ကွန်ပျူတာတစ်လုံးမှာ အခြေခံအားဖြင့် မဖြစ်မနေ ထည့်သွင်းထားသင့်တဲ့ ဆော့ဝဲလ်များ
+++++++++++++++++++++++++++++++++++++++++
ကွန်ပျူတာတစ်လုံး ဝယ်ပြီးသွားပြီဆိုရင် အခြေခံအားဖြင့် မဖြစ်မနေ ထည့်သွင်းထားသင့်တဲ့ ဆော့ဝဲလ်အချို့ကို ရှင်းပြပေးလိုက်ပါတယ်။
1️⃣Microsoft Office
Microsoft Word,Excel, PowerPoint စတဲ့ ရုံးသုံးစာရွက်စာတမ်းများ၊ စာရင်းဇယားများ ပြုလုပ်ရာမှာ အသုံးပြုပါတယ်။ ကျောင်းသားတွေ၊ ရုံးဝန်ထမ်းတွေ၊ လုပ်ငန်းရှင်တွေ စတဲ့ လူတိုင်းနီးပါးအတွက် မရှိမဖြစ် ဆော့ဝဲလ်တစ်ခုပါ။
2️⃣Myanmar Fonts
ကွန်ပျူတာမှာ မြန်မာစာကို မှန်ကန်စွာဖတ်နိုင်ဖို့နဲ့ ရေးနိုင်ဖို့အတွက် မြန်မာဖောင့်တွေ ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။
3️⃣Browser
ကွန်ပျုတာမှာ အင်တာနက် အသုံးပြုဖို့အတွက် Browser တစ်ခုလိုအပ်ပါတယ်။ Google Chrome, Mozilla Firefox, Microsoft Edge စတဲ့ Browser အမျိုးမျိုး ရှိပါတယ်။ Google Chrome ဟာ လက်ရှိမှာ လူသုံးအများဆုံး ဆော့ဝဲလ်တစ်ခု ဖြစ်ပါတယ်။
4️⃣Internet Download Manager
Facebook, YouTube အပြင် တခြားသော Website မှ မိမိ လိုအပ်သည်များကို လွယ်ကူစွာဒေါင်းနိင်ဖို့ အတွက် Internet Download Manager ထည့်သွင်းထားသင့်ပါတယ်။
5️⃣WinRAR
ဖိုင်တွေကို ချုံ့ပြီး သိမ်းဆည်းဖို့နဲ့ ချုံ့ထားတဲ့ဖိုင်တွေကို ပြန်ဖြည်ဖို့ အသုံးပြုပါတယ်။ အီးမေးလ်နဲ့ ပို့တဲ့အခါ ဒါမှမဟုတ် အင်တာနက်ကနေ ဒေါင်းလော့လုပ်တဲ့အခါ အသုံးဝင်ပါတယ်။
6️⃣Adobe Photoshop
ဓာတ်ပုံတွေကို ပြင်ဆင်တည်းဖြတ်ဖို့၊ ဂရပ်ဖစ်ဒီဇိုင်းတွေ ဖန်တီးဖို့ အသုံးပြုပါတယ်။ ဓာတ်ပုံဆရာတွေ၊ ဒီဇိုင်နာတွေ အတွက် မရှိမဖြစ် ဆော့ဝဲလ်တစ်ခုပါ။
7️⃣Anti-Virus
ကွန်ပျုတာကို Virus တွေ၊ Malware တွေ အန္တရာယ်မှ ကာကွယ်ပေးပါတယ်။ ကွန်ပျူတာရဲ့ လုံခြုံရေးအတွက် အရေးကြီးဆုံး ဆော့ဝဲလ်တစ်ခုပါ။
8️⃣Chatting Software
Viber, Telegram စတဲ့ ချက်တင်ဆော့ဝဲလ်အမျိုးမျိုး ဖြစ်ပါတယ်။ ဖုန်းမှာ Telegram ရှိတယ်ဆိုရင် ကွန်ပျုတာမှာလည်း ထည့်သွင်းထားသင့်ပါတယ်။ ဇာတ်လမ်းကြည့်တာဖြစ်ဖြစ် ဆော့ဝဲလ်တွေ ဒေါင်းချင်တာဖြစ်ဖြစ် တယ်လီဂရမ်ကနေ ဒေါင်းတာ အလွယ်ကူဆုံးပါ။
9️⃣Typing Software
ကွန်ပျူတာမှာ စာရိုက်တာကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ရိုက်နိုင်ဖို့ လေ့ကျင့်ပေးပါတယ်။ လက်ကွက် မကျွမ်းကျင်သေးသူတွေအတွက် အထူးအသုံးဝင်ပါတယ်။
🔟Zoom
အွန်လိုင်းမှာ သင်တန်းတက်ဖို့အတွက်၊ အစည်းအဝေးတွေ လုပ်ဖို့အတွက် အသုံးပြုပါတယ်။ လက်ရှိအချိန်မှာ လူအများအပြား အသုံးပြုနေတဲ့ ဆော့ဝဲလ်တစ်ခုပါ။

image