#ရိုးရိုးခါးနာတာနဲ့ #ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ။
✅ခါးအောက်ပိုင်းနာနေတာကြာပြီ။ ဟာ ဒါဆို ကျောက်ကပ်ဖြစ်နိုင်တယ်ဆိုတဲ့ စကားလေးတွေ ကြားဖူးကြမှာပါ။
✅ဒါက မှားနေတာတော့မဟုတ်ပါဘူး။ ကျောက်ကပ်ပြဿနာရဲ့ လက္ခဏာတွေထဲမှာ ခါးနာတာပါတတ်ပေမယ့် အခြား ကျောက်ကပ်မဟုတ်ဘဲခါးကိုယ်တိုင်ဒဏ်ရာရနေလို့ ခါးနာတာတွေလည်း ရှိပါသေးတယ်။
✅ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ။
✅ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ။
✅ဒီနှစ်ခုက မှားလည်း မှားချင်စရာပါပဲ။ ကျောက်ကပ် နှစ်လုံးကလည်း ခါးအောက်ပိုင်းပတ်လည်မှာပဲ ရှိနေတာမလား။
✅ဒီတော့ နှစ်ခုလုံးက ရောချင်စရာပဲပေါ့ ။ ဒါပေမယ့် ခုပြောပြမယ့် နည်းလေးတွေနဲ့ ခွဲလို့ရပါတယ်။ အကြမ်းအားဖြင့်ပေါ့။
✅ဘာကြောင့် ဖြစ်ရတာလဲ ✅
✅ကျောက်ကပ်မှာ ကျောက်တည်တာတွေ၊ ကျောက်ကပ်ပိုးဝင်တာတွေကြောင့် ကျောက်ကပ်အောင့်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
✅ခါးနာတာကျတော့ ခါးပတ်လည်မှာရှိတဲ့ အရိုး၊ ကြွက်သား နဲ့ အကြောတစ်ခုခု ဒဏ်ရာရသွားတာကြောင့် ခါးနာခြင်းဖြစ်ရတာပါ။
#နာကျင်မှုပုံစံ။
✅ကျောက်ကပ်ထဲ ကျောက်တည်ရင် စူးကနဲ နာတာမျိုးခံစားရပြီး ကျောက်ကပ် ပိုးဝင်နေတာဆိုရင်တော့ ခါးအောက်ပိုင်း အောင့်တောင့်တောင့် ဝေဒနာကို ခံစားရမှာပါ။
✅လှုပ်ရှားမှုကြောင့် ခါးပိုနာတာမျိုး မရှိသလို သူ့ဘာသာသူလည်း သက်သာမသွားတတ်ပါဘူး။ ဒါပေမယ့် အထဲက ကျောက်ကလေး နေရာရာရွေ့သွားတဲ့အချိန်မျိုးမှာတော့ နာကျင်မှု ပြင်းထန်တတ်ပါတယ်။
✅ခါးနာတာမှာကျတော့ ကြွက်သားဒဏ်ဖြစ်နေတာဆိုရင် အောင့်တောင့်တောင့် ဝေဒနာခံစားရတတ်ပြီး အာရုံကြောထိတဲ့ ခါးနာခြင်းမှာကျတော့ တင်ပါးပတ်လည် ခြေထောက်အောက်ပိုင်းနဲ့ ခြေဖဝါးတို့မှာပါ စူးကနဲ ကျင်ခနဲ နာကျင်တဲ့ခံစားမှုမျိုး ခံစားရတတ်ပါတယ်။
✅ကြွက်သားထိလို့ နာတာဆိုရင် ခါး ၂ ဘက်လုံးနာတတ်ပေမယ့် အကြောထိလို့ နာတာဆိုရင်တော့ ခါးတစ်ဘက်တည်းက နာနေတတ်ပါတယ်။
#နာကျင်မှု ပျံ့နှံ့ခြင်း။
✅ကျောက်ကပ်ကြောင့်ဖြစ်တဲ ခါးနာခြင်းဟာ ပေါင်အတွင်းပိုင်းနဲ့ ဗိုက်အောက်ပိုင်းတွေကို ပျံ့သွားပြီး အဲဒီနေရာတွေမှာပါ နာနေတတ်ပါတယ်။
✅အာရုံကြောထိလို့ နာတဲ့ခါးနာခြင်းမှာတော့ နာကျင်မှုဟာ ခြေထောက် အောက်ပိုင်းအထိ ပျံ့သွားတတ်ပြီး ကြွက်သားထိလို့ နာတဲ့ခါးနာခြင်းကတော့ ခါးပတ်လည်မှာပဲ နာကျင်မှု ဝေဒနာ ရှိနေတတ်ပါတယ်။
✅သက်သာသွားတာ ပိုးဆိုးသွားတာ။
ကျောက်ကပ် ကြောင့်ဖြစ်တဲ့ ခါးနာခြင်းက ဆေးကုသမှု မခံယူမချင်း သက်သာသွားမယ့် နာကျင်မှု မျိုး မဟုတ်ပါဘူး။
✅ကိုယ့်ခန္ဓာပုံစံအမှန်လေး ပြင်လိုက်ရုံနဲ့ သက်သာသွားမှာမဟုတ်သလို လှုပ်လှုပ်ရှားရှား လုပ်လွန်းလို့ ပိုဆိုးသွားတာမျိုးလည်း မရှိပါဘူး။
✅ရိုးရိုးခါးနာတာကျတော့ တစ်ချိန်လုံး ခါးကိုအားပြုထိုင်နေတာ၊ မတ်တပ်ရပ်တာ ကြာတဲ့ အခါမျိုးတွေမှာ ပိုဆိုးတတ်ပြီး ကိုယ်အနေအထားကို ပြင်လိုက်တဲ့အချိန် လေ့ကျင့်ခန်းလေး လုပ်ပေးတဲ့အချိန်မှာ သက်သာသွားတတ်ပါတယ်။
#ခါးနာတာနဲ့အတူ ရှိနေတတ်တဲ့ အခြားလက္ခဏာတွေ
✅ကျောက်ကပ် ကျောက်တည်တာ၊ ပိုးဝင်တာမျိုးတွေမှာ – ချမ်းတုန်ပြီး ဖျားတာ၊ ပျို့အန်တာ၊ ဆီးသွားရင်နာတာ၊ ဆီးအနည်ထိုင်တာ၊ ဆီးထဲ သွေးပါတာ၊ ဆီးမထိန်းနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။
✅ကျောက်တည်တဲ့ ပြဿနာ၊ ကျောက်ကပ် ပိုးဝင်တဲ့ ပြဿနာတွေဟာ ဆေးစား၊ ဆေးသောက်၊ ခွဲစိတ်မှုတွေ လုပ်မှ ပျောက်တဲ့ ပြဿနာတွေဖြစ်တာကြောင့် ဆရာဝန်ဆီ သွားပြီး ကုသဖို့လိုပါတယ်။
✅ရိုးရိုး ခါးနာတာမှာကျတော့ နာနေတဲ့ ခါးနေရာက ရောင်နေတာ၊ ထိလိုက်ရင် ပိုနာတာ၊ ကြွက်သားကြီးတွေ တင်းနေတာနဲ့ ခါးအောက်ပိုင်း အားမရှိတာ စတဲ့ ဝေဒနာတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။
✅ခါးနာတာနဲ့အတူ ဆီးတွေ၊ ဝမ်းတွေ မထိန်းနိုင်တာတွေပါရှိနေတယ်ဆိုရင်တော့ ခါးဆစ်ရိုးထဲက အကြောတွေ ထိနေတဲ့ ပြဿနာဖြစ်နိုင်တာကြောင့် ဆရာဝန်ဆီ မြန်မြန်သွားဖို့လိုပါတယ်။
#ကျန်းမာရေး#ဗဟုသုတ#စာပေ
#ကျန်းမာရေးဗဟုသုတ

image

နံနက်ခင်းယောဂလေ့ကျင့်ခြင်း အကျိုးကျေးဇူး(၅)ခု
~~~~~~~~~~~~~~~~~~~~~
ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်တဲ့အခါမှာ အခြားအချိန်တွေထက် မနက်ပိုင်းမှာပြလုပ်တာက ခန္ဓာကိုယ်အတွက်မတူတဲ့ အကျိုးကျေးဇူးတွေကိုပိုရစေပါတယ်။မနက်ခင်းမှာယောဂကစားတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေပိုရမလဲဖတ်ကြည်ရအောင် 🌞
🌞 နံနက်ခင်းယောဂလေ့ကျင့်တာက ကိုယ့်ရဲ့ ဟော်မုန်းတွေကိုညီမျှစေပြီး အိပ်စက်အနားယူချိန် မှန်စေပါတယ်။
မနက်ခင်းယောဂဆော့ဖို့စလိုက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်က နောက်ရက်တွေမှာလည်းဒီလိုကစားနိုင်ဖို့အတွက် လိုက်ထိန်းပေးပါတယ်။တချို့သောယောကပိုစ့်တွေက ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ Endocrine စနစ်ကိုထိရောက်စေပြီး ဂလန်းစ်နဲ့ ဟော်မုန်းတွေကို balanceဖြစ်အောင်ထိန်းညှိပေးပါတယ်။
🌞 မနက်စောစောလေ့ကျင့်တဲ့ယောဂက ကိုယ့်ခန္တာကျန်းမာစေပြီး ကြာရှည်တည်မြဲစေတယ်။
ညနေပိုင်းမှာလေ့ကျင့်မယ်ဆိုရင် တစ်နေကုန်အလုပ်လုပ်ထားပြီးဖြစ်တဲ့အတွက် ကိုယ်လေ့ကျင့်ခန်းလုပ်တဲ့အခါ အားအင်မပြည့်မရှိတော့ပါဘူး။ လေ့ကျင့်မှုကို မနက်ပိုင်းပြုလုပ်တဲ့အခါ နေ့တစ်နေ့ရဲ့အစမှာတင်ကိုယ်အတွက် အလုပ်တစ်ခုပြီးမြောက်တဲ့ခံစားမှုက self-empowermentကိုမြင့်တက်စေပြီး နောက်ထပ်အမြဲဆက်လုပ်နိုင်ဖို့တွန်းအားဖြစ်စေပါတယ်။
🌞 မနက်ခင်းယောက ကိုယ့်ရဲ့ဇီဝဖြစ်ပျက်မှုကိုတိုးမြင့်စေပါတယ်။
မနက်ခင်းကစားတာက အစာချေစနစ်ကိုကောင်းမွန်စေပြီး အစာအာဟာရကိုလိုအပ်တဲ့အစိတ်အပိုင်းတွေကို ပို့ဆောင်စေနိုင်ပါတယ်။
🌞 မနက်ခင်းယောဂဟာကဖိန်းဓာတ်တစ်မျိုးကဲ့သို့လုပ်ဆောင်ပေးပါတယ်။
မနက်ပိုင်းကစားလိုက်တဲ့အတွက် လတ်ဆက်တဲ့ Oxygenက ဦးနှောက်ကိုနှိုးကြားစေပြီးတစ်နေကုန် အလုပ်လုပ်နိုင်ဖို့အတွက် အင်အားပိုထွက်လာစေပါတယ်။
🌞 နံနက်စောစောယောဂလေ့ကျင့်တာက ဒဏ်ရာနဲ့ အနာတရဖြစ်မှုကို လျော့ကျစေပါတယ်။
ယောဂဟာတင်းကျပ်နေတဲ့ကိုယ့်ခန္တာအကြောအချဉ်တွေကိုဆွဲဆန့်လိုက်တဲ့အတွက် လှုပ်ရှားမှုလွယ်ကူလာအောင်ကူညီပေးပါတယ်။ကိုယ်ခန္တာအနေအထားမှန်စေပါတယ်။
ဒီလိုအကျိုးကျေးဇူးတွေကြောင့်ပဲမနက်ခင်းယောဂကိုစိတ်ဝင်စားပြီးလေ့ကျင်ချင်သူတွေအတွက် Morning Yoga Classကို June 3ရက်နေ့စတင် သင်ကြားပါမည်
မနက်ခင်းယောဂ လေ့ကျင့်ချင်တဲ့ ကိုကိုမမတို့ စိတ်ဝင်စားတယ်ဆိုရင် Chat Box လေးမှာလာရောက်မေးမြန်းနိုင်ပါပြီ 📩
#new_goal_yoga
#morning_yoga

image

ပုဂံမြို့သူဇာတ်ကားထဲက
လှပတဲ့နေရာလေးနဲ့ဘုရား
ပုဂံရောက်ရင် သွားကြည့်ကြပါ
#ရွှေကွန်ချာဘုရား တဲ့
မြန်မာ့အလှ မြန်မာ့ဘ၀
#photocrd

image

ပုဂံမြို့သူဇာတ်ကားထဲက
လှပတဲ့နေရာလေးနဲ့ဘုရား
ပုဂံရောက်ရင် သွားကြည့်ကြပါ
#ရွှေကွန်ချာဘုရား တဲ့
မြန်မာ့အလှ မြန်မာ့ဘ၀
#photocrd

image

ပုဂံမြို့သူဇာတ်ကားထဲက
လှပတဲ့နေရာလေးနဲ့ဘုရား
ပုဂံရောက်ရင် သွားကြည့်ကြပါ
#ရွှေကွန်ချာဘုရား တဲ့
မြန်မာ့အလှ မြန်မာ့ဘ၀
#photocrd

image

ပုဂံမြို့သူဇာတ်ကားထဲက
လှပတဲ့နေရာလေးနဲ့ဘုရား
ပုဂံရောက်ရင် သွားကြည့်ကြပါ
#ရွှေကွန်ချာဘုရား တဲ့
မြန်မာ့အလှ မြန်မာ့ဘ၀
#photocrd

image

ပုဂံမြို့သူဇာတ်ကားထဲက
လှပတဲ့နေရာလေးနဲ့ဘုရား
ပုဂံရောက်ရင် သွားကြည့်ကြပါ
#ရွှေကွန်ချာဘုရား တဲ့
မြန်မာ့အလှ မြန်မာ့ဘ၀
#photocrd

image
image
image
image
12 w - Translate

၁၉၇၂ ခုနှစ်တုန်းက ဂျွန်ဝိုဂ်တိုဝစ်ဇ် (John Wojtowicz) ဟာ သူ့လိင်တူဇနီးဖြစ်သူ အီဒင် (Eden) ရဲ့ လိင်အင်္ဂါ ပြောင်းလဲခွဲစိတ်ကုသမှုစရိတ်အတွက် ဘရွတ်ကလင်မြို့က ချေ့စ်ဘဏ် (Chase bank) ကို ဓားပြတိုက်ဖို့ ကြိုးစားခဲ့ပါတယ်
ဝိုဂ်တိုဝစ်ဇ်ဟာ အဲဒီနေ့ မနက်ပိုင်းကမှ ကြည့်ရှုခဲ့တဲ့ "The Godfather" (၁၉၇၂) ရုပ်ရှင်ကို ကြည့်ပြီးတော့ သူ့ရဲ့ ဘဏ်ဓားပြတိုက်မယ့်အစီအစဉ်ကို ချမှတ်ခဲ့တာပါ
ဒီဓားပြတိုက်မှု သူထင်ထားသလိုမဟုတ်ဘဲ မအောင်မြင်ခဲ့ပါဘူး သူဟာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေတဲ့အချိန်မှာ ဘဏ်ရဲ့အပြင်ဘက်ကို FBI ၊ ရဲတပ်ဖွဲ့၊ ရုပ်သံသတင်းထောက်အဖွဲ့နဲ့ လူအယောက် ၂,၀၀၀ လောက် စုရုံးရောက်ရှိနေခဲ့ပါတယ်
ဝိုဂ်တိုဝစ်ဇ်ဟာ လူ ၇ ဦးကို ၁၄ နာရီကြာ ဓားစာခံအဖြစ် ဖမ်းဆီးထားရင်း လူအုပ်ကြီးထဲဆီ ပိုက်ဆံတွေ ကြဲချခဲ့ကာ ဘဏ်ရဲ့ နောက်ပေါက်ကနေ ထွက်သွားခဲ့ပါတယ် နောက်ဆုံးမှာတော့ သူဟာ ဖမ်းမိခံခဲ့ရပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရပေမယ့် ၅ နှစ်သာ ကျခံခဲ့ရပါတယ်
သူ့ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး "Dog Day Afternoon" ရုပ်ရှင်ကို ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်မှာ "The Godfather" ဇာတ်ကားထဲက သရုပ်ဆောင်တွေဖြစ်တဲ့ အယ်လ်ပါချီနို (Al Pacino) နဲ့ ဂျွန်ကာဇေးလ် (John Cazale) တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်
ဝိုဂ်တိုဝစ်ဇ်ဟာ အဲဒီရုပ်ရှင်အတွက် ဒေါ်လာ ၇,၅၀၀ နဲ့ ရုပ်ရှင်ရဲ့အမြတ်ငွေ ၁% ကို ရရှိခဲ့ပြီး အဲဒီပိုက်ဆံတွေကို သူ့ဇနီးရဲ့ ခွဲစိတ်မှုစရိတ်အတွက် ပေးခဲ့ပါတယ်
အီဒင်ဟာ အဲဒီပိုက်ဆံနဲ့ ခွဲစိတ်မှုကို ပြုလုပ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဝိုဂ်တိုဝစ်ဇ်နဲ့ လမ်းခွဲခဲ့ပြီး တခြားအမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ် ၁၉၈၇ ခုနှစ်မှာတော့ AIDS ရောဂါနဲ့ ကွယ်လွန်ခဲ့ရပါတယ် ဝိုဂ်တိုဝစ်ဇ်ကတော့ သူသေဆုံးတဲ့အထိ အီဒင်ကို မမေ့နိုင်ဘဲ ချစ်နေခဲ့တယ်လို့ ပြောခဲ့ပါတယ်
#ဗဟုသုတ #knowledge #facts #whatthefacts

image

လှေ ရ- ပ်ထာ: တာမဟုတ်ဘူး နေ တ- တ်သွာ: တာ

image
12 w - Translate - Facebook

Rating ကောင်းတဲ့ ကာတွန်းကားလေးတစ်ကားကို #facebook Link နဲ့ ကြည့်ရအောင် 💙
🎬 No Dogs or Italians Allowed (2022)
၂၀ရာစုအစပိုင်းကာလရဲ့နိုင်ငံရေးနဲ့စီးပွားရေးအပြောင်းအလဲတွေကြားမှာ လုပ်ရှားရုန်းကန်ခဲ့ရတဲ့ မိသားစုလေးအကြောင်းကိုရိုက်ပြထားတဲ့ Animation/Coloring Cartoon ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားလေးရဲ့ထူးခြားချက်ကတော့ အဲဒီကာလအတွင်းမှာဖြစ်ပျက်ခဲ့တဲ့ မိသားစုနဲ့ နိုင်ငံရေးအခက်အခဲတွေကို သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်တာမဟုတ်ဘဲနဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ သရုပ်ဆောင်ပြီးတော့ ဇာတ်ကွက်ကို ပုံဖော်သွားတာပဲဖြစ်ပါတယ်
အီတလီနိုင်ငံမြောက်ပိုင်း အူတဲရာ ကျေးရွာလေးမှာနေထိုင်တဲ့မိသားစုလေးရဲ့ဘဝဇာတ်ကြောင်းကိုမြေးတော်စပ်သူတစ်ယောက်ကနေ Background Story အနေနဲ့ပြန်လည်တမ်းတတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့
ဒီဇာတ်ကားလေးကို ကြည့်ရင်းကြည့်ရင်းနဲ့ ရင်ထဲမှာ ခံစားချက်တစ်ခုခုကျန်ခဲ့မယ့် Feeling မျိုးပေးစွမ်းမယ့် အကြောင်းအရာတွေကို ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။
ဇတ်ကားကြည့်ရန်လင့် ⬇️🔽⏬⤵️
Facebook ဇတ်ကားလင့် ~~ ~
👇👇👇
https://www.facebook.com/61578....594164845/videos/613
Telegram ဇတ်ကားလင့် ~
👇👇👇
https://t.me/rain2965/1138
https://t.me/rain2965/1138
❤️❤️❤️❤️❤️❤️❤️❤️❤️❤️
မြန်မာစာတန်းထိုး ကာတွန်းဇာတ်ကားကောင်း‌တွေကြည့်ချင်ရင် အောက်ကchannel လေးကို Joinထားပေးပါဗျာ့
👇👇🙇‍♂️🫰🤟🫶
https://t.me/cartoonworldorg
https://t.me/cartoonworldorg
#credittotheowner
#cartooncraze
#movielink