Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
🎬 The Karate Kid 2: Legacy of the Dragon (2026)
Starring: Jackie Chan | Jaden Smith | Donnie Yen | Liu Haoran
🥋 A new challenge awaits, a legacy to defend.
In this highly anticipated sequel, The Karate Kid 2: Legacy of the Dragon, Dre Parker (Jaden Smith) and Mr. Han (Jackie Chan) find themselves once again facing a challenge that will define their futures. Years after their last victory, they are drawn into the Hong Kong martial arts tournament, where the world’s fiercest warriors gather.
🐉 Master Wei Long (Donnie Yen), a kung fu master with a shadowed past, sends his top student Li Fang (Liu Haoran) into the tournament to show that strength and victory should be achieved at any cost. Dre must face Fang’s unparalleled speed and technique, all while struggling to maintain his moral compass.
🌀 Under Mr. Han’s mentorship, Dre embarks on a journey of self-discovery, learning that true strength lies in the heart and soul, not just in the fight.
💥 The film highlights include:
Intense, high-octane martial arts sequences in a neon-lit urban jungle.
A chillingly quiet duel in a bamboo forest, where each breath counts.
Emotional moments that highlight the profound bond between mentor and student.
A final, heart-stopping showdown where ideals clash in a battle for survival.
🌏 A Cinematic Triumph
With stunning martial arts choreography, emotional storytelling, and a deep exploration of tradition versus ambition, The Karate Kid 2 is an epic continuation that stays true to its roots while introducing a new generation of warriors.
⭐ Rating: 9.0/10 – An unforgettable sequel that blends action, emotion, and martial arts philosophy into an epic journey.
#karatekid2 #jackiechan #jadensmith #donnieyen #liuhaoran
📌 ခွေးလေးတွေအစားနည်းနေတယ်ဆိုရင် ဒီအချက် ၃ချက်ကို စမ်းကြည့်ပါ။
- အရသာ ကွဲပြားတဲ့ အစားအစာတွေ (ငါး၊ ကြက်သား၊ အမဲသား) ကို ပြောင်းလဲပြီး ဖြည်းဖြည်းချင်း စမ်းကျွေးကြည့်ပါ။
- သတ်မှတ်ထားတဲ့ အချိန်တွေမှာ ပုံမှန်ကျွေးပေးပါ။ မစားထားတဲ့ အကျန်တွေကို ပြန်မကျွေးဘဲ သိမ်းဆည်းပါ။
- ကျန်းမာရေး ပြဿနာတွေကြောင့် အစားနည်းတာလည်း ဖြစ်နိုင်တာမို့ ပုံမှန်ကျန်းမာရေး စစ်ဆေးပေးပါ။
လုံး၀အစာမစားတာမျိုး ဖြစ်လာရင်တော့ ခွေးလေးရဲ့ အခြေအနေကို အသေးစိတ်စစ်ဆေးပြီး တိကုဆရာဝန်ထံနဲ့ ပြသပါ။
🐾 အခြားတိချစ်သူလေးတွေလဲ သိရအောင် share သွားနိုင်ပါတယ်။
၂၀၂၅ ခုနှစ် တိုင်းမ်မဂ္ဂဇင်းရဲ့ တစ်နှစ်တာအထူးချွန်ဆုံး ကလေးဆုရ ၁၇ နှစ်အရွယ် မိန်းကလေး
၂၀၂၅ ခုနှစ်အတွက် တိုင်းမ်မဂ္ဂဇင်းရဲ့ တစ်နှစ်တာအထူးချွန်ဆုံး ကလေးဆုကိုတော့ အသက် ၁၇ နှစ်အရွယ် လက်ဘနွန်နွယ်ဖွား မိန်းကလေး မာနွတ်က ဆွတ်ခူးသွားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်အတွက် FBI အင်တာနက်မှုခင်းတိုင်ကြားရေးစင်တာရဲ့ ထုတ်ပြန်ချက်အရ အင်တာနက်ပေါ်မှ လိမ်လည်မှုပေါင်း ၈၆၀၀၀ ကျော် ရှိခဲ့ပြီး ဆုံးရှုံးနစ်နာမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဘီလျံအထိ ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ အသက် ၆၀ ကျော်အရွယ်တွေ လိမ်လည်ခံရတဲ့ ဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၅ ဘီလျံအထိ ရှိပါတယ်။
မာနွတ်ကတော့ သူ့အဘိုးကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ အွန်လိုင်းလိမ်လည်မှုဖြစ်စဉ်ကြောင့် အသက် ၆၀ ကျော်အရွယ်တွေကို အွန်လိုင်းလိမ်လည်မှုတွေကနေ ကာကွယ်၊ တိုင်ကြားနိုင်မယ့် Shield Seniors ဝက်ဘ်ဆိုက်ကို တည်ထောင်ခဲ့တာပါ။ Shield Seniors ဝက်ဘ်ဆိုက်မှာ အွန်လိုင်းလိမ်လည်မှုတွေက ဘယ်လိုပုံစံရှိကြောင်း၊ သံသယဖြစ်ဖွယ် အီးမေးလ်တွေကို ဂရုတစိုက် စစ်ဆေးသင့်ကြောင်း၊ မသင်္ကာစရာတွေ့ရင် သတင်းပို့နိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ မာနွတ်က အဲဒီဝက်ဘ်ဆိုက်ကို တစ်နှစ်အတွင်း တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် Congressional App Challenge မှာ ဂုဏ်ပြုစကား ထည့်သွင်းပြောကြားခံခဲ့ရပါတယ်။
"အဲဒီတုန်းက အမေခါးနာတာ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ဘူး။ တစ်ချိန်တုန်းကတော့ ခါးနာတာကို သာမန်ကိစ္စလေးလို့ပဲ အမေထင်ခဲ့တယ်။ ခဏနားလိုက်ရင် ပျောက်သွားမယ်ပေါ့။ ဒါပေမဲ့ အမှန်တရားကတော့ နာကျင်မှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်။ မီးပူနဲ့ထိုးသလိုပဲ နာကျင်မှုက ခြေထောက်အထိရောက်လာတယ်။ အကြာကြီးရပ်နေလို့မရသလို အဝေးကြီးလည်း လမ်းမလျှောက်နိုင်ဘူး။ အဲ့ဒီအချိန်ကျမှပဲ... ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် သတိပေးနေပြီဆိုတာ သိလိုက်ရတယ်။
အခြေအနေတိုးတက်ကောင်းမွန်လာစေတဲ့ အရာလေးတွေကတော့.........
* ကျောရိုးကို တည့်တည့်ထားပြီး အနားယူတာ၊ ခဏခဏ
ကိုင်းတာ၊ မတ်တာမျိုး မလုပ်တာ။
* အပူအိတ် (သို့) အဝတ်ပူနဲ့ ကပ်ပြီး ကြွက်သားတွေကို
ဖြေလျှော့ပေးတာ။
* မနက်ခင်းမှာ ဖြည်းဖြည်းချင်း လေ့ကျင့်ခန်းလုပ်တာ၊
အပြင်းအထန်မလုပ်တာ။
* ခါးကိုမှီလို့ရတဲ့ ထိုင်ခုံမျိုး ရွေးချယ်တာ၊ တစ်နေကုန်
ကွေးပြီးမထိုင်တာ။
အရေးအကြီးဆုံး သင်ခန်းစာကတော့ နောက်ကျမှ မလုပ်မိပါစေနဲ့။ လမ်းမလျှောက်နိုင်လောက်အောင် နာကျင်လာရင် ဒါမှမဟုတ် ခြေထောက်တွေ ထုံကျင်လာရင် ဆရာဝန်ဆီ ချက်ချင်းသွားပြပါ။ နောက်ကျောကျန်းမာရေးဆိုတာ တစ်ခုတည်းသာရှိတာပါ။ ပျက်စီးသွားပြီဆိုရင် ပြန်ပြင်ဖို့ တော်တော်ခက်ပါတယ်။
အမေဆိုရင် အသက် ၃၀-၄၀ အထက် လူကြီးတွေမှာ ဒီလိုလက္ခဏာတွေ ဖြစ်တတ်တယ်ဆိုတာ နောက်မှပဲ သိခဲ့ရတာ။ အဲဒီအရွယ် မရောက်သေးတဲ့သူတွေလည်း ပေါ့ပေါ့ဆဆ မနေကြပါနဲ့နော်။ ဒီနေ့ကစပြီး ကျောရိုးကို ဂရုစိုက်တာ အကောင်းဆုံးပါပဲ။"
နှစ်ထပ် အုန်းနို့ကျောက်ကျော လုပ်နည်း
=======================
တယ်လီဖုန်းကျောက်ကျော 25 ဂရမ် ၁ထုပ်
သကြား 30သား
ရေသန့် 2လီတာ
ဆား လက်လက်စားဇွန်း 2ဇွန်း
ရယ်ဒီမိတ် အုန်းနို့ 400ml 1 ဗူး
အုန်းသီးကို အသုံးပြုမယ်ဆို 2 လုံးခန့် ခြစ်ပြီးခပ်ပျစ်ပျစ်လေး ညှစ်ထားလို့ရတဲ့ အုန်းနို့ဦးရည်ကို သုံးလို့ရပါတယ်။
ပထမဦးစွာကျိုမည့်အိုးထဲသို့ သကြား ရေသန့် ကျောက်ကျောမှူန့် ဆားတို့ ထည့်၍ မီဖိုပေါ်တင်ပြီး ဆူပွက်လာသည်ထိ ကျိုပါ။
3 မီနစ်ခန့် ဆူပွက်အောင်ထားပြီး အုန်းနို့ထည့်ပါ 5 မီနစ် ပွက်အောင်ထပ်ထားပြီး
မီးပိတ် ဗန်းထဲသို့လောင်းထည့်ပြီး 4 နာရီခန့်အအေးခံပါ။
မှတ်ချက် ကျောက်ကျော လောင်းထားသောဗန်းကို ရွှေ့ခြင်း မပြုရပါ ငြိမ်ငြိမ်လေးထားပေးပါ။
အုန်းနို့ကျောက်ကျောကို 2 ထပ် ဖြစ်အောင် လုပ်ချင်သူများအတွက် အဆင်ပြေကြပါစေရှင်။
မင်္ဂလာနံနက်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁၁-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းချက်များကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်...
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်
===========================
ဘင်္ဂလားပင်လယ်အော်အခြေအနေ
၁။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ အနောက်တောင် မုတ်သုံလေသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါသည်။
မိုးအခြေအနေနှင့် မိုးရွာရက်
၂။ မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
၃။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ၇ ရက်မှ ၁၀ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် ၃ ရက်မှ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
မြစ်ရေအခြေအနေ
၄။ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၁ ပေခွဲမှ ၃ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁ ပေမှ ၄ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
၅။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၁ ပေမှ ၃ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။
၆။ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၃ ပေခွဲခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ ၂ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ပေဝက်မှ ၁ ပေခွဲခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၁ ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့ နှင့် ပဲခူးမြို့တို့တွင် ၁ ပေမှ ၃ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၁ ပေခွဲခန့်၊ သောင်ရင်း မြစ်ရေသည် မြဝတီမြို့တွင် ၂ ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ပေဝက်ခန့်နှင့် ဘီးလင်းမြစ်ရေ သည် ဘီးလင်းမြို့တွင် ၁ ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တွင် ပေဝက်မှ ၁ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
"As ordered, the horses, elephants and troops were ready and waiting for my lord when the Mon troops arrived. Seeing that I did not engage in battle, the Mons did not think I was disobedient, but assumed I lacked of courage, so they mocked me. Unable to endure their mockery, I did not wait for my lord and fought the battle, winning it. Besides, this battle was only against the troops under me and enemy's command; it was not worth fighting with your hands, my lord. So, please do not feel bad"
Bayintnaung KyawHtinNawRahta