𝘽𝙤𝙤𝙨𝙩𝙚𝙙 𝙎𝙩𝙤𝙧𝙞𝙚𝙨_______𝙇𝙖𝙣𝙙 𝘾𝙧𝙪𝙞𝙨𝙚𝙧
Land Cruiser ဆိုတာ ကမ္ဘာပေါ်က ဘယ်လိုနေရာဒေသမဆို ဖြတ်သန်းမောင်းနှင်ဖူးတဲ့ ယာဥ်တစ်စီး၊ Toyota ရဲ့သက်တမ်းအကြာဆုံး မော်ဒယ်တွေထဲက တစ်ခုဖြစ်တဲ့အပြင် လွမ်းမိုးမှုအရှိဆုံးကားတစ်စီးပါ။ မနေ့က Land Cruiser 300 Series ကို မိတ်ဆက်ပြီးချိန် လူတိုင်းက စိတ်ဝင်တစားရှိကြတာတွေ့ရတော့ အားလုံးလဲ Land Cruiser သမိုင်းကြောင်းကို ဖတ်ရှူချင်ကြမယ်ထင်လို့ ရေးသားတင်ဆက်ပေးလိုက်ရပါတယ်🖤
Chapter 1_______Ancestors
၁၉၄၁ ခုနှစ်မှာ ဂျပန်စစ်တပ် က ဖိလစ်ပိုင်ကို သိမ်းတဲ့အခါ အမေရိကန်စစ်တပ်သုံး Jeep ကို တွေ့ရှိပြီး ဂျပန်ကို ပို့ဆောင်ခဲ့ရာကနေ ဇာတ်လမ်းက စပါတယ်။ ဂျပန်စစ်တပ်အာဏာပိုင်တွေက ဒီ Jeep ကို အခြေခံပြီး မော်ဒယ်တစ်ခုထုတ်လုပ်ဖို့ Toyota ကို အမိန့်ပေးခဲ့ပါတယ်။ ရလဒ်အနေနဲ့ မော်ဒယ်အေကေ ကို ဒီဇိုင်းဆွဲနိုင်ခဲ့ပြီး စစ်တပ်သုံးအတွက် ထုတ်လုပ်ခဲ့အခါ ဂျပန်ဘာသာ ယွန်ရှီကီခိုဂါတာကမာဆုရှ (ခေါ်) Type 4 Compack Cargo Truck ဆိုပြီး ပေါ်ပေါက်လာခဲ့တယ်ဗျ။ ၁၉၄၁ နောက်ပိုင်းမှာ ဂျပန်အစိုးရက အင်ပါယာစစ်တပ်မှာ သုံးဖို့ Toyota ကို ထပ်မံညွှန်ကြားခဲ့ပါတယ်။ သူတို့လိုချင်တာက ပေါ့ပါးပြီး reliable ဖြစ်မယ့် ထရပ်ကားအသေးစားတစ်စီးလိုချင်ခဲ့တာပါ။ ဒါကိုဖြည့်ဆည်းပေးဖို့ တာဝန်ကျတဲ့ Toyota က 2259cc 2.3L inline 4 engine သုံး Model AK10ထရပ်ကားတစ်စီးထုတ်လုပ်ပေးခဲ့ပါတယ်။ ဂျပန်စစ်ရှူံးပြီးနောက် ၁၉၅၀ ကာလတွေမှာ Toyota က အမေရိကန်စစ်တပ်အတွက် BJ20 မော်ဒယ်တွေကို ကိုရီးယားကျွန်းဆွယ်စစ်ပွဲမှာ အသုံးပြုဖို့ ထုတ်လုပ်ပေးခဲ့သေးတယ်ဗျ။ ၁၉၅၃ မှာ စစ်ပွဲပြီးသွားတော့ Toyota ဘက်က စစ်တပ်သုံး BJ မော်ဒယ်တွေကို ဆက်ရောင်းချဖို့ အဆင်မပြေတော့ Production model ကားတစ်စီးမှာ ရှိသင့်တဲ့ သတ်မှတ်ချက်တွေအတိုင်းဖြစ်အောင်ပြောင်းလဲပြီး Model 20 Series ကို မိတ်ဆက်ပေးခဲ့ပါတယ်။ Model 20 Series ရဲ့ FJ20 နဲ့ BJ20 ဆိုတာ F=gasoline powered engine၊ B=diesel powered engine၊ J ကတော့ သိတဲ့အတိုင်း Jeep ပေါ့ဗျာ။ ဒီလိုနဲ့ ၁၉၅၄ ဇွန်လ ထဲရောက်တော့ အမေရိကန် Jeep ရဲ့ ထုတ်လုပ်သူ Willys Company ကနေ နာမည်ဆင်တူယိုးမား ဖြစ်နေမှုနဲ့ စွပ်စွဲခဲ့တာကြောင့် Toyota ဘက်ကနေ FJ၊ BJ မော်ဒယ်တွေကို Land Cruiser လို့ နာမည်ပြောင်းလဲပေးခဲ့ပါတယ်။
Toyota ရဲ့ Technical Director မစ္စတာ ဟန်ဂျီအူမဲဟာယာ(Hanji Umehara) ပြောကြားခဲ့တာက
"အဂ်လန်မှာ ကျွန်တော်တို့ရဲ့ နောက်ထပ်စီးပွားပြိုင်ဖက် Land Rover ရှိတယ်။ ဒါကြောင့် ဒီကားနာမည်ကို အခြား Brand တွေနဲ့ မတူဘဲ ပိုဂုဏ်သိက္ခာရှိစေမဲ့ နာမည်တစ်ဖြစ်အောင် Land Cruiser အဖြစ်ပေးဖို့ဆုံးဖြတ်ခဲ့တာပါ။"
မစ္စတာဟန်ဂျီက ဒီ Land Cruiser နာမည်ဟာ အမေရိကန်အခြေစိုက်၊ Studebaker Corporation ကနေ ၁၉၃၄ ခုနှစ်မှာ ထုတ်လုပ်ခဲ့ဖူးတဲ့ Studebacker Land Cruiser Sedan ကားကနေ ယူထားတာလို့ ထပ်မံပြောကြားခဲ့ပါတယ်။ ၁၉၅၈ မှာ 20 Series တွေထဲက FJ25 လို့ခေါ်တဲ့ ဘရာဇီးလ် နိုင်ငံထုတ် Land Cruiser မော်ဒယ်တွေလဲ ရှိခဲ့ပါတယ်။ Toyota ကထုတ်တဲ့ ကားတွေထဲ
ပထမဦးဆုံး ပြည်ပမှာတည်ဆောက်တဲ့ မော်ဒယ်ဖြစ်ပြီး ၁၉၆၂ ဇန်နဝါရီလမှာ Mercedes-Benz Diesel Engine တပ်ဆင်ခဲ့ပါတယ်။ အင်ဂျင်လဲထားတဲ့ မော်ဒယ်ကို Toyota Bandeirante ဆိုတဲ့နာမည်နဲ့ ရောင်းချခဲ့ပြီး Bandeirante ဆိုတာက ပေါ်တူဂီဘာသာစကားအရဆိုရင် Flag Carrier လို့ အဓိပ္ပါယ်ရတယ်ဗျ။ FJ25 မဟုတ်ဘဲ J40 ဆိုပြီး pick-up truck တွေကိုလည်း Toyota Bandeirante လို့ဘဲ ခေါ်ပါသေးတယ်။ ဗင်နီဇွဲလား နိုင်ငံမှာတော့ J40 ကို Toyota Macho လို့ခေါ်ပါတယ်။
