49 w - Translate

(၁) 🌸🌸 လွန်းထားထား - ဆေးတက္ကသိုလ် 🌸🌸
🌸 ❤ " ရင်ခွင်နန်းတော် " ❤ 🌸
🌹 "နင်နဲ့အတူရှိနေတဲ့ အချိန်တွေမှာ ငါပျော်နေတတ်တာ
နင်သိပါတယ်နော်၊ ငါ တစ်ခုစဉ်းစားမိတယ်...ငါ
ရည်းစားထားမိရင်တောင် ငါ့ရည်းစားဘေးမှာနေရတာဟာ နင့်ဘေးမှာနေရတာလောက် ပျော်မိပါ့မလားလို့"
❤ "ငါ့ လက်စွပ်ကလေးကို နင် ဘယ်တော့မှမချွတ်နိုင်တဲ့လက်မှာပဲ ငါ စွပ်ပေးချင်တာ၊ ညာလက်သူကြွယ်မှာ ငါ့လက်စွပ်ကို နင်စွပ်ထားရင် နင့်ရဲ့လက်ထပ်လက်စွပ်အစစ်ရောက်လာတဲ့အခါ ငါ့လက်စွပ်ကလေးကို နင်ချွတ်ပစ်လိုက်မှာကို ငါ မခံနိုင်ဘူး"
"ငါ မချွတ်ပစ်ဘူး ဆိုရင်ကော"
🌹 "ငါ ကောင်မလေးတစ်ယောက်ကို Propose လုပ်တော့မလို့ "
"ဟင်..."
သူမ အံ့ဩသွားသည်။ ဟင့်အင်း...အံ့ဩသွားခြင်းသက်သက် မကပါ၊ တုန်လှုပ်သွားကာ မျှော်လင့်ချက်အားလုံး ရိုက်ချိုးဖျက်ဆီး ခံလိုက်ရခြင်း ဖြစ်သည်။
သူ...ကိုယ့်ကို တစ်သက်လုံးဖွင့်မပြောတော့ဘူး ဆိုတာကိုတော့ ကြိုတင်ရိပ်မိခဲ့ပါသည်။ သို့သော် တိတ်တခိုး မျှော်လင့်ခြင်းကတော့ ကိန်းဝပ်ခဲ့သေးသည်ပင်။ "အချစ်"ဆိုတာကို ကြိုတင်တွက်ဆ မထားရဲခဲ့...။ ခုတော့ အားလုံး ပြိုလဲပျက်စီးခဲ့ပြီ။ သူမ တို့နှစ်ယောက် ဘယ်သောအခါမှ ချစ်သူတွေဖြစ်လာနိုင်စရာ အကြောင်းမရှိတော့...။
"မင်း...ဘာဖြစ်လို့ ငိုင်ကျသွားတာလဲ "
သူမက သူ့ကို မျက်လုံးလှန်ကြည့်ကာ ခပ်ဖြေးဖြေး ခေါင်းခါ ပြလိုက်သည်။
"မဟုတ်ဘူး...ငါ စဉ်းစားနေတာပါ၊ နင် Propose လုပ်မယ့် မိန်းမမှာ ဘယ်လောက်ထူးခြားတဲ့ အချက်အလက်တွေများ ရှိနေနိုင် မလဲလို့ပါ"
❤ "ငါ တစ်ခုမေးမယ်၊ နင် မှန်မှန်ဖြေပါ...၊ နင် သူ့ကို တကယ်ချစ်သလား"
"ငါ သူ့ကို Propose လုပ်တဲ့အခါ ခင်ဗျားကိုကျွန်တော် လက်ထပ်ချင်တယ်လို့ စပြောမှာ...ငါလိုချင်တာ ဒါပဲလေ၊ ငါ သူ့ကို ဦးနှောက်ကပဲ လိုချင်တာ...ငါ့နှလုံးသားက လိုချင်တာမှမဟုတ်ဘဲ၊ ငါ သူ့ကိုမချစ်ဘူး"
"မိန်းမတစ်ယောက်ကို မချစ်ဘဲ လက်ထပ်ဖို့ကမ်းလှမ်းတဲ့ ယောကျာ်းဟာ ဘယ်လောက်မတရားလိုက်သလဲလို့ နင်မတွေးမိဘူးလား "
"ဘာဖြစ်လို့ မတရားရမှာလဲ၊ ငါ့ဖက်ကိုလည်း နင်ပြန်တွေးပါဦး၊ ငါ ချစ်တဲ့မိန်းမကိုတောင် ငါ လက်မထပ်ဘဲ နေခဲ့သေးတာပဲ၊ ချစ်တိုင်းလည်း လက်မထပ်ဖြစ်သလို လက်ထပ်တိုင်းလည်း မချစ်ပါဘူး၊ ငါတို့ လူမှုရေးတစ်ခုကို လုပ်လိုက်တာပဲရှိတယ်၊ ချစ်တဲ့လူချင်းပေါင်းတာက တစ်မျိုးပေါ့"
🌹 "ငါလိုချင်တဲ့မိန်းမဟာ ကမ္ဘာပေါ် မှာ တစ်ယောက်တည်းရှိတာလည်း သေချာတယ်၊ အဲဒါထက် ပိုသေချာ တာက ငါ သူ့ကို မရနိုင်ဘူးဆိုတဲ့အချက်ပဲ"
❤ သူမ သဘောကျသော...ယောကျာ်းသည် ဘယ်လိုဖြစ်ရမည် ဟု "စံ"သတ်မှတ်ထားစရာ ထူးထူးခြားခြား မရှိခဲ့ဘဲ...ထိုယောကျာ်း တွင်ရှိသမျှ အရည်အသွေး၊ စိတ်နေစိတ်ထား၊ အကျင့်စရိုက်၊ တွေးခေါ် မြော်မြင်မှု၊ လောကကြီးအပေါ် ရှုမြင်သုံးသပ်မှု၊ စိတ်ဓာတ်၊ ဉာဏ်ပညာ၊ ရည်ရွယ်ချက်အားလုံးသည် အံ့ဩစရာကောင်းလေစွာ သူမရဲ့ "စံ"များ သာဖြစ်ခဲ့သည်။
သူ ဘာလုပ်လုပ် သူမက ရင်သပ်ရှုမောလက်ခံအောင် သူက ဖမ်းစားနိုင်ခဲ့သည်။ သူနှင့် သူမသည် နေရာတော်
တော်များများမှာ အံ့မခန်းဖွယ် တူညီနေတတ်သည်။ စိတ်
ဆတ်ပုံချင်းရော၊ စိတ်ထက် ပုံခြင်းရော၊ ဆတ်ဆတ်ထိမခံတတ်ချင်းရော၊ ကြွပ်ဆတ်ကြွစောင်းကာ ဒေါသကြီတာ
ချင်းရော၊ မထီမဲ့မြင် ပြုတတ်ပုံချင်းရော၊ အရွဲ့တိုက် သရော်တတ်ပုံချင်းရော...အားလုံးအားလုံး တူသည်။
လောကတွင် သူမ၏ ချစ်သူရည်းစားဖြစ်ဖို့ အကောင်းဆုံး ယောကျာ်းမှာ သူတစ်ယောက်တည်းသာ ရှိပါသည်။ အဲဒီအချက်ကို သူမကိုယ်တိုင် တစ်ထစ်ချယုံကြည်လက်ခံသည်။ သူ့လောက်စိတ် တိုင်းကျစရာ အကောင်းဆုံး...၊ နှစ်ယောက်သား လက်ချင်းတွဲကာ လောကကို သရော်ရွဲ့စောင်းဖို့ အကောင်းဆုံး...နောက်ထပ် ယောကျာ်း တစ်ယောက် သူမသေသည်အထိ ထပ်မံပေါ်ပေါက်လာတော့မည် မဟုတ်တော့ပါ။
"ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံး"ဟု အတ္တကြီးစွာ အမြဲကြွေးကြော်ခဲ့သော သူမတွင် ကိုယ်နှင့်ထပ်တူ ချစ်မြတ်နိုးစရာ ယောကျာ်းတစ်ယောက် ပေါ်ပေါက်ခဲ့သည်ဆိုလျှင် ထိုယောကျာ်းမှာ သူပဲဖြစ်ရမည်။

Crd

image
49 w - Translate

"ချစ်သူရဲ့မြတ်နိုးစွာ လက်ထပ်ခွင့်တောင်းတာကို လက်ခံခဲ့တဲ့ မေပန်းချီ"
Photo. Credit
#celefocus

image
49 w - Translate

"ချစ်သူရဲ့မြတ်နိုးစွာ လက်ထပ်ခွင့်တောင်းတာကို လက်ခံခဲ့တဲ့ မေပန်းချီ"
Photo. Credit
#celefocus

image
49 w - Translate

"ချစ်သူရဲ့မြတ်နိုးစွာ လက်ထပ်ခွင့်တောင်းတာကို လက်ခံခဲ့တဲ့ မေပန်းချီ"
Photo. Credit
#celefocus

image
49 w - Translate

"ချစ်သူရဲ့မြတ်နိုးစွာ လက်ထပ်ခွင့်တောင်းတာကို လက်ခံခဲ့တဲ့ မေပန်းချီ"
Photo. Credit
#celefocus

image
49 w - Translate

"ချစ်သူရဲ့မြတ်နိုးစွာ လက်ထပ်ခွင့်တောင်းတာကို လက်ခံခဲ့တဲ့ မေပန်းချီ"
Photo. Credit
#celefocus

image
49 w - Translate

"ချစ်သူရဲ့မြတ်နိုးစွာ လက်ထပ်ခွင့်တောင်းတာကို လက်ခံခဲ့တဲ့ မေပန်းချီ"
Photo. Credit
#celefocus

image
49 w - Translate

"ချစ်သူရဲ့မြတ်နိုးစွာ လက်ထပ်ခွင့်တောင်းတာကို လက်ခံခဲ့တဲ့ မေပန်းချီ"
Photo. Credit
#celefocus

imageimage
+4
49 w - Translate

Beautiful faceted Moissanite pair Red couler

Credit to owner

image
49 w - Translate

၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့ ထိုင်းနိုင်ငံရဲ့အမေများနေ့မှာ Ban Noen Kroi စာသင်ကျောင်းမှာ မိဘမေတ္တာကြားက နွေးထွေးစရာဖြစ်ရပ်တစ်ခုဖြစ်ပွါးခဲ့ပါတယ်
ဂျိုးလွတ်ဖုန်းဘောဒီ လို့အမည်ရတဲ့အမျိုးသားတစ်ဦးဟာ အသက် ၄၈ နှစ် အရွယ် single father တစ်​ယောက်ဖြစ်ပြီး သမီးဖြစ်သူ ခရင်မ်ကို မွေးစားထားခြင်း ဖြစ်ပါတယ် နောက်ပြီး သူဟာ သမီးဖြစ်သူ ကျောင်းတက်နေတဲ့ ကျောင်းမှာပင် ကာယဆရာဆရာအဖြစ် လုပ်ကိုင်နေခြင်း ဖြစ်ပါတယ် ကျောင်းသားတွေက သူ့ကို ဆရာဂျိုး လို့ ခေါ်ကြပါတယ် ခရင်မ် ဟာ အသက် ၁၅ နှစ်ဝန်းကျင် ကျောင်းသူတစ်ဦးဖြစ်ပြီး ဖခင်ဂျိုးက တစ်ဦးတည်း ပြုစုပျိုးထောင်ထားခဲ့တာပါ
ထိုင်းနိုင်ငံက စာသင်ကျောင်းတွေမှာ အမေများနေ့မှာ ကျောင်းသားတွေက မိမိတို့ရဲ့ အမေတွေရှေ့မှာ ဒူးထောက်အရိုအသေပေးကာ စံပယ်ပန်းတွေနဲ့ ဂါရဝပြုတဲ့ အစဉ်အလာရှိပါတယ်
အမေ မရှိတဲ့ ခရင်မ်ဟာ ဒီအခမ်းအနားမှာ ပစ်ပယ်ခံရပြီး သူငယ်ချင်းတွေရဲ့ လှောင်ပြောင်မှုနဲ့ စိတ်အားငယ်မှာကို ဂျိုးတစ်ယောက် စိုးရိမ်ခဲ့ပါတယ်
အဲ့တာကြောင့် ဂျိုးဟာ သူရဲ့ဂုဏ်သိက္ခာ နဲ့ လူအများရဲ့အမြင်ကို ဂရုမစိုက်ဘဲ သမီးဖြစ်သူ ပျော်ရွှင်ရန်အတွက် အမျိုးသမီးဝတ်ဆုံအဖြစ် ဆံပင်ရှည်အတု နဲ့ ဂါဝန် တို့ကို ဝတ်ဆင်ကာ အခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်
သူက ‘’ကျောင်းရဲ့ အမေများနေ့ လှုပ်ရှားမှုတွေ လုပ်တဲ့အခါ ကျွန်တော့်ကလေးကို စိတ်ဓာတ်မကျစေချင်ဘူး ကျွန်တော် ရှက်စရာမလိုပါဘူး ဘာလို့လဲဆိုတော့ ကျွန်တော့်သမီးကို ချစ်လို့ပါဘဲ " လို့ မီဒီယာတွေကို ရှင်းပြခဲ့ပါတယ်
ခရင်မ်ဟာ သူ့ဖခင်ရဲ့ ပုံစံကို မြင်လိုက်ရတဲ့အခါ အလွန်ဝမ်းသာအားရ ပြုံးရယ်ကာ ဖခင်ရဲ့ရင်ခွင်ထဲသို့ ပြေးဝင်ပွေ့ဖက်ခဲ့ပါတယ် သူမဟာ အခြားအတန်းဖော်တွေလိုဘဲ အမေတွေရဲ့ရှေ့မှာအရိုအသေပေးခဲ့ကြပါတယ်
ခရင်မ်က သူမ ဖခင်ရဲ့ လုပ်ရပ်ကြောင့်လုံးဝရှက်ရွံ့ခြင်း မရှိကြောင်း ပြောကြားခဲ့ပြီး "ဒီနှစ် အမေများနေ့မှာ သမီးဖေဖေကို အရမ်းချစ်တယ်လို့ ပြောချင်ပါတယ် သမီးကို ပြုစုပျိုးထောင်ပေးပြီး ပျော်ရွှင်အောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီဘဝမှာ ဘာမှ လိုအပ်တယ်လို့ မခံစားရပါဘူး’’ လို့ ပြောခဲ့ပါတယ်
ဂျိုးဟာ ၎င်းရဲ့ TikTok နဲ့ Facebook တွေမှာ ဒီမြင်ကွင်းကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို မျှဝေခဲ့ရာ ကမ္ဘာတစ်ဝန်းရှိ လူမှုကွန်ရက် အသုံးပြုသူတွေထံမှချီးကျူးထောက်ခံမှုများစွာရရှိခဲ့ပါတယ်

image