မင်းနဲ့ပတ်သတ်ရင် - Raymond

သတိရမိလေခြင်း - idiots

အခုနောက်ပိုင်းမှာ ထပ်တလဲလဲ ကြိုးစားယူနေတဲ့အရာတစ်ခုက အငုံ့စိတ် ကင်းနိုင်ဖို့ပါပဲ ။ မနာလိုစိတ်တွေ မုဒိတာ မပွားနိုင်တဲ့ စိတ်တွေကို သတိထားပြီး ဆင်ခြင်နေထိုင်ဖြစ်တယ် ။
အခြားသူရဲ့ အောင်မြင်မှု ပြည့်စုံမှုတွေကို မနာလိုရှူစိမ့် မဖြစ်ရအောင် ၊ မဝေဖန်မိအောင် အထင်မသေးမိအောင် နေပါတယ် ။ ကိုယ် သဘောမကျဘူးဆိုရင် ကျော်သွားလိုက်တယ် ။ သဘောကျရင်တော့ ငြိမ်ငြိမ်သက်သက်ပဲ အားပေးဖြစ်တယ် ။
ကိုယ်မကြိုက်လို့ ဒါကြီးက အပေါစားပါ အဖြစ်မရှိတဲ့ဟာ ဆိုပြီး မပြောဘူး ။ ကိုယ်နှစ်သက်တဲ့ အရာကိုလည်း ဒါကမှ ကောင်းတာ ငါလုပ်တာမှ အဟုတ် ဆိုပြီးလည်း ဂုဏ်ဆာမပြဘူး ။ အောင်မြင်နေတာကို သူအောင်မြင်သားပဲလို့ မြင်ပေးပြီး သူလှနေတာကို လှနေသလိုပဲ ကြည့်တယ် ။
အငုံ့စိတ်ဆိုတာ အောင်မြင်နေတာကို မြင်ရင် ဟုတ်ဟုတ် မဟုတ်ဟုတ် အောက်ဖဲလှန်ချင်တယ် ၊ ဝေဖန်ချင်တယ် ၊ အပြစ်ပြောချင်တယ် ။ သူ့မကောင်းကြောင်း အတင်းပြောချင်တယ် ။
အငုံ့စိတ်တွေ ဘယ်ကဖြစ်သလဲဆို ကိုယ့်ကိုကိုယ် ယုံကြည်မှုအားနည်းလို့တဲ့ ။ ကိုယ် လုပ်နေတဲ့အလုပ်ကို ဖြစ်ဖြစ်မြောက်မြောက်လုပ်တယ် ၊ အဆင်ပြေတယ်ဆို အခြားဘယ်သူ့ရဲ့ Career ကိုမှ လိုက်ဝေဖန်နေဖို့ မလိုဘူးမဟုတ်လား ။
ပင်လယ်ရေဟာ တစ်ယောက်တည်း သောက်လို့မှမကုန်ပဲ လူတိုင်း အောင်မြင်လို့ရတယ် ၊ ချမ်းသာလို့ရတယ် ၊ ကြိုးစားလို့ရတယ် ။ အငုံ့စိတ်များတဲ့သူဟာ ကိုယ်တိုင်လည်း မတိုးတက်ဘူး ။ အကြည်ဓာတ်လဲ မရဘူး ၊ အမြဲ ပူလောင်နေကြတာ ။ တပါးသူရဲ့ အဆင်ပြေမှုတိုင်းက သူတို့အတွက် ပြဿနာ တစ်ခုလိုပဲ ၊၊ ကိုယ့်အတွက်လည်း အကျိုးမရှိပဲလေ ။
လူဆိုတဲ့အမျိုးက အနည်းနဲ့အများ အငုံ့စိတ်က ရှိတတ်တာပဲ ။ ဒီအငုံ့စိတ်ကို ပွားမလာရအောင်သာ သတိကပ်နေရတယ် ။ မဟုတ်ရင် ကိုယ့်ဒုက္ခကိုယ်ရှာသလိုပဲ ။
စိတ်ဟာ အမြင့်ပိုင်းကို ရောက်လေ လွတ်လပ်လေပါပဲ " တဲ့ ။ နောက်ပိုင်း ဒီစကားလေးအတိုင်း ပြုမူနေထိုင်တယ် ။ လူ့လောက အပူတွေထဲ ငြိမ်သက်အေးချမ်းမှု ရဖို့ဆိုရင် ကိုယ်ဟာ ဘယ်နေရာ ဘယ်အဆင့်မှာပဲ ရှိနေနေ စိတ် ကတော့ အမြင့်ပိုင်းမှာ ထားတတ်ဖို့လိုပါလိမ့်မယ် ။
#tharhtwe
#catchandrelease

image

ဆာယိုနာရာ: စောညီညီ,မိုးမိုး <br>အဝေးရောက်ချစ်သူ :ဆိုတေး

I wanna kiss u and say that lyrics.

အသည်းကွဲတဲ့အခါ သတိရှိပြီး လုံးဝ မလုပ်သင့်တဲ့အရာကတော့ ကိုယ့်ကို အသည်းကွဲစေတဲ့သူနဲ့ ပြန်ပြီးဆက်သွယ်တာပါပဲ ။ တော်တော်များများက သံယောဇဉ်မပြတ်နိုင်သေးတဲ့အတွက် ပြန်ပြေလည်သွားမလားဆိုတဲ့ စိတ်နဲ့ ကြံမိကြံရာနဲ့ ဆက်သွယ်မိကြပါတယ် ။
ဒီလိုလုပ်တာဟာ အသည်းကွဲခြင်းသံသရာထဲမှာ ပိုကြာနေစေပြီး အဆုံးမှာ ပိုနာကျင်ရပါတယ် ။ အကယ်၍ ကိုယ်က မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်တွဲဖို့ ဆက်သွယ်ခဲ့လို့ သူက ပြန်လက်ခံတဲ့သူဆိုရင်တောင် သူကိုယ့်ကို တကယ်ချစ်လို့မဟုတ်တော့ဘဲ ၊ Annoy ဖြစ်လို့ ၊ သံယောဇဉ်လက်ကျန် ရှိသေးလို့ လက်ခံတာမျိုးပဲဖြစ်လေ့ ရှိပါတယ် ။ ဒီအခါ ကိုယ့်အပေါ် ကိုယ်ထားတဲ့ Self-respect ပါ လျော့ကျလာပြီး နေ့ရက်တိုင်းက အဓိပ္ပာယ်မဲ့တယ်လို့ ခံစားနေရပါမယ် ။
ဒီလိုအချိန်မှာ ပြန်ဆက်သွယ်မိတာဟာ တစ်ချိန်မှာ နောင်တရစရာလုပ်ရပ်တွေပဲ ဖြစ်လာတာမလို့ လက်ရှိအချိန်မှာ ကိုယ့်ခံစားချက်ကို ဦးစားမပေးတော့ဘဲ သူနဲ့ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ် ၊ Message ၊ Social Media တွေကို အကုန် Block ထားလိုက်ပါ ။
အဲဒီလို အဆက်အသွယ်ဖြတ်ပြီး ကိုယ့်ကို စိတ်ချမ်းသာစေမယ့် အရာတွေနဲ့ နေခြင်းက အသည်းကွဲဝေဒနာ ကုစားတဲ့ဖြစ်စဉ်ကို ပိုမြန်ဆန်စေပါလိမ့်မယ် ။
#rightpersonrightlove

image

အတိတ်//Bunny Phyoe

ကျွန်တော် ကြီးပြင်းလာခဲ့ရတဲ့ အိမ်မှာ ဆိုရိုးစကားတစ်ခု ရှိပါတယ် ။ ကမ္ဘာ့ ခေါင်းဆောင်တစ်ယောက်မှာတောင် တစ်နေ့ ၂၄ နာရီပဲ ရပါတယ်တဲ့ ။ ကျွန်တော်တို့ဟာ ကောင်းကောင်းမွန်မွန် အကျိုးရှိရှိ နေချင်ကြတယ် ။ ဒါပေမဲ့ ထင်သလို ဖြစ်ရဲ့လား ။ ဖြစ်ချင်တာတွေ ဖြစ်နိုင်ဖို့ ကိုယ့်အချိန်ကို ကိုယ် ဘယ်လိုသုံးစွဲကြရမှာလဲ ။ လူဆိုတာ တစ်ယောက်တစ်မျိုးစီပါ ။ အချိန်ကို သုံးစွဲရာမှာလည်း တစ်ယောက် တစ်ဘာသာပါ ။ တချို့က သိပ်စနစ်ကျပြီး တချို့ကတော့ စနစ်မကျလှဘူး ။
ကျွန်တော့် ဝန်ထမ်းတစ်သက်မှာ ကျွန်တော်ဟာ အချိန်ကို ထိထိရောက်ရောက် အသုံးချနည်းတွေ တော်တော်များများ ရခဲ့ပါတယ် ။ အရင်းစစ်လိုက်ရင်တော့ အချက် နှစ်ချက်ရပါလိမ့်မယ် ။ ကိုယ့်အင်အားတွေကို နေရာတကျ အသုံးချပြီး အလုပ်ကို တွင်တွင်ကျယ်ကျယ် လုပ်နိုင်ဖို့ရယ် ၊ လေးစားဂုဏ်ယူလောက်စရာ လုပ်ရပ်တွေ ပြီးမြောက်အောင်မြင်တဲ့ ဘဝတစ်ခု ဖြစ်လာဖို့အတွက် ထက်ထက်မြက်မြက် လုပ်နိုင်ဖို့ရယ်ပါပဲ ။ အတိုပြောရရင်တော့ အချိန်ကို စနစ်တကျ ခန့်ခွဲပြီး တွင်တွင်ကျယ်ကျယ် နဲ့ ထက်ထက်မြက်မြက် လုပ်ဆောင်တတ်ဖို့ပါပဲ ။
ဝန်ထမ်းသက် နှစ် ၃ဝ ကျော်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ်
မညှာမတာ မေးခွန်းထုတ်ခဲ့ရတာတွေ ရှိပါတယ် ။ ငါ ဘာဖြစ်ချင်တာလဲ ၊ ငါ ဘယ်နေရာမှာ အောင်မြင်ချင်တာလဲ ၊ ငါ ဘာကောင်လဲ ၊ ငါ ဟေ့လို့ လက်မထောင်နိုင်အောင် ငါ ဘယ်လိုတွေ လုပ်ပြရမလဲ ၊ ငါ့ အချိန်တွေကို ဘယ်လိုခန့်ခွဲမလဲ ၊ အချိန်ပို ဘယ်လို တန်ဖိုးရှိရှိ သုံးမလဲ ။
အခု ဒီစာအုပ်မှာ ကျွန်တော် စုဆောင်းခဲ့တဲ့ အချိန်ချွေတာတာနည်း ၅ဝ ကို အခန်း ၇ ခန်းခွဲပြီး ဖော်ပြထားပါတယ် ။
၁။ ကိုယ့်ကိုယ်ကိုယ် သိ ။ ငါ ဘာကောင်လဲ ၊ ဘဝမှာ ငါ ဘာဖြစ်ချင်တာလဲ) ဆိုတာ သိရင် ဘာတွေကို ဘယ်လိုဦးစားပေးရမယ်ဆိုတာ သိတယ် ။
၂။ ကိုယ့်အလုပ်ကိုယ်သိ ။ အလုပ်ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ ဘဝပါ ။ ကိုယ့်အလုပ်ရဲ့ ရည်ရွယ်ချက်ကို သိထားခြင်းအားဖြင့် ကိုယ့် အချိန်ကို ဘယ်လိုအကျိုးရှိရှိ သုံးရမယ်ဆိုတာ တွေ့လာပါလိမ့်မယ် ။
၃။ ခိုင်ခိုင်မတ်မတ်ရှိ ။ ရည်ရွယ်ချက် ပြီးမြောက်ဖို့ ၊ ထိထိရောက်ရောက် အောင်မြင်ဖို့ အစီအစဉ်ချနည်းတွေ ဖြစ်ပါတယ် ။
၄။ ထက်အောင်သွေး ။ ဘာပဲလုပ်လုပ် မှန်မှန်ကန်ကန်နဲ့ ထိထိရောက်ရောက် လုပ်နိုင်ဖို့ အချိန်အသုံးချနည်းတွေပါ ။
၅။ အဖွဲ့လိုက်လုပ်ရင် ပိုပြီး ထိရောက်စေနည်း ။ အလုပ်အများစုဟာ အဖွဲ့လိုက် ကိုယ့်တာဝန်နဲ့ကိုယ် လုပ်ကြရတာပါ ။ အစည်းအဝေးတွေ ဘယ်လိုလုပ်မလဲ ၊ တာဝန် ဘယ်လို ခွဲမလဲ ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာတွေဟာ အချိန်ကို ထိရောက်အောင် သုံးစွဲရေးမှာ အရေးကြီးပါတယ် ။
၆။ ဆက်သွယ်ရေးကောင်းအောင် ကြိုးစား ။ အင်တာနက်ဖွင့်ပြီး မဟုတ်တာတွေမှာ အချိန်ကုန်နေတာတွေ ၊ အမှိုက်စာတွေကို ဂျာနယ် ၊ မဂ္ဂဇင်းတွေမှာ ရှာဖတ်နေတာတွေက အချိန်ဖြုန်းတီးစေပါတယ် ။ လေရှည်နေတာ လေခိုက်နေတာတွေကလည်း လုပ်ငန်းခွင် စီမံရေးမှာ အချိန်ကို လေလွှင့်စေပါတယ် ။
၇။ အချိန်ကို ခွဲဝေသုံး ။ လုပ်စရာများတွက် ကျန်သမျှ အချိန်လေးကို ဘယ်လို ခွဲတမ်းချမလဲဆိုတာ သိမှ အချိန်ကို စီမံခန့်ခွဲမှု ကောင်းကောင်း လုပ်နိုင်မှာပဲ ဖြစ်ပါတယ် ။
ဒီ ၇ မျိုးကို စီမံတတ်ရင် အချိန်ကိုင်ပြီး ဘဝကို ပဲ့ကိုင်တတ်သူများဖြစ်ကြပါစေ ။
#ကြည်မင်း
#အချိန်မဖြုန်းနည်း

image

နှမြောတယ် // SGL

ဘယ်သူမှကိုယ့်အပေါ်မကြည့်ခဲ့ရင်တောင် <br>မင်းကတော့ငါ့အပေါ်ငဲ့လိမ့်မယ်လို့ယုံကြည်ထားခဲ့တာ <br>အချိန်လွန်ငှက် - အောင်လ