Harry Styles is keeping his fitness game strong.
The pop star and Grammy winner ran the Berlin Marathon on Sunday, completing the 26.2-mile race in under three hours.
Read more: https://abcnews.visitlink.me/vhmtCe
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Harry Styles is keeping his fitness game strong.
The pop star and Grammy winner ran the Berlin Marathon on Sunday, completing the 26.2-mile race in under three hours.
Read more: https://abcnews.visitlink.me/vhmtCe
“အိန္ဒိယနိုင်ငံမှာပဲ တွေ့ရပြီး ဆေးဆိုးထားသလိုမျိုး ထူးခြား ရှားပါးအရောင်စုံအမွှေးတွေကြောင့် ကျော်ကြားတဲ့ မာလာဘာဧရာမရှဉ့်”
ဒီရှဉ့်ကို တစ်ယောက်ယောက်က ဆိုးဆေးဆိုးထားတယ်လို့ သင်ထင်နိုင်ပါတယ်။
အိန္ဒိယနိုင်ငံမှာပဲ တွေ့ရတဲ့ တောတွင်းမျက်လှည့်ဆရာလို့တင်စားရမယ့် မလာဘာဧရာမရှဉ့် (Malabar giant squirrel) နဲ့ တွေ့ဆုံလိုက်ပါ။ သစ်ပင်ထိပ်ဖျားမှာ သူတို့ရွေ့လျားသွားလာပုံက အရောင်တွေနဲ့ ပက်ဖြန်းထားသလိုပါပဲ။
သူ့ရဲ့အမွှေးတွေဟာ ပထမဆုံးကြည့်လိုက်ရင် မဟုတ်မှန်ဘူးလို့ ထင်ရလောက်တဲ့ ဆေးရောင်ခြယ်ပန်းချီကားတစ်ချပ်လိုပါပဲ။ နက်မှောင်တဲ့သွေးရောင်၊ သံချေးရောင်၊ လိမ္မော်ရောင်၊ အညိုဖျော့ရောင်နဲ့ အနက်နီးပါးအရောင်တွေပါ ပါဝင်ပါတယ်။ အလင်းရောင်ပေါ်မူတည်ပြီး ခရမ်းရောင်တောင် ဖြစ်နေနိုင်တာကြောင့် ဓာတ်ပုံများစွာဟာ လူမှုကွန်ရက်ပေါ်မှာ လူစိတ်ဝင်စားမှုများပြားနေတာပါ။
ဒါပေမဲ့ ဒီအရာတွေဟာ လှည့်စားမှုတွေ မဟုတ်ပါဘူး။ အဲဒီအရောင်တွေက တကယ်အစစ်အမှန်တွေပါ။ သိပ္ပံပညာရှင်တွေက ဒီအရောင်အသွေးတွေဟာ အရွက်ကြီးတဲ့သစ်တောတွေကြားထဲက နေရောင်ခြည်နဲ့ အရိပ်တွေကြားမှာ ပုံဖျက်ဖို့ ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့အတွက် ရဲရင့်တဲ့အရောင်ဖြစ်ပေမဲ့ ကျားသစ်ရဲ့အမြင်မှာတော့ အကောင်းဆုံး ကာကွယ်မှုပုံစံပါပဲ။
ဒီရှဉ့်အတွက် ဘဝဆိုတာ သစ်ပင်တွေအကြောင်းချည်းပဲ ဖြစ်ပါတယ်။ သူဟာ သစ်ကိုင်းအမြင့်တွေမှာ ကမ္ဘာလုံးပုံသဏ္ဍာန် အသိုက်ဆောက်ပြီး သစ်ပင်တစ်ပင်ကနေ တစ်ပင်ကို မယုံနိုင်လောက်အောင် ခုန်ကူးနိုင်ပါတယ်။ သူရဲ့အမြီးရှည်ကတော့ ဟန်ချက်ထိန်းပေးတဲ့ တိုင်တစ်ခုလို လုပ်ဆောင်ပေးပါတယ်။ နေ့အများစုမှာ သူတို့ဟာ မြေပြင်ပေါ်ကနေ ဝေးတဲ့နေရာမှာ နေထိုင်ပြီး သစ်ရွက်တွေကို တရှဲရှဲလုပ်ရင်း အသီးခွံမာတွေကို ခွဲစားတတ်တာကြောင့် ကျွန်တော်တို့ထဲက လူအနည်းငယ်သာ သူတို့ကို သတိထားမိကြတာပါ။
နောက်ပြန်ဆုတ်ပြီးကြည့်မယ်ဆိုရင် ဒီပုံပြင်ဟာ တိရစ္ဆာန်တစ်ကောင်ရဲ့ ပုံပန်းသဏ္ဍာန်ထက် ပိုပါတယ်။ မလာဘာဧရာမရှဉ့်ဟာ သစ်တောတွေ ကျန်းမာတဲ့နေရာတွေမှာ ရှင်သန်နိုင်ပါတယ်။ အိန္ဒိယအနောက်ပိုင်း ဂတ်စ်တောင်တန်းနဲ့ တခြားသစ်တောထူထပ်တဲ့တောင်တွေကို ကာကွယ်ခြင်းအားဖြင့် ဒီအသက်ဝင်နေတဲ့ ပန်းချီကားတစ်ချပ်လို မျိုးစိတ်ကိုပါ ကာကွယ်ရာရောက်ပါတယ်။
ဒီနေရာကနေ တိတ်ဆိတ်တဲ့ သင်ခန်းစာတစ်ခုကို ရရှိနိုင်ပါတယ်။ သဘာဝတရားဟာ ကျွန်တော်တို့ကို အံ့အားသင့်စေဖို့ စစ်ထုတ်မှုတွေ (filters) မလိုအပ်ပါဘူး။ သူလိုအပ်တာက နေရာလွတ်၊ အချိန်နဲ့ အသက်ဝင်နေတဲ့သစ်ပင်တွေကို ဆက်လက်ဖန်တီးဖို့ အခွင့်အရေးပါပဲ။
မျှစ်ငါးနီတူအစပ်ချက်
မျှစ်ကလေးကို အရင်ပြုတ်ပေးပါ
ကြက်သွန်ဖြူ အနီ ငရုပ်သီးစိမ်း ချက်မယ့်အနေအထားပေါ်မူတည်ပြီးကြိတ်ထည့်ပေးပါ ငါးနီတူလေးတွေကို ရေစင်အောင်ဆေးပေးပါ ထည့်ချက်သလောက်
အားလုံးအဆင်သင့်ဖြစ်ပါက အိုးထဲထည့်ပြီး မျှစ် ငါးနီတူ ငပိစိမ်းသား အချိုအငံ ဆနွင်းနှုန့် ထည့်ပြီးနယ်ပါ ဆီအနည်းငယ် ရေအနည်းငယ်ထည့်ပြီး လုံးချက်လိုက်ပါ ပွက်ပွက်ဆူပြီးမွှေးလာရင် ပင်စိမ်းလေးအုပ်ချက်လိုက်ပါ အရသာလေးကရှယ်ပြီး ရနံ့မွှေးမွှေးလေးနဲ့ ဆိုကျက်ပါပြီ
မျှစ် ငနီတူစပ်စပ်လေး သုံးဆောင်လို့ရပါပြီ😊😋
ချဉ်ပေါင်ဟင်းဆိုရင် သိပ်ကြိုက်လို့ စားသာ စားနေခဲ့တာ အခုလို မသိခဲ့ဘူး ✅✅✅
ချဉ်ပေါင်၏ ကျန်းမာရေး လျို့ဝှက်ချက်။ချဉ်ပေါင်ပင် တစ်ပင်လုံးကို အကျိုးရှိရှိ အသုံးပြုနိုင်ပါသည်။ ချဉ်ပေါင်ရွက်ကို ချဉ်ပေါင်ကြော်၊ ဟင်းချို ၊ ချဉ်ရည်ဟင်းစသည့် ထမင်းမြိန် ဟင်းလျာများအဖြစ် စာလေ့ရှိကြပါသည်။တချို့အရပ်ဒေသများ တွင် အရွက်ရင့်ရင့်၊ အပွင့်နှင့် အသီးတို့ကို နေပူပူ တွင် အခြောက်လှန်း ပြီးလက်ဖက်ရည်ကြမ်း လုပ်သောက်ကြပါသည်။
အသားထူသည့် အနီရောင်ချဉ်ပေါင်ဖူးတို့ကို လည်းကြော်၍သော်လည်းကောင်း၊ ချဉ်ရည်ဟင်းအဖြစ်လဲချက်စားနိုင်ပါသည်။
ထို့ပြင် ချဉ်ပေါင်ဖူးနှင့် ချဉ်ပေါင်ပွင့်တို့ကို ထန်းလျက်(သို့မဟုတ်)သကြား ဖြင့်ယိုထိုး၍ သော်လည်းကောင်း၊ Jam၊ သကြားရည်အနှစ်၊ ရှာလကာရည် စားသုံးနိုင်ပါသည်။ချဉ်ပေါင်ဖူးယို သည် အနံ့အရသာပိုစူးသဖြင့်၊ ၎င်းကို ဇီးယိုထက်ပို၍ လူကြိုက်များကြပါသည်။ ဒါ့အပြင် အသီးရင့်ရင့်ကို သကြား၊ဆားအနဲငယ်တို့ဖြင့်ရောကြိုပြီး၊ ဆူလာပါက အအေးခံ၍ ဖျော်ရည်အဖြစ်သောက်နိုင်ပါသည်။
၁။ အူသိမ်၊ အူမတို့ကို ကောင်းကျိုးပြုပါသည်။
၂။ချဉ်ပေါင်ရွက်ထဲတွင် hydroxy နှင့် amino အက်ဆစ်များကြွယ်ဝစွာပါရှိသောကြောင့် ဆီးအား ကောင်းစေပါသည်။ ဆီးရွှင်၍ ဝမ်းကိုလဲ သက်စေပါသည်။
၃။Vitamin C နှင့် သတ္တုဓာတ်တို့အမြောက်အများပါရှိသောကြောင့် ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း၊ ဆဲလ်များသေဆုံးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့် သွားတို့ကိုကျန်းမာစေခြင်း၊free radicals အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အရွယ်ကိုနုပျိုစေ ခြင်း၊ ကင်ဆာရောဂါများ ဖြစ်နိုင်ချေအလားအလာနည်းပါးစေနိုင်ခြင်း၊အဆုတ်ကိုကျန်းမာစေခြင်း၊ အအေးပတ်ခြင်း၊ ရာသီပေါ်နှာစေးချောင်းဆိုး ကူးစက်ရောဂါများနှင့် နှာရည်ယိုနှာပိတ်ခြင်းတို့မှလဲ ကာကွယ်ပေးခြင်းစသည်ဖြင့် ကောင်းကျိုးပြုပါသည်။
၄။ Calcium ဓာတ် အမြောက်အများ ပါရှိသောကြောင့် အရိုးကိုသန်မာစေခြင်း၊ အာရုံကြောအဖွဲ့အစည်းများနှင့်ကြွက်သားများ ဖွဲ့စည်းမှုကို တိုးတက်ကောင်းမွန်စေခြင်း၊သွေးကျဲခြင်းမှကာကွယ်ပေးခြင်း၊ ခြေလက်များတဆစ်ဆစ်နာကျင်ခြင်း နှင့် ထုံထိုင်း လေးလံခြင်းတို့ကိုသက်သာပျောက်ကင်းစေခြင်း၊ကလေးငယ်များ ဖွံ့ဖြိုးမှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်း.. စသည်ဖြင့် ကောင်းကျိုးပြုပါသည်။
၅။ချဉ်ပေါင်ပန်းပွင့်သည် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါသည်။
၆။ချဉ်ပေါင်ဖူး၏ အစေ့မှလဲ အဆီထုတ်ယူနိုင်ပါသည်။ ထိုအဆီဖြင့် အရေပြားပေါ်ရှိအနာအမျိုးမျိုးတို့ကို လိမ်းပေးခြင်းဖြင့် ရောင်ကိုင်းခြင်းကိုသက်သာစေပြီး၊ အနာများလဲ ကျက်စေပါသည်။
၇။ ခြေလည်ပင်းပြတ်ရှနာများ၊ ဖက်ခွက်နာနှင့် ပြန်တည်နာများအတွက် ချဉ်ပေါင်ရွက်ကို မီးမြှိုက်၍ အုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။
၈။ချဉ်ပေါင်ဖူးဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကိုသက်သာပျောက်ကင်းစေပါသည်။ လူကိုလန်းဆန်းစေနိုင် ပါသည်။
၉။ ချဉ်ပေါင်အစေ့ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် အစာနင်ခြင်းနှင့်အစာမကျေခြင်းတို့ကို သက်သာပျောက်ကင်းစေ နိုင်ပါသည်။
၁၀။ ချဉ်ပေါင်ရွက်ကို လက်ဘက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် ကိုလက်စထရောကိုကျစေခြင်း၊ ကိုယ်အလေးချိန်ကျစေပြီး သွေးလည်ပတ်နှုန်းကိုလဲ ကောင်းမွန်စေပါသည်။ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလဲ ဟန့် တားကာကွယ်ပေးနိုင်ပါသည်။
၁၁။ဒူးရင်းသီးစားပြီးပါက၊ ချဉ်ပေါင်သီးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် အပူကန်ခြင်းကို ကာကွယ်နိုင်ပါသည်။
သတိပြုရန်။ ရှောင်ရန်
သွေးတိုးရောဂါရှိသူများ အလွန်အကျွံမစားသင့်ပါ။ သွေးပေါင်ချိန်တက်နိုင်ပါသည်။ချောင်းဆိုးရင်ကြပ် ဝေဒနာသည်များ နှင့်လည်းမသင့် တော်ပါ။ဘေးထွက်ဆိုးကျိုးအလွန်နဲပါးပြီး၊ ဈေးနှုန်းလဲမကြီးသော မိမိတို့လက်တကမ်းမျှ ၁၂-လ ရာသီပတ်လုံး အလွယ်ကတူရရှိနိုင်သော ချဉ်ပေါင်ရွက် တို့ကို အစာလဲဆေး၊ဆေးလဲအစာ အဖြစ် စားသောက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။