မလေးရှားစူပါလိဂ်ကလပ် တီရန်ဂါနူးထံ ကျော်မင်းဦး ပြောင်းရွှေ့

စက်တင်ဘာ ၃၀

မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကျော်မင်းဦးဟာ မလေးရှားစူပါလိဂ် ထိပ်တန်း ကလပ် အသင်းတစ်သင်းဖြစ်တဲ့ တီရန်ဂါနူးအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။

ကွင်းလယ်ခံစစ်နေရာအပြင် ဗဟိုနောက်ခံလူ အဖြစ်လည်း ကစားနိုင်တဲ့ ကျော်မင်းဦးဟာ မလေးရှားစူပါလိဂ် ကလပ် PDRM အသင်းကနေ တီရန်ဂါနူးအသင်းထံ ပြောင်းရွှေ့ပြီး ကစားမှာပါ။

ကျော်မင်းဦးဟာ PDRM အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပါဝင်ကစားခဲ့တဲ့ ၄၉ ပွဲမှာ ၂ ဂိုး သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

တီရန်ဂါနူးအသင်းက ကျော်မင်းဦး အသင်းထံ ရောက်ရှိလာတဲ့အတွက် ဝမ်းမြောက်ကြောင်း ကြေညာခဲ့ပြီး သူဟာ အသင်းရဲ့ ကွင်းလယ်နဲ့ခံစစ်ကို ပိုပြီးအားကောင်းအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ကျော်မင်းဦးကလည်း တီရန်ဂါနူးအသင်းနဲ့အတူ စိန်ခေါ်မှု အသစ်တွေ စတင်ဖို့ စိတ်လှုပ်ရှားနေပြီး အခုရာသီမှာ အသင်းသတ်မှတ်ထားတဲ့ ပစ်မှတ်တွေ အောင်မြင်အောင် ကူညီပေးမယ်လို့ ပြောခဲ့ကြောင်း အသင်းထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

တီရန်ဂါနူးအသင်းဟာ ဒီရာသီ မလေးရှား စူပါလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။

ကျော်မင်းဦးဟာ အောက်တိုဘာ ၃ ရက်မှာ ကစားမယ့် ကီလန်တန်အသင်းနဲ့ပွဲစဉ်မှာ တီရန်ဂါနူးအသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ဖွယ်ရှိနေပါတယ်။

ကျော်မင်းဦးဟာ ဒီပွဲပြီးရင် မြန်မာ့လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းပြီး ဆီးရီးယားအသင်းနဲ့ အာရှဖလားခြေစစ်ပွဲ ပါဝင်ကစားသွားမှာဖြစ်ပါတယ်။

Source: terengganufc

ပုံ - ကျော်မင်းဦးကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
36 w - Translate

ခွေးလေးတွေကို သင့်စကားနားထောင်စေမယ့် ၃ခု 👀
👉🏼 သင့်စကားနားထောင်တိုင်းသူတို့ကြိုက်တဲ့ မုန့်တစ်ခုခုကျွေးပါ။
👉🏼 သင့်စကားနားထောင်တိုင်း နူးညံ့ချိုသာစွာ ချီးမွမ်းပါ။
👉🏼 သင့်စကားနားထောင်တိုင်း နွေးထွေးညင်သာစွာ ပွေ့ဖက်ချော့မြူပါ။

image

မြေငလျင်သတင်း
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၁၀)မိနစ်၊ (၁၂) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၄၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ အရှေ့တောင်ဘက် (၁၄) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၁၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၉၅) ဒီဂရီ၊ အနက်(၆၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။

image

မြေငလျင်သတင်း
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၁၀)မိနစ်၊ (၁၂) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၄၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ အရှေ့တောင်ဘက် (၁၄) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၁၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၉၅) ဒီဂရီ၊ အနက်(၆၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။

image

စက်တင်ဘာ ၃၀ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

စက်တင်ဘာ ၃၀ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
36 w - Translate

စက်တင်ဘာ ၃၀ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#democracynowmm

image

မိုနာကိုနှင့်ပွဲကိုလည်း မန်စီးတီးကွင်းလယ်လူရိုဒရီ လွဲချော်လာဖွယ်ရှိ

စက်တင်ဘာ ၂၉

ပက်ဂွါဒီယိုလာက မန်စီးတီးစတားရိုဒရီမှာ ပြီးခဲ့တဲ့ရာသီတုန်းက ရရှိခဲ့တဲ့ ဒူးအရွတ်ဒဏ်ရာမှ နာကျင်လာမှုကြောင့် ဘန်လေအား ၅-၁ ဖြင့် အနိုင်ရတဲ့ပွဲကို လွဲချော်ခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

စပိန်လက်ရွေးစင်စတားဟာ မကြာသေးမီကမှ ကြံ့ခိုင်မှု ပြည့်ဝလာခဲ့သူ ဖြစ်ပြီး မိုနာကိုနှင့် ချန်ပီယံလိဂ်ပွဲအား လွဲချော်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။

ရိုဒရီဟာ စနေနေ့တုန်းက အီတီဟတ်ကွင်းတွင် ဘန်လေအား ၅-၁ ဖြင့် အနိုင်ရတဲ့ပွဲရဲ့ မန်စီးတီးလူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

ဂွါဒီယိုလာက "လေ့ကျင့်ရေးကွင်းမှာ ရိုဒရီက ကျွန်တော် မကစားတော့ဘူး၊ ဒူးအရမ်း နာတယ်၊ မကစားနိုင်ဘူး ဆိုပြီး ပြောလာတယ်။ အဲဒီတော့ ကျုပ်ကလည်း မကစားနိုင်ဘူးဆိုရင် မကစားရဘူး။ ဒီတော့ တခြားတစ်ယောက် ကစားမယ်။ အရင်ဒူးဒဏ်ရာက နာလာတာ"လို့ ပြောကြားသွားပါတယ်။

အလယ်တန်းကစားသမားဟာ ဒူးအရွတ်ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် အကောင်းဆုံးပုံစံ ရရှိရေး ရုန်းကန်လာခဲ့ရသူလည်း ဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ မိုနာကိုနှင့်ပွဲတွင် ရိုဒရီ မပါဝင်နိုင်ပါက နီကိုဂွန်ဇာလက်ဇ် (သို့မဟုတ်) ရီကိုလီဝစ်ကို ကွင်းလယ်မှာ အသုံးပြုလာဖို့ ရှိနေပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

ကိုးကန့်သူဌေးကြီး မြီရှောက်ချန်းရဲ့ သားနဲ့ မြေးအပါအဝင် ၁၁ ဦးကို တရုတ် သေဒဏ်အမိန့်ချ

စက်တင်ဘာ ၂၉

ကွယ်လွန်သူ ကိုးကန့်သူဌေးကြီး မြီရှောက်ချန်းရဲ့သား မြီကော်ဖျင်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်း စတဲ့ မြီမိသားစုအပါအဝင် လူ ၁၁ ဦးကို တရုတ်တရားရုံးတစ်ရုံးက ‌ဒီကနေ့ စက်တင်ဘာ ၂၉ ရက်မှာ သေဒဏ်အမိန့်ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက သတင်းဖော်ပြပါတယ်။

တရုတ်နိုင်ငံ၊ ဂျဲကျန့်ပြည်နယ်၊ ဝမ်ဂျိုပြည်သူ့တရားရုံးကနေ သေဒဏ်ချမှတ်လိုက်တာဖြစ်တာလို့ သတင်းက ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ ပြည်သူတွေအပေါ် အွန်လိုင်းငွေလိမ်လည်မှု(ကျားဖြန့်)နဲ့ တခြားရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာကြောင့် မြီရှောက်ချန်းရဲ့သား၊ သမီးနဲ့ မြေးတို့အပါအဝင် လူ ၄၀ နီးပါးကို တရုတ်ဘက်က ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ဖမ်းဆီးပြီး စွဲချက်တင်ခဲ့ပါတယ်။

မြီမိသားစုကိုတော့ လိမ်လည်မှု၊ နိုင်ငံတကာအဆင့်လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိလူထိခိုက်စေမှု၊ လူတွေကိုတရားမဝင်ဖမ်းချုပ်မှု၊ လောင်းကစားဝိုင်းထောင်မှု၊ မူးယစ်မှောင်ခိုကူးမှုတွေနဲ့ တရားစွဲဆိုပြီးတဲ့နောက် ၂ နှစ်နီးပါးအကြာမှာ အခုလို သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီတရားရုံးဟာ ဒီနေ့တစ်နေ့တည်းမှာပဲ တရားခံ ၅ ဦး ကို သေဒဏ် ၂ နှစ် ဆိုင်းငံ့နဲ့ သေဒဏ်ချမှတ်ခံရပါတယ်။

အမှုတွဲ တရားခံ ၂၃ ဦးကိုတော့ အနည်းဆုံး ထောင်ဒဏ် ၅ နှစ်ကနေ အများဆုံးထောင်တစ်သက်အထိ တရားရုံးက ချမှတ်ပါတယ်။

ကိုးကန့်ဒေသရဲ့ အချမ်းသာဆုံးမိသားစု လေးခုထဲက မြီ မိသားစုဝင်တွေဖြစ်တဲ့ မြီရှောက်ချန်းရဲ့သား မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျူးလန့်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်းတို့ကို တရုတ်က ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလမှာ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

အဲဒီနောက် ကိုးကန့်ဒေသမှာ မြန်မာ့တပ်မတော်နဲ့ တရုတ်ရဲတပ်ဖွဲ့က ပူးပေါင်းပြုလုပ်တဲ့စီးနင်းမှုတွေအတွင်း သူတို့ကို နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းမှာဖမ်းမိခဲ့ပြီး အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ သူတို့ကို မြန်မာစစ်ကောင်စီက တရုတ်နိုင်ငံဘက်ခြမ်းကို နယ်စပ်က ရန်လုံကျိုင်းဂိတ်ကနေ လွှဲခဲ့ပါတယ်။

အခုတော့ ဝမ်ဂျိုတရားရုံးမှာ စွဲချက်တင်ခံရတဲ့ မြီမိသားစုဝင်အချို့ကို သေဒဏ်အမိန့်ချမှတ်မှု ထွက်ပေါ်လာတာပါ။

မိသားစုလိုက်စီမံပြီး ၂၀၁၅ ခုနှစ်ကစလို့ ဂိုဏ်းအသွင် လုပ်ဆောင်ချက်တွေမှာ လူ ၁၄ ဦးသေဆုံးခဲ့တာအတွက် တာဝန်ရှိတယ်ဆိုပြီး တရားရုံးက ဒဒီလူတွေကိုပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့တာဖြစ်ပါတယ်။

Credit - BBC Burmese

#သတင်းဟင်းလေးအိုးကြီး

image

❝မြန်မာ့ရွေးကောက်ပွဲကို ပူးပေါင်းကာကွယ်သွားမယ်လို့ ကရင်လက်နက်ကိုင် ၃ ဖွဲ့ ထုတ်ပြန်❞

စက်တင်ဘာ ၂၉

လာမယ့် ဒီဇင်ဘာလမှာ စတင်ကျင်းပမယ့်‌ မြန်မာ့ အထွေထွေရွေးကောက်ပွဲကို ပူးပေါင်းကာကွယ်သွားမယ်လို့ ကရင်လက်နက်ကိုင် (၃)ဖွဲ့ဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ်(BGF/ KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)နဲ့ KNU ခွဲထွက် ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA-PC) တို့က ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ကရင်လက်နက်ကိုင် (၃) ဖွဲ့တို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ စက်တင်ဘာ ၂၈ ရက်နေ့က မြဝတီမြို့နယ်၊ သေ့ကတေကျေးရွာမှာရှိတဲ့ BGF အမှတ် ၂ တပ်နယ်ဌာနချုပ်မှာ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီးနောက် ယခုလို ထုတ်ပြန်လာခဲ့တာဖြစ်ပြီး ကရင်ဒေသခံ လူထုတွေရဲ့ ဆန္ဒအရ မဲပေးတဲ့နေရာမှာ ထိခိုက်နစ်နာမှုမရှိဖို့အတွက် အဖွဲ့စုံ ပူးပေါင်းပြီး ကာကွယ်သွားမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ကရင်ပြည်နယ်ထဲက စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေအပါအဝင် နိုင်ငံတွင်းက ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်ပြီး ကရင်လူထုကို အေးချမ်းတည်ငြိမ်အောင် ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါဆွေးနွေးပွဲကို BGF ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးချုပ် စောတင်ဝင်း၊ ဗိုလ်မှူးချုပ် စောမုတ်သုန်၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၊ ဗိုလ်ချုပ်စောဆန်းအောင် စတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအပြင် တပ်မတော်အရာရှိအချို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image