အောက်တိုဘာ ၆ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

အောက်တိုဘာ ၆ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
42 w - Translate

ရောက်ရှိ သတင်းပို့

image
42 w - Translate

မိုးအေးတော့လည်း ဖြစ်သလိုလေး 😁

image
42 w - Translate

ဆိုင်နီးချင်းရဲ့ အလှူ
သာဓု သာဓု သာဓု ပါဗျာ

image

ချယ်လ်ဆီးအသင်းမှာ ပထမဆုံးဂိုးသွင်းယူနိုင်ခြင်းနဲ့အတူ အသင်းကိုပါ နိုင်ပွဲရယူပေးနိုင်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ဘရာဇီးလ်တောင်ပံကစားသမားလေး Estvo

Credit Photo
#ဘောလုံးသတင်းစုံ

image
image
image
image
image

TNLA ထိန်းချုပ်ထားတဲ့ သီပေါမှာ သုံးရက်အတွင်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ဖြစ်ပွား

အောက်တိုဘာ ၅

ရှမ်းပြည်နယ် မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ အောက်တိုဘာလ ၂ ရက်နေ့နဲ့ ၄ ရက်နေ့ သုံးရက်အတွင်း လေကြောင်းနဲ လေးကြိမ် ဗုံးကြဲ တိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"သီပေါမှာ သုံးရက်ထဲကို လေယာဉ်နဲ့ လေးကြိမ် ဗုံးကြဲ ခံရတာ ဟုတ်တယ်။ မနေ့က တရက်ထဲပဲ သုံးကြိမ် ကြဲသွားတယ်။ ၂ ရက် ညက တကြိမ် ကြဲသွားတယ်။" လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ည ၈ နာရီကျော်ခန့်က တကြိမ်ထဲ သုံးနေရာ ဗုံး ငါးလုံးခန့် ကြဲသွားတယ်လို့ သူက ပြောပါတယ်။

"အထက ၂ ထဲတလုံး၊ ဇာတ်စုရပ်မှာ နှစ်လုံးကျတယ်။ တလုံး မကွဲဘူး။ ကျောင်းစုရွာက ဘုန်းကြီးကျောင်းမှာရော ကျတယ်။ အဲဒီ နားက လူတွေ ရှောင်သွားကြပြီ ဖြစ်လို့ လူ မထိဘူး" လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

လေယာဉ် ဗုံးကြောင့် မြို့ထဲ နေအိမ် ၈ လုံးခန့် ပျက်စီးသွားပြီး ကျောင်းစုရွာဘက်တော့ သိမ်ကျောင်းရယ်၊ ကမ္ဘာလုံးစေတီရယ်၊ အဆောင်ရယ် ထိခိုက်ပျက်စီး သွားတယ်လို့ သူက ပြောပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်ခန့်က ကျင်သီရွာဘက် လေကြောင်း ဗုံးကြဲ ခံရလို့ တောင်ယာထဲကျရောက် ပေါက်ကွဲခဲ့တာကြောင့် အလုပ်လုပ်နေတဲ့ အမျိုးသား တယောက် ခြေထောက် နှစ်ဖက် ပြတ်သွားတာ နောက်ထပ် အမျိုးသား တယောက်က ဗိုက်မှာ ထိမှန် ဒဏ်ရာ ရခဲ့တယ်လို့ သူက ပြောပါတယ်။။

ယမန်‌နေ့ အောက်တိုဘာလ ၄ ရက်‌ေန့မှာပဲ မနက်မနက် ၇ နာရီ ၅၀ မိနစ်ခန့် သီပေါမြို့နယ်၊ အုံမုရွာနဲ့ ဂေါ်ဒန်သတ္ထုတွင်းကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့ည ၁၀ နာရီကျော်ခန့်ကလည်း သီပေါမြို့နယ်၊ စံဖိတ်ရွာရှိ ကုမုဒြာ ဟိုတယ်မှာ လေကြောင်း ဗုံးကြဲသွားလို့ အဆောက်အဦးတွေ ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂ နေ့ ကနေ ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ အထိ TNLA ထိန်းချုပ်ရာ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန် တွေမှာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရလို့ အနည်းဆုံး လူ ၆ ယောက် သေဆုံးပြီး ၁၇ ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ပြီပြီကြောင်း ဒေသခံတေဠရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo Crd# ဒေသခံများ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image

တာချီလိတ်တွင် အရှိန်ပြင်းစွာမောင်းလာသော ကားတစ်စီးအဆင့်ဆင့်ဝင်တိုက်မိ၍ သားအမိ(၂)ဦး ပွဲချင်းပြီးသေဆုံး

အောက်တိုဘာ ၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အရှိန်ပြင်းစွာမောင်းလာသော ကားတစ်စီးအဆင့်ဆင့်ဝင်တိုက်မိ၍ သားအမိ(၂)ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(အောက်တိုဘာ ၅ရက်)၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က တာချီလိတ်မြို၊ ဗိုလ်ချုပ်လမ်း၊ အ.ထ.က(၁) ကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်တာက စပြီးတိုက်ပြီဆိုတည်းက တရစပ်တိုက်သွားတာ။ တိုက်ပြီးရှေ့နားလေးရောက်တော့ ဆိုင်ကယ်သမားတွေရော ကား သမားတွေရော တိုက်တော့ သေတာက (၂)ယောက်ပါ။ တစ်နှစ်ကျော်ကလေးလေးတစ်ယောက်ရယ်။ သူ့မေရယ် (၂)ယောက်သေတာ။ တိုက်တာက တရစပ်တိုက်သွားတာဆိုတော့ သာမန်မဟုတ်လို့ဖြစ်မယ်။ တိုက်တဲ့ကားသမားကိုလည်း ကျွန်မတို့တော့မတွေ့ လိုက် ဘူး။ သူများတွေ လိုင်းပေါ်မှာတင်ထားမှ သိတာ။ (၂)ဦးလို့သိရတယ်”ဟု ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက်(၁)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူ အသက်(၂၀)နှစ်ကျော်အရွယ် အမျိုးသမီး (၁) ဦးတို့ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် အသက်(၁၀)နှစ်အရွယ် အမျိုးသား(၁)ဦး၊ အသက်(၄၀)ကျော်ဝန်းကျင် အမျိုးသား (၁) ဦးနှင့် အမျိုးသမီး(၁) ဦးအပါအဝင် အသက်(၆၀)ကျော်အရွယ် အမျိုးသမီး (၁) ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“အသက်(၄၀)ကျော်ပတ်လည် အမျိုးသား (၁)ယောက် အမျိုးသမီး(၁)ယောက် ကလည်းအခြေအနေမကောင်းဘူး။ ဆွေမျိုးတွေ မတွေ့သေးဘူး။ တိုက်တာက (၆) ယောက်ကိုတိုက်မိတာ။ အသက် (၆၀)ကျော်အဖွားတစ်ယောက်ကလည်း ခြေထောက်နာသွားတာ။ ကျိုးလားမကျိုးလားဆိုတာတော့ ဓာတ်မှန်ရိုက်ကြည့်မှသိရမယ်။ အဖွားနဲ့ (၁၀)နှစ်ကျော်လေးကတော့ မစိုးရိမ်ရဒဏ်ရာပေါ့နော်”ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းထံမှ တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ယာဉ်တိုက်မှုကျူးလွန်သူအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

Credit - NP News Agency

#centralnewsnaypyitaw

imageimage

အစ္စရေးဓါးစာခံတွေအားလုံးကို ပြန်လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဟားမက်လက်နက်ကိုင်အဖွဲ့ပြော

အောက်တိုဘာ ၅

ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အစ္စရေးဓါးစာခံတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ လွှဲပြောင်းပေးမှုဆိုင်ရာအသေးစိတ်အချက်အလက်တွေကို‌ ဆွေးနွေးဖို့အတွက် ပြင်ဆင်ထားတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသကို လွတ်လပ်တဲ့ပါလက်စတိုင်းအဖွဲ့ထံ လွှဲပြောင်းပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသငြိမ်းချမ်းရေးအတွက် ဒေါ်နယ်ထရမ့်ရဲ့အဆိုပြုချက်ကို လေ့လာသုံးသပ်ခဲ့ပြီးနောက် အဲဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်တယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့အဆိုပြချက်ထဲမှာ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား ချက်ချင်းအပစ်အခတ်ရပ်စဲဖို့၊ အကျဉ်းသားအပြန်အလှန်လဲလှယ်ဖို့၊ ဂါဇာကနေ အစ္စရေးတပ်ဖွဲ့တွေရုတ်သိမ်းဖို့တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။

ဟားမက်လက်နက်ကိုင်အဖွဲ့က “ဒီလိုအခြေအနေမျိုးမှာ ဓါးစာခံတွေ ပြန်လွှတ်ပေးဖို့နဲ့ အကျဉ်းသားလဲလှယ်မှုဆိုင်ရာအသေးစိတ်အချက်အလက်တွေကို ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသအုပ်ချုပ်ရေးကို လွတ်လပ်တဲ့ ပါလက်စတိုင်းအဖွဲ့ကို လွှဲပြောင်းပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image

စင်္ကာပူမှာ မြန်မာအိမ်အကူတစ်ဦး အိမ်ရှင်ဘဏ်ကတ်ထဲက ငွေထုတ်ယူမှုနဲ့ ထောင်ဒဏ် ချမှတ်ခံရ

အောက်တိုဘာ ၅

စင်္ကာပူနိုင်ငံမှာ မြန်မာအိမ်အကူ အမျိုးသမီးငယ်တစ်ဦးဟာ အိမ်ရှင်ရဲ့ ဘဏ်ကတ်ထဲက ငွေတွေ ထုတ်ယူမှုနဲ့ ထောင်ဒဏ် ၉ လ ချမှတ်ခံလိုက်ရတယ်လို့ စင်္ကာပူကလာတဲ့သတင်းတွေမှာ ဖော်ပြ ပါတယ်။

အိမ်ရှင်ရဲ့ငွေ စင်္ကာပူ ဒေါ်လာ တစ်သောင်းကျော်ကို ဘဏ်ကတ်ထဲကနေ ထုတ်ယူခဲ့သူဟာ အသက် ၂၅ နှစ်အရွယ် မယဉ်ဆိုသူလို့လည်း သတင်းတွေက ဆိုပါတယ်။

လေဖြတ်လို့ ဘီးတပ်ကုလားထိုင်သုံးပြီး သွားလာနေရတဲ့ အိမ်ရှင်အမျိုးသမီးဟာ မယဉ်ကို ATM ကတ်နဲ့အတူ စကားဝှက်ကို ပေးပြီး ငွေထုတ်ခိုင်းခဲ့အပြီးမှာ မယဉ်က နောက်ပိုင်း ပိုင်ရှင် မသိဘဲ အကြိမ်ကြိမ် ငွေတွေထုတ်ခဲ့တာလို့ စင်္ကာပူသတင်း ရှင်းမင်းနေ့စဉ်သတင်းက ဆိုပါတယ်။

အသက် ၆၈ နှစ်အရွယ် အမျိုးသမီးက လေဖြတ်သွားတာကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာကစပြီး မြန်မာအိမ်အကူကို တစ်လ စင်ကာပူဒေါ်လာ ၅၅၀ ( မြန်မာငွေ ရှစ်သိန်းကိုးသောင်းကျော်)နဲ့ အလုပ်ခန့်ခဲ့တာပါ။

ဒါ့ကြောင့် မြန်မာအိမ်အကူက အိမ်ရှင်ခွင့်ပြုချက်မရှိဘဲ ၂၀၂၄ ခုနှစ် ဧပြီ ၂၆ ကနေ အောက်တိုဘာ ၃၀ ရက်အတွင်း အကြိမ်ပေါင်း ၁၉ ကြိမ် မှာ ငွေ စင်ကာပူဒေါ်လာ ၁၀၀ ကနေ ၅၀၀ အထိ စုစုပေါင်း ၁၀,၀၀၀ ကျော် ထုတ်ယူခဲ့ပါတယ်။

Credit - BBC Burmese

#centralnewsnaypyitaw

image