#မှိုအစပ်ကြော်
.........................
ငွေနှင်းမှိုတွေကို ရေဆေးပြီး ရေညှစ်ထားပါ။
ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းအရင်ထည့်ကြော်၊
အရောင်တင်အစပ်မှုန့်ထည့်၊
ရခိုင်ငပိထောင်းတဇွန်းထည့်မွှေ၊
အနံသင်းလာရင်မှိုထည့်၊
ဆား၊ ဟင်းခတ်မှုန့်
နည်းနည်းစီထည့်မွှေပြီး ချနိုင်ပါပြီ။

image
30 w - Translate

Rihanna has welcomed a new baby with her longtime partner A$AP Rocky.
"Rocki Irish Mayers," Rihanna wrote on Instagram.
A$AP Rocky and Rihanna are also parents to sons Rza and Riot.
Read more: https://abcnews.visitlink.me/UA3I-T

image

ခါရာဘောင်ဖလားစတုတ္ထအဆင့်တွင် အာဆင်နယ်နှင့် ဘရိုက်တန်၊ နယူးကာဆယ်နှင့် စပါးစ်၊ လီဗာပူးနှင့် ပဲလေ့စ်တို့ ထိပ်တိုက်တွေ့နေ

စက်တင်ဘာ ၂၅

ခါရာဘောင်ဖလားစတုတ္ထအဆင့် မဲခွဲမှု ပြုလုပ်ခဲ့ရာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် ဘရိုက်တန်နှင့် ရင်ဆိုင်တွေ့နေပါတယ်။

ဘရိုက်တန်ဟာ အောက်စ်ဖို့ဒ်ယူနိုက်တက်နှင့် ဘန်စလေတို့အား ၁၂ ဂိုးအထိ သွင်းယူပြီး ခါရာဘောင်ဖလားပြိုင်ပွဲတွင် အကောင်းဆုံးပုံစံ ရရှိနေတဲ့အသင်းလည်း ဖြစ်ပါတယ်။

ဘရိုက်တန်ဟာ ၂၀၂၂ ခုနှစ် ခါရာဘောင်ဖလားတတိယအဆင့်တွင် အာဆင်နယ်နှင့် နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ခဲ့ဖူးပြီး အမ်းမရိတ်ကွင်းမှာ ၃-၁ ဖြင့် အနိုင်ရခဲ့ဖူးပါတယ်။

အခြားပရီးမီးယားလိဂ်အသင်းများ ထိပ်တိုက်တွေ့ဆုံမှုများ အဖြစ် စပါးစ်ဟာ လက်ရှိ ချန်ပီယံ နယူးကာဆယ်ကို အဝေးကွင်းသို့ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပြီး လီဗာပူးနှင့် ခရစ္စတယ်ပဲလေ့စ်၊ ဝုဗ်နှင့် ချဲလ်ဆီးတို့ ထိပ်တိုက်တွေ့နေပါတယ်။

ဂွါဒီယိုလာလက်အောက်တွင် ခါရာဘောင်ဖလား ၄ ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးတဲ့ မန်စီးတီးမှာ ချန်ပီယံရှစ်ကလပ် ဆွမ်စီးနှင့် ရင်ဆိုင်ရပါမယ်။

အခြားဝေးလ်အခြေစိုက်ကလပ်နှစ်ခုဖြစ်တဲ့ ဝရက်စ်ဟမ်းနှင့် ကာဒစ်ဖ်တို့မှာလည်း Racecourse ထိပ်တိုက်ရင်ဆိုင်ကြပါမယ်။

Gaint Killers အဖြစ် နာမည်ကြီးတဲ့ ဂရမ်စဘီတောင်းမှာ ပရီးမီးယားလိဂ်ကလပ်တစ်ခုပင် ဖြစ်တဲ့ ဘရန့်ဖို့ဒ်နှင့် ထပ်မံ ရင်ဆိုင်ရပါဦးမယ်။

လိဂ် ၁ ကလပ် ဝိုင်ကွမ်ဘီမှာလည်း ဖူလ်ဟမ်ကို ဧည့်ခံကစားရပါမယ်။

#ဘောလုံးသတင်းစုံ

image

#မုန့်ကျွဲသဲ လုပ်နည်း😋😋
====================
လုပ်ရတာ အလွန်လွယ်တယ်..
ထုံးရည်ကြည် မသုံးထားဘူး..
မွှေးပြောင်းကော်မှုန့်ကိုသုံးပြီး ပြုလုပ်ထားတာပါ ။
နိုင်ငံခြားနေသူများ.. corn starch ကိုသုံးနိုင်ပါတယ်။
-ပါဝင်ပစ္စည်းများ-
၁။ မွှေးပြောင်းဖူးမူန့် ၂၅ ဂရမ် ( ထမင်းစားဇွန်း ၂ ဇွန်းခန့်)
၂။ နွားနို့ ၂၅၀ မီလီလီတာ ( ၁ လီတာ ရေသန့်ဗူးရဲ့ ၄ ပုံ ၁ပုံ)
၃။ ထန်းလျှက်ရည် ပျစ်ပျစ် ၅၀ မီလီလီတာ
၄။ ဆားအနည်းငယ်
🥣ပြုလုပ်နည်း👩‍🍳
မုန့်ကျိုမည့် အိုးထဲမှာ ပါဝင်ပစ္စည်းတွေ အကုန်ရောထည့်မွှေပီး မီးအပူ အလယ်လတ် နဲ့ ကျိုပါ၊ အိုးကို မီးဘိုပေါင်္ တင်ကတည်း တောက်လျှောက်မွှေပေးနေပါ။ မီးမပျင်းရ။
၃ မိနစ် လောက်ဆို ပျစ်လာဘီ။ နောက်ထပ် ၃-၄ မိနစ်လောက် ထပ်မွှေပေးလိုက်ရင် ရဘီ။
အခဲခံမည့်ခွက်ကို ဆီသုတ်ထားပေးရတယ်။ အခဲခံမည့်ခွက်ထဲ လောင်းထည့်။ အအေးခံ ပါ၊ ခဲသွားရင် ကြိုက်တဲ့အရွယ် လှီးလို့ရဘီ၊ အုန်းသီးမနုမရင့်လေးဖြူးပီး စားပါ၊ ရေခဲသေတ္တာ မခဲတဲ့ အထပ် ထဲမှာ အအေးခံရင် မုန့်သား ပိုကောင်းပါတယ်။
#credit Meemeetofu
************
နောက်တနည်းပါ
#မုန့်ကျွဲသဲ
- ပြောင်းကော်မှုန့် 25g
- နွားနို့ 250ml
- ခပ်ပျစ်ပျစ်ကျိုထားတဲ့ထန်းလျှက်ရည် 50g
- ဆားအနည်းငယ်တို့ကို အရင်ဖျော်ထားပြီးမှ
မီးအေးအေးနဲ့ အဆက်မပြတ်မွှေပြီး
ကျိုပေးရပါတယ် မုန့်သားညက်ပြီးပျစ်လာတဲ့ခါ
ဆီသုတ်ထားတဲ့ခွက်ထဲထည့်ပြီး အအေးခံပါ
လုံးဝအေးသွားမှ နှစ်သက်သလိုလှီးပါ.
#crd to original uploader

image
30 w - Translate

After President Trump complained about having to deal with a stopped escalator during his visit to the United Nations, White House officials are demanding an investigation.
As first lady Melania Trump and the president stepped onto the escalator ahead of his speech on Tuesday morning, it stopped moving, prompting both of them to stop in their tracks.
The first couple then proceeded to walk up the escalator.
The U.N. has said that there appears to have been no foul play.
But that explanation hasn't satisfied White House press secretary Karoline Leavitt who vowed to get to the bottom of Tuesday's incident.
Read more: https://abcnews.visitlink.me/IAo2ES

image
30 w - Translate

◾️တိုင်ဖွန်းမုန်တိုင်း ‘ရာဂါဆာ’ အပူပိုင်းမုန်တိုင်းအဖြစ်ပြောင်းလဲနိုင်
တိုင်ဖွန်းမုန်တိုင်း "ရာဂါဆာ"သည် လာမည့် ၄၈ နာရီအတွင်း အပူပိုင်းမုန်တိုင်းအဖြစ်ပြောင်းလဲမည်ဖြစ်ကြောင်း မိုး‌လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
ယနေ့(စက်တင်ဘာ ၂၄ ရက်) နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း "ရာဂါဆာ"သည် ၄၈ နာရီအတွင်း ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေဒေသများသို့ အပူပိုင်းမုန်တိုင်းအဖြစ်ဖြင့် ဖြတ်ကျော်နိုင်ကြောင်း၊ ဗဟိုချက်လေဖိ အား ၉၃၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၁၅ မိုင်နှုန်းခန့် ဖြစ်ကြောင်း မိုးဇလကခန့်မှန်းထားသည်။
"ယနေ့နံနက်ခန့်မှန်းရရှိချက်များအရ ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် မန္တလေးတိုင်းထိစပ်သောဒေသများမှ ရဲရွာရေလှောင်တမံရေဝင်ဧရိယာတွင် စက်တင်ဘာ ၂၆ ရက်၊ ၂၇ ရက် နှစ်ရက်မှာ မိုးသည်းထန် နိုင်ပြီး မိုးရေချိန်လေးလက်မခန့်ရွာသွန်းနိုင်ပါတယ်။ ပြင်ဦးလွင်တွင် မိုးရေချိန်နှစ်လက်မအထက်၊ သုံး လက်မအောက် ရွာသွန်းနိုင်ပါတယ်။ မန္တလေးမြို့ပေါ် ၂၆ ရက်တွင် မိုးရေချိန် ၁ ဒသမ ၂ လက်မအထက် ရွာသွန်းနိုင်ပြီး မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်" ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကခန့်မှန်းထားသည်။
ထို့ပြင်မုန်တိုင်းလမ်းကြောင်းမြောက်ဘက်သို့ တက်သွားပြီး ကုန်းတွင်းသို့အဝင်စောကာ(Early Landfall was made)၊ ပင်လယ်ပြင်ကိုပြန်လည်ဆင်းသက်နိုင်ခြင်း မရှိတော့သည့်အပြင် အနောက်တောင်မုတ်သုံလေအားကောင်းနေခြင်းကြောင့် မြန်မာနိုင်ငံ(အရှေ့ပိုင်း)နှင့် (အရှေ့တောင်ပိုင်းဒေသ)များသို့ မုန်တိုင်းအကြွင်းအကျန်များ ရွေ့လျားဝင်ရောက်နိုင်မည့် အခြေအနေ လျော့နည်းသွားနိုင်ကြောင်းလည်း ၎င်းကဆက်လက်ခန့်မှန်းထားသည်။
သတင်း-အင်ကြင်း
#ပြည်တွင်းသတင်း

image

❝ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိ❞

စက်တင်ဘာ ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ အလုပ်သဘောခရီးစဥ် သွားရောက်နေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ စက်တင်ဘာ ၂၄ ရက်၊ ဒေသစံတော်ချိန်ညနေပိုင်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့ ၊ အမှတ် (၂) ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ကျော်စိုးဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ယခုခရီးစဥ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့အဏုမြူသတင်းပတ်ဖိုရမ် (World Atomic Week 2025) သို့ တက်ရောက်သွားမည့်အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင် အပါအဝင် ရုရှားနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

အလားတူ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်ဟုလည်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

imageimage

◾️စစ်ပွဲအဆုံးမသတ်လျှင် ရုရှားအပေါ် စီးပွား‌ရေးဆိုင်ရာ အရေးယူမှုများလုပ်ရန်အသင့်ရှိဟုထရန့်ပြော
စစ်ပွဲအဆုံးမသတ်လျှင် ရုရှားအပေါ် ခိုင်မာသောစီးပွား‌ရေးဆိုင်ရာ အရေးယူမှုများလုပ်ရန် ၎င်းအနေဖြင့် အသင့်ရှိကြောင်း ယမန်နေ့အစောပိုင်း ၌ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။
သို့သော် မဟာမိတ်များကလည်း အလားတူလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ထရန့်က ဆက်လက်ပြောပြီး ရုရှားထံမှ ရေနံဆက်လက်ဝယ်ယူနေသော ဥရောပနိုင်ငံများအား ပြစ်တင်ပြောကြားခဲ့သည်။
ထို့နောက်ရုရှားက သိမ်းပိုက်ထားသောနယ်မြေအားလုံးကို ယူကရိန်းက ပြန်လည်ရယူနိုင်စွမ်းရှိသည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း နှင့် မော်စကိုက စီးပွားရေးအကျပ်ရိုက်မှုနှင့်ရင်ဆိုင်နေရသည့် လက်ရှိအချိန်မှာပင် ယူကရိန်းက လှုပ်ရှားသင့်ကြောင်းထရန့်က ယမန်နေ့တွင် ပြောကြားခဲ့ပြီး ယင်းမှာ ယူကရိန်းအားမျက်နှာသာပေးသည့် ရုတ်ချည်း လေသံပြောင်းလဲမှုဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
သို့ရာတွင် ထရန့်၏စကားများသည် မော်စကိုအပေါ် တားဆီးပိတ်ဆို့မှုအသစ်များ ချမှတ်ရေးဟူသော ယူကရိန်းသမ္မတ ဇီလန်စကီးက တောင်းဆိုနေသည့် မူဝါဒ ပြောင်းလဲမှုများနှင့် ယှဉ်တွဲလာမည့် အရိပ်အရောင် မတွေ့ရကြောင်း သတင်းက ဆက်လက်ဖော်ပြသည်။
“ပူတင် နဲ့ ရုရှားက စီးပွားရေးအရအကြီးအကျယ်ဒုက္ခတွေ့နေပါတယ်။ ဒါဟာ ယူကရိန်းက လှုပ်ရှားရမယ့်အချိန်ပါ။” ဟု နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ ပြင်ပတွင် ဇီလန်စကီးနှင့် တွေ့ဆုံပြီးနောက်မကြာမီ ထရန့်က ၎င်း၏လူမှုမီဒီယာ Truth Social ပေါ်တွင် ရေးသားသည်။
“ ရုရှားအတွက် စီးပွားရေးဒုက္ခတွေကို မြင်တွေ့ခဲ့ရပြီးတဲ့နောက်မှာ ဥရောပသမဂ္ဂရဲ့ အကူအညီနဲ့ ယူကရိန်းက တိုက်ပွဲဝင်ပြီး ယူကရိန်းရဲ့ မူရင်းပုံစံ နယ်မြေအားလုံးကို ပြန်လည် ရယူနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။” ဟု ထရန့်က ဆက်လက်‌ရေးသားခဲ့သည်။
ထို့အတွက် ယူကရိန်းအနေဖြင့် ၎င်းတို့နိုင်ငံပိုင်နက် ၂၀ ရာခိုင်နှုန်းပေါ်မှ ရုရှားတပ်ဖွဲ့များအား မောင်းထုတ်ခြင်း နှင့် ၂၀၁၄ ခုနှစ်ကတည်း က ရုရှားတို့သိမ်းပိုက်ထားသော ခရိုင်းမီးယားဒေသအား ပြန်လည် ရယူခြင်းလည်း ပါဝင်ရမည်ဖြစ်သည်။
ယခင်ကမူ ယူကရိန်းအနေဖြင့် ငြိမ်းချမ်းရေးရယူရန် နယ်မြေများစွန့်လွှတ်ခြင်းကို စဉ်းစားရမည်ဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး ယင်းနှင့်အတူ သိမ်းပိုက်ပြီးနယ်မြေများအား ရုရှားပိုင်နက်အဖြစ် တရားဝင်အသိအမှတ်ပြုရမည့် နောက်ကွယ်မှ သဘောတူညီချက်ရယူမည်လားဆိုသော ယူကရိန်းတို့၏ စိုးရိမ်မှုများ ရှိခဲ့သည်။
ဒေါ်နယ်ထရန့်၏ ထုတ်ပြန်ပြောကြားမှုကို အီးယူ၏နိုင်ငံခြားမူဝါဒအကြီးအကဲ ကားဂျာကဲလက်စ် က ချီးကျူးလိုက်ပြီး ယခင်ကမကြားဖူးသော ထုတ်ပြန်ချက်မျိုးဖြစ်ကာ ဥရောပ နှင့် အမေရိက နားလည်မှုတူညီလာခြင်းအတွက် အလွန်ကောင်းသည်ဟု ပြောကြားသည်။
ဒေါ်နယ်ထရန့် နှင့် အပြုသဘောဆောင်သော အလွန်ကောင်းသော တွေ့ဆုံမှုရရှိခဲ့ကြောင်း ပြောကြားသည့် ယူကရိန်းသမ္မတ ဇီလန်စကီးကလည်း ထရန့်၏ လူမှုမီဒီယာပေါ်မှ‌ရေးသားမှုကို ချီးကျူးပြီး ကြီးမားသောအလှည့်အပြောင်း ဖြစ်ကြောင်း ပြောသည်။
‌ထို့နောက်ဒေါ်နယ်ထရန့်၏ ပြောကြားမှုတိုင်းအပေါ် စိတ်မလှုပ်ရှားကြရန် ကုလသမဂ္ဂဆိုင်ရာ ရုရှားသံကိုယ်စားလှယ်ဒုတိယခေါင်းဆောင် ပိုလီယန်စကီး က တုံ့ပြန်ပြောဆိုသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

image
30 w - Translate

◾️မြန်မာနိုင်ငံ၌နေရပ်စွန့်ခွာသူ ၃ ဒသမ ၆ သန်းကျော်အထိရှိဟု UNOCHA ထုတ်ပြန်
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူ ၃ ဒသမ ၆ သန်းကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ယနေ့(စက်တင်ဘာ ၂၄ ရက်) တွင်ထုတ်ပြန်သည်။
တပ်မတော်နှင့်လက်နက်ကိုင်အဖွဲ့အစည်းများကြား နေရာအနှံ့ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် နေ့စဉ်နီးပါး အရပ်သားထိခိုက်သေဆုံးမှုများရှိနေပြီး အရပ်သားစောင့်ရှောက်ကာကွယ်ရေးဆိုင်ရာ ကိစ္စများပိုမိုဆိုးရွားလာလျက်ရှိကာ နိုင်ငံတဝန်းလူဦးရေ ၃ ဒသမ ၆ သန်းနီးပါးခန့်သည် နေရပ်စွန့်ခွာ နေထိုင်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။
ယခုစက်တင်ဘာလအတွင်း ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေး ရမှုများ ပိုမိုများပြားလာကာ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိစာသင်ကျောင်းများကို ထိခိုက်စေသည့် ဖြစ်ရပ်များကြောင့် ပညာရေးအဆောက်အဦများကိုတိုက်ခိုက်ခြင်းမှကာကွယ်စောင့်ရှောက်ပေးရန် အရေးတကြီးလိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင်လည်း အကူအညီများဖြန့်ဖြူးခြင်း အတွက် ကန့်သတ်မှုများရှိနေသကဲ့သို့ အဓိကအရေးပါသည့်ဝန်ဆောင်မှုများလိုအပ်နေသည့် လူထုအတွက်လည်း ဘေးကင်းလုံခြုံစွာသွားလာနိုင်ခွင့်လည်းဆုံးရှုံးလျက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံသည် လူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေလိုအပ်ချက်ပြည့်မီမှု အနည်းဆုံး ကမ္ဘာ့နိုင်ငံများ ထဲမှတစ်နိုင်ငံဖြစ်ပြီး ယခုနှစ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ် (HNRP) အတွက် ယနေ့အချိန်ထိ ရန်ပုံငွေ ၁၂ ရာခိုင်နှုန်းသာ ရရှိထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - UNOCHA
#ပြည်တွင်းသတင်း

image
30 w - Translate

▣ American English နဲ့ပတ်သက်ရင် နာမည်ကြီးတဲ့
American English File second edition (2nd edition) လေး ရှိပါတယ်နော်။
🔸Level ၁ခုမှာ Units 12 ခုပါပြီး​တော့
Unit ၂ခုပြီးတိုင်း Review & Check ဆိုတဲ့ session ​လေးပါတာမို့ ကျစ်လျစ်ပြီး ထိ​ရောက်ပါတယ်...
ဒါ့အပြင်
Unit ၁၂ခုပြီးတဲ့​နောက်မှာ
▪︎Grammar Bank
▪︎Vocabulary Bank
▪︎Communication session
▪︎Writing session
▪︎Listening session ​တွေလည်း ပါတာမို့ ​တော်​တော်​လေး ပြည့်စုံပါတယ်ရှင့်။
​------------------------------------
Credit to original

image