36 ပတ် - ဘာသာပြန်ပါ။

ကန်ချနဘူရီပြည်နယ် မြန်မာအလုပ်သမား ၂၈ ဦးလိုက်ပါလာသည့်ကား လမ်းဘေးကျပြီး ဖမ်းခံရ
စက်တင်ဘာ - ၂၉
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူ မြန်မာအလုပ်သမား ၂၈ ဦးလိုက်ပါလာတဲ့ ကားတစ်စီး စစ်ဆေးရေးဂိတ်ကို အရှိန်ပြင်းစွာဖြတ်သန်းပြီးနောက် လမ်းဘေးမြောင်းထဲ ထိုးကျကာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၁ နာရီကျော်အချိန်က မြန်မာအလုပ် သမား ၂၈ ဦးပြည့်ကြပ်စွာ လိုက်ပါလာတဲ့ကားမှာ ကန်ချနဘူရီပြည်နယ် ထောင်းဖာဖုမ်မြို့နယ် လမ်းဆုံ စစ်ဆေးရေးဂိတ်တစ်ခုတွင် ရပ်တန့်ခိုင်းသော်လည်း မောင်ပြေးခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးရာ မောင်းပြေးတဲ့ကားမှာ အခြားကားတစ်စီးနဲ့ တိုက်မိပြီး လမ်းဘေး ရေမြောင်းထဲသို့ ထိုးကျသွားခဲ့ပြီး ယာဉ်မောင်းကတော့ ထွက်ပြေးသွားခဲ့ပါတယ်။
ကားအတွင်းတွင် အထောက်အထားစာရွက်စာတမ်းမပါရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၉ ဦးနှင့် အမျိုး သမီး ၉ ဦး စုစုပေါင်း ၂၈ ဦးလုံးကို ဖမ်းဆီးခံခဲ့ရပါတယ်။
ကားပေါ်တွင် လိုက်ပါလာကြတဲ့ မြန်မာနိုင်ငံသားများ ပြင်းထန်စွာ ဒဏ်ရာရခြင်း မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။
မြန်မာနိုင်ငံသားများသည် စံခလဘူရီမှနယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြပြီး ဘန်ကောက် စမွတ်စာခွန် စမွတ်ဆွန်ခရမ် နဲ့ ချာချိုင်းဆောင်တို့တွင် အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစားတွေနဲ့ချိတ်ဆက်ပြီး ထွက်ခွာ လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကြား ပေးချေခဲ့ရပြီး မြန်မာ အလုပ်သမား ၂၈ ဦးကို ဥပဒေ အရအရေးယူရန် ထောင်းဖာဖုမ် ရဲစခန်းသို့ ပို့ဆောင်ထားတယ်လို့ ထိုင်းသတင်းက ဖော်ပြထားပါတယ်။

image
36 ပတ် - ဘာသာပြန်ပါ။

၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ
၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။
၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ
၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။
၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။
၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။
၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။
၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါ
ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖိုဆိုတာ မလုံလောက်သေးဘူး။
၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။
၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချိုက သင်အောင်မြင်တာကို အသိအမှတ်ပြုဖို မေ့နေကြပြီး သင်ကျရှုးတဲ့အချိန် လက်ညိုးထိုးဖို စောင့်ကြည့်နေကြလိမ့်မယ်
၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်
၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်နိုင်ဖို ကြိုးစားလိုက်ပါ။
၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။
၁၄။ အားနာရင် ခါးပါတတ်တယ်။
မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။
၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့ မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်။
၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။
၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစုံတခုပြန်ရဖို မမျှော်လင့်ပါနဲ့။
၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။
၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။
၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။
၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။
၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။
၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖိုအတွက်ဖြစ်သလို ပေးကမ်းတတ်ဖိုလည်း လိုပါတယ်။
၂၄။ ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။
၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ။
၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ။
၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။
၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ။
၂၉။ အချိန်မီကျေးဇူးတင်စကားပြောဖို မမေ့သင့်သလို တောင်းပန်စကားပြောဖိုလည်း ဝန်မလေးမိပါစေနဲ့။
၃၀။ လူအချိုက ဝေဖန်လာရင် လက်ခံနိုင်ဖို ကြိုးစားပါ။
အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။
#မေတ္တာဖြင့်
#မူရင်းရေးသားသူအားလေးစားစွာဖြင့်

Other -တရုတ်စာသင်နေပြီဆိုတော့ တရုတ်လိုပြောတာကျွမ်းနေပြီပေါ့ Me -

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၉-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

image

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၉-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

image

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၉-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

imageimage
36 ပတ် - ဘာသာပြန်ပါ။

နင် ဘာ Sign လဲ - အရိုင်းအSign 😒

image
36 ပတ် - ဘာသာပြန်ပါ။

ကွန်ပျူတာမှာ Password ဘယ်လိုထားသင့်ပြီး ဘယ်လို ထည့်ရမလဲ?🤔
Password ဆိုတာ သင့်အချက်အလက်တွေအတွက် သော့တံခါးပါ။ ကောင်းကောင်း secure ဖြစ်အောင် စာလုံး (ကြီး/သေး)၊ နံပါတ်၊ အထူးသင်္ကေတ တွေ ပေါင်းပြီး ခက်ခဲတဲ့ ရှည်ရှည် password သတ်မှတ်ထားပါ။ (2FA) ရနိုင်ရင် အသုံးပြုပါ။
🔐 Password ဖန်တီးခြင်း
အနည်းဆုံး 8–12 လုံး (ပိုရှည်ရင်ပိုကောင်း)
အကြီးအမိန့် စာလုံး (A–Z) + အသေးစာလုံး (a–z) + နံပါတ် (0–9) + အထူးသင်္ကေတ (@, #, $, !, %) ပေါင်းပါ။
မိမိအမည်၊ မွေးသက္ကရာဇ်၊ 123456 စတဲ့ လွယ်ကူတဲ့ pattern မသုံးပါနဲ့။
အကောင့်တစ်ခုချင်းစီ အတွက် unique password သတ်မှတ်ပါ။
Password manager (Bitwarden / 1Password / LastPass) သုံးပါ (ရေတွက်ထားရတာလွယ်)။
အရေးကြီးဆုံး အကောင့်တွေ (email, banking) အတွက် 2FA ဖွင့်ပါ။
🛠️ Windows 10 / 11 — Password ထည့်နည်း (Local account / Microsoft account)
A. Microsoft Account အသုံးပြုထားသူ (Windows 10/11)
Start → Settings (⚙️) → Accounts.
Your info ထဲမှာ သင့်အကောင့်ပြထားမယ်။
ဘယ်ဘက်က Sign-in options ကို နှိပ်ပါ။
Password နဲ့ Change သို့မဟုတ် Add (သင့်မှာ password မရှိသေးလျှင်) ကို နှိပ်။
လက်ရှိ password ထည့်ပြီး (လိုအပ်ပါက) အသစ် password နှင့် confirm ထည့်ပါ → Finish။
B. Local Account အသုံးပြုသူ
Start → Settings → Accounts → Sign-in options.
Password အောက်မှာ Add (မရှိသေးရင်) သို့မဟုတ် Change ကိုနှိပ်။
မေးထားသလို လက်ရှိ password (ရှိရင်) → အသစ် password နှင့် confirm ထည့်ပြီး Next/Finish။
အကောင်းဆုံးအကြံပြုချက်: PIN (Windows Hello) သို့မဟုတ် fingerprint/face unlock ရနိုင်ရင် သင့်စက်အတွက် ပိုမိုလုံခြုံစေပါတယ်။
🖥️ macOS (Monterey / Ventura နောက်ပိုင်း) — Password ထည့်နည်း
Apple မီနူး () → System Settings (သို့) System Preferences → Users & Groups.
ဘေးဘက် list ထဲမှ သင့် user account ကို ရွေးပါ။
Change Password… ကို နှိပ်ပါ။
လက်ရှိ password ထည့်ပြီး (ရှိရင်) → အသစ် password နှင့် verify → Change Password ကို နှိပ်ပါ။
(အကောင်းဆုံး) System Settings → Apple ID → Password & Security မှာ 2FA ကို ဖွင့်ထားပါ။
🐧 Ubuntu (GNOME) / Linux — Password ပြောင်းထည့်နည်း
A. GUI (Settings)
Settings → Users.
သင့် user ကို ရွေးပြီး Unlock (root password/administrative password ထည့်)။
Password ကွက်လပ်မှာ Set Password သို့မဟုတ် Change ကို နှိပ်။ အသစ် password နှင့် confirm ထည့်ပြီး save။
B. Terminal အသုံးပြုလျင်
Terminal ဖွင့် → passwd ဟုပြီး Enter.
လက်ရှိ password ထည့် → အသစ် password နှင့် confirm ထည့်ပါ။ (သင့် system မှာ sudo passwd username လိုချင်ရင် username ဖြည့်စွက်ပါ)။
🔁 အခြားအကြံပြုချက်လေးများ
Password Recovery/Reset လမ်းများကို အတိအကျ သိထားပါ (recovery email, phone).
ဖေ့စ်ဘွတ် / အီးမာလ် ကဲ့သို့ အရေးကြီးအကောင့်များကို Unique, long password + 2FA ဖြင့် ကာကွယ်ပါ။
ကြိုးစားပြီး Password ကို ဘာသာရေးထားမဘဲ passphrase (၂–၄ စကားပါ) အသုံးချပါ — BlueCoffee_Road_73! အမျိုး။

image
36 ပတ် - ဘာသာပြန်ပါ။

🌸ဒူးရင်းသီးပင် စနစ်တကျ စိုက်ပျိုးနည်း…
ဒူးရင်းပင်ကို စနစ်တကျစိုက်ပျိုးနိုင်မယ့် အဆင့်ဆင့်နည်းလမ်းများကို အောက်တွင်ဖော်ပြထားပါသည်။
စိုက်ပျိုးရန်အတွက် သင့်တော်သော မြေအမျိုးအစား၊ ရာသီဥတုနှင့် မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်းသည် အရေးကြီးသော အချက်များဖြစ်ပါသည်။
🌸စိုက်ပျိုးရန်အခြေခံ အချက်များ
ဒူးရင်းပင်ကို အောင်မြင်စွာစိုက်ပျိုးနိုင်ရန်အတွက် အောက်ပါအခြေအနေများ လိုက်ဖက်ညီသင့်ပါသည်။
· သင့်တော်သောဒေသ: မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း နှင့် ကရင်ပြည်နယ်တို့သည် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတွင်လည်း စိုက်ပျိုးနိုင်ပါသည်။
· ရာသီဥတု: ပူအိုက်စိုစွတ်သော ရာသီဥတုကို နှစ်သက်ပြီး ပျမ်းမျှအပူချိန် ၂၄-၃၀ ဒီဂရီ စင်တီဂရိတ်နှင့် မိုးရေချိန် ၇၅ လက်မအထက်ရှိသော ဒေသများတွင် ကောင်းစွာဖြစ်ထွန်းသည်။
· မြေအမျိုးအစား: ရေစီးရေစိမ့်ကောင်းမွန်ပြီး မြေဆီလွှာထူသော သဲနုန်းမြေ (သို့) နုန်းမြေသည် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။ မြေအချဉ်အငံဓာတ် (pH) ၆.၅ ခန့်ရှိသင့်သည်။
· မျိုးရွေးချယ်ခြင်း: အသီးထွက်ကောင်းခြင်း၊ အသားထူအရသာကောင်းခြင်း စသည့် အရည်အသွေးများပေါ်မူတည်၍ မျိုးရွေးချယ်သင့်သည်။ ကန်ကလေး (၁)၊ ကန်ကလေး (၂) နှင့် မိချောင်းခေါင်း စသည့် မျိုးများကို အသုံးပြုကြသည်။
🌸စိုက်ပျိုးခြင်း အဆင့်ဆင့်
ဒူးရင်းပင်ကို စနစ်တကျစိုက်ပျိုးရန် အဓိကအဆင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။
1. မျိုးပွားခြင်း: အစေ့မှတိုက်ရိုက်စိုက်ခြင်းထက် ကိုင်းဆက် (ကိုင်းကူး) နည်းဖြင့် မျိုးပွားခြင်းက ပိုမိုကောင်းမွန်သည်။ ဤနည်းဖြင့် မိခင်�ပင်၏ ကောင်းမွန်သောလက္ခဏာများ (အသီးအရည်အသွေး၊ ရောဂါခံနိုင်ရည်) ကို သေချာစွာရရှိနိုင်သည်။
2. ပျိုးထောင်ခြင်းနှင့် စိုက်ပျိုးချိန်: ကျန်းမာသန်စွမ်းသော ၁-၂ နှစ်သား ကိုင်းဆက်ပျိုးပင်များကို ရွေးချယ်ပါ။ မိုးဦးကျ (မေလ၊ ဇွန်လ) သည် စိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်သည်။
3. စိုက်ကျင်းပြင်ဆင်ခြင်း: ၃ ပေ x ၃ ပေ x ၃ ပေ အရွယ်အစားရှိ စိုက်ကျင်းကို တူးပါ။ ကျင်းအတွင်းသို့ နွားချေး (သို့) ကြက်ချေးဆွေး၊ မြေဩဇာနှင့် မြေအောင်းပိုးသတ်ဆေးတို့ကို အပေါ်ယံမြေနှင့် ရောမွှေ၍ ထည့်သွင်းကာ တစ်လခန့် ကြိုတင်နှပ်ထားသင့်သည်။
4. စိုက်ကွက်အကွာအဝေး: အပင်ကြီးထွားမှုအတွက် လုံလောက်သောနေရာချန်ထားရန် အရေးကြီးသည်။ ပင်ကြား၊ တန်းကြားကို ၂၀ ပေမှ ၃၀ ပေအထိ ခြားနားစိုက်ပျိုးနိုင်ပြီး တစ်ဧကလျှင် အပင် ၄၈ ပင် မှ ၁၀၈ ပင် အထိ ဝင်ဆန့်နိုင်သည်။
🌸ပြုစုဂရုစိုက်ခြင်း
စိုက်ပျိုးပြီးနောက် အပင်ကောင်းစွာကြီးထွားအသီးတင်နိုင်ရန် အောက်ပါအချက်များကို ဂရုစိုက်ရန် လိုအပ်ပါသည်။
· ရေပေးခြင်း: အပင်ငယ်စဉ်နှင့် အသီးသီးချိန်တွင် မြေအစိုဓာတ် လုံလောက်စွာရရှိရန် ရေမှန်မှန်ပေးသွင်းရပါမည်။
· မြေဩဇာကျွေးခြင်း: NPK ဓာတ်မြေဩဇာကို အချိုးကျကျွေးသင့်သည်။
· နိုက်ထရိုဂျင် (N): အရွက်နှင့် အညွန့်များ ကြီးထွားရန်။
· ဖော့စဖရပ် (P): အမြစ်နှင့် အပွင့်၊ အသီးဖြစ်ထွန်းရန်။
· ပိုတက်ဆီယမ် (K): အပင်တစ်ခုလုံး အာဟာရပို့ဆောင်ရေးနှင့် ရောဂါဒဏ်ခံနိုင်ရည်ရှိရန်။
· အရိပ်ပေးခြင်း: အပင်ငယ်များသည် နေပူဒဏ်ကို မခံနိုင်သေးသဖြင့် နွေရာသီတွင် အရိပ်ပြုလုပ်ပေးရန် လိုအပ်သည်။ ဒူးရင်းပင်ဘေးတွင် ငှက်ပျောပင် စိုက်ပျိုးပေးခြင်းဖြင့် အရိပ်ရစေပြီး ကြားဝင်အကျိုးအမြတ်ပါ ရရှိနိုင်သည်။
· အသီးချွေခြင်း: အသီးများ ပြွတ်သိပ်မသီးစေရန် နှင့် ကျန်အသီးများ ကြီးထွားကောင်းမွန်စေရန် အသီးငယ်များကို ချွေတာပေးရပါမည်။ တစ်ခိုင်လျှင် ၂-၃ လုံးသာ ချန်ထားကာ ကျန်အသီးငယ်များကို ချွေပေးသင့်သည်။
🌸အကောင်းဆုံးအသီးထွက်ရှိစေရန် အကြံပြုချက်
ဒူးရင်းပင်သည် စိုက်ပျိုးရန် အနည်းငယ်ဂရုစိုက်ရသော်လည်း စနစ်တကျစိုက်ပျိုးပါက ကောင်းမွန်သော ရလဒ်ကို ရရှိနိုင်ပါသည်။ အထူးသဖြင့် မျိုးစေ့မှတိုက်ရိုက်စိုက်ခြင်းထက် ကိုင်းဆက်ပျိုးပင်များကို ရွေးချယ်စိုက်ပျိုးခြင်းက ပိုမိုကောင်းမွန်သော အသီးအောင််မြင်မှုကို ရရှိစေနိုင်သည်။

image
36 ပတ် - ဘာသာပြန်ပါ။

အောက်တိုဘာ (၁) ရက်တွင် ဘဏ်များပိ-တ်မည်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက် (ဗုဒ္ဓဟူးနေ့) တွင် ဘဏ်များအားလုံးပိတ်မည်ဖြစ်ကြောင်း ဘဏ်အသီးသီးကအသိပေးကြေညာထားသည်။
ထိုနေ့သည် လွှဲပြောင်းနိုင်သော စာချုပ်၊ စာတမ်းအက်ဥပဒေအရ ဘဏ်ပိတ်ရက်ဖြစ်သဖြင့် ပိတ်ထားမည်ဖြစ်ကြော င်း သိရသည်။
သို့သော် 𝐌𝐨𝐛𝐢𝐥𝐞 𝐁𝐚𝐧𝐤𝐢𝐧𝐠, 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 𝐁𝐚𝐧𝐤𝐢𝐧𝐠 နှင့် 𝐂𝐚𝐫𝐝 ဝန်ဆောင်မှုများကို ပုံမှန်အတိုင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း ထို့ပြင် ဘဏ်ဝန်ဆောင်မှုများကို အောက်တိုဘာလ (၂) ရက်တွင် ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။