14 w - Translate

Operation Wandering Soul ဆိုတာဟာ ဗီယက်နမ်စစ်ပွဲအတွင်းက အမေရိကန်တပ်ဖွဲ့တွေနဲ့ တောင်ဗီယက်နမ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဗီယက်နမ်စစ်သားတွေရဲ့ စိတ်ဓာတ်ကို ထိုးနှက်ဖို့အတွက် လုပ်ဆောင်ခဲ့တဲ့ ထူးခြားတဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေး (Psychological Warfare) တစ်ခု ဖြစ်ပါတယ် ဒီစစ်ဆင်ရေးဟာ ဗီယက်နမ်လူမျိုးတွေရဲ့ ယုံကြည်မှုတစ်ခုကို အခြေခံပြီး တိုက်ရိုက်ပစ်မှတ်ထားခဲ့တာပါ
ဗီယက်နမ်ယဉ်ကျေးမှုအရ စစ်ပွဲအတွင်း ေxသဆုံးသွားတဲ့သူတွေဟာ သူတို့ရဲ့ ဇာတိမြေမှာ သင့်လျော်တဲ့ မြှုပ်နှံမှု မရရှိဘူးဆိုရင် သူတို့ရဲ့ ဝိညာဉ်တွေဟာ အိမ်ကိုပြန်ဖို့ လမ်းစရှာရင်းနဲ့ လှည့်လည်သွားလာနေရတယ်လို့ ယုံကြည်ကြပါတယ် ဒီလိုဝိညာဉ်တွေဟာ လှည့်လည်သွားလာနေရတဲ့အတွက် ဒုက္ခရောက်နေတယ်လို့လည်း ယူဆကြပါတယ်
အမေရိကန်တပ်ဖွဲ့တွေဟာ ဒီယုံကြည်ချက်ကို အခွင့်ကောင်းယူပြီး ဗီယက်နမ်စစ်သားတွေကို ခြောက်လှန့်ဖို့အတွက် ဒီစစ်ဆင်ရေးကို အသုံးပြုခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဗီယက်နမ်စစ်သားတွေဟာ သူတို့ရဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ ဝိညာဉ်အသံတွေ ကြားရတဲ့အခါ ကြောက်ရွံ့ပြီး ဆက်မတိုက်တော့ဘဲ စစ်တပ်ကနေ ထွက်ပြေးဖို့ သွေးဆောင်ရန်အတွက်ဖြစ်ပါတယ်
ဒီစစ်ဆင်ရေးအတွက် အမေရိကန် အင်ဂျင်နီယာတွေနဲ့ စိတ်ပညာရှင်တွေဟာ အသံအမျိုးမျိုးကို စုဆောင်းခဲ့ပါတယ် စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ဗီယက်နမ်စစ်သားတွေရဲ့ အသံအဖြစ် ဟန်ဆောင်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အသံတွေ၊ ညည်းတွားသံတွေနဲ့ အော်ဟစ်သံတွေကို မှတ်တမ်းတင်ခဲ့ပါတယ် အဲဒီအသံတွေထဲမှာ "သားရေ၊ ငါ​ေxသဆုံးသွားပြီ"၊ "အိမ်ကိုပြန်လို့ မရတော့ဘူး"၊ "စစ်ပွဲကိုရပ်ပြီး ဘက်ပြောင်းလာခဲ့ပါ" စတဲ့ စကားလုံးတွေလည်း ပါဝင်ပါတယ်
ပိုမို ယုံကြည်လာအောင် တောင်ဗီယက်နမ်စစ်သားတွေကိုပါ ခေါ်ယူပြီး အသံတွေ ထပ်မံသွင်းခဲ့ကြပါတယ် ဗီယက်နမ်စကားနဲ့ တကယ် ပြောဆိုတဲ့ အသံတွေကြောင့် ဗီယက်နမ်စစ်သားတွေဟာ သူတို့ရဲ့ ရဲဘော်တွေရဲ့ ဝိညာဉ်အသံတွေလို့ အမှန်တကယ် ယုံကြည်သွားအောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်
"Ghost Tape Number Ten" လို့ နာမည်ပေးထားတဲ့ အသံသွင်းထားတဲ့ အဲ့ဒီတိပ်ခွေကို ဗီယက်တပ်ဖွဲ့တွေ ရှိနိုင်မယ့် နယ်မြေတွေမှာ အထူးသဖြင့် ညအချိန်တွေမှာ အသံချဲ့စက်ကြီးတွေနဲ့ ဖွင့်ခဲ့ပါတယ် တစ်ခါတစ်ရံမှာ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ဝေးလံတဲ့နေရာတွေအထိ သွားရောက်ဖွင့်ပြခဲ့တာမျိုးလည်း ရှိပါတယ်
ဒီစစ်ဆင်ရေးဟာ ဗီယက်နမ်စစ်သားတွေအပေါ် ဘယ်လောက်အထိ ထိရောက်မှုရှိခဲ့လဲဆိုတာကို တိတိကျကျ ပြောဖို့ ခက်ခဲပါတယ် ဒါပေမဲ့ မှတ်တမ်းအချို့အရ တချို့စစ်သားတွေဟာ အသံတွေကြောင့် ထိတ်လန့်ပြီး စစ်တပ်ကနေ ထွက်ပြေးတာ၊ ဘက်ပြောင်းတာမျိုးတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်
ဒီစစ်ဆင်ရေးဟာ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမျိုးမဟုတ်ဘဲ ရန်သူရဲ့ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ နည်းဗျူဟာဖြစ်တာကြောင့် စစ်ပွဲသမိုင်းမှာ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းတင်ထာပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image
14 w - Translate

Condorito: The Movie [2017]

တစ်ခါကကမ္ဘာကြီးဟာ အဆုံးအစမဲ့စွမ်းအားအဆောင်ကို ပိုင်ဆိုင်ထားတဲ့ဂြိုလ်သားတွေရဲ့သိမ်းပိုက်ကျူးကျော်ခြင်းကိုခံရပါတယ်
အဲ့အချိန်မှာပေါ်ထွက်လာတဲ့ ဟီးရိုးကတော့ အမွှေးပြောင်ကွန်ဒေါဆိုတဲ့ ကြက်တစ်ကောင်ပါ
အဲ့ကြက်က ဂြိုလ်သားတွေလက်ထဲက အဆောင်ကိုလုပြီး သွားဖွက်လိုက်တော့ ဂြိုလ်သားတွေခမျာလည်း လာရာလမ်းကို ပြန်ကြွရတော့တာပါပဲ
ဇာတ်လိုက်ကျော် ဘောလုံးသမားကွန်ဒေါရီဒိုနဲ့ သူ့တူလေး ချစ်ခီတိုက ဟီးရိုးကြီးအမွှေးပြောင်ရဲ့ မြေးမြစ်တွေပေါ့
အဲဇာတ်လိုက်ကျော်ဆီမှာလည်း ရာရိတာဆိုတဲ့ စကီချောချောလေးရှိပြန်ပါတယ် သူတိုလက်ထက်မှာ အခဲမကျေတဲ့ဂြိုလ်သားကောင်တွေပြန်ရောက်လာပြီးအဆောင်ကိုတောင်းပါတော့တယ်
ဘုမသိဘမသိနဲ့ ဇာတ်လိုက်ကျော်က သူနဲ့မတည့်တဲ့ သူ့ယောက္ခမလောင်းကြီးကို ခေါ်သွားပေးရင် ယူပေးမယ်ဆိုပြီး ပြောလိုက်တဲ့အခါ
ဂြိုလ်သားတွေကပဲ ကမ္ဘာကိုပြန်သိမ်းယူမှာလား
အမွှေးပြောင်မျိုးဆက် ကွန်ဒိုရီဒိုကပဲ ပြန်တိုက်ထုတ်ပြီး ယောက္ခမလောင်းကြီးကို ပြန်ကယ်နိုင်မှာလား ဆိုတာကတော့..

😍ကြည့်ရန်နှိပ်ပါ👇

t.me/animemovie1005/193

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

"လပေါ်မှာ Nuclear reactor ဆောက်မယ့် NASA "
လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ အမေရိကန် အမျိူးသား အာကာသအေဂျင်စီတစ်ခုဖြစ်တဲ့ NASA ဟာ လာမယ့် ၂၀၃၀ ခုနှစ်မတိုင်ခင် လပေါ်မှာ Nuclear reactor (အနုမြူဓာတ်ပေါင်းဖို)တစ်ခုဆောက်မယ့်အစီအစဉ်ရှိကြောင်းသတင်းထုတ်ပြန်လာပါတယ်။
လပေါ်မှာ လူသားတွေ အခြေချနေထိုင်နိိုင်မယ့် အခြေချစခန်းတွေ တည်ဆောက်ဖို့ အကြံရှိနေတာ ၁၉၇၀ ပြည့်နှစ်တွေကတည်းကဖြစ်ပြီး အဲ့အချိန်က နည်းပညာနဲ့ လူအင်အားအခက်အခဲတွေ၊ ပြည်သူတွေရဲ့စိတ်ပါဝင်စားမှုတွေလျော့ကျခဲ့တာကြောင့် အခုချိန်အထိ လပေါ်စခန်းတွေကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိပါဘူး။
ယခု NASA ကတည်ဆောက်မယ်လ်ို့ အကြံပြုတင်ပြထားတဲ့ nuclear reactor (အနူမြူဓာတ်ပေါင်းဖို)ဟာ စွမ်းအင်ထုတ်လုပ်မှုအတွက် 100KW ပဲရှိတာကြောင့် အသေးစား နျူကလီးယားဓာတ်ပေါင်းဖို တစ်ခုသာဖြစ်ပါတယ်။သာမန် လေအားလျှပ်စစ်သုံး လေရဟတ်တစ်ခုဟာ 5 MW ခန့်ထုတ်ပေးနိုင်ပါတယ်။
ဒါပေမယ့် အခုလိုတည်ဆောက်ဖို့ ရည်ရွယ်လာရတဲ့ အဓိကအကြောင်းကတော့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတွေက လပေါ်မှာ အလားတူ နျူကလီးယားဓာတ်ပေါင်းဖို့တွေတည်ဆောက်ဖို့ အကြံရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ အခုလို NASA ကလည်းပြန်လည်တုံပြန်လာတာဖြစ်ပါတယ်။
ဒါဟာ လာမယ့်အနာဂတ်မှာ ၁၉၆၀ ဆယ်စုနှစ်တုန်းက တွေ့ခဲ့ရတဲ့ အာကာသယှဉ်ပြိုင်မှုကို တဖန် ပုံစံမတူပဲ အသစ်မြင်ရဖို့ရှိနေတာလို့ပညာရှင်အများစုက သုံးသပ်ပါတယ်။
ဒါပေမယ့် အခုနှစ်ဘဏ္ဏာရေးနှစ်အတွင်းမှာ ရန်ပုံငွေအများအပြား ဖြတ်တောက်ခံထားရပြီး ပညာရှင်နဲ့အလုပ်သမားအများအပြားလျော့ချခံထားရတဲ့ NASA ဟာ အခုလိုလာမယ့် ၂၀၃၀ အတွင်းမှာ နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို ပြောထားသလို ပြီးအောင် အကောင်အထည်ပေါ်နိုင်ပမလားဆိုတာ ကတော့ စိတ်ဝင်စားစရာပါ။
(ဒီသတင်းနဲ့ပတ်သက်ပြီး လပေါ်အခြေစိုက်စခန်းတွေနဲ့ ဖြစ်နိုင်ချေသုံးသပ်ထားတာကို လာမယ့် post တစ်ခုမှာ ဆက်လက်ဆွေးနွေးသွားပါမယ်)

image
14 w - Translate

Net I Die 2017

မျက်နှာလိမ်းခရင်မ်တံဆိပ်တစ်ခုကို Reviewလုပ်ပေးဖို ငှားရမ်းခြင်းခံရတဲ့
အင်တာနက်ဆယ်လီ Monicaတစ်ယောက်
ခရင်မ်ကြောင့်မျက်နှာတစ်ခုလုံးမြင်မကောင်းအောင် စုတ်ပြတ်သွားတဲ့အခါ အရင်ကသူ့ကိုချစ်ခင်သူတွေက သူ့ကိုချိုးနှိမ်ပါတော့တယ်။

ဒီလိုနဲ့စိတ်ဆင်းရဲပြီးသတ်သေသွားတဲ့အခါ သူ့ကို ဒီလိုဖြစ်အောင်လုပ်သူတွေကို ကလဲ့စားချေပါတော့တယ်။

သူသေဆုံးသွားရတာ ဘာကြောင့်လဲ.....

ဘာကြောင့်သူ့ဘ၀ပျက်သွားတယ်ဆိုတာဖြည်းဖြည်းချင်းပေါ်ပေါက်လာပါတော့တယ်.....

😍ကြည့်ရန်နှိပ်ပါ👇

t.me/MM_Sub_3/250

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

Microsoft Word နှင့် Excel မှာ Print (ပရင့်ထုတ်) နည်း။
======================================
Microsoft Word မှာ Print ထုတ်နည်း
ဖိုင်ဖွင့်ပါ
ပရင့်ချင်တဲ့ Word ဖိုင်ကို ဖွင့်လိုက်ပါ။
Print Menu သွားရန်
Keyboard မှာ Ctrl + P ကို နှိပ်ပါ။
ဒါမှမဟုတ်
File tab ကို နှိပ်ပါ။ Print ကိုရွေးပါ။
Printer ရွေးပါ
အကယ်၍ မိမိစက်နှင့်ချိတ်ဆက်ထားတဲ့ printer တခုထက်ပိုရင်၊ သင့်တော်တဲ့ printer ကိုရွေးပါ။
Copies (မိတ္တူရေအရေအတွက်)
မိတ္တူ (copies) များအရေအတွက်ကို ရိုက်ထည့်ပါ။
Settings (ရွေးချယ်မှုများ)
Page Range: All Pages (သို့) Current Page (သို့) Page 13 စသည်ဖြင့်ရွေးနိုင်ပါတယ်။
Orientation: Portrait (ထောင်လိုက်) / Landscape (အလျား)
Paper Size: A4 / Leagle( မိမိရိုက်ထား စာရွက် Paper size)
Print ကို နှိပ်ပါ
Print ခလုတ်ကို နှိပ်လိုက်တာနဲ့ပရင့်ထွက်ပါလိမ့်မယ်။
Microsoft Excel မှာ Print ထုတ်နည်း
Excel ဖိုင်ဖွင့်ပါ
Print Menu သွားပါ
Ctrl + P ကိုနှိပ်ပါ။
သို့မဟုတ် File > Print ကိုသွားပါ။
Print Preview စစ်ဆေးပါ
Excel မှာ သင့် Sheet ပရင့်အတိုင်းအထွာကို မကြည့်မီ Print Preview မှာစစ်ကြည့်ပါ။
Columns က ပျံနေရင် Page Layout မှာ Fit Sheet on One Page ဆိုတဲ့ option ကိုရွေးနိုင်ပါတယ်။
Settings တွေသုံးပါ
Print Active Sheets: လက်ရှိရွေးထားတဲ့ Sheet ပဲပရင့်မယ်။
Print Entire Workbook: Workbook တစ်ခုလုံးပရင့်မယ်။
Print Selection: ရွေးထားတဲ့ cell အပိုင်းပဲပရင့်မယ်။
Print ကိုနှိပ်ပါ
အကယ်၍ မိမိ printer မပြသဘူး၊ ပရင့်မထွက်ဘူးဆိုရင်
Printer ကိုချိတ်ဆက်ထားမထားစစ်ပါ
Printer driver တပ်ပြီး/Update ဖြစ်/မဖြစ်စစ်ပါ
Printer မှာ စက္ကူရှိ/မရှိ စစ်ပါ
Desa Bal မှာပြန်လည်မျှဝေသည်

image

image
14 w - Translate

M›utafukaz [2017]

ဒီကားလေးကဆိုရင်တော့ ပြင်သစ် နဲ့ ဂျပန် ပူးပေါင်းထုတ်လုပ်ရိုက်ကူးထားတဲ့ Anime လေးဘဲဖြစ်ပါတယ်
Dub အနေနဲ့ ကတော့ France နဲ့ Eng ပဲထွက်ပါတယ်( japanese  dub ကိုရှာကြည့်ခဲ့ပါတယ် မတွေ့လိုပါ)
ဒီကားလေးကဘာနဲ့တူလည်းဆိုရင် GTA game ကို Anime ပြန်ရိုက်ထားသလိုမျိုးလိုပြောလိုရပါတယ်
သေနတ်တွေနဲ့ အပြီဆော်မယ့်လူမိုက်တွေရှိတဲ့ ရပ်ကွက်တွေ နဲ့ လူမိုက်တွေပြည့်နေတဲ့ Dark Meat မြိုကြီးမှာ Angelino ဆိုတဲ့ကောင်လေးတစ်ယောက်က ပီဇာရောင်းရင်းနေ့စဉ်ဘဝကိုဖြတ်သန်းနေရတယ်
Vinz ဆိုတဲ့ သူ့သူငယ်ချင်းနဲ့ တိုက်ခန်းစုတ်စုတ်ပြတ်ပြတ်တစ်ခုမှာနေရတယ်
သူတိုနှစ်ယောက်လိုအပ်တဲ့အကူအညီကိုတော့ Willy ဆိုတဲ့ကောင်လေးကကူညီပေးရှာတယ်(အကြွေးတွေလည်းမနည်းဘူး)တစ်နေ့ Angelion တိုတိုက်ခန်းကို ရဲတွေတစ်အုပ်တမကြီးရောက်လာပြီး သူတိုသူငယ်ချင်းနှစ်ယောက်ကို လာဖမ်းကြတယ်
လိုက်ဖမ်းတဲ့သူတွေကိုဘဲ ပြန်ဆော်မလားဆိုတာကိုတော့........

😍ကြည့်ရန်နှိပ်ပါ👇

t.me/animemovie1005/191

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

သွေးကြောပိတ်ဆို့ခြင်းကို
သက်သာစေမယ့်
သဘာဝနည်းလမ်း
လက်တွေ၊ ခြေထောက်တွေ ထုံကျင်တာ၊ မှတ်ဉာဏ်မကောင်းတာ၊ မူးဝေတာနဲ့ စကားပြောတာမပီသတာမျိုးတွေ ခံစားနေရပြီဆိုရင် သင့်ရဲ့ဦးနှောက်သွေးကြောတွေ ကျဉ်းလာတာ ဒါမှမဟုတ် ပိတ်ဆို့နေတာဖြစ်နိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ ဆေးဝါးတွေအစား သဘာဝနည်းလမ်းလေးနဲ့ သွေးကြောတွေကို ပြန်လည်သန့်စင်ပြီး ကျန်းမာအောင် လုပ်လို့ရပါတယ်။
ပစ္စည်းတွေ
* ကြက်ဥအကာ (၂) လုံး
* ကြက်သွန်နီ (၄) လုံး
* ငရုတ်ကောင်းမှုန့် (၁) ဇွန်း
* ပဲငံပြာရည်အကြည် အနည်းငယ်
ပြုလုပ်ပုံ
* ကြက်သွန်နီ (၄) လုံးကို ငရုတ်ကောင်းမှုန့် (၁) ဇွန်းနဲ့ ရောပြီး ညက်အောင် ထောင်းပါ။
* ပြီးရင် ကြက်ဥအကာ (၂) လုံးနဲ့ ပဲငံပြာရည်အကြည် အနည်းငယ်ကို ရောမွှေပါ။
* အားလုံးကို သမအောင် ရောပြီးရင် ပေါင်းအိုးနဲ့ ကျက်အောင် ပေါင်းပါ။
* ပေါင်းပြီးသား အရောအနှောကို မနက်ခင်း ဆန်ပြုတ်ပူပူလေးနဲ့ ၇ ရက်ဆက်တိုက် စားပေးပါ။
ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ
* ဒီနည်းလမ်းကို တစ်လမှာ ၇ ရက်ဆက်တိုက် ပုံမှန်စားပေးရင် ဦးနှောက်သွေးကြောတွေကို သန့်စင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။
* လက်တွေ၊ ခြေထောက်တွေ ထုံကျင်တာနဲ့ မူးဝေတာတွေ သက်သာလာပြီး မှတ်ဉာဏ်လည်း ပိုကောင်းလာပါလိမ့်မယ်။
* ခန္ဓာကိုယ်ကနေ ချွေးတွေထွက်ပြီး ပိတ်ဆို့နေတဲ့အဆီတွေကို ဖယ်ရှားပေးပါတယ်။
* လေဖြတ်ခြင်းလို ရောဂါတွေကို ကာကွယ်ပေးပြီး ရောဂါမရှိသေးရင်တောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ စားနိုင်ပါတယ်။
ဒီနည်းလမ်းလေးဟာ ရိုးရှင်းပေမယ့် သင့်ရဲ့ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာကို ပေးနိုင်ပါတယ်။ သင်ချစ်ခင်ရသူတွေလည်း သိရှိနိုင်အောင် ဒီပို့စ်ကို မျှဝေပေးဖို့ တောင်းဆိုလိုက်ပါတယ်။

image

ချန်ပီယံလိဂ် လူစာရင်းမှာ ချန်လှပ်ခံရလို့ မာသီးစ်တဲလ် နာကျင်နေ

စက်တင်ဘာ ၁၀

စပါးအသင်းတောင်ပံ တိုက်စစ်ကစားသမား မာသီးစ်တဲလ်က ချန်ပီယံလိဂ် အုပ်စုအဆင့်အတွက် စပါးအသင်းရဲ့ ကစားသမား ၂၂ ဦးစာရင်းမှာ ချန်လှပ်ခံခဲ့ရတာကြောင့် နာကျင်ရတယ်လို့ ပြောခဲ့ပါတယ်။

မာသီးစ်တဲလ်က “လူစာရင်းထဲ မပါဝင်ရတဲ့အချိန်မှာ သေချာပေါက် နာကျင်ရတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ကျနော်ဟာ ဘယ်လို အခြေအနေပဲရှိရှိ အပြုသဘော ဆောင်တဲ့သူတစ်ဦးပါ။ ချန်ပီယံလိဂ် လူစာရင်းထဲမှာ ပါချင် တာကြောင့် စိတ်ပျက်စရာ တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြရဲ့ ရွေးချယ်မှုက နည်းပြရဲ့ရွေးချယ်မှုပါပဲ။ ဒါကို လေးစားရမှာဖြစ်ပြီး အတတ်နိုင်ဆုံး အကောင်းဆုံး နည်းလမ်းနဲ့ ပြန်လာနိုင်အောင် အလုပ်လုပ်သွားမှာပါ”လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီက ဘိုင်ယန်မြူးနစ်အသင်းကနေ အငှားနဲ့လာရောက် ကစားခဲ့တဲ့ မာသီးစ်တဲလ်ကို စပါးအသင်း ဟာ နွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၃၀ နဲ့ အပြီးသတ် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

မာသီးစ်တဲလ်ဟာ နည်းပြသော်မတ်စ်ဖရန့်ခ်ရဲ့ အသင်းမှာ သက်ရောက်မှု ရှိနိုင်ဖို့ ရုန်းကန်နေရပြီး နိုင်ငံတကာ ပြိုင်ပွဲတွေ မတိုင်မီ ပရီးမီးယားလိဂ် ပွဲတွေမှာ ၁၉ မိနစ်သာ ပါဝင်ကစားခဲ့ရတာပါ။

စပါးအသင်းဟာ နွေရာသီက ခေါ်ယူခဲ့တဲ့ ကူဒက်စ်ကို အဓိက ကစားသမားအဖြစ် အသုံးပြုနေသလို အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ PSG အသင်း တိုက်စစ်မှူး ကိုလိုမူအာနီကို အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။

အဲဒါကြောင့် စပါးအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့် ယှဉ်ပြိုင်မယ့် အသင်းလူစာရင်းမှာ မာသီးစ်တဲလ်ကို ချန်လှပ်ခဲ့တာပါ။

မာသီးစ်တဲလ်က နည်းပြသော်မတ်စ်ဖရန့်ခ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေမယ့် ချန်လှပ်ခံရတဲ့အတွက် နာကျင်ရတယ်လို့ ပြောခဲ့ပါတယ်။

ပြင်သစ် ယူ-၂၁ ကစားသမားက သူဟာ ဒီချန်လှပ်မှုကို တွန်းအား အနေနဲ့ အသုံးပြုပြီး စပါးအသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပြန်ပါဝင်နိုင်အောင် ပြုလုပ်သွားမှာ ဖြစ်သလို ကစားခွင့်အတွက် အခြားအသင်းတွေကို ကြည့်သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အသက် ၂၀ နှစ်အရွယ်ရှိ မာသီးစ်တဲလ်ဟာ စပါးအသင်းအတွက် ၂၃ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းကာ မနှစ်က ရာသီက ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့တာမှာ အစိတ်အပိုင်း အနေနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

Source: Metro

ပုံ -မာသီးစ်တဲလ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

ကွမ်းရွက်ကို အရွက်ကနေပျိုးနည်း (အမြစ်ထွက်ဖို့ခဏလေးပါပဲ☘️☘️☘️)
လိုအပ်တဲ့ပစ္စည်းများ
1. ကွမ်းရွက်
2. သဲ
3. ပုဇွန်ငါးပိ
4. ပလပ်စတစ်အိတ်
ပြုလုပ်ပုံအဆင့်ဆင့်
1. ပထမဆုံးအနေနဲ့ ရောဂါကင်းပြီး ပိုးမကိုက်တဲ့ အရွက်အကောင်းတွေကို ရွေးချယ်ပြီး အရိုးပါအောင် ခြွေပါ။
2. ပုဇွန်ငါးပိကို ရေနဲ့ဖျော်ပြီး ကွမ်းရွက်တွေကို မိနစ် 15-30 လောက် စိမ်ထားပါ။ ဒါက အမြစ်ထွက်နှုန်းမြန်စေပါတယ်။
3. အဲဒီအချိန်မှာ အိုးကို သဲအပြည့်ထည့်ပြီး ပျိုးဖို့ပြင်ဆင်ထားပါ။
4. ကွမ်းရွက်ကိုယူပြီး အရိုးတစ်ခုလုံး သဲထဲမြုပ်အောင် စိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်းပေါ့။
5. သဲနည်းနည်းစိုရုံ ရေဖြန်းပြီး အိုးကို ပလပ်စတစ်အိတ်နဲ့ အုပ်ထားကာ ပျိုးပင်ကို အစိုဓာတ်ထိန်းပေးပါ။
6. ရက်ပေါင်း 15-20 လောက်ကြာတဲ့အခါ ပလပ်စတစ်အိတ်ကို ဖြည်းဖြည်းချင်းဖယ်ပြီး ကွမ်းရွက်ကို ဆွဲထုတ်ကြည့်လိုက်ပါ။ အမြစ်လေးတွေ ထွက်နေတာတွေ့ရပါလိမ့်မယ်။ အဲဒီအခါမှာ မြေကြီးထဲ ထပ်စိုက်လို့ရပါပြီ။
7. ဒီနည်းက အရွက်ကိုသုံးပြီး မျိုးပွားတဲ့နည်းဖြစ်လို့ အများကြီး ရနိုင်ပါတယ်။ ကွမ်းပင်တစ်ပင်တည်းကနေ အပင်ပေါင်းများစွာ မျိုးပွားနိုင်ပါတယ်။

image