38 w - Translate

🩵Blue Topaz🩵
Sky blue
-မိုးပြာရည် သန့်သန့်လေးပါနော်

Credit to owner

image
38 w - Translate

"ချစ်သူလွှမ်းပိုင်ကို ကိတ်ခွံ့ကျွေးနေတဲ့ နန်းဆုရတီစိုး"
Photo. Credit

image
38 w - Translate

မင်္ဂလာပါရှင်
ဒီနေ့ ဆရာမမိုးမိုး(အင်းလျား)ရဲ့ ဘယ်သူလာကူပါ့မယ် ဆိုတဲ့စာအုပ်လေးကို sharing လုပ်ပေးချင်ပါတယ်ရှင်။
ဒီစာအုပ်လေးမှာတော့ အသက်ငယ်ငယ်နဲ့ မိသားစုတာဝန်ကိုထမ်းပိုးခဲ့တဲ့ မိန်းကလေး တစ်ယောက်အကြောင်းကို ပုံဖော်ရေးသားထားတာဖြစ်ပါတယ်။
“အိုဆရာရယ်၊ နွယ်မှောင်ခိုလုပ်တာ နွယ်ကောင်းစားဖို့မဟုတ်ပါဘူး၊ နွယ်လုပ်လဲမလုပ်ချင်ပါဘူး၊ သူတို့အတွက်လုပ်ရတာပါ၊ မိဆွေလေ နွယ့် ညီမပေါ့ သူကျောင်းဆက်တက်ချင်တယ်ဆိုတာ တက်ချင်တက်ပါဆိုပြီး၊ ပြီးတော့ဖေဖေကနေကောင်းတာမဟုတ်ဘူး၊ မေမေဆုံးတာကြာပြီဆရာ၊ အငယ်ဆုံးကောင်မလေးကိုးနှစ်သမီးကပေါ့”
ဘယ်သူလာကူပါ့မယ်
နွယ်တို့မိသားစုဟာ သိပ်ပြီးအဆင်ပြေလှရယ်တော့မဟုတ်ခဲ့ပါ။ နွယ့်ဖခင်ကရိုးသားတဲ့ရဲအရာရှိတစ်ယောက်၊ ဖခင်ရဲ့လစာကလေးရယ် နွယ့်မိခင်ရဲ့ခြစ်ကုပ်စုဆောင်းမှုနှင့် တစ်ဖက်တစ်လမ်းကဝင်ငွေကြောင့်သာ နွယ်တို့ပူပန်မှုမရှိနေနိုင်ခဲ့ကြတယ်။ နွယ်ဟာမိသားစုရဲ့သမီးကြီးတစ်ယောက်ဖြစ်ကာ ညီအစ်မလေးယောက်အနက် အစ်မကြီးတစ်ယောက် ဖြစ်တယ်။ သားသမီးများကို ပညာတတ်ကြီးဖြစ်စေချင်သောမိဘများမှာ သမီးကြီးနွယ့်ကို ရန်ကုန်၌ ပညာသင်စေခဲ့တယ်။ နွယ်သည် ပညာကိုကြိုးစားသင်ယူရင်းနှင့်ပင် လူငယ်တို့သဘာဝအရ အချစ်ကိုရှာတွေ့ခဲ့လေတယ်။ ထိုချိန်ထိမိသားစုနှင့် ချစ်ရသူမောင်ရှိသော သူမရဲ့ဘဝလေးဟာ အေးချမ်းသာယာခဲ့လေတယ်။
မိခင်ဖြစ်သူရုတ်တရက်ဆုံးပါးသွားသောအခါ၌ သူမရဲ့ဘဝကား တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တယ်။ အစ်မကြီးအမိရာဆိုတဲ့စကားတိုင်း သူ့ရည်မှန်းချက်ဖြစ်တဲ့ တက္ကသိုလ်ဆက်တက်မည့်အရေးကို စွန့်လွှတ်ကာ အရွယ်နှင့်မလိုက်အောင် မိသားစုတာဝန်ကို ထမ်းပိုးခဲ့တယ်။ ညီမငယ်များ စာ၌စိတ်မဝင်စားပဲ အတုယူမမှားရလေအောင် သူမအချစ်ကိုလည်း စွန့်လွှတ်ခဲ့ပြန်ပါတယ်။ ဒီလိုနဲ့နွယ်ဟာ ဖခင်ရဲ့လစာ‌လေးနှင့်မလောက်ငှလို့ တစ်ဖက် တစ်လမ်းကဝင်ငွေရအောင် မိခင်ချန်ထားခဲ့တဲ့ငွေတိုငွေစကလေးနဲ့ မှောင်ခိုလုပ်ကာ စီးပွားရှာပါတော့တယ်။ အစမှာကြောက်ကြောက်နှင့်လုပ်ရရှာသော်လည်း နောက်ပိုင်း မိသားစုစားဝတ်နေရေးနှင့် ညီမငယ်များ၏ပညာရေးအတွက် ဒီအလုပ်တွင်းထဲကို နက်သထက်နက်လာခဲ့ပါတော့တယ်။ မိသားစုအတွက်ရုန်းကန်နေရင်းနှင့်ပင် ကိုယ်ကိုယ်တိုင်အတွက်မေ့လျှော့ကာ ဘဝမှာပျော်စရာရယ်လို့မရှိခဲ့ရဘူး။ မိသားစုနှင့် စားဝတ်နေရေးအတွက်ပူပန်နေရင်းမှပင် သူမရဲ့စိတ်ဟာပင်ပန်းလာခဲ့တော့တယ်။အဲဒီလိုနဲ့ မိသားစုအတွက်ကြိုးစားရုန်းကန်‌နေရှာတဲ့သူမရဲ့ဘဝလေးကဘယ်လိုဆက်ဖြစ်မလဲ။ မိသားစုအတွက် ဘယ်လောက်တောင်ကြိုးစားရုန်းကန်ခဲ့ရလဲ။ သူမရဲ့အလုပ်က ဘယ်လောက်ထိအခက်အခဲတွေရှိလဲဆိုတာကို ရင်တမောမောနှင့် စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာဖြစ်ပါတယ်။
ဒီစာအုပ်လေးထဲမှာ မိသားစုအတွက်အကြီးတစ်ယောက်ရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ဘယ်လိုအခက် အခဲဒုက္ခပင်တွေ့ပါစေ ကိုယ့်အားကိုယ်ကိုးကာ အားမလျှော့ပဲ မိသားစုတာဝန်ကိုထမ်းရွက်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခွန်အား၊ ညီမငယ်များအပေါ် ‌မိဘတစ်ယောက်သဖွယ်စောင့်ရှောက်နိုင်တဲ့ အစ်မတစ်ယောက်ရဲ့မေတ္တာ တွေကိုကွက်ကွက် ကွင်းကွင်းတွေ့ရှိရမှာဖြစ်ပါတယ်။ နောက်ပြီး ကိုယ်မမြင်ဖူးတဲ့ ထိုခေတ်အခါကစနစ်၊ စီးပွားရေးအခြေ အနေ၊ စားဝတ်နေရေးအတွက် ဘယ်လိုလုပ်ကိုင်စားသောက်ကြလဲဆိုတာကိုသိရှိရမှာဖြစ်ပါတယ်။
ဒီစာအုပ်လေးက ဆယ်ကျော်သက်မိန်းကလေးတွေအတွက် စိတ်ခွန်အားရနိုင်မယ့် စာအုပ်လေးဖြစ်သလို၊ မိသားစုတာဝန်နှင့်ကိုယ်ပိုင်ဘဝကြား ရုန်းကန်နေကြသူတွေ အတွက်စဉ်းစားစရာများပေးနိုင်တဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်တာမလို့ ဖတ်ကြည့်ကြပါလို့ အကြံပြုချင်ပါတယ်ရှင်။
Rating _ 4.5/5
ကိုယ်ပိုင်အမြင်အရ ဇာတ်သိမ်းကိုသိပ်မကျေနပ်ပါဘူး။ နွယ့်ကို ပိုကောင်းတဲ့ ဘဝလေးကိုရစေချင်မိတယ်။ နောက်ပြီးမိသားစုဆိုတာ ဘယ်တော့မှမပြတ်နိုင်တဲ့ကြိုးတစ်ချောင်းလိုပါပဲ၊ ဒါပေမယ့် ဒီကြိုးကို ကိုယ့်လည်ပင်းမှာပတ်ထားရင်းနဲ့ပဲ ကိုယ်ကိုယ်တိုင်ကိုတော့ မစွန့်လွှတ်သင့်ဘူးဆိုတာကို နားလည်စေတယ်။
စာအုပ်ဖတ်ပြီးရခဲ့တဲ့ခံစားချက်ကိုရေးခြင်းဖြစ်လို့အမှားပါရင်နားလည်ခွင့်လွှတ်ပေးကြပါ၊ထောက်ပြပေးကြပါရှင်။
Review By Helena

image
38 w - Translate

Fall beauty bag picks.🤎
#fblifestyle

image

သက်သတ်လွတ် ငံပြာရည်ချက်
--------------------------------------
ဒါလေးကတော့ ငါးပိ၊ ငံပြာရည်မပါရင် ထမင်းမမြိန်တတ်တဲ့သူတွေအတွတ် အတော်လေးအဆင်ပြေစေတဲ့ သက်သတ် လွတ်အရံဟင်းတစ်မည်ပါရှင်။

ပါဝင်ပစ္စည်းများ
သကြား - စားပွဲဇွန်း ၂ ဇွန်း
ဆား - စားပွဲဇွန်း ၁ ဇွန်း
ဆီ - ၂ ကျပ်ခွဲသား
ငရုတ်ခွဲခြမ်း - စားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်နီကြော် - အကြမ်းပန်းကန် ၁ လုံးခွဲ
ကြက်သွန်ဖြူ - ၂ ဥ
နနွင်း - အနည်းငယ်
အရသာမှုန့် - အနည်းငယ်

ချက်နည်း
အရင်ဆုံး ဆားကို ပြာလာသည်အထိ လှော်ပြီး ဆယ်ထားပါ။ ဒယ်အိုးပူထဲ သကြားထည့်ပြီး လှော်ပါ။သကြားတွေ အရည်ပျော်ပြီး ညိုလာလျှင် လှော်ထား
သော ဆားပြန်ထည့်ပါ။ ရေနွေးအကြမ်း ပန်းကန် ၃ လုံးခန့် ထည့်ပြီး ပွက်ပွက် ဆူလာလျှင် မီးဖိုပေါ်မှ ချထားပါ။ ငံပြာရည်ရပါပြီ။ ကြက်သွန်ဖြူကို ထောင်းပြီး နနွင်းအနည်းငယ်နှင့်အတူ ဆီသတ်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် ငရုတ်ခွဲ ခြမ်း ထည့်ပါ။ ကျိုထားသော ငံပြာရည်ထည့်ပါ။ ကြက်သွန်နီကြော်များ ခြေထည့်ပါ။ အရသာမှုန့်အနည်းငယ်ထည့်ပါ။ မပျစ်မကျဲ အနေထားရရင် ရပါပြီ။
---------------------------

Credit

image

image
38 w - Translate

သနပ်ခါးပန်း💛💛💛💛💛💛💛💛

image
38 w - Translate

သနပ်ခါးပန်း💛💛💛💛💛💛💛💛

image
38 w - Translate

သနပ်ခါးပန်း💛💛💛💛💛💛💛💛

image
38 w - Translate

သနပ်ခါးပန်း💛💛💛💛💛💛💛💛

image
image
image