47 w - Translate

ပြည်တွင်းရွှေဈေး ရုတ်တရက်ခုန်တက်ပြီး ကျပ် ၈၅ သိန်းကျော် ရောက်ရှိ
အောက်တိုဘာ ၁၄ - ၂၀၂၅
SS (VOM)
ကမ္ဘာ့ရွှေဈေး ထပ်မံ စံချိန်ချိုး မြင့်တက်လာမှုနဲ့အတူ လက်ရှိမှာ ပြည်တွင်းရှိ ပြင်ပ ရွှေဈေးဟာလည်း တရက်အတွင်း ကျပ် သုံးသိန်းဝန်းကျင် ခုန်တက်လာပြီး ကျပ် ၈၅ သိန်းကျော်ကို ရောက်ရှိလာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၄၁၅၈ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကထက် တအောင်စ ၁၀၉ ဒေါ်လာဝန်းကျင် ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ ရွှေလုပ်ငန်းရှင် တယောက်က “ပြည်တွင်း ရွှေဈေးတက်တာက အဓိက ကတော့ ကမ္ဘာ့ရွှေဈေးတွေ တော်တော် တက်သွားတယ်ပေါ့။ မမျှော်မှန်း၊ မခန့်မှန်းနိုင်လောက်အောင် တက်သွားတယ်။ ၄၁၀၀ ကျော်သွားတယ်။ တခါမှမဖြစ်ဖူးတဲ့ ဈေးတွေပေါ့။ ပြည်တွင်းမှာ ဒေါ်လာဈေးကလည်း နည်းနည်းငြိမ်တယ်။ ထပ်မကျဘူးပေါ့။ အဲဒီတော့ ကမ္ဘာ့ဈေး တက်တာနဲ့အညီ ဒီမှာလည်း ၈၅ သိန်းကျော်သွားတယ်။ ဒီနေ့တောင် ၈၆ သိန်းဖြစ်မလား မပြောတတ်ဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ ပြည်တွင်းရွှေဈေးဟာ ကျပ် ရှစ်ဆယ့်ငါးသိန်း နှစ်သောင်းဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး အမေရိကန် ဒေါ်လာကတော့ တဒေါ်လာ ရောင်းဈေး ၄၀၇၀ ဝန်းကျင်မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
“လတ်တလောမှာ ရွှေဈေးတွေ ထပ်တက်နိုင်ခြေ ရှိ၊ မရှိက မှန်းရတော့ တော်တော်ခက်တယ်။ ကမ္ဘာ့ဈေးကလည်း ဟိုတလောလေးတုန်းကတော့ ၄၀၀၀ ကျော်တယ်။ ကျော်ပြီးမှ တော်တော်လေးကို ပြန်ကျသွားသေးတယ်။ ၁၀၀ ကျော် ပြန်ကျသွားတယ်။ ကျပြီးတော့မှ အခု ၂၀၀ ကျော် ပြန်တက်တယ်။ အဲဒီတော့ ၁၀၀ ကျော် ကျလိုက်၊ ၂၀၀ ကျော် ပြန်တက်လိုက်နဲ့ အရမ်းကစားနေတော့ အခုလည်း ပြောလို့တော့မရဘူး။ ဆက်တက်မလား၊ ပြန်ပြီးတော့ ထိုးကျမလားဆိုတာ ဒေါ်နယ်လ်ထရမ့်တို့၊ တရုတ်တို့ အခြေအနေတွေပေါ် မူတည်တယ်။ သူတို့ ညှိလို့ ရ၊ မရပေါ့။ အခြေအနေတွေ တင်းမာနေတယ်လို့တော့ ပြောတာပဲ။ ကုန်သွယ်ရေး စစ်ပွဲပေါ့” လို့ နောက်ထပ် ရွှေလုပ်ငန်း တယောက်က ပြောပါတယ်။
လက်ရှိ ရွှေဈေးကွက် အတွင်းမှာတော့ အရောင်းအဝယ် အခြေအနေတွေက အရမ်းကို နည်းပါးနေပြီး ရွှေဈေး မြင့်တက်လေလေ လက်လီ ဝယ်နိုင်တဲ့သူတွေ နည်းပါးလေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် အတုံးအရောင်းအဝယ် လောကမှာလည်း တရားဝင် ရောင်းချနေကြတဲ့ အကယ်ဒမီနဲ့ အောင်သမာဓိ ရွှေဆိုင်နှစ်ဆိုင်သာ ရှိပြီး လတ်တလောမှာတော့ အဲဒီရွှေဆိုင်တွေမှာ ရွှေအတုံး လာရောင်းကြသူ၊ လာဝယ်ကြသူတွေ ရှိကာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိ မှောင်ခိုဈေးကွက် အခြေအနေနဲ့ ပတ်သက်လို့လည်း သူက “မှောင်ခိုဈေးကွက်ကတော့ အရောင်းအဝယ် ဖြစ်တော့ဖြစ်တာပဲ။ ဒါပေမယ့် နည်းနည်းပါးပါးပေါ့နော်။ သိပ်အများကြီးတော့ မဖြစ်ဘူး။ ပြီးတော့ မှောင်ခိုကလည်း ဈေးတက်လေ၊ ဖမ်းမှာကြောက်လေ ဆိုတော့ ပိုပြီးတော့ သတိထားပြီး လုပ်ကိုင်နေကြတာပေါ့” လို့ သူက ပြောပါတယ်။
အခုလို ရွှေဈေးနှုန်းတွေ မြင့်တက်နေတာဟာ ရွှေလောကအတွက် ကောင်းမွန်တဲ့ အလားအလာ မဟုတ်ဘဲ ကမ္ဘာ့ဈေးပြန်ကျကာ ဒေါ်လာဈေးတွေလည်း ဆက်မတက်ဘဲ ငြိမ်နေမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပြီး အဲဒီလို ဖြစ်၊ မဖြစ်ကတော့ ကမ္ဘာ့ဈေးပေါ်မှာသာ မူတည်နေတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ ပြည်တွင်းရွှေဈေး သိန်း ၁၀၀ ဝန်းကျင်အထိ ရောက်ရှိသွားနိုင်တယ်လို့ ဈေးကွက်အတွင်း ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတာပါ။
ဒါနဲ့ ပတ်သက်လို့လည်း သူက “အဲဒီလောက်ကြီးကတော့ မဖြစ်နိုင်ဘူး ထင်တာပဲ။ ဒါပေမယ့် ပြောလို့တော့ မရဘူး။ ကမ္ဘာ့ဈေးပေါ်မှာပဲ မူတည်တယ်။ အရင်တုန်းကလည်း အဲဒီလိုပဲ ဖြစ်ခဲ့ဖူးတယ်။ သိန်း ၈၀ ၊ ၉၀ လောက်အထိ ဖြစ်ပြီးတော့ ၆၀ လောက်အထိကို ပြန်ကျသွားဖူးသေးတယ်။ အရင် ပြီးခဲ့တဲ့ တနှစ်၊ နှစ်နှစ်လောက်ကလေ။ အဲဒီတုန်းကလည်း လူတွေက ပြောကြတာပဲ။ တက်ပြီဟေ့ ဆိုတာနဲ့ လူတွေက ၁၀၀ အထိရောက်မယ်ဆိုပြီး လျှောက်ပြောကြတာပဲ။ အခုလည်း ပြောနေကြပေမယ့် ဖြစ်နိုင်ဖို့ကတော့ ၅၀ ရာခိုင်နှုန်းစီပါပဲ” လို့ သူက ပြောပါတယ်။
ရွှေဈေးကွက် ကျွမ်းကျင်သူတွေကတော့ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ ဒီနှုန်းထားအတိုင်း ဆက်တက်သွားမယ် ဆိုပါက အခု ၂၀၂၅ ခုနှစ် မကုန်ခင်မှာတင် တအောင်စ ဒေါ်လာ ၅၀၀၀ ဈေးတန်းကို ရောက်ရှိသွားနိုင်တယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။
လက်ရှိ ကမ္ဘာ့ရွှေဈေး မြင့်တက်နေတာဟာ အမေရိကန်ရဲ့ Global Power ကျဆင်းသွားတာကြောင့် ဖြစ်ပြီး စစ်ပွဲတွေကြောင့် ကမ္ဘာ့ကုန်သွယ်မှု ပြဿနာ ဖြစ်ပေါ်လာတာ ဖြစ်တဲ့အတွက် စစ်‌ပွဲတွေ ရပ်နိုင်မှသာ ဒေါ်လာဈေး ပြန်မာလာပြီး ရွှေဈေး ကျနိုင်မယ်လို့ ဈေးကွက် ကျွမ်းကျင်သူတယောက်က သုံးသပ် ပြောဆိုပါတယ်။
Photo - CJ

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ပထမဆုံး အရပ်သားသုံး နျူလက်နက်ဒဏ်ခံဗုံးခိုကျင်း ဆိုးလ်မြို့ တော်၌ တည်ဆောက်မည်
ဆိုးလ်မြို့တော် အိမ်ရာစခန်းသစ်တစ်ခု၌ နျူကလီးယား တိုက်ခိုက်မှုဒဏ်ခံနိုင်ရည်ရှိသော ပထမဆုံး အရပ်ဘက်သုံး ဗုံးခိုမြေအောက်ဘန်ကာများ ထည့်သွင်းတည်ဆောက်ရန် ဆိုးလ်မြို့တော် တာဝန် ရှိသူများက စီစဉ်ထားကြောင်းအောက်တိုဘာ ၁၃ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
အဆိုပါ နျူကလီးယားဒဏ်ခံ မြေအောက်ဗုံးခိုဘန်ကာကို ၂၀၂၈ ခုနှစ်တွင် အကောင်အထည်ဖော်မည့် အိမ်ရာစခန်းတစ်ခု၏ မြေအောက်၌တည်ဆောက်မည်ဖြစ်သည်။
၎င်းအရပ်ဘက်သုံး နျူကလီးယားတိုက်ခိုက်မှုဒဏ်ခံ မြေအောက်ဗုံးခိုဘန်ကာသည် အကျယ်အဝန်း စတုရန်းမီတာ ၂၁၄၇ မီတာရှိပြီး လူပေါင်း ၁၀၂၀ကို ၁၄ ရက်ကြာ ကာကွယ်ပေးထားနိုင်ကြောင်း ဆိုးလ်မြို့တော် တာဝန်ရှိသူများကထုတ်ဖော်ပြောကြားထားသည်။
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရချိန်တွင် ဆိုးလ်မြို့တော်၌ ပထမဆုံး အရပ်သားသုံး နျူကလီးယားတိုက်ခိုက်မှုဒဏ်ခံ မြေအောက်ဗုံးခိုဘန်ကာ တည်ဆောက်ရန် မြို့တော်တာဝန်ရှိသူများကစီစဉ်ထားခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတစ်ဝန်းလုံး၌ ဗုံးခိုကျင်းပေါင်း ၁၉၀၀၀ နီးပါးရှိရာယင်းဗုံးခိုကျင်းများအနက် ၃၂၀၀ ကျော်တို့မှာ ဆိုးလ်မြို့တော်၌ တည်ရှိသည်။သို့ရာတွင် အထက်ပါဗုံးခိုကျင်းများအနက် အများစုမှာ နျူကလီးယားလက်နက်တိုက်ခိုက်မှုဒဏ်၊ ဓာတုလက်နက်တိုက်ခိုက်မှုဒဏ်နှင့် ဇီ၀လက်နက်
တိုက်ခိုက်မှုဒဏ်များကို ခံနိုင်ရည်ရှိသည့် ဗုံးခိုကျင်းများ မဟုတ်ကြောင်းတောင်ကိုရီးယား တာဝန်ရှိ သူများက ပြောကြားသည်။
ကိုးကား-ရိုက်တာ

image
47 w - Translate

"ကွယ်လွန်သူ မိခင်ကြီးဒေါ်မြရွှေကို ရည်စူးပြီး ဇီဝိတဒါနသံဃာ့ဆေးရုံမှာ ငွေကျပ် (၂၅) သိန်း လှူဒါန်းခဲ့တဲ့ နန်းခင်ဇေယျာ"
Photo. Credit

image

◾️အရှေ့အလယ်ပိုင်းအတွက်ကြီးကျယ်သောနေ့အဖြစ် ထရန့် ဝံ့ကြွား
အစ္စရေးနှင့် ဟားမားစ်တို့က ဓားစာခံများနှင့် အကျဉ်းသားများကို လဲလှယ်ပြီးနောက် နာရီပိုင်းအကြာတွင် အမေရိကန်သမ္မတ နှင့် အခြားဒေသတွင်း ခေါင်းဆောင်များက ဂါဇာ တွင်အပစ် အခတ်ရပ် စဲမှု ခိုင်မာ စေရန်ရည်ရွယ်သည့် ကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ချိန်မှာပင် ယင်းမှာ အရှေ့အလယ်ပိုင်းအတွက် ကြီးကျယ်သောနေ့တစ်နေ့ဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ဝံ့ကြွားခဲ့သည်။
အစ္စရေးသို့ လျှပ်တစ်ပြက်သွားရောက်ခဲ့ပြီး ပါလီမန်မိန့်ခွန်းတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အား ချီးကျူးပြော ဆိုပြီးနောက် ဒေါ်နယ်ထရန့်က အီဂျစ်နိုင်ငံတွင် ကျင်းပသော ဂါဇာထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ယင်းအစည်းအဝေးမှာပင် ထရန့် နှင့် အီဂျစ်၊ ကာတာ နှင့် တူရကီခေါင်းဆောင်များက ဂါဇာသဘောတူညီချက်ကို အာမခံသူများအဖြစ် ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
“ ဒီနေ့ဟာ ကမ္ဘာကြီးအတွက် ကြီးကျယ်တဲ့နေ့ ၊ အရှေ့အလယ်ပိုင်းအတွက် ကြီးကျယ်တဲ့နေ့ဖြစ်ပါတယ်” ဟု ဒေါ်နယ်ထရန့်က ကမ္ဘာ့ခေါင်းဆောင် နှစ်ဒါဇင်ကျော် တက်ရောက်သော အီဂျစ်အပန်းဖြေမြို့ ရှမ်အယ်လ်ရှိက် ထိပ်သီးအစည်းအဝေးတွင် ပြောကြားပြီး ခေါင်း‌ဆောင်များသည် လူတိုင်းက မဖြစ်နိုင်ဟုပြောကြသော အချင်းအရာကို အောင်မြင်ခဲ့ကြကြောင်း နှင့် “ နောက်ဆုံးမှာတော့ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးရရှိခဲ့ပါပြီ” ဟု ဒေါ်နယ်ထရန့်က ပြောကြားသည်။
အရှေ့အလယ်ပိုင်းတွင် ကျယ်ပြန့်သောငြိမ်းချမ်းရေးမျှော် မှန်းချက် ၊ လုံခြုံရေးနှင့် အတူတကွ ကြီးပွား တိုးတက်ရေးကို လိုက်နာကြမည်ဟု လက်မှတ်ရေးထိုးသူ ခေါင်းဆောင်များက ဂါဇာကြေညာချက်တွင် ဖော်ပြ ကြသည်။
ထို့ပြင် ဂါဇာကမ်းမြောင်တွင် ကျယ်ပြန့်၍တာရှည်ခံသော ငြိမ်းချမ်းရေးအစီအစဉ်များ ထူထောင်၍ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို ကြိုဆိုကြောင်းလည်း ၎င်းတို့က ပြောကြားကြသည်။
ဂါဇာသဘောတူညီချက်သည် လူသားတို့၏ သမိုင်းတွင် နာ ကျင်ဖွယ်ရာအပိုင်း တစ်ခုကို ပိတ်သိမ်းလိုက်ခြင်းဖြစ်ကာ နှစ်နိုင်ငံအတူ တည်ရှိရေးကို လမ်းခင်းပေးလိုက်ခြင်းဖြစ် ကြောင်း အိမ်ရှင်အီဂျစ်သမ္မတ အဗ္ဗဒယ်ဖက်တာအယ်စီစီ က ပြောကြားသည်။
ဂါဇာစစ်ပွဲအဆုံးသတ်ရေး ထရန့်၏ အစီအစဉ်အရ ဟားမားစ်အဖွဲ့က ယမန်နေ့က နောက်ဆုံး အသက်ရှင်ကျန်နေသေးသော ဓားစာခံ ၂၀ ကို လွှတ်ပေးခဲ့ပြီး အစ္စရေးဘက်က ပါလက်စတိုင်းအကျဉ်းသား ၊ အချုပ်သား ၁၉၆၈ ဦးကို လွှတ်ပေးခဲ့ကြောင်း သိရသည်။
နောက်ပိုင်းရက်များတွင် ၎င်းတို့ဖမ်းဆီးထားချိန်တွင် အ သတ်ခံရသူ သို့ သေဆုံးသွားခဲ့သူ ဓားစားခံ ၂၇ ဦး ၏ ရုပ် ကြွင်းများကို ဟားမားအဖွဲ့ က လွှဲပြောင်းပေးမည်ဖြစ်ကာ ယင်းမှာ သဘောတူညီချက်ထဲတွင် ပါဝင်သည့်အချက်ဖြစ် သည်။
အစောပိုင်းအပစ်အခတ်ရပ်စဲမှုများတွင် ဟားမားစ်အဖွဲ့ က ဓားစာခံ ၄၇ ဦးကို လွှတ်ပေးပြီးဖြစ်သည်။
အပစ်အခတ်ရပ်စဲမှုကြောင့် ဂါဇာတွင် နေထိုင်သူများအ တွက် စိတ်သက်သာရာရသွားခဲ့သော်လည်း စစ်ပွဲကြောင့် စိစိညက်ညက်‌ကြေခဲ့သော ဒေသတစ်ခုလုံးနီးပါးတွင် လူ သားချင်းစာနာထောက်ထားမှုအကျပ်အတည်း ကို ကြုံတွေ့နေရကာ ပြန်လည်နာလန်ထူရေးမှာ ခရီးဝေးတစ်ခုဖြစ်သည်။
လူသားချင်းစာနာထောက်ထားမှုအကူအညီ အ မြောက်အမြားကို ဂါဇာထဲသို့ ဝင်ခွင့်ပြုရမည့်အချိန်ဖြစ်ကြောင်း ကု လသမဂ္ဂ၏ပါလက်စတိုင်းအေဂျင်စီ (UNRWA ) အ ကြီးအကဲ ဖိလစ်ပီလာဇာရာနီက X လူမှုကွန်ရက်တွင် ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-AFP
#နိုင်ငံတကာသတင်း

image
47 w - Translate

📌 Stone Name: Topaz
📏 Dimension: 41.2*31.6*25.6mm
✨ Clarity: Eye Clean
🧪 Treatment: Heated

Crd

image
47 w - Translate

📌 Stone Name: Topaz
📏 Dimension: 41.2*31.6*25.6mm
✨ Clarity: Eye Clean
🧪 Treatment: Heated

Crd

image
47 w - Translate

📌 Stone Name: Topaz
📏 Dimension: 41.2*31.6*25.6mm
✨ Clarity: Eye Clean
🧪 Treatment: Heated

Crd

imageimage
47 w - Translate

ဒီပုံလေးဟာ ကမ္ဘာတစ်ဝန်းက လူသားတွေရဲ့ နှလုံးသားကို ထိမှန်သွားစေခဲ့တဲ့၊ မျိုးစိတ်ကို ကျော်လွန်တဲ့ စာနာမှုနဲ့ မေတ္တာကို အထင်ရှားဆုံး ပြသနေတဲ့ သမိုင်းဝင် ဓာတ်ပုံပါပဲ။
အဖြစ်အပျက်က အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းမှာရှိတဲ့ Borneo Orangutan Survival Foundation (BOSF) ရဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေမှာ ဖြစ်ပွားခဲ့တာပါ။
ဝန်ထမ်းတစ်ဦးဟာ မျောက်ဝံတွေရဲ့ ဘေးကင်းရေးအတွက် အဲဒီရေအိုင်ထဲမှာ ပေါက်ရောက်နေတဲ့ အဆိပ်ရှိနိုင်တဲ့ မြွေတွေကို ဖယ်ရှားရှင်းလင်းနေခဲ့ပါတယ်။ သူဟာ ရေထဲမှာ ခါးအထိမြုပ်ပြီး အလုပ်လုပ်နေချိန်မှာ...
တောရိုင်းမျောက်ဝံကြီးတစ်ကောင်က သူ့ကို မြင်လိုက်တဲ့အခါ စောင့်ရှောက်ရေးဝန်ထမ်းဟာ အန္တရာယ်ရှိတဲ့ ရေထဲမှာ ဒုက္ခရောက်နေပြီ၊ သို့မဟုတ် ရေနစ်နေပြီလို့ ထင်မှတ်သွားခဲ့တယ်။ ချက်ချင်းပဲ အားကုန် ဆန့်တန်းပြီး ဝန်ထမ်းကို ဆွဲထုတ် ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပါတော့တယ်။ 😔
"လက်ကို လှမ်းလိုက်ပါ၊ ကျွန်တော် ကူပါ့မယ်" ဆိုတဲ့ စကားကို ၎င်းမျောက်ဝံကြီးရဲ့ မျက်လုံးတွေ၊ သူ့ရဲ့ လက်အမူအရာတွေကနေ မြင်တွေ့နေရသလို ခံစားရပါတယ်။
ဒီအခြေအနေမှာ အံ့ဩစရာအကောင်းဆုံးအချက်က ဝန်ထမ်းဟာ တကယ်တော့ အန္တရာယ်မရှိခဲ့ဘူး၊ သူ့ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနေတဲ့သူကို ဒီမျောက်ဝံကြီးဟာ ကျေးဇူးဆပ်ချင်တဲ့စိတ်နဲ့ စာနာစိတ်သက်သက်ကို အခြေခံပြီး ချက်ချင်း တုံ့ပြန်ခဲ့ခြင်းပါပဲ။
💖
ဘယ်သူကမှ သင်ပေးထားတာ မဟုတ်ဘဲ၊ အကျိုးအမြတ်ကို မမျှော်လင့်ဘဲ အသက်အန္တရာယ်စွန့်ပြီး ကူညီဖို့ ကြိုးစားခဲ့တဲ့ ဒီမျောက်ဝံကြီးရဲ့ လုပ်ရပ်က သတ္တဝါတိုင်းမှာရှိတဲ့ ဖြူစင်တဲ့ မေတ္တာတရားကို ထင်ဟပ်ပြနေပါတယ်။ လူသားတွေအနေနဲ့ တစ်ခါတရံ မေ့လျော့နေတတ်တဲ့ စစ်မှန်တဲ့ စေတနာကို ဒီတိရစ္ဆာန်လေးက ပြန်လည် သတိရစေခဲ့တာပါပဲ။
📸 ဓာတ်ပုံဆရာ Anil Prabhakar ရိုက်ကူးခဲ့တဲ့ ဒီပုံရိပ်ကို တစ်ကမ္ဘာလုံးက ချီးကျူးခဲ့ကြပြီး၊ သင်ရဲ့သူငယ်ချင်းတွေလည်း ဒီလိုလှပတဲ့ ပုံရိပ်နဲ့ အကြောင်းအရာကို မြင်တွေ့ရအောင် Like & Share လုပ်ပြီး မျှဝေလိုက်ပါ။ 🙏

image

တုန်ယမ်းအနှစ်လုပ်နည်း
အပြင်မှာ ဝယ်ရင် ခု စျေးကြီးတယ်နော်။
ကိုယ့်ဟာကိုယ်လုပ်ပြီး သိမ်းထားနော်။
အရမ်းလွယ်ပြီး အရသာကလည်း ကောင်းနေတာပါပဲ။
ပါဝင်ပစ္စည်းတွေကတော့
ငရုတ်သီးအခြောက်တောင့်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ဂျင်း
ပဒဲကော
ရှောက်ဘီလူးရွက်
စပါးလင်
နံနံပင်အမြစ်
ပုဇွန်ခြောက်
ပုဇွန်ငါးပိ
ဆား
အရသာမှုန့်
မန်ကျည်းရည်
သံပရာရည်
ပထမဆုံး ငရုတ်သီးအခြောက်တောင့်ကို အစေ့ထုတ်ပြီး ရေနွေးပူပူနဲ့နာရီဝက်ခန့် စိမ်ထားပေးပါ။
အစေ့က ရောင်းသမားဆို ထုတ်တာ ပိုကောင်းပါတယ်ရှင့်။
အိမ်စားဆိုရင် မထုတ်ချင်လည်း ရပါတယ်။
နံနံပင်အမြစ်နှင့် ရှောက်ဘီလူးရွက်အပါအဝင် ပါဝင်ပစ္စည်းအားလုံးကို တြိတ်စက်ထဲထည့်တြိတ်နိုင်တဲ့ အရွယ်ပမာဏ အထိ လှီးပေးပါ။
ပြီးရင် ပုံထဲက ပါဝင်ပစ္စည်း အားလုံးကို တြိတ်စက်နဲ့ ညက်နေအောင် တြိတ်ပေးပါ။
ပြီးရင် ဒယ်အိုးထဲ ဆီပူလာရင် တြိတ်ထားတာ အားလုံးကို ထည့်ကြော်ပါ။ နွမ်းကျလာတဲ့ထိကြော်ပါ။ ဆီများရင် ပိုအထားခံပါတယ်။ အနည်းဆုံး နာရီဝက်ခန့်ကြော်ပေးပါ။အနံ့လေးက တအားမွှေးပြီး အတော်ဆွဲဆောင်မှူ ရှိပါတယ်။
အဆီပြန်ပြီး နွမ်းလာရင် မန်ကျည်းရည် တမျိုးတည်း ( သို့ဟုတ်) မန်ကျည်းရည် + သံပရာရည် နှစ်မျိုးလုံး ထည့်ပေးလည်းရပါတယ်။
သကြားအနည်းငယ် ၊ ဆား ၊ အရသာမှုန့်အနည်းငယ် တို့ထည့် မိမိစိတ်ကြိုက် အရသာကို ပြင်ဆင်ပါ။
ပုံထဲကလို မန်ကျည်းရည်တွေခမ်းပြီး အဆီပြန်ရင်ချလို့ရပါပြီ။
ပုလင်းထဲထည့် ရေခဲသေတ္တာထဲ ထည့်သိမ်းထားရင် အကြာကြီးခံပါတယ်။
ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ တုန်ယမ်းဟင်းချို စသည်ဖြင့် လိုအပ်တာတွေထဲ ထည့်သုံးလို့ရပါပြီနော်။
အပြင်မှာဝယ်ရင် စိတ်မသန့်သူများ ကိုယ့်ဟာကိုယ်လုပ်ပြီး သိမ်းထားနော်။
🟥🟥🟥ရှောက်ဘီလူးရွက်နေရာမှာ မှားပြီး ရှောက်ရွက်ထည့်မသုံးရဘူးနော်။ ရှောက်ရွက်က အပူထိရင်ခါးပါတယ်။ အရွက် နှစ်ခုက အနံ့မတူသလို သုံးရတာလည်းမတူပါဘူး။ နာမည်လေးပဲ ဆင်တူနေသလောက်ပါနော် 🟥🟥🟥
အဆင်ပြေပါစေရှင့် ❤️❤️❤️
Crd - ချစ်ခြင်းဖြင့် ချက်သော စားဖွယ်စုံ
#homemadefoods #easycooking
#foodie #foodblogger#fypage #ချက်ကြီးရဲ့ချက်နည်း

image
47 w - Translate

A man being gentle with you is the most masculine thing he can do. Strength isn’t in dominance — it’s in tenderness, protection, and quiet care.🖤

image