Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒဂုံမြိုသစ် (တောင်ပိုင်း) တွင် သင်္ကန်းဝတ်ပြီး မိသားစုနှင့် အတူနေကာ အလှူခံနေသူ နှစ်ဦးအား ဖမ်းဆီး
စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒသကြီး၊ ဒဂုံမြိုသစ် (တောင်ပိုင်း) တွင် သင်္ကန်းဝတ်ပြီး မိသားစုနှင့် အတူနေသူကာ အလှူခံနေသူ နှစ်ဦး အား ဖမ်းဆီး အမှုဖွင့်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ၏ထုတ်ပြန်ချက်များအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၂၂) ရက်၊ နံနက်ပိုင်းက ယင်းမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဌ နှင့် သံဃာတော်များ၊ အရပ်ဘက် တာဝန်ရှိသူများက အမှတ်( ၁၀၆ ) ရပ်ကွက်အတွင်း၌ သံဃာ့နာယက၏ သာသနာဝင်အမှတ်မရှိဘဲ သင်္ကန်းဝတ်ဆင်၍ လူနေအိမ်တွင် မိသားစုများနှင့်အတူနေထိုင်လျက်ရှိကြောင်းသတင်းအရ သွားရောက် ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးရာ သဟာရလမ်း ရှိ နေအိမ်တွင် အသက် (၆၇) နှစ်အရွယ်ရှိသော ဦးကံမြင့်ဆွေနှင့် ယင်းနေ့ နံနက် (၇) နာရီ (၄၀)မိနစ်ခန့်တွင်လည်း မြဝတ်ရည်လမ်းသွယ်တွင်နေထိုင်သော အသက် (၅၅)နှစ်အရွယ်ရှိ ဦးကျော်ကျော် တို့နှစ်ဦးအား သင်္ကန်းဝတ်နှင့် နေအိမ်တွင် မိသားစုနှင့်အတူနေထိုင်ပြီး အလှူခံစားသောက်နေသည်ကိုတွေ့ရသဖြင့် စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းမိသူ (၂) ဦးအား သက်ဆိုင်ရာမြို့မရဲစခန်းတွင် သာသနာတော်ညှိုးနွမ်းအောင်ပြုလုပ်ခဲ့သောကြောင့် ဖမ်းဆီးအရေးယူထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Credit - NP News Agency
#သတင်းဟင်းလေးအိုးကြီး
ပွေး၊ ဝဲ၊ ယားနာ၊ အင်ပြင်နှင့် ခရုသင်း တို့ဖြစ်လျှင်ကုသနိုင်သော ဆေးဖက်ဝင် အင်ပင်
မြန်မာနိုင်ငံ အနှံ့အပြားတွင်သဘာဝအလျောက်ပေါက်ရောက်သည်။
အထူးသဖြင့်အင်တိုင်းကုန်းမြေ သဲကြမ်းမြေများတွင် အုပ်စုဖွဲ့၍ပေါက်တတ်သည်။
အပင်ကြီးမျိုးဖြစ်ပြီး အခေါက်သည်အညိုရောင်ဖြစ်၍အပွေးထူကာ အက်ကြောင်းများပါရှိ၏။
အသီးမှ ငါးမြှောင့်ရှိ၍အဖျားသည်ရှည်လျက် ပါးလွှာကာအတောင့် နှစ်ခုရှိ၏။အရွက်၏အလျားသည် ၁ ပေခွဲမျှရှိပြီး အနံသည် ၁၀လက်မကျော်ရှိ၏ အပင်ကိုခုတ်ထစ်ကြည့်ပါက ညိုမည်းရောင်အစေးထွက်ပြီး၎င်းကို အရောင်တင်ဆေးအဖြစ်လည်းအသုံးပြုနိုင်သည်။ အနံ့သည်စူးရှ၏။
ရောဂါအလိုက်အသုံးပြုပုံ
ပွေး၊ ဝဲ၊ ယားနာ၊ ခရုသင်း၊ နူနာဖြစ်လျှင် ၎င်းအစေးကို လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်၏။
အင်ပင်မှထွက်သောအဆီကို နံ့သာဖြူဆီ အင်ဥ ဆတူရောရ၍ တစ်ခွက်စာလျှင် အစက် ၃၀ စက် ချ၍သောက်ပါက ဆီးပူညောင်းကျရောဂါအမျိုးမျိုးပျောက်ကင်းနိုင်၏။
အင်ပြင် များပေါက်လျှင် ၎င်းအရွက်ပြုတ်၍ ရေချိုးပေးခြင်း အင်သားကို သွေး၍လိမ်းပေးခြင်းဖြင့်ပျောက်ကင်းနိုင်၏။
တစညပါတီမှအမျိုးသမီးကိုယ်စားလှယ်လောင်း(၃၀)ရာခိုင်နှုန်းအထက်ပါဝင်ရန်ဆောင်ရွက်ထားဟုဆို
စက်တင်ဘာ ၂၄
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း (၃၀) ရာခိုင်နှုန်းအထက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်ဆောင်ရွက်ထားကြောင်း ပါတီဥက္ကဌ ဦးဟန်ရွှေက ပြောသည်။
ယနေ့(စက်တင်ဘာလ (၂၄) ရက်) က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၁၅)၊ကေမ္ဘာဇဝင်း၊တစညပါတီ ဗဟိုပါတီဌာနချုပ်တွင် သတင်းမီဒီများနှင့်တွေ့ဆုံစဉ် မီဒီယာများ၏ မေးမြန်းချက်ကို ဖြေကြားတွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“အမျိုးသမီးကိုယ်စားလှယ်လောင်းကို အတတ်နိုင်ဆုံး (၃၀) ရာခိုင်နှုန်းပါနိုင်အောင် ကြိုးစားနေပါတယ်။ လက်ရှိမှာ စာရင်းတွေအရ ပြန်စိစစ်တာတွေ လုပ်ဆောင်နေသေးတဲ့အတွက် ဘယ်လောက် ရာခိုင်နှုန်းပါဝင်တယ်ဆိုတာကိုတော့ အခုအချိန်မှာ တိတိကျကျ မပြောနိုင်သေးပါဘူး။ဒါပေမဲ့ အနည်းဆုံး ကတော့ (၃၀) ရာခိုင်နှုန်းလို့ သတ်မှတ်ထားပါတယ် ” ဟု ဦးဟန်ရွှေက ဆိုသည်။
လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင်(UEC)သို့ ကိုယ်စားလှယ်လောင်း (၆၉၄)ဦးတင်သွင်းထားပြီး လူငယ်ကိုယ်ကိုယ်စားလှယ်လောင်းလည်း မည်မျှပါဝင်သည်ကို စိစစ်လျက်ရှိကြောင်းနှင့် မိမိတို့အနေဖြင့် ပါတီအတွင်း လူငယ်များပါဝင်လာနိုင်ရေးအတွက် လူငယ်ရေးရာကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။
“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှာ လူငယ်တွေ ပါတီနိုင်ငံရေးကိုစိတ်ဝင်စားမှုရှိအောင် ၊နိုင်ငံရေးအပေါ်မှာ ယုံကြည်ချက်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်အောင် ကျွန်တော်တို့ပါတီမှာ Branch တစ်ခုအနေနဲ့ လူငယ်ရေးရာကော်မတီကို ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်” ဟု ဦးဟန်ရွှေက ပြောသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ မှ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၄)ရက်တွင် အမည်ပြောင်းခဲ့ခြင်းဖြစ်ပြီး မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီ၏ အမွေကိုဆက်ခံယူထားသည့် ပါတီဖြစ်ကာ လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့် ဝင်ရောက်မည့် ပါတီတစ်ခုဖြစ်သည်။
Credit - NP News Agency
#centralnewsnaypyitaw
တိုင်ဖွန်း ရာဂါဆာ ဟောင်ကောင်ကို အင်အားအမြင့်ဆုံးအဆင့်ဖြင့် ဝင်ရောက်တိုက်ခတ်
−−−−−−−−−−−−−−−−−−−−−−−−−−−−−
အပူပိုင်းမုန်တိုင်းဖြစ် တိုင်ဖုန်း ရာဂါဆာ (Ragasa) သည် မုန်တိုင်းပြင်းအား သတ်မှတ်သည့် အမြင့်ဆုံးသတ်မှတ်ချက် အဆင် ၁၀ ဖြင့် ဟောင်ကောင်သို့ ယနေ့ (စက်တင်ဘာ ၂၄ ရက်) တွင် ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ်၊ အဆောက်အအုံနှင့် လမ်းများပျက်စီးသွားသည်။
မုန်တိုင်း၏ အလယ် ဗဟိုအနီးတွင် လေတိုက်နှုန်း အမြင့်ဆုံး ၁၉၅ ကီလိုမီတာ (တစ်နာရီ မိုင် ၁၂၀ ကျော်) အထိရှိကြောင်း ဟောင်ကောင် မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။
−−−−−−−−−−−−−−−−−−−−−−−−−−−−−
တိုင်ဖွန်း ရာဂါဆာ အင်အားအဆင့် ၁၀ ဖြင့် စက်တင်ဘာ ၂၄ ရက်က ဟောင်ကောင်သို့ ဝင်ရောက်စဉ် အပျက်အစီးများကို တွေ့ရစဉ်၊ (ဓာတ်ပုံ– EPA)