Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နားအူ နားကိုက် နားပြည်ယိုပါလျှင်"
#နားကိုက်ခြင်းသည် အလွန်ပင်ခံစားရရခက်သည်။ ညအချိန်တွင်ပိုမို ဖြစ်တတ်ရကာ ခံရဆိုးပါ၏ ဖြစ်ရသည်မှာ ကိုယ်ခန္ဓာဖွဲ့စည်းမှုနှင့် လေဖိအားကြောင့်လည်းပါ၏။
နားကိုက်ခြင်းသည် များသောအားဖြင့် နားပြွန်များထဲတွင် အဆီးအတားရှိနေတတ်ပြီး ပိတ်ဆို့နေခြင်းကြောင့် နားကိုက်ဝေဒနာခံစားရတတ်ပါသည်။ အသက်အရွယ်မရွေး
ခံစားရသည်မှန်သော်လည်း ကလေးအရွယ်တွင်ပို၍အဖြစ်များပါသည်
သက်သာစေသောနည်းများ
===============
(၁) လူကိုယ်ခန္ဓာကိုယ်အား မတ်မတ်ထိုင်ရ၏ အိပ်သည့်အခါဦးခေါင်း
ကို အနည်းငယ် အောက်မှ ထောက်စရာတစ်ခုခုဖြင့်ထားပြီးမှ
အိပ်ပါရန် နားနှင့်လေပြွန်ရောဂါအထူးကု ဒေါက်တာဝေဒါကပြော
သည်။
(၂) ရှေးသူကြီးသူမတို့ နားအတွင်းသို့ ဆေးတံမှ မီးခိုးငွေ့ကို မှုတ်သွင်းကြ၏ ဆေးတံမှဆေးခိုးငွေ့က နားကိုက်ခြင်းကိုသက်
သာစေခြင်းမဟုတ်ဘဲ အပူဓာတ်ကသာ သက်သာစေခြင်းဖြစ်သည်
ဟုအမေရိကန် မိသားစုဆရာဝနျဒေါကျတာဒနျးဒရှုးကဆျိုလသေညျ
ထိုကြောင့် ဆံပင်အခြောက်ခံစက် ၏ အပူအနိမ့်ဆုံးခလုတ်မှ
ထွက်သောလေပူကို ၁၈လက်မနှင့်၂၀လက်မ အကွာမှ နားထဲသို့
သင့်ရုံမှုတ်ပေးရသည်။
(၃) နားရွက်ကိုလိမ်ဆွဲပေးခြင်း
နားကိုက်နားနာခြင်းသည် အတွင်းပိုင်းနှင့်အပြင်ပိုင်း နားကျင်ခြင်း
လာသိစေရန် နားရွက်ကိုဆွဲလိမ်ပြီးစစ်ဆေးသင့်သည်။ဆွဲလိမ်၍
နားမနာပါလျှင် နား၏အလယ်ပိုင်းတွင်ဖြစ်ရန်များသည် နားကိုဆွဲ
လိမ်ခြင်းကြောင့် နားနာနေပါက နာပြွန်အပြင်ပိုင်းတွင်ဖြစ်နိုင်သည်
ထိုပြင်များစွာသော အခြားဆေးနည်းလမ်းများနှင့်ဆရာဝန်ထံပြရန်ဖြစ်
သည်။
မြန်မာတိုင်းရင်းဆေးမြီးတိုနည်းများ
===================
ဆေးမြီးတိုလေးများ မတင်ပြမည် မကြာသေးမီက နားကိုက်လွန်းသူ
တစ်ဦးအား နားအတွင်းသို့ ရွက်ကျပင်ပေါက်အရွက်ကို မီးကင်၍
အရည်ညှစ်ချပေးလိုက်ရာ သက်သာပျောက်ကင်းသွားသည်။
ကြောင်လျှာသီး မီးကင်အရည်ညှစ်၍ ခပ်နွေးနွေ လေးနားထဲထည့်ပေးပါ ။တစ်နေ့၃ကြိမ်ထည့်ပေးပါ ကြောင်ရှာသီးကြောင်ရှာရွက်ကြော်စားခြင်း မီးအုံကာ အတို့အမြှုပ်လုပ်စားပါ နားအတွက်အလွန်ကောင်းပါသည်။
နားကိုက်လျှင် သံလွင်ဆီ(သို့)မုန့်ညင်းဆီစသောအဆီတို့ ကြွေဇွန်းတွင်ထည့် မီးအပူပေးပြီး ခပ်နွေးနွေးလောင်းထည့်ပေးပါ။
နားပင်းလျှင် ကြောင်ရှာသီးကိုပြုတ်ပြီး သံပုရာသီးညှစ်၍ သုတ်စားပါ။
နားပြည်ယိုလျှင် ကြိတ်မှန်ရွက်သတ္တုရည် ကို အပူပေးပြီး ခပ်နွေးနွေးလေး ၃စက်၄စက်လောင်းထည့်ပေးပါ
နားလေထွက်လျှင် ကြက်သွန်နီဥ အရည်အနည်း ကို အပူပေးပြီးခပ်
နွေးနွေးညှစ်ထည့်ပေးပါ။
နားအူနားလေထွက်လျှင် တရုတ်စံကားအပွင့်ကိုပြုတ်ပြီး အသုပ် လုပ်စားပါ။နားအူနားအုံကိုက်လျှင် သင်္ဘောရွက်ကို မီးအုံ၍အတို့ အမြုပ်လုပ်၍ စားပေးပါ။သင်္ဘောသီးသုပ်စားပေးပါ။
ဂျင်းတက်အနည်းငယ်ကို ထုထောင်းပြီး အရည်ညှစ်၍ မီးအပူပေးပြီး
ဂျင်းသတ္တုရည်ခပ်နွေးနွေးကို ၄စက်၅စက် ချပေးပါ။
ရဲမျိုးသူ(ဗောဓိမြိုင်)
(မှတ်ချက်)
လက်ဆင့်ကမ်း ကူးယူဖော်ပြပါက
မူရင်းဖြစ်တဲ့ စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတအား
Credit ပေး၍ ဖော်ပြခွင့်ရှိပါသည်
#ကျန်းမာရေးဗဟုသုတများ
#crd
#နိုင်ငံတကာသတင်း
◾️ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ရုရှားနှင့်ဆွေးနွေးမှုတိုးတက်အောင်လုပ်နိုင်ခဲ့ကြောင်း ဒေါ်နယ်ထရန့်ပြောကြား
ရုရှားနှင့်ယူကရိန်းကြားကစစ်ပွဲအဆုံးသတ်ရေးဆွေးနွေးမှုများတွင်အမေရိကန်က တိုးတက်မှု ရှိအောင် လုပ် ဆောင်နိုင်ခဲ့သည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသော်လည်း ရုရှား သမ္မတပူတင်နှင့် ၎ငတို့ကြားဆွေးနွေးမှု အသေးစိတ်အချက်အလက်များကိုမူ ပြောကြားခြင်းမရှိပေ။
သမ္မတလေယာဉ် Air Force One ပေါ်တွင် သတင်းထောက်များအား ပြောကြားရာ၌ ၎င်းတို့နှစ်ဦးကြား အဆက်အသွယ်ရှိခဲ့ကြောင်း ထရန့်က အရိပ်အမြွက်ပြောကြားခဲ့ရာ ယင်းမှာ ပူတင်နှင့် အမေရိကန်သမ္မတတစ်ဦးကြားက ဆွေးနွေးမှုကို ၂၀၂၂ ခုနှစ် အစောပိုင်းနောက်ပိုင်းပထမဆုံးအကြိမ် တရားဝင် အသိအမှတ်ပြုခြင်းဖြစ်သည်။
ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတဖြစ်လာပြီးနောက်ပိုင်း သို့မဟုတ် ယင်းမတိုင်ခင် ပူတင်နှင့် ပြောဆိုခဲ့သလားဟု မေးမြန်းချိန်တွင် “ စကားပြောခဲ့ပါတယ်၊ ကျွန်တော်သူနဲ့ စကားပြောခဲ့တယ်လို့ပဲ ဆိုကြပါစို့။ နောက်ထပ်လည်း အများကြီးပြောဆိုဆွေးနွေးသွားဦးမှာပါ။ ကျွန်တော်တို့ အဲဒီစစ်ပွဲကို အဆုံးသတ်ပစ်ရမယ်။” ဟု ထရန့်က ဆိုသည်
“ကျွန်တော်တို့စကားပြောခဲ့တယ်ပဲဆိုကြပါစို့၊အပြန်အလှန်ဘာတွေပြောခဲ့ကြတယ် ဆိုတာကို ကျွန်တော် မပြောချင်ပါဘူး။ ကျွန်တော်တို့ တိုးတက်မှုရနေတယ်လို့တော့ ယုံကြည်ပါတယ်။ ယူကရိန်း-ရုရှား စစ်ပွဲကို ကျွန်တော်တို့ ရပ်ပစ်ချင်ပါတယ်။” ဟု ထရန့်က ဆက်လက်ပြောကြားသည်။
ထို့နောက်အမေရိကန် က ရုရှား ၊ ယူကရိန်း နှစ်ဖက်စလုံးနှင့်ဆွေးနွေးနေကြောင်း ဒေါ်နယ်ထရန့်က ဆိုသည်။
ယင်းစစ်ပွဲကို အဆုံးသတ်ပစ်မည်ဟု ဒေါ်နယ်ထရန့် က ကတိပြုထားသော်လည်း မည်သို့ အဆုံးသတ်မည်ဆိုသည်ကို လူသိရှင်ကြား ချပြထားခြင်းမရှိပေ။
ပြီးခဲ့သည့်သောကြာနေ့က နယူးယောက်ပို့စ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းမှုတွင်လည်း ၎င်း နှင့် ပူတင်ကြား အကြိမ်ရေမည်မျှဆွေးနွေးခဲ့သည်ကို ၎င်းအနေနှင့် မပြောတာကောင်းမည် ဟု ထရန့်က ပြောဆိုပြီး နောက်ဆုံးဆွေးနွေးမှု မည်သည့်အချိန်က ဖြစ်ခဲ့သည်ကိုလည်း မပြောပေ။
ယင်းနှင့် ပတ်သက်၍ မတူညီသောဆက်သွယ်မှုများထွက်ပေါ်လာနေကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်ကလည်း ရုရှားအစိုးရ သတင်းဌာန တာ့စ်ကို ပြောကြားသည်။
“ ကျွန်တော် ကိုယ်တိုင် မသိလိုက်တာ ၊ သတိမထားလိုက်မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ ငြင်းလည်းမငြင်းနိုင်သလို အတည်လည်း မပြုနိုင်ပါဘူး။” ဟု မှတ်ချက်ပေးသည်။
နှစ်နိုင်ငံကြားက ဆက်သွယ်ပြောဆိုမှုများကို အကျယ်တဝင့်ပြောရန်ငြင်းဆိုခဲ့ကာ အကဲဆတ်သောဆွေးနွေးမှု အများအပြားဖြစ်ပေါ်နေကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့ဇ်ကလည်း အန်ဘီစီသတင်းဌာနကို ပြောကြားသည်။
Screen Time များတဲ့သူတွေ မဖြစ်မနေ လုပ်ပေးသင့်တဲ့ မျက်လုံးလေ့ကျင့်ခန်း 👀
💪🏻ခန္ဓာကိုယ်ကျန်းမာဖို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးရသလို မျက်လုံးကျန်းမာဖို့ဆိုရင်လည်း မျက်လုံး လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့လိုအပ်ပါတယ်။
မျက်လုံးအတွက် လေ့ကျင့်ခန်း ဆိုတာ ရှိလို့လားဆိုပြီး စဉ်းစားနေရင်တော့ ဒီစာလေးကို အဆုံးထိ ဖတ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ 🙋🏻♂️
👀များစွာသော မျက်လုံးလေ့ကျင့်ခန်းတွေထဲက
20-20-20 Rule ကတော့ ဖုန်း၊ အင်တာနက်အသုံးများခြင်းကြောင့်ဖြစ်တတ်တဲ့ မျက်လုံးခြောက်တာ၊ မျက်လုံးညောင်းတာတွေကို သက်သာစေမဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ဒီ 20-20-20 rule ကတော့
Screen time မိနစ် ၂၀ကြာတဲ့အခါ ပေ၂၀ အကွာက မြင်ကွင်းတစ်ခုခုကို စက္ကန့် ၂၀ကြာအောင် ကြည့်ပေးရတာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက မျက်လုံးကြွက်သားတွေကို ပြေလျော့စေပြီး အာရုံစူးစိုက်နိုင်စွမ်းတွေကို ပိုကောင်းစေပါတယ်။ 💯
မျက်လုံးကို လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက မျက်လုံးနဲ့ သက်ဆိုင်တဲ့ အမျိုးမျိုးသော အမြင်အာရုံပြဿနာတွေကို သက်သာစေနိုင်တာမို့ သင်ဟာ Screen Time များတဲ့သူဆိုရင် ဒီနည်းလမ်းလေးကို ကျင့်သုံးဖို့ အကြံပြုချင်ပါတယ်။🤗