Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
☸ အာဟာရကြွယ်ဝတဲ့ " ကုဆိုင် " ☸
သူ့ရဲ့ အဓိပ္ပာယ်ကတော့ လက်တင်စကားလုံး “cepa” ကနေဆင်းသက်လာတာဖြစ်ပြီး "ကြက်သွန်" လို့ပဲ ခေါ်ဆိုကြတာဖြစ်ပါတယ်။ ၎င်းတို့ဟာ ကြီးမားရှည်လျားပြီး ပါးလျတဲ့အရွက်တွေပါရှိကာ မြက်ပင်များလိုပဲ အစုအဝေးနဲ့ ပေါက်ရောက်ကြတာဖြစ်ပါတယ်။ ခရမ်းရောင်ပန်းပွင့်များ ပွင့်လေ့ရှိပေမဲ့ ၎င်းတို့ဟာ အခြားသော ကြက်သွန်ပင်အမျိုးအစားများကဲ့သို့ မြေအောက်မှာ ဥ (bulb) ချတာမျိုးတော့ မရှိကြပါဘူး။
ကုဆိုင်ကို အသားဟင်းလျာ၊ ဟင်းချို၊ အဆာသွတ်မုန့်၊ ဖက်ထုပ်နဲ့ အကြော်အလှော် စတဲ့ အစားအစာတွေထဲမှာ အနံ့အရသာအတွက် ဟင်းခတ်အမွှေးအကြိုင်အဖြစ်နဲ့ ထည့်သွင်းအသုံးပြုကြသလို ၎င်းရဲ့ ဆေးဖက်ဝင်ဂုဏ်သတ္တိတွေကြောင့်လည်း အသုံးပြုစိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ကုဆိုင်မှာဆိုရင် အိပ်စက်ခြင်းနဲ့ အရိုးကျန်းမာရေးအတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာဖြစ်ပါတယ်။ အချို့သော သုတေသနပြုချက်များအရ ကုဆိုင်နဲ့ အခြားသော allium မျိုးရင်းဝင် ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းများဟာ ကင်ဆာရောဂါကို ဆန့်ကျင်နိုင်တဲ့ အာနိသင်များနဲ့ ချိတ်ဆက်ထားတယ်လို့ ဆိုပါတယ်။
ပါဝင်သော အာဟာရဓာတ်များ ....
ကုဆိုင်ဟာ အာဟာရဓာတ်ပေါများတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဆိုလိုတာက ၎င်းတို့ဟာ ကယ်လိုရီနည်းပါးပြီး ဗီတာမင်များ၊ သတ္တုဓာတ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အပါအဝင် အကျိုးပြုတဲ့ အာဟာရများ မြင့်မားစွာပါဝင်နေတာ ဖြစ်ပါတယ်။ အဆိုပါအာဟာရဓာတ်များ ရရှိဖို့ဆိုရင်တော့ လူတစ်ယောက်ဟာ ကုဆိုင်များများ စားဖို့လိုပါလိမ့်မယ်။ သို့ပေမဲ့ များသောအားဖြင့်တော့ ကုဆိုင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်နဲ့ပဲ အသုံးပြုကြတာများပါတယ်။
အစားအသောက်တွေထဲမှာ အလွန်ဆုံးမှ ထမင်းစားဇွန်း ၁ ဇွန်း သို့မဟုတ် ၃ ဂရမ်ခန့်လောက်သာ အသုံးပြုကြတာ ဖြစ်ပါတယ်။ ကုဆိုင်မှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေကတော့ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဖောလိတ် (folate)၊ ဗီတာမင် အေ၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ် စတဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာဖြစ်ပါတယ်။
ကင်ဆာ ကာကွယ်ပေးခြင်း ....
ကုဆိုင်အပါအဝင် alliums မျိုးရင်းဝင် အပင်များဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်ကြောင်း (သို့မဟုတ်) ဆန့်ကျင် တိုက်ဖျက်နိုင်ကြောင်း လေ့လာမှုများစွာမှာ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဆာလ်ဖာဓာတ်အပါအဝင် ကုဆိုင်မှာတွေ့ရှိရတဲ့ အချို့သော ဒြပ်ပေါင်းများဟာ ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အနှံ့ ကြီးထွားခြင်း (သို့မဟုတ်) ပြန့်ပွားခြင်းကို ဟန့်တားပေးနိုင်တယ်လို့ ဆိုပါတယ်။ ကင်ဆာရောဂါ ဆန့်ကျင်ပေးနိုင်တယ်ဆိုတဲ့တွေ့ရှိချက်အတွက် နောက်ထပ် ကျယ်ပြန့်တဲ့လေ့လာမှုတွေ ထပ်လုပ်ဖို့တော့ လိုအပ်ပါသေးတယ်။
ဥပမာအားဖြင့် ၂၀၁၉ ခုနှစ်က သုံးသပ်ချက်တစ်ခုအရ ကင်ဆာရောဂါကို ကာကွယ်ရန် (သို့မဟုတ်) အပြုသဘောဆောင်တဲ့ လွှမ်းမိုးမှုပြုလုပ်ဖို့အတွက် ကွဲပြားတဲ့ allium ဟင်းသီးဟင်းရွက်မျိုးစိတ် ၁၆ မျိုးကို သုတေသနပြုခဲ့ရာမှာ သုတေသီတွေအနေနဲ့ S-allyl mercaptocysteine, quercetin, flavonoids နဲ့ ajoene တို့ကဲ့သို့ ကင်ဆာရောဂါကိုဆန့်ကျင်နိုင်တဲ့ ဒြပ်ပေါင်းတွေ ကုဆိုင်မှာပါဝင်တယ်ဆိုတာကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။
အိပ်စက်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်စေခြင်း
ကုဆိုင်မှာ cholineနဲ့ folate ဆိုတဲ့ဓာတ်တွေ အနည်းငယ်စီ ပါဝင်နေတာ ဖြစ်ပါတယ်။ Choline ဓာတ်ဟာ ဆဲလ်အမြှေးပါးများ တည်ဆောက်မှုကို ထိန်းသိမ်းရာမှာ ကူညီပေးနိုင်သော အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ထို့အပြင် Choline ဓာတ်ဟာ စိတ်ခံစားချက်၊ မှတ်ဉာဏ်၊ ကြွက်သားထိန်းချုပ်မှုအပြင် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ လုပ်ဆောင်ချက်များကိုလည်း ကူညီပေးနိုင်တာ ဖြစ်ပါတယ်။
Folate ဓာတ်ကတော့ အယ်လ်ဇိုင်းမား၊ မွေးရာပါ နှလုံးချို့ယွင်းမှု၊ နှလုံးသွေးကြောနဲ့ လေဖြတ်ခြင်းကဲ့သို့ ပြဿနာတွေကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် ကုဆိုင်ပါဝင်တဲ့ အစားအစာတွေကို ပုံမှန်စားသုံးပေးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်သလို မှတ်ဉာဏ်တိုးတက်မှုကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
အမြင်အာရုံကောင်းစေခြင်း ...
ကုဆိုင်မှာ ကာရိုတီးနွိုက် (carotenoids) တွေဖြစ်ကြတဲ့ lutein နဲ့ zeaxanthin တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ အချို့သော သုတေသနအရင်းမြစ်မျအရ lutein နဲ့ zeaxanthin တို့ဟာ အသက်အရွယ်ကြောင့်ဖြစ်ပေါ်လာတတ်တဲ့ ကြွက်သားများ ယိုယွင်းဆုတ်ယုတ်လာခြင်း (macular degeneration) ကိုကာကွယ်ဖို့ရာ မျက်လုံးရဲ့ မြင်လွှာ (မျက်ကြောလွှာ) မှာ စုစည်းနေလေ့ရှိတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက အဆိုပါဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတဲ့ ကုဆိုင်ကဲ့သို့ အစားအစာများ စားသုံးခြင်းဟာ အမြင်အာရုံကို အကျိုးပြုနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
အရိုးပွရောဂါကို ကာကွယ်ပေးခြင်း ...
ကုဆိုင်မှာ အရိုးသိပ်သည်းဆအတွက် အလွန်အရေးကြီးတဲ့ ဗီတာမင် ကေ ဓာတ်လည်း ပါ၀င်နေပါတယ်။ သိပ္ပံပညာရှင်များအနေနဲ့ ဗီတာမင် ကေ ဖြည့်စွက်ဆေးများဟာ အရိုးပွရောဂါ (Osteoporosis) ကိုကုသရာမှာ ထိရောက်မှု ရှိ၊ မရှိ လေ့လာနေကြတာဖြစ်ပြီး အာရှတိုက်ရဲ့ အချို့ဒေသတွေမှာတော့ အရိုးပွရောဂါကိုကုသရာမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ ဗီတာမင် ကေ ကို ဘဝတစ်လျှောက်လုံး အရိုးသိပ်သည်းဆမြှင့်တင်ဖို့ရာအတွက် ကလေးဘဝနဲ့ အစောပိုင်းကာလတွေမှာ အသုံးပြုဖို့ အကြံပြုကြလေ့ရှိပြီး ထို့နည်းတူ ဗီတာမင် အေ ပါဝင်တဲ့ အစားအစာများဟာလည်း အသက်အရွယ်ရလာတဲ့အခါမှာ အရိုးပွရောဂါ မဖြစ်စေရန် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ ကုဆိုင်နဲ့အတူ တွဲဖက်စားသုံးနိုင်တဲ့ ဗီတာမင် ကေ ကြွယ်ဝစွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ဂေါ်ဖီထုပ်အသေး (Brussels sprouts)၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ သခွားသီး စတာတွေပဲ ဖြစ်ပါတယ်။
Credit... အစိမ်းရောင်လမ်း
ဒီပိုးကောင်လေးကို ကြည့်လိုက်ပါ။ အရောင်စုံ၊ လှပပြီး အန္တရာယ်ရှိတယ်လို့ ထင်ရတယ်။ တကယ်တော့ သူက ဘာအဆိပ်မှ မရှိဘဲ ပိုးတောင်မာ အမျိုးအစားပါ။ ဒါဆို ဘာလို့ ဒီလိုပုံစံဖန်တီးထားရတာလဲ။
ဒါဟာ သဘာဝရဲ့ အံ့အားသင့်စရာ ကာကွယ်ရေး နည်းဗျူဟာတစ်ခုဖြစ်တဲ့ Batesian Mimicry ကြောင့်ပါ။ ဒီအကောင်လေးဟာ တကယ့်အဆိပ်ပြင်းတဲ့ Monarch လိပ်ပြာ နဲ့ ပုံစံချင်း၊ အရောင်ချင်း တူအောင် အယောင်ဆောင်ထားတာပါ။
ဒီလိုအယောင်ဆောင်ထားတော့ သားရဲတိရစ္ဆာန်တွေက Monarch လိပ်ပြာအစစ်လို့ ထင်ပြီး မစားရဲတော့ပါဘူး။ ပြောရမယ်ဆိုရင် "ဟန်ဆောင်ကောင်းတဲ့ အသက်ရှင်သန်ရေး" လို့လည်း ဆိုနိုင်ပါတယ်။
ဒီလိုမျိုး သဘာဝလောကထဲမှာ အယောင်ဆောင်သူတွေ အများကြီးရှိပါတယ်။ ဥပမာ- အဆိပ်ပြင်းတဲ့ Coral Snake လို ပုံစံမျိုးနဲ့ အန္တရာယ်မရှိတဲ့ King Snake တွေလည်း ရှိပါတယ်။
နောက်တစ်ခါ အဆိပ်ရှိတယ်လို့ ထင်ရတဲ့ အရောင်စုံသတ္တဝါလေးတွေ တွေ့ရင် သေချာစဉ်းစားကြည့်ပါ။ သူက အန္တရာယ်ကင်းတဲ့ သူဖြစ်နိုင်သလို၊ သူ့ရဲ့ ရန်သူကို လှည့်စားနေတာလည်း ဖြစ်နိုင်ပါတယ်။
သဘာဝလောကက တကယ်ကို လှည့်စားမှုတွေနဲ့ ပြည့်နေတာပဲနော်။
သင်လည်း လှည့်စားမှုတွေကနေ ကင်းလွတ်နိုင်ပါစေ...
တစ်နေ့ကို ရေချို လီတာပေါင်း သန်း ၆၀၀ ထုတ်လုပ်ပေးနေတဲ့ ကာတာနိုင်ငံမှ ရေချိုစက်ရုံကြီး
ရေချိုရင်းမြစ် နည်းပါးတဲ့ သဲကန္တာရထဲမှ ကာတာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ရေချိုထုတ်စက်ရုံကြီး တစ်ရုံကို လည်ပတ်လျက်ရှိပြီး နေ့စဉ်နေ့တိုင်း သောက်ရေ လီတာပေါင်း သန်း ၆၀၀ ထုတ်လုပ်လျက်ရှိပါတယ်။
အဲဒီစက်ရုံဟာ ပင်လယ်ရေထဲမှ ဆားဓာတ်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်ဖို့ thermal distillation (ပေါင်းခံနည်းပညာ)နဲ့ reverse osmosis(RO) နည်းပညာတွေကို အသုံးပြုထားတာ ဖြစ်ပြီး ကာတာနိုင်ငံရဲ့ ရေချိုလိုအပ်ချက် ၇၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေတာပါ။
ရေချိုစက်ရုံမှာ တွင်းထွက်လောင်စာ အသုံးပြုမှု(ကာဗွန် ထုတ်လွှတ်မှု) လျော့နည်းစေဖို့အတွက် ပြည်ဖြိုးမြဲစွမ်းအင်တွေနဲ့ ပေါင်းစပ်အသုံးပြုလျက် ရှိပါတယ်။ ရေချို ရှားပါးမှုဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေ ကြုံရလေ့ရှိတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ကာတာနိုင်ငံမှာ လည်ပတ်နေတဲ့ ရေချိုစက်ရုံကြီးဟာ အခြားရေချိုရှားပါးတဲ့နိုင်ငံတွေအတွက်လည်း ရှေ့ဆောင်လမ်းပြမှုတစ်ရပ်အဖြစ် ရှိနေပါတယ်။
Ref: Qatar operates one of the largest desalination plants in the world, producing 600 million liters of drinking water daily
ဆလတ်မျိုးစေ့
နှလုံးကျန်းမာစေနိုင်တယ်
ဆလတ်ရွက်မှာပါတဲ့ အမျှင်ဓါတ်က လည်းနှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဆလတ်ရွက်မှာပါတဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ် ကနှလုံးကိုကျန်းမာနေစေပါတယ်။
ဆီးချိုမဖြစ်အောင်ကာကွယ်ပေးတယ်
ဆလတ်ရွက်စားပေးရင် ဆီးချိုဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ ဆလတ်ရွက်မှာ ကယ်လိုရီပါဝင်မှုနည်းတာကြောင့်သွေးတွင်းသကြားဓါတ်ကို ထိန်းညှိနေရတဲ့ ဆီးချိုဝေဒနာသည်တွေအတွက်လည်း အထူးသင့်တော်ပါတယ်။ ဆလတ်ရွက်ကသွေးတွင်းသကြားဓါတ် ကိုထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။
ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တယ်
သွားဖုံးတွေရောင်ရမ်းပြီး သွားကိုက်တာ၊ခေါင်းတစ်ခြမ်းကိုက်တာနဲ့ အဆစ်တွေရောင်ရမ်းပြီး နာကျင်ကိုက်ခဲတာတွေကို သက်သာချင်တယ်ဆိုရင် ဆလတ်ရွက်စားသုံးပေးလို့ရပါတယ်။ ဆလတ်ရွက်မှာပါတဲ့ အဆီကရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာအောင်လုပ်ဆောင်ပေးပါတယ်။
#crd
🎬 Fifty Shades 4 (2025)
Starring Dakota Johnson and Jamie Dornan
The trailer opens with a hauntingly quiet image: a secluded coastal villa perched high on a hillside, gazing over an endless sea. Gentle piano notes drift on the breeze as the camera glides slowly toward the horizon, setting a mood both tender and melancholic. On the balcony stands Anastasia Steele (Dakota Johnson), the wind tugging at her hair, her eyes locked on the waters below. Her expression is thoughtful, shadowed by an unspoken unease. Then, a voiceover from Christian Grey (Jamie Dornan) breaks the silence: “I thought we had found peace… but some desires never truly fade.”
A cascade of flashbacks follows: children’s laughter echoing in the garden, stolen embraces between Ana and Christian, fleeting moments of joy too fragile to last. But the tone shifts. The music grows heavier. The rhythm quickens. Their story is far from over.
In a dimly lit room, Christian and Ana sit across from each other. The air is thick, charged with tension. Ana’s voice cuts through the silence: “There’s something you’re not telling me, Christian.” Her eyes search his, wary and wounded. He averts his gaze, visibly shaken, as long-buried secrets begin to surface — threatening the fragile peace they’ve fought so hard to build.
Fifty Shades 4 promises not just a return to passion, but a deeper reckoning with the unresolved fractures between truth, trust, and the shadows of the past
(ဒန့်ဒလွန်ခေါက်) 🌿 ဒန့်ဒလွန်ပင် ရဲ့ အရွက်၊ အပွင့်၊ အသီးတောင့် တွေကို လူတွေက ပိုပြီးတော့ သိကြပေမဲ့ တကယ်တမ်းကျတော့ အခေါက် ကိုလည်း ရှေးခေတ်တိုင်းရင်းဆေးဆရာတွေရဲ့ ဆေးနည်းတွေထဲမှာ နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြပါတယ်။ လျှို့ဝှက်ချက် နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။
🌱 ဒန့်ဒလွန်ပင်ရဲ့ နည်းစနစ်များ
၁။ အကြောအဆစ် နာကျင်မှုအတွက် ဆေးပြုတ်
* ဒန့်ဒလွန်ခေါက် အစို လက်တစ်ဆုပ်
* ရေ ၃-၄ ဖန်ခွက် နဲ့ပြုတ်ပြီး ၁ ဖန်ခွက် ပဲကျန်အောင် ကျိုပါ
👉 နွေးနွေးလေး တစ်နေ့ တစ်ကြိမ် သောက်ပေးပါ။ အကြောနာကျင်တာ၊ အကြောတောင့်တင်းတာ၊ ကိုယ်လက်မအီမသာဖြစ်တာတွေကို သက်သာစေပါတယ်။
၂။ သွေးတိတ်စေရန် အုံဆေး
* အခေါက်အစိုကို ညက်နေအောင် ထောင်းပါ
* ဆား အနည်းငယ် ရောပြီး အနာပေါ်ကို အုံပါ
👉 သွေးတိတ်စေ ပြီး၊ ရောင်ရမ်းမှုကို လျှော့ချပေးကာ၊ အနာကို မြန်မြန်ခြောက် စေပါတယ်။
၃။ ညောင်းညာကိုက်ခဲမှုအတွက် လိမ်းဆေး/နှိပ်နယ်ဆေး
* ဒန့်ဒလွန်ပင်အခေါက်အစို လက်နှစ်ဆုပ်
* ၄၀ ဒီဂရီရှိတဲ့ အရက်ဖြူ တစ်ပုလင်း ထဲမှာ စိမ်ထားပါ။
(၇ ရက် စိမ်ထားပါ)
👉 ထိုဆေးရည်ကို အဆစ် သို့မဟုတ် နာကျင်တဲ့ အကြောတွေပေါ်မှာ ပွတ်လိမ်း၊ နှိပ်နယ် ပေးပါ။ နာတာရှည် ကိုယ်လက်နာကျင်မှုတွေကို သက်သာစေပါတယ်။
၄။ သန်ကောင် နှင်ထုတ်ရန် ဆေးပြုတ် (ဒေသအချို့၌သာ သုံး)
* ဒန့်ဒလွန်အခေါက် အခြောက် အနည်းငယ်
* ရေနဲ့ ဆူအောင် တည်ပြီး ဖန်ခွက် တစ်ဝက် လောက်ပဲ
သောက်ပါ။
👉 အူလမ်းကြောင်းမှ သန်ကောင်တွေကို နှင်ထုတ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ (အာနိသင် ပြင်းတဲ့အတွက် ပမာဏ အနည်းငယ်သာ သုံးစွဲရပါမယ်)
⚠️ ရှောင်ရန်/သတိပြုရန်များ
* ဒန့်ဒလွန်ခေါက်ဟာ အရသာ ဖန်ပြီး အာနိသင် ပြင်း တတ်
ပါတယ်။ အလွန်အကျွံ မစားသင့်ပါ။
* ကလေးငယ်များ နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးများ
မသုံးစွဲသင့်ပါ။
* အခြားရောဂါ အခံရှိသူများ သည် ဆရာဝန်နှင့် တိုင်ပင်ပြီး
မှ သုံးစွဲသင့်ပါသည်။
➡️ ခွေးလေးများအတွက် အိုင်အိုဒင်းဓာတ် ရရှိစေနိုင်သောအရာ ၃မျိုး
ခွေးလေးတွေလိုအပ်တဲ့ အိုင်အိုဒင်းဓာတ်ပမာဏရရှိဖို့ကို ဆားကိုတိုက်ရိုက်ထည့်ကျွေးတာမျိုးမဟုတ်ပဲ အိုင်အိုဒင်းပါသော အစားအစာတွေကနေ သဘာဝအတိုင်းရရှိစေတာက ပိုကောင်းပါတယ်။
🐾 (High-Quality Commercial Dog Food)
ပထမဆုံး သူတို့အတွက်သီးသန့်ထုတ်လုပ်ထားတဲ့ စံနှုန်းမှီတဲ့ ခွေးအစာတွေမှာ ခွေးတစ်ကောင်အတွက် လိုအပ်တဲ့ အိုင်အိုဒင်းပမာဏကို ချိန်ဆထည့်သွင်းထားပြီးသားဖြစ်ပါတယ်။
🐟 ငါးများ
ချက်ပြုတ်ပြီး အရိုးဖယ်ထားသော ငါးလေးတွေကို ထမင်းနဲ့နယ်ကျွေးတာမျိုးဖြစ်ဖြစ်လုပ်နိုင်ပါတယ်။
ဆယ်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါးတွေကတော့ ၀ယ်ရလွယ်ကူတဲ့ထဲမပါပေမယ့် အိုင်အိုဒင်းနဲ့ Omega-3 fatty acids တွေ ကြွယ်ဝစွာပါ၀င်ပါတယ်။
🥚 ကြက်ဥ၊ ဘဲဥ
ကြက်ဥအနှစ်မှာဆိုရင် အိုင်အိုဒင်းအပါအဝင် အာဟာရဓာတ်များ ပါဝင်ပါတယ်။ ပြုတ်ပြီး အနှစ်နဲ့အကာ နှစ်ခုလုံးနဲ့ ကျေအောင်ရောမွှေကျွေးလို့ရပါတယ်။
📌 သတိပေးချက်
အပေါ်မှာ ပြောပြပေးခဲ့တာတွေက ယေဘုယျသဘောဖြစ်ပါတယ်။ အလွန်အကျွံကျွေးလို့မရပါဘူး။ လိုအပ်တာထက်ပို ကျွေးမိရင် ကျန်းမာရေး ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။
ခွေးလေးရဲ့ ကျန်းမာရေးနဲ့ အာဟာရက သူ့အသက်အရွယ်၊ မျိုးစိတ်၊ ကျန်းမာရေးအခြေအနေတွေပေါ် မူတည်တာမို့ တစ်ခုခုသံသယဖြစ်တဲ့အခါ တိကုဆရာ၀န်နဲ့ အမြဲမေးမြန်းတိုင်ပင်ပါ။