Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လေထုရှိနိုင်ကြောင်း အချက်အလက်ရလာတဲ့ နေအဖွဲ့အစည်းပြင်ပဂြိုဟ် "Trappist-1 E"
ကမ္ဘာနဲ့ အလင်းနှစ် ၄၁ နှစ်ခန့်ကွာဝေးတဲ့ Trappist-1 system ထဲက Trappist-1E လို့အမည်ပေးထားတဲ့ ဂြိုလ်တစ်ခုမှာ Atmosphere လို့ခေါ်တဲ့ လေထုရှိနိုင်ကြောင်း အထောက်အထားတစ်ချို့တွေ့ခဲ့ရတယ်လို့ JWST တယ်လီစကုတ်က ရရှိတဲ့ ဒေတာတွေ အရ သိခဲ့ရပြီဖြစ်ပါတယ်။
ဒါ့အပြင် Trappist-1E ဂြိုဟ်ဟာ ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်တွေလိုမျိုး မြေစိုင်မြေသားများနဲ့ ဖွဲ့စည်းထားပြီးတော့ Trappist-1 system အတွင်းက သက်ရှိဖြစ်ပေါ်နိုင်ဖို့ အလားအလာ ရှိတဲ့ Habitable zone အတွင်းမှာ တည်ရှိနေတာပဲဖြစ်ပါတယ်။
Habitable zone ဆိုတာ နေအဖွဲ့အစည်းတစ်ခုအတွင်းမှာ မိခင်နေ နဲ့ အကွာအဝေး မနီးလွန်းမဝေးလွန်းတည်ရှိပြီး အပူချိန် မျှတတဲ့အတွက် လေထုနဲ့အတူ ရေမော်လီကျူးများ(H²O)ဟာ အရည်အဖြစ်တည်ရှိနေနိုင်တာကြောင့် သက်ရှိဖြစ်ပေါ်နိုင်ဖို့ အလားအလာအလွန်ကောင်းတဲ့ သတ်မှတ်နေရာတစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်းအတွင်းမှာ လည်း Venus / Earth/ Mars တို့ဟာ သမမျှတဇုံအတွင်းမှာတည်ရှိနေပြီးဒီဂြိုဟ်တွေဟာ ရေ၊မြေ၊လေ တို့နဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။
Trappist-1 အဖွဲ့အစည်းမှာ ကမ္ဘာဂြိုဟ်နဲ့ အရွယ်တူ ကျောက်သားဂြိုဟ် Exoplanet ၇လုံးနဲ့ဖွဲ့စည်းထားပြီး ဒီဂြိုလ်တွေရဲ့ မိခင်ကြယ်(နေ) ဟာ Red dwarf လို့ခေါ်တဲ့ ကြယ်နီအမျိုးအစားဖြစ်တာကြောင့် နေထက်ပိုသေးပြီး အပူချိန်တစ်ဝက်ခန့် သာပူပြင်းတာမို့ Habitable zone လို့ ခေါ်တဲ့ သမမျှတဇုံများဟာ မိခင်ကြယ်နဲ့ ပိုမိုနီးကပ်စွာတည်ရှိနိုင်ပါတယ်။
ဒီဂြိုဟ်ခုနှစ်လုံးထဲကမှ Trappist-1D,E,F သုံးလုံးဟာ သမမျှတဇုံအတွင်းမှာတည်ရှိနေပြီး Trappist-1 E မှာ တော့ လေထုပါရှိနိုင်ကြောင်း အထောက်အထားများရရှိလာတာပဲဖြစ်ပါတယ်။
ဒါပေမယ့် သမမျှတဇုန် အတွင်းမှာ တည်ရှိနေတိုင်း သက်ရှိများဖြစ်တည်နိုင်မယ်လို့တော့ အတပ်မပြောနိုင်ပါဘူး။
ကမ္ဘာနဲ့ အလားတူ သမမျှတဇုန်အတွင်းမှာတည်ရှိနေတဲ့ သောကြာဂြိုလ်ဟာ သူရဲ့လေထုမှာ CO²နဲ့ Sulphur dioxide များတည်ရှိမှုများပြားလွန်းတာကြောင့် နေအဖွဲ့အစည်းအတွင်းက အပူဆုံးဂြိုဟ်အဖြစ်တည်ရှိနေပြီး သက်ရှိရှင်သန်နိုင်ဖို့ အလားအလာအလွန်နည်းပါးတဲ့သက်သေများကြောင့် Trappist-1 E အတွက်လည်းဆက်လက်လေ့လာမှုများကိုပြုလုပ်ရဦးမှာဖြစ်ပါတယ်။
ယခုလောလောဆယ်လေ့လာချက်တွေအရ Trappist-1 E ရဲ့လေထုဟာ Nitrogen နဲ့ methane ပါဝင်နိုင်မှုရှိနေပြီး နေအဖွဲ့အစည်းအတွင်းက စနေဂြိုလ်ရဲ့ အရံလတစ်စင်းဖြစ်တဲ့ Titanရဲ့လေထုနဲ့ အနီးကပ်ဆုံးတူညီမှုရှိနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။
JWST တယ်လီစကုတ်ကို အသုံးပြုပြီး NASA နဲ့ မိတ်ဖက်အဖွဲ့အစည်းများမှ Trappist-1E ဂြိုလ်ကို လာမယ့်နှစ်နှစ်အတွင်း ပိုမို တိကျသေချာတဲ့ အချက်အလက်များစုဆောင်းသွားမှာဖြစ်ပြီး ဒီအချက်အလက်တွေစုံလင်ခဲ့ရင်တော့ Trappist-1E ဂြိုဟ်ဟာ သက်ရှိတွေဖြစ်ပေါ်နိုင်မယ့် ဂြိုဟ်တစ်ခုလားဆိုတဲ့ တိကျသေချာတဲ့ အဖြေတစ်ခုကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံမှ ပညာရှင်များပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ Trappist-1E ကို ရေဒီယိုလှိုင်းများထုတ်လွှင်ပြီး သက်ရှိများဖြစ်တည်မှူရှိမရှိကို ထောက်လှန်းခဲ့ပါသေးတယ်။
394. You're Next (2011)
IMDb – 6.6/10, Rotten 🍅 - 79%
2011 ထွက်ရုပ်ရှင်ကားကောင်းတကားဖြစ်တဲ့အပြင် အသ-တ်အဖြတ်ခန်းတွေ၊ သွေးသံရဲရဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်တာမလို ၁၈ နှစ်အောက်ကလေးတွေတော့မကြည့်ရှုသင့်ပါဘူး။
ဒေးဗစ်ဆန် မိသားစုက ချမ်းသာကြပေမဲ့လည်းသူတိုရဲ့မိသားစုဝင်အချင်းချင်းဆက်ဆံရေးကတော့ မကောင်းကြပါဘူး။မိသားစုဝင်တွေလည်း စုံစုံလင်လင်အတူမရှိရတာကြာပြီဖြစ်တဲ့အတွက်ပေါလ်နဲ့ အာဘရီတိုက သူတိုရဲ့ 35 နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးကို ကလေး ၄ ယောက်နဲ့အတူ လူသူမနီးတဲ့ တောထဲကအိမ်ကြီးမှာလုပ်ရင်းမိသားစုဝင်အချင်းချင်းပြန်ပြီးနွေးထွေးမှုရအောင်လုပ်ဖို အစီအစဥ်ဆွဲခဲ့ကြပါတယ်။
ဒီလိုနဲ့ သူတိုအကုန်အကုန်လုံးပျော်ပျော်ပါပါး နှစ်ပတ်လည်နေ့ကိုအောင်ပွဲခံတဲ့ညမှာပဲ မျက်နှာဖုံးနဲ့လူသ-တ်သမားတွေရောက်လာပြီးလူတိုင်းကိုလိုက်သ-တ်ပါတော့တယ်။
ကော်မန့်ထဲတွင် ဆက်ဖက်နိူင်ပါသည်. 💖🔍
ဇာတ်ကားလင့်
✅ အရင် Join ပါ
👉 ဇာတ်ကားတင်ဂရု (https://t.me/+lfDrZ11CbmRjZTRl)
✅ ဒါလေးနှိပ်ပြီးကြည့်နိုင်ပါပြီ။
👉 https://t.me/c/2417749464/97
ကြက်သားပြုတ်ကြော်....😋
ကြက်သား ကို ဆားနဲ့ ဂျင်း ထည့်ပြီးပြုတ်ပေးပါ...15မိနစ်ခန့် (ကြက်သား ကိုရေဆေးသန့်စင်ပြီးဓါးနဲ့မွှန်းပေးပါ...😍😍
ပြုတ်ပြီး ကြက်သာ း ကို ရေနဲ့အေးအောင်ပြန်ဆေးပေးပြီး ရေခဲရေနဲ့ ခဏပြန်စိမ်ထားပေးပါ...။😍😍
ရေစိမ်ထားပြီး ကြက်သာ ကို ခဏအခြောက်ထားပေးပြီး....ဆီးပူပူမှာ အိုးအဖုံးအုပ်ပြီး ကြော်ပေးပါ အနီရောင်လေး သန်လာတဲ့အထိ ကြော်ပေးပါ.. ။
(ဆော့ ပျာရည်...2ဇွန်း
ငရုပ်သီး ဆော့..2ဇွန်း
ကြက်သား မူန့်အနည်းငယ်..
ဆားအနည်းငယ်... ထည့်ပြီ မီးအေးအေးနဲ့ ခဏချက်ပေးပါ..)
ကြော် ထားပေးတဲ့ ကြက်သား အပေါ် ကိုဆော့လေးသုပ်ပေးပါ...)
(ခဲပတ်လေးနဲ့ ခဏပြန်ကင်ပေးပါ ဆော့ အရသာထဲ ဝင်အောင်လို့ပါ..)
"တစ္ဆေမနဲ့ အဖော်လုပ်ရတာ ပိုရီရတယ်။ မယုံရင် ကိုယ်တိုင် ကြည့်လိုက်တော့!"
====== ပျော်ချင်ရင်ကြည့်ပါ ✅
ဇာတ်လိုက် လန်းဟာ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေရတဲ့ လူငယ်တစ်ယောက်ပါ။ ဒါပေမယ့် သူဟာ မိဘတွေထင်သလို မဟုတ်ဘဲ အလုပ်သွားတယ်လို လိမ်ညာပြီး ကြက်ဝိုင်းတွေမှာပဲ လောင်းကစားလုပ်နေသူပါ။ တစ်နေ့မှာ လောင်းကြေးရှုးပြီး မဆပ်နိုင်တဲ့အခါ လန်းဟာ ထွက်ပြေးရင်း သင်္ချိုင်းတစ်ခုထဲမှာ သွားပုန်းမိပါတယ်။
ဒီဖြစ်ရပ်ကစပြီး လန်းဟာ တစ္ဆေမလေးတစ်ကောင်ကို မြင်တွေ့လာရပါတော့တယ်။ အဲ့ဒီတစ္ဆေမလေးက သူ့သမီးကို ရှာပေးဖို လန်းကို အကူအညီတောင်းပါတယ်။ လန်းက ပထမတော့ ငြင်းပေမယ့်၊ တစ္ဆေမလေးက ငွေရှာဖို လမ်းကြောင်းကောင်းတွေ ပေးမယ်လို ကမ်းလှမ်းလာတဲ့အခါမှာတော့ လန်းလည်း သူ့ကို ကူညီဖို သဘောတူလိုက်ပါတယ်။
ဒါပေမယ့် တကယ်တမ်းကျတော့ ဘာအစွမ်းမှ မရှိတဲ့ တစ္ဆေမလေးနဲ့ လန်းတိုနှစ်ယောက်ကြားမှာ ဟာသတွေ၊ အလွဲတွေ အများကြီး ပေါ်ပေါက်လာပါတော့တယ်။ ဟာသနှောတဲ့ ဇာတ်လမ်းအစအလယ်ကနေ ပရိသတ်ကို မရယ်ရဘူးလို မပြောနိုင်အောင်ပါပဲ။
https://t.me/GuideXMovieChannel2/7
တာမွေမှာ အမျိုးသမီးတစ်ဦးကို ဓါးနဲ့ထိုးပြီး ဆွဲကြိုးဖြတ်လုယက်သူအမျိုးသား ပြည်သူတွေကဝိုင်းဖမ်းလို့ ရဲလက်ရောက်
စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျောက်မြောင်းဈေးကားမှတ်တိုင်အနီးမှာ အမျိုးသမီးတစ်ဦးကို ဓါးနဲ့ထိုးပြီး ဆွဲကြိုးဖြတ်လုယက်ခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ပြည်သူတွေရဲ့ ဝိုင်းဝန်းဖမ်းဆီးခြင်းခံလိုက်ရတဲ့ဖြစ်စဥ်တစ်ခု ဒီကနေ့ စက်တင်ဘာ ၁၅ ရက်၊ နေ့လည် ၂ နာရီဝန်းကျင်အချိန်ခန့်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
၎င်းအမျိုးသားဟာ စက်ဘီးနဲ့ရောက်လာပြီး အမျိုးသမီးတစ်ဦးကို ဓါးနဲ့ထိုးကာ ဆွဲကြိုးကို လုယက်စဥ်မှာ အနီးအပါးမှာရှိတဲ့ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးပြီးနောက် ရဲလက်ကိုအပ်လိုက်ကြတာလို့ ဆိုပါတယ်။
ယင်းဖြစ်စဥ်ကြောင့် လုယက်ခံရသူ အမျိုးသမီးမှာ ဘယ်လက်ပြတ်ရှဒဏ်ရာရခဲ့သလို ဆွဲကြိုးလည်း အပိုင်းသုံးပိုင်း ပြတ်ထွက်သွားခဲ့တာကြောင့် ပြန်လည်ရှာဖွေရာမှာတော့ နှစ်ပိုင်းကိုသာ ရှာတွေ့ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြတ်ထွက်သွားတဲ့ ကျန်တစ်ပိုင်းကို ကောက်ရခဲ့သူ လူငယ်တစ်ဦးက လာရောက်ပေးခဲ့တဲ့အတွက် ဆုံးရှုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး

ခွေးပေါက်ကလေးရဲ့ သွားနဲ့ခြစ်မိတဲ့ သွေးစို့ဒဏ်ရာကို အမှုမဲ့ အမှတ်မဲ့နေရာက အမျိုးသမီးငယ်တစ်ဦး ခွေးရူးပြန်ရောဂါဖြစ်ကာ 6သဆုံး
.
လွန်ခဲ့တဲ့ ၆ လခန့်က ခွေးသွားနဲ့ခြစ်မိရာကနေ ကာကွယ်ဆေးမထိုးမိတာကြောင့်
ခွေးရူးပြန်ရောဂါနဲ့ အသက် ၂၅ နှစ်ဝန်းကျင် အမျိုးသမီး6သဆုံးခဲ့တာပါ။
ခွေးရူးပြန်ရောဂါဝေဒနာခံစားရသူနဲ့ သူ့မိသားစုက ပဲခူးရိုးမ မြိုင်ဟေဝန်ဆင်စခန်းမှာ နေထိုင်ကြသူတွေလို့ သိရှိရပြီး ဝေဒနာနဲ့ 6သဆုံးခဲ့သူအမျိုးသမီးငယ်ဟာ လွန်ခဲ့တဲ့ ၆ လခန့်က ပေါက်စလေးအား လက်ပွန်းတတီး ပွေ့ချီ စနောက်မိရာက ခွေးသွားနဲ့ခြစ်မိတဲ့ သွေးစို့ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။ အမှုမဲ့အမှတ်မဲ့ နေထိုင်ခဲ့ရာက ရောဂါ လက္ခဏာ ပြလာတဲ့အတွက် နီးစပ်ရာ ကျန်းမာရေးဆေးပေးခန်းဆီ ပြသကုသပေမယ့် ဆေးပေးခန်းက သာယာဝတီဆေးရုံဆီ တင်ပို့ကုသဖို့ ညွှန်ကြားတာကြောင့် လာရောက်ကုသစဥ် ခွေးရူးပြန်ရောဂါလက္ခဏာ ပြင်းထန်လာတဲ့အတွက် သာယာဝတီဆေးရုံက ရန်ကုန်ဆေးရုံကြီးဆီ ထပ်မံ လွှဲပြောင်းတာကြောင့် အဖြူရောင်ပရဟိတလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဥ်နဲ့ သယ်ဆောင်လာတဲ့ လမ်းခုလတ်မှာပဲ အဆိုပါအမျိုးသမီးငယ် 6သဆုံးတယ်လို့ သိရပါတယ်။