Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လန်ဒန်တွင် ရွှေ့ပြောင်းများဆန့်ကျင်မှု လူတစ်သိန်းကျော် ဆန္ဒပြ
လန်ဒန်၊ စက်တင်ဘာ ၁၅
လန်ဒန်မြို့လယ်ပိုင်းတွင် စက်တင်ဘာ ၁၃ ရက်က ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် ဆန္ဒပြမှုဖြစ်ပွား ခဲ့ပြီး လူပေါင်းတစ်သိန်းကျော် ပါဝင်ဆန္ဒပြခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဆန္ဒထုတ်ဖော်သူများက အင်္ဂလန်နှင့် ဗြိတိန်အလံများကို ကိုင်ဆောင်ခဲ့ကြပြီး ရဲတပ်ဖွဲ့နှင့် အဓိကရုဏ်း ဖြစ်ပွားခဲ့ သည်။
ထိုဆန္ဒပြမှုသည် လတ်တလော နှစ်များအတွင်း ဗြိတိန်၏ အကြီးဆုံး လက်ယာယိမ်း ဆန္ဒပြမှုများတွင် တစ်ခု အပါအဝင် ဖြစ်လာခဲ့သည်။
ရွှေ့ပြောင်း နေထိုင်သူများ ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူ တွမ်မီရော်ဘင်ဆန် (Tommy Robinson) က ဦးဆောင်စီစဉ်သော "Unite the Kingdom" ချီတက်မှုတွင် လူ ၁၁၀,၀၀၀ ဝန်းကျင် ပါဝင်ခဲ့သည်။
ထိုဆန္ဒပြသူများကို တုံ့ပြန်သည့် တန်ပြန်သပိတ်ဖြစ်သော "Stand Up to Racism" ဆန္ဒပြမှုတွင် လူ ၅၀၀၀ ဝန်းကျင် ပါဝင်ခဲ့သည်ဟု လန်ဒန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရုန်းရင်းဆန်ခတ်ဖြစ်မှုကို ရှောင်လွှဲနိုင်ရန်အတွက် ရဲတပ်ဖွဲ့က ထိုဆန္ဒပြအဖွဲ့ ၂ ဖွဲ့ကို သီးခြားခွဲထားခဲ့သည်။
ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို တားမြစ်ရန် ကြိုးပမ်းချိန်တွင် အကြမ်းဖက်မှုများနှင့် ကြုံတွေ့ခဲ့သည်ဟု ဆိုသည်။
ရဲအရာရှိများသည် ကန်ကျောက် ထိုးနှက် ခံရသည့်အပြင် လူအများက ၎င်းတို့ကို ပုလင်းဘူခွံများ၊ အချက်ပြ မီးကျည်များနှင့် အခြားအရာဝတ္ထုများဖြင့် ပစ်ပေါက်မှုများရှိခဲ့သည်။
ရဲအရာရှိ ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့ထဲမှာ လေးဦးသည် ဒဏ်ရာ အပြင်းအထန်ရခဲ့ကာ လူ ၂၅ ဦးကို ဖမ်းဆီးခဲ့သည်။
"အကြမ်းဖက်မှု ဖြစ်စဉ်ထဲမှာ ပါဝင်သူတွေကို ဖော်ထုတ်နိုင်ဖို့ လုပ်ဆောင်နေပြီး အဲဒီလူတွေအနေနဲ့ လာမယ့် ရက်ပိုင်း ဒါမှမဟုတ် သီတင်းပတ်တွေ အတွင်းမှာပဲ ပြင်းပြင်းထန်ထန် အရေးယူခံရမှာပါ" ဟု လက်ထောက် ကော်မရှင်နာ မက်တွစ်(Matt Twist)က ပြောကြားခဲ့သည်။
"ဒီနေ့ဟာ ဗြိတိန်မှာ ယဉ်ကျေးမှု တော်လှန်ရေး အစပျိုးခြင်း ဖြစ်ပါတယ်။ ဒါက ကျနော်တို့ရဲ့ အခိုက်အတန့် ပါပဲ"ဟု ရော်ဘင်ဆန်က ၎င်းကို ထောက်ခံသူများအား ပြောကြားသည့် မိန့်ခွန်းတွင် ဆိုသည်။
ရော်ဘင်ဆန်နှင့် အခြားလက်ယာယိမ်း လှုပ်ရှားသူများကို ထောက်ခံသည့် အမေရိကန် ဘီလျံနာ အီလွန်မာ့စ် ကလည်း ဗြိတိန်တွင် အစိုးရအပြောင်းအလဲ တစ်ရပ်ကို တောင်းဆိုခဲ့သည်။
Source: ရိုက်တာ
ပုံ - ရွှေ့ပြောင်းများကို ဗြိတိန်မှာ ဆန္ဒပြနေကြစဉ်
#သတင်းဟင်းလေးအိုးကြီး
မိုဒီ၏ မဏိပူရခရီးစဉ်တွင် နာဂငြိမ်းချမ်းရေး ဆက်လုပ်ရန် UNC ပြော
အင်ဖာ၊ စက်တင်ဘာ ၁၅
United Naga Council (UNC) သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ၏ မဏိပူရ ပြည်နယ်ခရီးစဉ်တွင် အမှာစာတစ်ခုကို တင်သွင်းခဲ့ပြီး ရပ်တန့်နေသော နာဂငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည် ဖော်ရန် တောင်းဆိုခဲ့သည်ဟု Northeast Live သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ထိုအမှာစာထဲတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာရေး အစီအစဉ် (FMR) ကို ပယ်ဖျက်မှု၊ အိန္ဒိယ-မြန်မာ နယ်စပ် စည်းရိုး ဆောက်လုပ်နေမှုနှင့် နာဂငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပြီးသတ် လုပ်ဆောင်မှုကို ဆိုင်းငံ့ထားမှု အစရှိသည့် အဓိကအချက် ၃ ချက်ကို အာရုံစိုက် လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်၏ ခရီးစဉ်ကို ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းမည့် မြင့်မြတ်သော မစ်ရှင်တစ်ခုအဖြစ် ကြိုဆိုခဲ့ ပြီး နာဂလူမျိုးများသည် မဏိပူရတွင် လက်ရှိဖြစ်ပွားနေသည့် လူမျိုးရေးပဋိပက္ခ၌ ပါဝင်ခြင်းမရှိကြောင်း UNC က ပြောကြားခဲ့သည်။
နာဂလူမျိုးများသည် ကြားနေရပ်တည်ချက်ကို ထိန်းသိမ်းထားပြီး ဒေသတွင်း ပုံမှန် အခြေအနေကို ပြန်လည် ထိန်းသိမ်းရာတွင် အထောက်အကူ ဖြစ်စေရန် ပဋိပက္ခဖြစ်နေသည့် အသိုင်းအဝိုင်းများနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည်ဟု UNC က ပြောကြားခဲ့သည်။
အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေး စီမံကိန်း၊ FMR ကို ဖျက်သိမ်းမည့် အစိုးရ၏ အစီအစဉ်တို့နှင့် ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း အမှာစာထဲတွင် UNC က ဖော်ပြထားသည်။
ထိုမူဝါဒများသည် နာဂလူမျိုးများ၏ ဘိုးဘေးဘီဘင် ပိုင်ဆိုင်ခဲ့သည့် နယ်နိမိတ်၊ လူမျိုး ဖြစ်တည်မှုနှင့် နယ်စပ် ဖြတ်ကျော် ဆက်ဆံရေးရှိသည့် အစဉ်အလာများအတွက် ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်နေကြောင်း UNC က ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရ၏ ထိုမူဝါဒများကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ၊ မေတ္တာရပ်ခံမှုများနှင့် ဆွေးနွေးမှုများ ရှိခဲ့သည့်တိုင် အစိုးရဘက်မှ အဓိပ္ပာယ်ပြည့်ဝသည့် တုံ့ပြန်မှုမျိုး မရှိခဲ့ကြောင်းလည်း UNC က ပြောကြားခဲ့သည်။
ထို့ကြောင့် UNC သည် မဏိပူရပြည်နယ်၏ နာဂဒေသများတွင် စက်တင်ဘာ ၈ ရက်မှစပြီး အကန့်အသတ်မရှိ ကုန်သွယ်ရေးပိတ်ပင်မှု ပြုလုပ်ခဲ့သည်။
သို့သော် ထိုအရေးကိစ္စနှင့်ပတ်သက်ပြီး UNC၊ မဏိပူရအစိုးရနှင့် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနတို့ ပါဝင်သည့် သုံးပွင့်ဆိုင် ဆွေးနွေးမှုကို ဆက်လက် ပြုလုပ်ရန် စက်တင်ဘာ ၁၀ ရက်တွင် မဏိပူရပြည်နယ်အစိုးရက အာမခံခဲ့ သည်။
ထို့ပြင် မိုဒီ၏ မဏိပူရပြည်နယ် ခရီးစဉ်ကို လေးစားခြင်းအားဖြင့် UNC သည် စက်တင်ဘာ ၁၁ ရက် ဒေသ စံတော်ချိန် ညနေ ၆ နာရီမှစပြီး ကုန်သွယ်ရေး ပိတ်ဆို့မှုကို ယာယီဆိုင်းငံ့ပေးခဲ့သည်။
လက်ရှိတွင် UNC သည် နယ်စပ်စည်းရိုးကိစ္စ၊ FMR ဖျက်သိမ်းရေးကိစ္စတို့နှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်မိုဒီ၏ ပုဂ္ဂိုလ်ရေးအရ ကြားဝင်ဆောင်ရွက်မှုကို ရရှိရန် ကြိုးပမ်းနေသည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။
Source: Northeast Live
ပုံ - အိန္ဒိယဝန်ကြီးချုပ် မိုဒီကို မဏိပူရပြည်နယ်ခရီးစဉ်မှာ တွေ့ရစဉ်
#centralnewsnaypyitaw
mop
🧹ကြမ်းတိုက်တံ 🧼360 Rotation Flat Mop Free Hand Washing Lazy Mop
စျေးနုန်း ကြမ်းတိုက်တံ နှင့် အဝတ်ပို ၂ခု ၁၈၀၀၀ကျပ်. အဝတ်ပို ၁ခု ၄၅၀၀ကျပ်။
360° Rotation Lazy Mop | Microfiber Squeeze Mop | Free Hand Washing Mop
🟢 360° လှည့်နိုင်သော mop head ဖြင့် မျက်နှာပြင်တိုင်းကို လွယ်ကူစွာ သန့်ရှင်းနိုင်ပါတယ်။
🟢 Microfiber pad များသည် ဖုန်မှုန့်၊ ဆေးကြောရေ၊ သားရေမွှားများကို အထူးကောင်းစွာ ဖယ်ရှားပေးနိုင်ပါတယ်။
🟢 အလွယ်တကူ ဖိနှိပ်၍ ရေစုပ်နိုင်သော ဒီဇိုင်းကြောင့် လက်မထိုးဘဲ သန့်ရှင်းရေးလုပ်နိုင်ပါတယ်။
🟢 အလင်းအလတ် Aluminum Handle ဖြင့် မိမိအရပ်အမြင့်အလိုက် အသုံးပြုနိုင်ပြီး ခေါင်းမိုက်စွာ မဖိနပ်ရတော့ပါ။
🟢 အိမ်တွင်း မျက်နှာပြင်အမျိုးမျိုး (ကြမ်းခင်း၊ တိုင်၊ မျက်နှာပြင်၊ မော်တော်ယာဉ်) အတွက် အသုံးပြုနိုင်ပါတယ်။
📦 Variant Options:
🔹 Option (1): 1 x Mop + 2 x Cleaning Pads
🔹 Option (2): 1 x Cleaning Pad
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho
#360rotationmop #lazymop #microfibermop #floorcleaning #householdcleaning #wetdrymop #easycleaning #myanmarsale #homecare #cleaningtools #moplovers #အိမ်သန့်ရှင်းရေး
ပိသျှူးအဆိပ်မှာ သဘာဝအတိုင်းပါဝင်တဲ့ Melittin လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ ပြင်းထန်တဲ့ ရင်သားကင်ဆာဆဲလ်တွေဖြစ်တဲ့ triple-negative နဲ့ HER2-positive ကင်ဆာဆဲလ်အချို့ကို တစ်နာရီမပြည့်ခင် အချိန်တိုလေးအတွင်း ဖျက်ဆီးနိုင်တယ်ဆိုတာကို ဩစတြေးလျသိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ပုံမှန်ဆဲလ်တွေကိုတော့ ထိခိုက်မှုမရှိစေပါဘူး။🐝
ဒီသုတေသနအစောပိုင်းကနေ အနာဂတ်မှာ ပစ်မှတ်ထားကုသနိုင်ပြီး ဘေးထွက်ဆိုးကျိုးနည်းပါးတဲ့ ကင်ဆာကုသနည်းတွေ ပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့ အလားအလာကို ညွှန်ပြနေပါတယ်။ လက်ရှိအချိန်မှာတော့ ဒီသုတေသနက ဓာတ်ခွဲခန်းအဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သဘာဝတရားကနေ ဆေးပညာဆိုင်ရာ တိုးတက်မှုအသစ်တွေကို ဘယ်လိုပုံစံနဲ့ ဆက်ပြီး လှုံ့ဆော်ပေးနိုင်တယ်ဆိုတာကိုတော့ မီးမောင်းထိုးပြလိုက်ပါတယ်။🐝
ပျားတစ်ကောင်ရဲ့ အဆိပ်ကနေ... ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ လက်နက်တစ်ခု ဖြစ်လာနိုင်ပါတယ်။🐝