့က လှောင်ပြောင်ကြ၊ တချို့က လက်ခုပ်တီးကြတာပေါ့။

နိုးလာတဲ့အခါ လူငယ်လေး အံ့အားသင့်သွားပြီး"အဖေပြောတာ မှန်ပါလား။ ဒီမျောက်တွေ ငါ့ဦးထုပ်တွေ ခိုးသွားပြီ" လို့ သူကြွေးကြော်လိုက်တယ်။ အဖေ့အကြံပေးချက်ကို သတိရပြီး ယုံကြည်ချက်အပြည့်နဲ့ မျောက်တွေဆီ မျက်နှာမူရင်း"မင်းတို့ကို ငါအရှုံးပေးမှာမဟုတ်ဘူး" လို့ ပြောကာ သူ့ကိုယ်ပိုင်ဦးထုပ်ကို ချွတ်ပြီး ဟိတ်ဟန်နဲ့ မြေကြီးပေါ်ကို ပစ်ချလိုက်ပါတယ်။

သူစောင့်ကြည့်နေပေမယ့် မျောက်တွေက ငေးကြည့်နေတုန်းပါပဲ။ ထိုအခါ သူ့ကိုအံ့အားသင့်စေခဲ့တာက မျောက်တစ်ကောင် အောက်ကိုခုန်ဆင်းလာပြီး သူ့ရဲ့မျောက်စကားနဲ့ "ဟေ့ကောင်... မင်းကိုယ်မင်း တော်လှပြီလို့ ထင်နေတာလား။ မင်းအဖေက မင်းကို ဒီနည်းကိုသင်ပေးခဲ့သလို ငါတို့အဖေတွေ၊ အဘိုးတွေကလည်း ငါတို့ကို နည်းသစ်တွေ သင်ပေးခဲ့ကြတယ်" လို့ အော်ဟစ်လိုက်တာကြောင့် မျောက်အားလုံးက ရယ်မောသံတွေနဲ့အတူ သစ်ကိုင်းတွေကြားမှာ ဟိုကူးဒီကူးလုပ်ကြပါတော့တယ်။ လူငယ်လေးကလည်း ဒီမျောက်တွေဟာ သူ့ထက်တောင် ပိုပါးနပ်နေတာကို နားလည်သွားပြီး နည်းလမ်းဟောင်းတွေက အမြဲတမ်းအသုံးမဝင်ဘူးဆိုတာ နားလည်သွားပါတော့တယ်။

---

ဒီပုံပြင်လေးက အရေးကြီးတဲ့သင်ခန်းစာ တစ်ခုပေးပါတယ်- ကမ္ဘာကြီးဟာ အဆက်မပြတ် ပြောင်းလဲနေတာကြောင့် မနေ့က အလုပ်ဖြစ်ခဲ့တာဟာ ဒီနေ့မှာ အလုပ်ဖြစ်ချင်မှ ဖြစ်မှာပါ။ အတွေ့အကြုံတွေနဲ့ အကြံဉာဏ်ဟောင်းတွေက တန်ဖိုးရှိပေမယ့် သူတို့ဟာ မပြောင်းလဲတဲ့ စည်းမျဉ်းတွေ မဟုတ်ပါဘူး။ အခြေအနေသစ်တိုင်းမှာ အတွေးသစ်၊ နည်းဗျူဟာသစ်တွေနဲ့ ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေ လိုအပ်ပါတယ်။ အတိတ်ကိုပဲ အားကိုးနေရင် ကျွန်မတို့ ရှေ့မတိုးနိုင်ပဲဖြစ်နေလိမ့်မယ်။ ဒါပေမယ့် အချိန်နဲ့အမျှ သင်ယူပြီး လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်ရင် ဘယ်စိန်ခေါ်မှုကိုမဆို ကျွန်မတို့အားလုံး ရင်ဆိုင်နိုင်ပါလိမ့်မယ်။ ကမ္ဘာကြီးဟာ အမြဲပြောင်းလဲနေပါတယ်၊ ဒါကြောင့်ကျွန်မတို့လည်း ခေတ်ရေစီးကြောင်းအတိုင်းအမြဲပြောင်းလဲဖို့ လိုပါတယ်။

image

တစ်စုံတစ်ယောက်ကို.လွမ်းနေတာက..

တစ်စုံရှိနေတဲ့..တစ်ယောက်ကိုလွမ်းတာမျိုးလား

ကျွန်တော်ကတော့..

လက်တစ်စုံရှိသွားတဲ့..တစ်ယောက်ကိုပေါ့...။

- ဖိုးကေ

#ချစ်တီးပဲဟင်းချက်နည်း
ဟင်းအနှစ်ဆီသတ်ရန် ပါဝင်ပစ္စည်းများ
ဆီ - စားပွဲဇွန်း ၄ ဇွန်း
မုန်ညင်းစေ့ - လက်ဖက်ရည်ဇွန်း ၂ ၁/၂ ဇွန်း
ဇီရာ - လက်ဖက်ရည်ဇွန်း ၂ ၁/၂ ဇွန်း
ပဲနံ့သာ - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ပျဉ်းတော်သိမ် - ၅ ခက် (အရွက်ခြွေထားပါ)
ကြက်သွန်နီ - ၃ လုံး (ပါးပါးလှီးထားပါ)
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးခြောက် - ၁၀ တောင့်
ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
မဆလာ(အသား) - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ခရမ်းချဉ်သီး - ၂ လုံး ( လေးစိတ်စိတ်ထားပါ)
ပဲဟင်းချက်ရန်အတွက် ပါဝင်ပစ္စည်းများ
ပဲစင်းငုံ - ၄၀၀ ဂရမ် (မပြုတ်ခင် ၁ နာရီခန့် ရေကြိုစိမ်ထားပါ)
ခရမ်းသီး - ၂ လုံး (အနေတော်အရွယ်ပိုင်းထားပါ)
ဘူးသီး - ၂ စိတ် ( အနေတော်အရွယ် လှီးထားပါ)
ဆား - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ဟင်းအနှစ်ဆီသတ်ရန် ဒယ်အိုးထဲ ဆီ၊ မုန်ညင်းစေ့၊ ဇီရာ၊ ပဲနံ့သာ တို့ကို ထည့်ပြီး အနံ့မွှေးသည်အထိ ဆီသတ်ပါ။ ပြီးလျှင် ပျဉ်းတော်သိမ်၊ ကြက်သွန်နီ၊ နနွင်းမှုန့် တို့ကိုထည့်ပြီး ကြက်သွန်နီ အနည်းငယ်နွမ်းသည်အထိ ဆီသတ်ပါ။ ပြီးလျှင် ငရုတ်သီးခြောက်၊ ငရုတ်သီးအစိမ်းမှုန့်၊ မဆလာ တို့ကိုထည့်ပြီး ကြက်သွန်နီ ကြွပ်လာသည်အထိ ဆီသတ်ပါ။ ပြီးလျှင် ခရမ်းချဉ်သီးထည့်မွှေပြီးရင် အိုးချလို့ရပါပြီ။
ဟင်းအနှစ်ရပြီဆိုရင် အိုးတစ်အိုးထဲ ရေစိမ်ထားသော ပဲစင်းငုံများကို နနွင်းမှုန့်အနည်းငယ်ထည့်ကာ နူးအောင် ပြုတ်ထားပါ။ ပဲနူးပြီဆိုရင် ခရမ်းသီး၊ ဘူးသီး၊ ဆီသတ်ထားသောအနှစ် တို့ကို ထည့်ပြီးတည်ပါ။ ပဲဟင်းအိုး ပွက်ပွက်ဆူလာပြီဆို ဆား၊ ဟင်းခတ်မှုန့်တို့ထည့်မွှေပါ။ အရသာမြည်းပြီး ခရမ်းသီးနှင့် ဘူးသီး နူးသည်အထိ အဖုံးဖုံးပြီး တည်ပါ။ အိုးအောက်ခြေမှာ ပဲမကပ်စေရန် မကြာမကြာအဖုံးဖွင့်ပြီး မွှေပါ။ အသီးများနူးပြီး ဟင်းရည်ပွက်ပွက်ဆူလာရင် ရပါပြီ။
#ချစ်တီးပဲဟင်း
#crdorginaluploader

image

Boxer only when he turned his back on his FATHER

Excel Formula ရေးနည်း ✍️
Excel မှာ Formula ရေးသားနည်းကို အဆင့်ဆင့် ရှင်းပြပေးပါမယ်။
1️⃣. Formula စတင်ရေးသားနည်း
- Formula စရေးတိုင်း = (ညီမျှခြင်းသင်္ကေတ) နဲ့ စရပါမယ်
- ဥပမာ: =A1+B1
2️⃣. အခြေခံ Operator များ
Operator +
အဓိပ္ပါယ် = ပေါင်းခြင်း
ဥပမာ =A1+B1
Operator -
အဓိပ္ပါယ် = နုတ်ခြင်း
ဥပမာ =A1-B1
Operator *
အဓိပ္ပါယ် = မြှောက်ခြင်း
ဥပမာ =A1*B1
Operator /
အဓိပ္ပါယ် = စားခြင်း
ဥပမာ =A1/B1
Operator ^
အဓိပ္ပါယ် = ထပ်ကိန်း
ဥပမာ =A1^2
3️⃣. အသုံးများသော Function များ
SUM (ပေါင်းလဒ်)
=SUM(A1:A1 // A1 မှ A10 အထိ ပေါင်းမည်
=SUM(A1,B1,C1) // A1, B1, C1 ကို ပေါင်းမည်
AVERAGE (ပျမ်းမျှ)
=AVERAGE(A1:A1 // A1 မှ A10 အထိ ပျမ်းမျှ
MAX/MIN (အများဆုံး/အနည်းဆုံး)
=MAA1:A1 // အမြင့်ဆုံးတန်ဖိုး
=MIN(A1:A1 // အနိမ့်ဆုံးတန်ဖိုး
IF (လိုအပ်ချက်စစ်ဆေးခြင်း)
=IF(A1>100, "ကျော်လွန်", "မကျော်လွန်"
// A1>100 ဖြစ်လျှင် "ကျော်လွန်"၊ မဟုတ်လျှင် "မကျော်လွန်"
COUNT (အရေအတွက်ရေတွက်ခြင်း)
=COUNT(A1:A1 // A1:A10 တွင် ဂဏန်းပါသော cell အရေအတွက်
4️⃣. Cell Reference အမျိုးအစားများ
Relative Reference (ပုံမှန်)
=A1 // ကူးယူသောအခါ row နှင့် column ပြောင်းသွားမည်
Absolute Reference (ပုံသေ)
=$A$1 // ကူးယူသောအခါ မပြောင်းဘဲ ပုံသေဖြစ်မည်
Mixed Reference (ရောထားသော)
=$A1 // Column ပုံသေ၊ Row ပြောင်းမည်
=A$1 // Row ပုံသေ၊ Column ပြောင်းမည်
5️⃣. Formula ရေးသားရာတွင် သတိထားရမည့်အချက်များ
1. Case Sensitive မဟုတ်: Excel formula သည် အကြီး/အသေး မခွဲခြားပါ
2. Parentheses အသုံး: ဦးစားပေးလုပ်ဆောင်ချက်အတွက်
- `=(A1+B1)*C1` vs `=A1+B1*C1`
3. Quote အသုံး: Text များအတွက် `" "` ထဲတွင် ထည့်ရမည်
- `="Hello"&A1`
6️⃣. Error Message များ
Error `DIV/0!`
အဓိပ္ပါယ် = သုညဖြင့်စားခြင်း
Error `N/A`
အဓိပ္ပါယ် = တန်ဖိုးမရှိခြင်း
Error `NAME?`
အဓိပ္ပါယ် = Formula အမည်မှားယွင်းခြင်း
Error `VALUE!`
အဓိပ္ပါယ် = မှားယွင်းသော Data Type
7️⃣. လက်တွေ့ဥပမာများ
ဝင်ငွေ-အသုံးစရိတ် ဇယား
A1: "လစဉ်ဝင်ငွေ"
B1: 500000
A2: "လစဉ်အသုံးစရိတ်"
B2: 350000
A3: "ကျန်ငွေ"
B3: =B1-B2
Grade ခွဲခြား
A1: ရမှတ်
B1: =IF(A1>=80, "A", IF(A1>=60, "B", IF(A1>=40, "C", "F"))
8️⃣. Formula စစ်ဆေးနည်း
1. F2 နှိပ်ပါ - Formula ကို တိုက်ရိုက်ပြင်ဆင်နိုင်သည်
2. Formula Auditing tools ကိုသုံးပါ
3. Evaluate Formula ဖြင့် အဆင့်ဆင့် စစ်ဆေးနိုင်သည်
Formula များကို လေ့ကျင့်ရေးသားခြင်းဖြင့် တဖြည်းဖြည်း ကျွမ်းကျင်လာပါလိမ့်မယ်။ 😊
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈

image
47 w - Translate

လူမှုကွန်ရက်မီဒီယာတွေဟာ ခေတ်သစ်
ဒဏ္ဍာရီတွေ မွေးဖွားတဲ့ နေရာဖြစ်လာပြီလို့
ပြောရမယ့် အချိန်ရောက်နေပြီ ထင်ပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ကမ္ဘာတဝှမ်းက
လူသန်းပေါင်းများစွာ အံ့အားသင့်သွားစေတဲ့
ဗီဒီယိုတခု viral ဖြစ်သွားခဲ့ပါတယ်။
နယူး​ယောက်က John F. Kennedy
International Airport မှာ တိုကျို ကနေ
ရောက်လာတဲ့ အမျိုးသမီးတယောက်က
ဘယ်​မြေပုံ၊ ဘယ်ဒေတာဘေ့စ်မှာမှ မရှိတဲ့
"Torenza" ဆိုတဲ့ နိုင်ငံတခုရဲ့ ပတ်စ်ပို့်ကို
ပြသခဲ့တယ်လို့ ဆိုပါတယ်။အဲဒီဗီဒီယိုမှာ သူမက ကော့​ကေးဆပ်ဒေသမှာ
Torenza ဆိုတာ အစစ်အမှန် တည်ရှိတယ်ဆိုပြီး
ပတ်စ်ပို့်မှာလည်း အခြားအစစ်အမှန်တည်ရှိတဲ့
နိုင်ငံတွေရဲ့ အဝင်တံဆိပ်တွေလည်း ပါဝင်နေပါသတဲ့
အရာရှိတွေက Torenza ဆိုတဲ့ နိုင်ငံ မရှိဘူးလို့
ပြောတဲ့အခါ သူမက "ဒါဆိုရင် ဒါ ကျွန်မရဲ့
လောကမဟုတ်ဘူး" လို့ တိုးတိုးလေး
ပြောသွားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သမိုင်းတိုင်းမှာ twist တခုရှိသလို၊
ဒီသမိုင်းမှာလည်း အလားတူပါပဲ။
တကယ်တမ်း ဒီဗီဒီယိုဟာ AI-generated visuals နဲ့
voice synthesis ကို သုံးပြီး ဖန်တီးထားတာပါ။
JFK Airport မှာ ဒီလို ဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးတယ် ဆိုတဲ့
မှတ်တမ်းတစုံတရာ မရှိသလို Torenza ဆိုတဲ့
နိုင်ငံလည်း မရှိပါဘူး။Torenza ဇာတ်လမ်းက အသစ်အဆန်းတော့
မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက
“Man from Taured" ဆိုတဲ့ ဒဏ္ဍာရီကို ပြန်လည်
အသက်သွင်းထားတာ ဖြစ်ပါတယ်။
အဲဒီဇာတ်လမ်းက ဒီလိုပါ။၁၉၅၄ ခုနှစ် ဇူလိုင်လမှာ တိုကျို Haneda Airport ကို
ရောက်ရှိလာတဲ့ လူတယောက်ဟာ "Taured" ဆိုတဲ့
နိုင်ငံကနေ ထုတ်ပေးထားတဲ့ ပတ်စ်ပို့်ကို
ကိုင်ဆောင်လာခဲ့တယ်လို့ ဒဏ္ဍာရီက ဆိုပါတယ်။
အရာရှိတွေက မြေပုံပေါ်မှာ သူ့နိုင်ငံ ဘယ်မှာလဲ လို့
မေးတဲ့အခါ သူက ပြင်သစ်နဲ့ စပိန်ကြားမှာရှိတဲ့
အန်ဒိုရာကို ညွှန်ပြပြီး သူ့နိုင်ငံ Taured ဟာ
အဲ့နေရာမှာ နှစ်​ထောင်နဲ့ချီ တည်ရှိနေခဲ့တာလို့
စိတ်မရှည်သလို ပြောဆိုခဲ့တယ် ဆိုပါတယ် ပိုပြီး ထူးဆန်းတာက၊ နောက်တရက်မှာ သူဟာ
စောင့်ကြည့်နေတဲ့ ရဲတွေ ရှိနေတဲ့ထဲက
ဟိုတယ်ခန်းကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ပါသတဲ့တကယ်တမ်း ဒါဟာလည်း ဖြစ်ရပ်မှန် မဟုတ်ပါဘူး။
တကယ်က ၁၉၅၉ ခုနှစ်မှာ John Allen Kuchar Zegrus ဆိုတဲ့ လူတယောက် ပတ်စ်ပို့်အတုနဲ့
ဂျပန်ကို ဝင်ရောက်ခဲ့ပြီး ချက်လက်မှတ်အတုတွေ
ထုတ်ယူဖို့ ကြိုးစားရာက ဖမ်းမိခံရတာပါ။
တိုကျိုတရားရုံးက သူ့ကို ထောင်ဒဏ် ၁ နှစ်
ချမှတ်ခဲ့ပြီး စီရင်ချက်ချပြီးတဲ့အခါ ပါးစပ်ထဲမှာ
ဝှက်ထားတဲ့ ဖန်ပြားနဲ့ ကိုယ့်ကိုယ်ကို လှီးပြီး
သတ်သေဖို့ ကြိုးစားခဲ့တယ်လို့
ဂျပန်သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။ဒါပေမယ့် ဒီရိုးရှင်းတဲ့ လုပ်ကြံဇာတ်လမ်းဟာ
စလာရာက ကားသွားပြီး parallel universe တွေ၊ time travel တွေနဲ့ ပတ်သက်တဲ့
လျှို့ဝှက်ဆန်းကြယ်ဖြစ်သွားပါ​တော့တယ်။
Torenza နဲ့ Taured ဇာတ်လမ်းတွေ ဆင်တူပေမယ့်အဓိက ကွာခြားချက်တခု ရှိပါတယ်။ Taured
ဇာတ်လမ်းဟာ လူတွေရဲ့ စိတ်ကူးစိတ်သန်းနဲ့ နှုတ်ထွက်စကားတွေကြောင့် ပျံ့နှံ့သွားတာဖြစ်ပြီး
Torenza ကတော့ artificial intelligence နည်းပညာနဲ့
တမင်တကာ ဖန်တီးထားတာပါ။Deepfakes ဆိုတာ AI-generated ဗီဒီယိုတွေ
ဒါမှမဟုတ် အသံတွေ ဖြစ်ပြီး၊ လူတွေရဲ့ မျက်နှာ၊
အသံ၊ လုပ်ရပ်တွေကို ပြင်ဆင်၊ အစားထိုးတာပါ Synthetic media ဆိုတာ AI က ဖန်တီးတဲ့၊
ပြင်ဆင်ထားတဲ့ ဗီဒီယို၊ အသံ၊ စာသား၊ ဓာတ်ပုံ
စသဖြင့်ဘယ် content မဆို ဖြစ်နိုင်ပါတယ်။
Machine-learning algorithms တွေဟာ
လူတဦးချင်းစီရဲ့ သွင်ပြင်ပုံပန်းသဏ္ဌာန်တွေကို
ခွင့်ပြုချက် မလိုပဲ ဖန်တီးနိုင်ပြီး ကွာလတီကောင်းရင်
လုံးလုံးလျားလျား လုပ်ကြံထားတဲ့ စာသား၊ ဗီဒီယို
အသံ clip တွေကို ယုံကြည်စရာကောင်းအောင်
ဖန်တီးနိုင်စွမ်းရှိပါတယ်။GPT-4၊ BERT၊ DALL·E၊ Stable Diffusion လို
generative AI tools တွေဟာ programming skills
လို နည်းပညာပိုင်း ကျွမ်းကျင်မှု မလိုအပ်တော့ပဲ
အသုံးပြုနိုင်တဲ့အတွက် လူတိုင်းနီးပါးက စာသား၊
အသံ၊ ပုံရိပ်ပိုင်း လိမ်လည်လှည့်ဖြားမှုတွေကို
ဖန်တီးနိုင်ပြီး ဖြန့်ဝေနိုင်လာခဲ့ပါတယ်။ မကောင်းမှုပြုလုပ်သူတွေအတွက် အဲဒီလို လိမ်ဖို့
လွယ်ကူလာတဲ့အပြင် တကယ့် သတင်း
အရည်အသွေးလည်း ကျဆင်းသွားပါတယ်။
နိုင်ငံရေးပိုင်း deepfakes တွေနဲ့ synthetic တွေဟာ
အမြဲတမ်း လှည့်စားတာတော့ မဟုတ်ပေမယ့်
မသေချာမှု uncertainty ကို ဖန်တီးပြီးလူမှုကွန်ရက်မှာ ဖြန့်ဝေတဲ့ သတင်းတွေကို
ယုံကြည်မှု လျော့ကျသွားစေပါတယ်
လိမ်လည်လှည့်ဖြားမှုနဲ့ သတင်းမှားတွေဟာ
လာမယ့်နှစ်တွေမှာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေ
ဖြစ်လာမယ်လို့ World Economic Forum ရဲ့ Global Risks Report က သတ်မှတ်ထားပါတယ်
AI ကို နိုင်ငံရေးအရ အလွဲသုံးစားမှုက ပြင်းထန်တဲ့
အန္တရာယ်တွေ ဖြစ်စေပြီး deepfakes တွေနဲ့
AI-generated content တွေ အလျင်အမြန်
ပျံ့နှံ့ခြင်းက မဲဆန္ဒရှင်တွေအတွက် အမှန်နဲ့အမှားပိုင်းခြားဖို့ ပိုခက်ခဲလာစေပြီး၊ မဲဆန္ဒရှင်တွေရဲ့
အပြုအမူကို ဩဇာလွှမ်းမိုးနိုင်​စေတဲ့အတွက်ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ပါတယ်။
နည်းပညာအသစ်အဆန်းတရပ် ပေါ်ထွန်းလာတိုင်းလူ့အဖွဲ့အစည်း​ကောင်းကျိုးအတွက် အသုံးပြုမှု​တွေ
ရှိသလို တလွဲအသုံးချမှု​တွေနဲ့လည်း ရင်ဆိုင်ရတာ
အခုမှ​တော့ မဟုတ်ပါဘူး။ အခုလို AI ခေတ်မှာဆိးကျိုးဖြစ်​စေနိုင်တဲ့ တလွဲအသုံးချမှု​တွေကိုကာကွယ်ဖို့ နည်းပညာကုမ္ပဏီတွေ၊ သုတေသီတွေနဲ့အရပ်ဘက်အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှုဟာ AI အသုံးချလိမ်လည်လှည့်ဖြားမှုနဲ့ မှားယွင်းတသတင်းတွေရဲ့ ရှုပ်ထွေးတဲ့ ိန်ခေါ်မှုတွေကို ထိထိရောက်​ရောက် ကိုင်တွယ်နိုင်​စေဖို့ အင်မတန်
အရေးကြီးလာမှာ ဖြစ်ပါတယ်။

image