Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Sky Villa ကွန်ဒို၌ ရုပ်အလေ-ာင်းရှာဖွေမှု အပြီးသ-တ်လိုက်ပြီ
မန္တလေး ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျ-က်စီးခဲ့သည့် Sky Villa ကွန်ဒို၌ ရုပ်အလေ-ာင်းရှာဖွေမှုကို အပြီးသ-တ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ငလျင်ကြီးအပြီး ခြောက်လနီးပါးကြာ ရုပ်အလေ-ာင်းရှာဖွေရေးလုပ်ဆောင်ခဲ့ပြီးနောက် ထိုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်းလည်း ဖြစ်သည်။
ယမန်နေ့ စက်တင်ဘာလ (၁၅)ရက်အထိ Sky Villa ကွန်ဒို ပြိုကျမှုတွင် မြန်မာနိုင်ငံမီးသ-တ်တပ်ဖွဲ့အနေဖြင့် ရုပ်အလေ-ာင်း (၂၀၇) လေ-ာင်းတွေ့ခဲ့ရပြီး အသက်ရှင်လျက်ကယ်ထုတ်နိုင်သူ (၅၂) ဦး ရှိထားကြောင်း သိရသည်။
ကွန်ဒိုကို တည်ဆောက်ခဲ့သည့် NTL Company မှ ကွန်ဒို၌ အသ-က်ဆုံးရှုံးခဲ့သူ တစ်ဦးလျှင် ကျပ်သိန်း (၁၀၀)နှုန်းဖြင့် စက်တင်ဘာ (၈) ရက်၌ (၇၂) ဦး၊ စက်တင်ဘာ (၁၅) ရက်၌ (၇၄) ဦး ထောက်ပံ့ကြေးပေးခဲ့သည်ဟု သိရသည်။

"ဆူးပုပ်စိုက်ပျိုးနည်း
==============
မြန်မာအမည် - ဆူးပုပ်
အင်္ဂလိပ်အမည် - Fetid acacia
ရုက္ခဗေဒအမည် - Acawa pennata
မျိုးရင်းအမည် - MIMOSACEAE
၁။ မူရင်းဒေသ
ဆူပုပ်၏မူရင်းဒေသကို မှတ်တမ်းတင်ခြင်း မတွေ့ရသေးပါ။ ဆူးပုပ်ကို မြန်မာပြည်အနှံ့အပြား တွေ့ရှိရပါသည်။
၂။ ဆူးပုပ်မျိုးများ
ဆူးပုပ်ကလေးမျိုးနှင့် ဆူးပုပ်ကြီးမျိုးဟူ၍ (၂)မျိုးရှိသည်။
(က) ဆူးပုပ်ကလေးမျိုး
ဆူးပုပ်ကြီးမျိုးထက် အရွက်အရွယ်အစားရော အပင်အရွယ်အစားပါ သေးငယ်သည်။ အရွက်အနံ့မှာလည်း ဆူးပုပ်ကြီးလောက် မပြင်းချေ။ ဆူးပုပ်ကလေးသည် မကွေး၊ ကျောက်ပန်းတောင်းကဲ့သို့ မြေလတ်ဒေသများတွင် အစိုက်များသည်။ ထိုဒေသများတွင် ဆူးပုပ်ကြီးထက် ဆူးပုပ်ကလေးကို ပို၍အသုံးများသည်။
(ခ) ဆူးပုပ်ကြီးမျိုး
ဆူးပုပ်ကြီးမျိုးသည် ဆူးပုပ်ကလေးမျိုးထက် အပင်နှင့်အရွက် အရွယ်အစား ပိုကြီးသည်။ အရွက်အနံ့မှာလည်း ဆူးပုပ်ကလေးထက် ပို၍ပြင်းသည်။ ပဲကြီးဟင်းချိုချက်ရာတွင် ဆူးပုပ်ကြီးကို အများဆုံးထည့်ချက်သည်။
ဆူးပုပ်ကြီးမျိုး(၃)မျိုးရှိသည်။
(၁) ဆူးကျဲမျိုး
(၂) ဆူးလတ်မျိုး
(၃) ဆူးစိပ်မျိုး
၃။ ရေမြေ ရာသီဥတု
ဆူးပုပ်သည် မြန်မာပြည်အနှံ့အပြား တောင်ပေါ်မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသော အပင်ဖြစ်သည်။ ဆူးပုပ်သည် ရေ၀ပ်သည့် စိမ့်စွဲမြေမျိုးကို အနှစ်သက်ပါ။ မြေစေး၊ စနယ်မြေစေးကိုလည်း အနှစ်သက်ပါ။ မြေအောက်ပိုင်းတွင် ဂဝံမြေ၊ သဲမြေ၊ ကျောက်စရစ် အနည်းငယ်ခံသောမြေတို့တွင် အပေါ်ယံမြေသား ထူကကောင်းပါသည်။ ရေနှုတ်အားကောင်းသော မြေမျိုးဖြစ်ရပါမည်။
၄။ စိုက်ခင်းမြေပြုပြင်ခြင်း
ဆူးပုပ်စိုက်ခင်း ပြုလုပ်မည့်နေရာသည် မြေရိုင်းဖြစ်ပါက မိုးမကျမီ သစ်ငုတ်တူးခြင်း၊ သစ်ငုတ်များပြောင်အောင် ကောက်ခြင်းများ ပြုလုပ်ရပါမည်။ မိုးကျပြီးနောက် ထယ်၀င်၍ရသည်နှင့် ထယ်တစ်လွှာထိုး၊ ထွန်မွှေပြီး မြေကိုပြန်ညှိထားရပါသည်။
စိုက်မြောင်းများဆွဲရာတွင် ၁၀ လံ( ၄၀ ပေ)မြောင်းများ ဆွဲလေ့ရှိသည်။ စိုက်မြောင်းများကို တောင်နှင့်မြောက် ဆွဲလေ့ရှိသည်။
၅။ စိုက်ပျိုးခြင်း
မြောင်ဆွဲဖေါ်ထားသော စိုက်မြောင်းများတွင် အနက်(၈)လက်မခနျ့နှငျ့ အကျယ်(၄-၆)လက်မခနျ့ ကျင်းကလေးများ တူးရသည်။ ကျင်းတစ်ခုနှင့်တစ်ခု (၆)ပေစီခြား၍ တူးရသည်။ မြေထုပ်စည်းပင်ကို ကျင်းထဲတွင် (၄)လက်မမွှုပျ၍ စိုက်ရသည်။ စိုက်ရာတွင် အပင်ကိုထောင်မတ်နေအောင် စိုက်ပြီး မြေပြန်ဖုံးရသည်။ ထို့နောက် အပင်ခြေရင်း ရေမ၀ပ်စေရန်အတွက် (၆)လက်မအမွငျ့ ဦးချွန်မြေပုံကလေးကို အပင်ခြေရင်းတွင် ပြုလုပ်ပြီး မြေမဟာစေရန် ဖိသိပ်ပေးရသည်။
၆။ မြေသြဇာကျွေးခြင်း
စိုက်ပြီး(၁၁)ရက်ခန့်တွင် (၁၀)လံမြောင်းတစ်မြောင်းကို နွားချေး( ၁ - ၆ )တောင်းအထိထည့်သည်။ နွားချေး မြေသြဇာထည့်ပြီး ရေဝအောင်လောင်းပေးရသည်။
နို၀င်္ဘာ၊ ဒီဇင်္ဘာလခန့်တွင် အပင်များကိုနွားချေးမြေသြဇာထပ်ကျွေးရသည်။ (၁၀)လံမြောင်းတစ်မြောင်းကို တင်းတောင်းဖြင့် နွားချေး(၆)တောင်းခန့် ကျွေးရသည်။ နွားချေးကျွေးတိုင်း ဘောင်ခတ်ပြီး မြက်များကို ရှပ်၍ ဘောင်တွင်မြှုပ်ပေးရသည်။
၇။ အပင်ပြုစုခြင်း
ဆူးပုပ်စိုက်ခင်းတွင် မြေထုပ်စည်းပင် စိုက်ပြီး(၆)လခန့်အကြာတွင် အပင်မှ အတက်ကြီးများ ထွက်လာသည်။ ထိုအတက်ကြီးများကို(၁)ပေခန့်မြင့်လာလျှင် ဖြတ်ပေးရသည်။ ထိုအတက်များသည် အရွက်နုထွက်မည့် ကိုင်းတက်များဖြစ်လာသည်။ ထိုအတက်ကြီးများမှ အညွန့်သစ်များ လိုက်လာ၍ ခူးရန်အနေတော်ဖြစ်လျှင် အောက်ဆုံးအရွက် တစ်လက်ချန်၍ ခူးရသည်။ အောက်ဆုံးအရွက် တစ်လက်ချန်ရခြင်းမှာ အညွန့်သစ်ထပ်မံ လိုက်နိုင်ရန် ဖြစ်သည်။ ဆူးပုပ်သည် ကင်ပွန်းချဉ်ကဲ့သို့ ကိုင်းများစွာ ချိုင်ခြင်းကို မနှစ်သက်ချေ။ ကိုင်းဖြတ်များပါက အပင်သေသည်အထိ ဖြစ်နိုင်သည်။ သို့ရာတွင် ကိုင်းခြောက်များ၊ နာနေသောအကိုင်းများ ကိုမူ ဖြတ်တောက်ဖယ်ရှားပေးသင့်သည်။
၈။ မျိုးပွားနည်း
မျိုးကိုင်းအဖြစ် မြေထုပ်စည်းခြင်းကို သြဂုတ်လ၊ စက်တင်္ဘာလအတွင်း ပြုလုပ်ကြသည်။ နောက်တစ်လခန့်တွင် မြေထုတ်စည်းကိုင်းကို ဖြတ်ပြီး စိုက်ခင်းတွင်စိုက်ကြသည်။
မြေထုတ်စည်းရန် အသက်တစ်နှစ်သားခန့်ရှိပြီး လုံးပတ်လက်သန်းလုံးမှ လက်ညှိုးလုံးခန့်ရှိ၍ စိမ်းစိုနေသော အကိုင်းကို မြေထုတ်စည်းရန် ရွေးချယ်ရသည်။
၉။ ဆွတ်ခူးခြင်းနှင့် အထွက်
မြေထုတ်စည်းပင် စိုက်ပြီး(၆)လခန့်ရှိလျှင် ကိုင်းမကြီးများမှ ထွက်လာသော အညွန့်များကို အောက်ဆုံးမှ အရွက်တစ်လက်ချန်၍ ခူးရမည်။ အညွန့်သစ်ထွက်နိုင်ရန်အတွက် အရွက်တစ်လက်ချန်ရန် အရေးကြီးပါသည်။ အညွန့်ခူးခြင်းကို (၁)ရက်ခူး (၃)ရက်အနားပေး စနစ်ဖြင့် ခူးကြသည်။
ဆူးပုပ်ပင်သည် အသက်(၂၅)နှစ်ခန့် ရှိလျှင်အပင်အိုပြီး အထွက်နည်းလာတတ်သဖြင့် အပင်သစ်များ လဲလှယ်စိုက်ပျိုးနိုင်ပါက ပိုကောင်းပါသည်။
စိုက်ပြီးစ အပင်စတင်ခူးချိန်တွင် တစ်ဧက တစ်ကြိမ်ခူးလျှင် တစ်စည်း(၂-၃)ညွန့်ပါအစည်းပေါင်း (၄၀၀-၅၀၀)ခန့် ရသည်။ ဖေဖေါ်ဝါရီလမှ ဇွန်လအတွင်းခူးရာတွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အစည်း(၁၀၀၀-၁၅၀၀)အထိ ထွက်သည်။ ဇူလိုင်လနှင့် သြဂုတ်လတွင် ပြန်နားပြီး စက်တင်္ဘာမှ နို၀င်္ဘာလအတွင်း တစ်ဧက တစ်ကြိမ်ခူးရာတွင် အစည်း(၁၀၀၀-၁၅၀၀)ထွက်သည်။
ဒုတိယနှစ်တွင် တစ်ဧကတစ်ကြိမ်ခူးလျှင် အစည်း(၂၀၀၀-၃၀၀၀)အထိ ထွက်နိုင်သည်။ တတိယနှစ်မှ နောက်ပိုင်းတွင် တစ်ဧကတစ်ကြိမ်ခူးလျှင် အစည်း(၅၀၀၀)ခန့် အထိထွက်နိုင်သည်။