47 w - Translate

ဆီးရီးယားအသင်းကို ၅ ဂိုးပြ-တ်ဖြင့် ရှူံးနိမ့်ခဲ့ပြီး အာရှဖလားခြေစစ်ပွဲအောင်ရန်အားနည်းသွားပြီဖြစ်သည့် မြန်မာအသင်း
မြန်မာလက်ရွေးစင် အမျိုးသားဘောလုံးအသင်းသည် ဆီးရီးယားအသင်းကို ၅ ဂိုး ၁ ဂိုးပြ-တ်ဖြင့် ရှူံးနိမ့်ခဲ့ပြီး အာရှဖလားခြေစစ်ပွဲအောင်ရန် အားနည်းသွားပြီဖြစ်သည်။
ယမန်နေ့ အောက်တိုဘာ (၉)ရက် ညပိုင်းက ဆော်ဒီအာရေဗျ နိုင်ငံ၌ ဆီးရီးယားအသင်းဖြင့်မြန်မာအသင်းတို့ အာရှဖလားခြေစစ်ပွဲယှဉ်ပိုင်းကစားရာ၌ ပွဲပြီးချိန်တွင် ၅ ဂိုးပြ-တ်ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
ပွဲစဥ်အတွင်း အဓိက ကစားသမားများဖြစ်သည့် မောင်မောင်လွင်၊ သီဟထက်အောင်၊ ဝေလင်းအောင်တို့ မပါနိုင်ခဲ့တာကြောင့် ကစားပုံအားနည်းချက်များရှိပြီးရှုံးနိမ့်ခဲ့ကြခြင်းဖြစ်သည်။
ပြိုင်ဘက်ဆီးရီးယားအသင်းသွင်းယူခဲ့သည့် ၅ဂိုးအနက် ၁ဂိုး မှာ ပင်နယ်တီသွင့်ယူခဲ့ခြင်းဖြစ်ပြီး၊ မြန်မာအသင်းရရှိသည့် ချေပဂိုး ၁ ဂိုးကို အသင်းခေါင်းဆောင်နန္ဒကျော်က သွင်းယူခဲ့ခြင်းဖြစ်သည်။
မြန်မာနှင့် ဆီးရီးယား၏ ဒုတိယအကျော့ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၄ရက်၌ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းအတွင်း ထပ်မံယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။

image

ဘယ်တုန်းကမှအနိုင်မရရှိခဲ့ဘူးတာတွေကိုမှ
ထပ်အရှုံးပေးချင်တဲ့စိတ်နဲ့
ဆံပင်တွေရှည်နေပြီလားလို့ ခိုးခိုးငေးတယ်
အဆင်ပြေရဲ့လားလို့ လှမ်းလှမ်းတွေးတယ်
မေးတော့မမေးဖြစ်ပါဘူး
သူက ပျော်နေပြီသားမှန်း သိတယ်။

-ရိပ်ငြိမ်

47 w - Translate

စာကြောင်းအမှန်ပြန်စီပေးပါ ။

image

မင်္ဂလာပါ---
၁၀-၁၀-၂၀၂၅ ရက်နေ့
=================
အောက်မှာဖော်ပြထားတာကတော့ မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်တို့ပဲဖြစ်ပါတယ်-------

image

ကွန်ပျူတာ ကီးဘုတ်ကို လော့ချ (ပိတ်ချ) နည်း။ 🔐
ကွန်ပျူတာ ကီးဘုတ်ကို လော့ချခြင်း (Locking) ဆိုတာဟာ ကီးဘုတ်ရဲ့ ခလုတ်တွေကို ယာယီအဖြစ် အလုပ်မလုပ်အောင် ပိတ်လိုက်တာဖြစ်ပါတယ်။ ဒါကို ကလေးတွေ ကီးဘုတ်ကို ကစားတာမျိုး ကာကွယ်ဖို့၊ ကီးဘုတ်ပေါ်မှာ တစ်ခုခုကျပြီး ခလုတ်တွေ နှိပ်မိတာမျိုး ကာကွယ်ဖို့၊ ဒါမှမဟုတ် သင်ကိုယ်တိုင် မတော်တဆနှိပ်မိတာမျိုး ကာကွယ်ဖို့ သုံးလေ့ရှိပါတယ်။
လော့ချနည်းကို ကွန်ပျူတာအမျိုးအစား (Desktop နဲ့ Laptop) နဲ့ Operating System (Windows, macOS) အလိုက် ခွဲပြီး ရှင်းပြပေးသွားပါမယ်။
နည်းလမ်း (၁) Keyboard Shortcut သုံးပြီး လော့ချနည်း (အလွယ်ဆုံးနည်း)
ဒီနည်းကို Windows Laptop တွေမှာ အသုံးများပါတယ်။
1. သင့်ကီးဘုတ်ရဲ့ Function (Fn) ခလုတ်ကို နှိပ်ပါ။
2. Fn ခလုတ်ကို နှိပ်ထားရင်း ကီးဘုတ်အပေါ်ဆုံးတန်းက F1 ကနေ F12 အထိထဲက ကီးဘုတ်ပုံစံပါတဲ့ ခလုတ် (F1, F5, F7, F11, စသဖြင့်) ကို နှိပ်ပါ။
3. များသောအားဖြင့် Fn + F6 သို့မဟုတ် Fn + F11 ဖြစ်တတ်ပါတယ်။ ကီးဘုတ်မှာ သော့ခတ်ထားသလို အိုင်ကွန်လေး (ဥပမာ - ကီးဘုတ်ပုံပေါ်မှာ ကလစ်တစ်ခုတပ်ထားပုံ) ပါရင်အဲဒီခလုတ်ကို သုံးရပါမယ်။
> မှတ်ချက် - Laptop တစ်ခုနဲ့တစ်ခု ဒီခလုတ်နံပါတ် မတူညီနိုင်ပါ။ ကီးဘုတ်ပေါ်က symbols တွေကို သေချာကြည့်ပါ။
နည်းလမ်း (၂) On-Screen Keyboard သုံးပြီး လော့ချနည်း (Windows)
ကီးဘုတ်ခလုတ်တွေ အားလုံးကို လော့ချထားရင်တောင် မောစ်နဲ့ ရွေးပြီး ဖွင့်လို့ရတဲ့ On-Screen Keyboard ကို သုံးနိုင်ပါတယ်။
1. Start Menu (သို့) Search Bar ကို နှိပ်ပါ။
2. "On-Screen Keyboard" လို့ရိုက်ထည့်ပါ။ (သို့) Settings > Ease of Access > Keyboard ထဲသွားပါ။
3. "On-Screen Keyboard" option ကို On လုပ်ပါ။
4. ပေါ်လာတဲ့ ကီးဘုတ်ပုံစံထဲက "ScrLk" (Scroll Lock) ခလုတ်ကို နှိပ်ပါ။ ဒါဟာ ကီးဘုတ်ကို လော့ချပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
နည်းလမ်း (၃) Third-Party Software များ သုံးနည်း။
အထက်ပါနည်းလမ်းတွေနဲ့ မရပါက software အကူအညီနဲ့ လော့ချနိုင်ပါတယ်။
KeyFreeze (အခမဲ့)
Toddler Keys (အခမဲ့)
ဒီ software တွေကို ဒေါင်းလုဒ်လုပ်ပြီး install လုပ်ကာ ကီးဘုတ်နဲ့ မောစ်ကို လိုအပ်သလို လော့ချအသုံးပြုနိုင်ပါတယ်။
📌ကီးဘုတ် ပြန်ဖွင့်နည်း 🔓
ကီးဘုတ်ကို ပြန်ဖွင့်ဖို့အတွက်ကတော့ လော့ချခဲ့တဲ့ နည်းလမ်းအတိုင်း ပြန်လုပ်ရုံပါပဲ။
Keyboard Shortcut နဲ့ လော့ချခဲ့ရင် : အဲဒီ shortcut ကိုပဲ ထပ်နှိပ်ပါ (ဥပမာ - Fn + F11)။
On-Screen Keyboard သုံးခဲ့ရင် : ScrLk ခလုတ်ကို ထပ်နှိပ်ပါ။
Software သုံးခဲ့ရင် : သတ်မှတ်ထားတဲ့ ပြန်ဖွင့်နည်း (ဥပမာ - စကားဝှက် ရိုက်ထည့်ခြင်း) ကို လုပ်ဆောင်ရပါမယ်။
⚠️သတိပြုရန်
ကီးဘုတ်လော့ချတာဟာ လုံခြုံရေးအတွက် လော့ချတာမဟုတ်ပါဘူး။ ယာယီအလုပ်မလုပ်အောင် ပိတ်ထားတာသာ ဖြစ်ပါတယ်။
Laptop တွေမှာ Function Key (Fn) ကို သုံးပြီး လော့ချတဲ့အခါ ကီးဘုတ်အလင်းအားကျတာ၊ Volume အတက်အကျလုပ်တာတွေပါ ဖြစ်တတ်လို့ ခလုတ်ကို သေချာရွေးဖို့လိုပါတယ်။
#crd_to_owner_with_respect #

image

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁၀-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

imageimage

တရုတ်က မြေရှားသတ္တုများ တင်ပို့မှုကို တင်းကျပ်

ရှန်ဟိုင်း၊ အောက်တိုဘာ ၁၀

တရုတ်သည် အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် မြေရှားသတ္တုများ၊ လစ်သီယံ အိုင်းယွန်း ဘက်ထရီများနှင့် လူလုပ်စိန်များ တင်ပို့ရောင်းချမှုတွင် ထိန်းချုပ်ကန့်သတ်မှု အသစ်များအား အောက်တိုဘာ ၉ ရက်က ကြေညာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုထိန်းချုပ် ကန့်သတ်မှုများအရ တရားမဝင် ပြည်ပ ပူးပေါင်းဆောင်ရွက်မှုများကို တားမြစ်ပိတ်ပင်ပြီး ပြည်ပ နိုင်ငံများ၏ ကာကွယ်ရေးကဏ္ဍနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်ပို့မှုကို ရည်ရွယ်ချက်ရှိရှိ ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

တရုတ်သည် ဧပြီလအတွင်းက မြေရှားသတ္တုများ တင်ပို့ရောင်းချမှုကို ထိန်းချုပ်သည့် အစီအစဉ်များကို ကြေညာခဲ့ ပြီးနောက် ယခုထုတ်ပြန်ခဲ့သည့် တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်သည် ယခင်ကြေညာခဲ့သည့် အစီအစဉ်များကို ပိုမိုချဲ့ထွင်ခဲ့ခြင်းဖြစ်သည်။

ဧပြီလအတွင်းက ကြေညာခဲ့သည့် မြေရှားထိန်းချုပ်မှု အစီအစဉ်များကြောင့် အမေရိကန်၊ ဥရောပနိုင်ငံများနှင့် သဘောတူညီချက်များ မရရှိမီ ကမ္ဘာတစ်ဝန်းတွင် မြေရှားသတ္တုများကို သိသိသာသာ ပြတ်လပ်သွားစေခဲ့သည်။

တရုတ်သည် ကမ္ဘာပေါ်တွင် သန့်စင်ပြီး မြေရှားသတ္တုများနှင့် မြေရှားသတ္တုသံလိုက် စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း ကျော်ကို ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။

သတ္တု ၁၇ မျိုး ပါဝင်သည့် မြေရှားသတ္တုအုပ်စုသည် လျှပ်စစ်ကားများ၊ လေယာဉ်အင်ဂျင်များမှအစ စစ်ဘက်သုံး ရေဒါစနစ်များအထိ နည်းပညာမြင့်ပစ္စည်းများ ထုတ်လုပ်ရာတွင် မရှိမဖြစ် သတ္တုအမျိုးအစားများဖြစ်သည်။

မြေရှားသတ္တု သံလိုက်များ ပြုလုပ်နိုင်သည့် နည်းပညာကို ရောင်းချမှုအား တားမြစ်ကန့်သတ်ခြင်းသည် သံလိုက် အမျိုးအစား ပြုလုပ်ရာတွင် ခက်ခဲစေနိုင်ပြီး တရုတ်သည် ထိုသတ္တုများ ပါဝင်သော အစိတ်အပိုင်းများ တင်ပို့ ရောင်းချမှုကိုလည်း ကန့်သတ်တော့မည်ဖြစ်သည်။

တရုတ်သည် မြေရှားသတ္တု နည်းပညာနှင့် သန့်စင်ပြီး မြေရှားသတ္တုများကို အသုံးပြုသည့် ပစ္စည်းများ ထုတ်လုပ် ရာတွင် ကမ္ဘာ့ထိပ်သီးနိုင်ငံဖြစ်၍ လက်ရှိတွင် တင်ပို့ရောင်းချမှုများအတွက် လိုင်စင်လိုအပ်တော့မည်ဖြစ်သည်။

ပြည်ပနိုင်ငံများမှ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သူများသည် လိုင်စင်များ ရရှိလိမ့်မည် မဟုတ်ဘဲ ခေတ်မီ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများနှင့် ဆက်နွှယ်သည့် အသုံးပြုခွင့် လျှောက်ထားမှုများကို တစ်ခုချင်းစီ ဆန်းစစ်လေ့လာ ပြီးမှ အတည်ပြု ပေးမည်ဖြစ်သည်။

အောက်တိုဘာ ၈ ရက်တွင်မူ အမေရိကန် လွှတ်တော်အမတ်များက တရုတ်သို့ ချစ်ပ်ပြားများ ပြုလုပ်သည့် ပစ္စည်း များ တင်ပို့ရောင်းချမှုကို ပိတ်ပင်ချက်အား ချဲ့ထွင်ရန် တိုက်တွန်းခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး Samsung Electronics၊ TSMC နှင့် SK Hynix ကုမ္ပဏီတို့က မှတ်ချက်ပေးရန် တောင်းခံမှုကို ချက်ချင်း တုံ့ပြန်ခဲ့ခြင်း မရှိပေ။

Source: Nikkei Asia

ပုံ - တရုတ်နဲ့မြေရှားသတ္တုကို ပြသထားစဉ်

#centralnewsnaypyitaw

image