Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Tru-th or Da-re (2018)
ဒီဇာတ်လမ်းထဲမှာ ကျောင်းပြီးတော့မယ့် ကောလိပ်ကျောင်းသား သူငယ်ချင်းတစ်စုဟာ သူတိုရဲ့ နောက်ဆုံးနွေရာသီကျောင်းပိတ်ရက်ကို မက္ကဆီကိုနိုင်ငံမှာ အချိန်ဖြုန်းရင်းကုန်လွန်ဖို ဆုံးဖြတ်ခဲ့ကြပါတယ်။ မက္ကဆီကိုရောက်တော့ သူတိုဟာ လူငယ်တွေပီပီ ကမ်းခြေတွေ၊ ဘားတွေမှာ သောက်စားပျော်ပါးကြရင်း တစ်ညရောက်တော့ ဘားတစ်ခုမှာ သူတိုလိုပဲ လူစိမ်း လူငယ်တစ်ယောက်နဲ့ သိကျွမ်းခဲ့ရာက အဲ့ဒီညမှာပဲ ကိုယ်လူစိမ်း ရွေးချယ်မှုအရ ဘုရားကျောင်းပျက်ကြီးထဲမှာ သောက်စားကြရင်း ခုနပြောခဲ့တဲ့ "Tru-th or Da-re?" ဆိုတဲ့ကစားနည်းလေးစဆော့မိကြတဲ့နောက်မှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်တွေဟာ သူတိုအိမ်ပြန်တဲ့အထိ နောက်ကလိုက်လာခဲ့ပါတော့တယ်။
I Kill Giants (2017)
ဒီကားလေးကို Trailer စကြည့်ကတည်းက မျော်လင့်မိနေတာ ဟယ်ရီပေါ်တာကားထုတ်လုပ်သူတွေကရိုက်ထားတဲ့ကားဆိုပြီး
monster giant တွေပါတယ်ဆိုတော့ ကိုယ့်အကြိုက်ပေါ့ ;p
ဒီဇာတ်ကားကိုအညွှန်းရေးရမယ်ဆိုရင်တော့ဖြင့်
လူတိုင်းမှာရင်မဆိုင်ရဲတာမျိုး ကြောက်ရွံနေတာမျိုးရှိတတ်ကြပါတယ်
အဲ့ဒီအရာကိုရှောင်ပြေးနေရင်း ဖြစ်လာတဲ့ပုံစံမျိုးလေးရိုက်ထားတာပါ။
အဓိကဇာတ်ကောင်ဖြစ်တဲ့ ဘာဘရာသော်ဆင် ဆိုတဲ့ကောင်မလေးက ကျောင်းမှာဆို ရူးကြောင်ကြောင်အဖြစ်သတ်မှတ်ခံရပြီး
အပေါင်းအသင်းမရှိတဲ့လူတစ်ယောက်
သူကိုယ်တိုင်ကလည်း သူ့အရွယ်ကလေးတွေက ခပ်ပိန်းပိန်းတွေလိုသဘောထားတယ်။
ပြီးတော့ သူ့မှာလည်းလျှိဝှက်ချက်တစ်ခုရှိနေတယ်။
ဘာလဲဆိုတော့ မြိုကို Giant တွေအန္တရာယ်ကကာကွယ်ပေးနေရတာ
အပေါင်းအသင်းမရှိတဲ့ ဘာဘရာတစ်ယောက် လန်ဒန်ကနေပြောင်းလာတဲ့ ဆိုဖိယာဆိုတဲ့ကောင်မလေးနဲ့
တွေ့တွေ့ချင်းပဲ ခင်သွားတယ်ပြီး သူ့လျှိဝှက်ချက်တွေကိုပြောပြလိုက်တယ်။
ဇာတ်လမ်းရဲ့ ၂/၃လောက်ထိက ဘာဘရာတစ်ယောက် ဘာလိုထူးဆန်းနေရတာလဲ Giantတွေကဘယ်လိုလာဖျက်ဆီးမလဲ
ဆိုတာတွေနဲ့ စိတ်ဝင်စားစရာကောင်းနေပြီး ဇာတ်လမ်းပြီးခါနီးလာလေလေ တစ်ကယ့်ဖြစ်ရပ်မှန်တွေပေါ်လာလေလေပါ။
Movie ကြည့်ရန် Link ⤵️⤵️
https://t.me/shinkgmalayrosie/4829
Channel အရင်joinရန် Link ⤵️⤵️
https://t.me/shinkgmalayrosie
လပေါ်တက်ပြီး တန်ဖိုးကြီးရှားပါး ဓါတ်ငွေ့ထုတ်မယ့် ကုမ္ပဏီ
အမေရိကန်ကုမ္ပဏီတစ်ခုက လပေါ်တက်ပြီး စက်ရုပ်နဲ့ ဓါတ်ငွေ့တူးဖို့ ကြိုးစားနေပါတယ်။
ဆီယက်တဲလ်အခြေစိုက် Interlune ဆိုတဲ့ ကုမ္ပဏီက Helium-3 လို့ခေါ်တဲ့ ရှားပါးအိုင်ဆိုတုပ်ကို လပေါ်ကနေ ထုတ်ယူဖို့ လုပ်နေတာပါ။ ကမ္ဘာပေါ်မှာ တစ်ကီလိုကို ဒေါ်လာ သန်း ၂၀ ဈေးလောက် ပေါက်နေတဲ့ ဒီရှားပါးဓါတ်ငွေ့က လပေါ်မှာ ဖောချင်းသောချင်း ပေါပါတယ်။
Helium-3 က ရေဒီယိုသတ္တိကြွမဟုတ်တဲ့ non-radioactive အိုင်ဆိုတုပ်ဖြစ်ပြီး နျူကလီးယားဓါတ်ပေါင်းဖိုအတွက် သန့်စင်စွမ်းအင်လောင်စာအနေနဲ့အပြင် ဆေးဘက်ဆိုင်ရာ သုတေသနတွေနဲ့ ကွမ်တမ်ကွန်ပျူတာသုံး qubits လေးတွေရဲ့လုပ်ဆောင်ချက် တည်ငြိမ်စေဖို့အတွက်ပါ အရေးကြီးတဲ့ ဓါတ်ငွေ့တစ်မျိုးပါ။
ကမ္ဘာပေါ်မှာ အလွန့်ကို ရှားပြီး လပေါ်မှာ အလျှံပယ်ပေါတယ်ဆိုပေမယ့် ထုတ်လုပ်ဖို့အတွက် စရိတ်စက ၊ နည်းပညာအခက်အခဲနဲ့ ဈေးကွက်အနာဂါတ်မသေချာမှု ကြီးလွန်းပါတယ်။ ဒါကြောင့်ပဲ ဆယ်စုနှစ်ချီ ငွေအားနည်းပညာအားနဲ့ ရင်းနှီးနိုင်မယ့်ကုမ္ပဏီကြီးတွေပဲ လပေါ် တက်ပြီး Helium-3 ထုတ်ဖို့ စီမံကိန်းတွေ လုပ်ထားကြတာပါ။
Interlune ကုမ္ပဏီကတော့ လမျက်နှာပြင် အနက် ၁၀ ပေအထိ တူးနိုင်တဲ့ အဆင့်မြင့်စက်ယန္တရားကြီးတစ်ခု တည်ဆောက်နိုင်ပြီလို့ ဆိုပါတယ်။ ဒီမြေတူးစက်က တစ်နာရီကို လမြေသားတန် ၁၁၀ အထိ တူးထုတ်ပြီး Helium-3 ကို တခြားဒြပ်စင်တွေကနေ ခွဲထုတ်နိုင်တဲ့ နည်းပညာနဲ့ ခွဲထုတ်ယူမှာပါ။
လပေါ်မှာတင် Helium-3 သန့်စင်ပြီးမှ ကမ္ဘာမြေကို ပို့ဆောင်မယ်လို့ ဆိုပါတယ်။ စက်ယန္တရားအတွက် Vermeer ဆိုတဲ့ စက်ယန္တရားထုတ်လုပ်ရေးလုပ်ငန်းနဲ့လည်း လက်တွဲထားတယ်လို့ ဆိုပါတယ်။ Interlune CEO ရော့ဘ် မီယာဆန်ကတော့ ထုတ်လုပ်မှုစပြီဆို တစ်နှစ်ကို Helium-3 ကီလိုဂရမ်ဆယ်ဂဏန်း ကမ္ဘာကို ပို့နိုင်မယ်လို့ တွက်ထားပါတယ်။
ကုမ္ပဏီအနေနဲ့ ၂၀၂၉ ကစပြီး ဖောက်သည်တွေဆီ Helium-3 စတင် ပို့ဆောင်နိုင်မယ်လို့လည်း မျှော်မှန်းထားပါတယ်။
မင်ချိကုအို ချပြတဲ့ ၃ နှစ်တာ iPhone roadmap
၂၀၂၅-၂၀၂၇ သုံးနှစ်တာက Apple အတွက် အပြောင်းအလဲအဖြစ်ဆုံးနှစ်ဖြစ်နိုင်ပါတယ်။
Apple hardware ပိုင်း အကြီးအကဲ ဂျွန်သားနပ်စ်ကိုယ်တိုင်က iPhone လက်ရှိလမ်းပြမြေပုံက ကုမ္ပဏီအတွက် 'ရည်မှန်းချက်အမြင့်ဆုံး' လမ်းပြမြေပုံဖြစ်နေတယ်လို့ ပြောထားလို့ပါ။
အခု အဲ့ဒီ iPhone roadmap ကို နာမည်ကြီး analyst တွေ ဖြစ်တဲ့ မင်ချိကုအို နဲ့ ဝိန်းမားတို့က ချပြလာပါတယ်။ မင်ချိကုအို ပြောသလိုဆို -
၂၀၂၅ ဒုတိယနှစ်ဝက်မှာ iPhone 17, iPhone 17 Air , iPhone 17 Pro နဲ့ iPhone 17 Pro Max ထွက်ပါမယ်။ မတူတဲ့ ဒီဇိုင်း ၃ မျိုးကို iPhone မော်ဒယ် ၄ မျိုးမှာ မြင်ရပါမယ်။
၂၀၂၆ ပထမတစ်ဖြတ်အနေနဲ့ iPhone 17e လာပါမယ်။
၂၀၂၆ ဒုတိယနှစ်ဝက်မှာ iPhone 17 air နဲ့ တစ်ဆိုဒ်တည်း iPhone 18 Air
ဘယ်ဘေးဘောင် punch hole သုံး iPhone 18 Pro နဲ့ iPhone 18 Pro Max
Apple ရဲ့ ပထမဆုံး ခေါက်ဖုန်း iPhone 18 Fold ထွက်ပါမယ်။
၂၀၂၇ မှာ iPhone သစ် ၆ မျိုး မိတ်ဆက်ပါမယ်။
၂၀၂၇ ပထမနှစ်ဝက်မှာ iPhone 18 နဲ့ iPhone 18e
ဒုတိယနှစ်ဝက်မှာ
screen size ပိုကြီးလာမယ့် iPhone 19 Air
camera cutout မပါတော့တဲ့ iPhone 19 Pro နဲ့ iPhone 19 Pro Max
ဒုတိယမျိုးဆက် ခေါက်ဖုန်း iPhone 19 Fold တို့ ကြေညာဖို့ ရှိပါတယ်။
ဒါကို illustration လုပ်ထားတဲ့ပုံကို အောက်မှာ ကြည့်နိုင်ပါတယ်
သူမရဲ့ Fan Meeting ပွဲလက်မှတ်ကြေးနဲ့နှိုင်းယှဉ်ခံရတဲ့ စင်ကာပူက Lady Gaga ရဲ့ ရှိုးပွဲကို သွားရောက်အားပေးခဲ့တဲ့ ပိုပို 🥰
အရမ်းကောင်းလွန်းလို့ မျက်ရည်ပါ ကျရတဲ့အထိဖြစ်ခဲ့တယ်လို့ ပိုပိုက ပြောခဲ့ပါတယ်။ သူမကိုယ်တိုင်လည်း စင်ကာပူမှာကျင်းပမယ့် Fan Meeting ပွဲကို ကိုယ်တိုင်ဖျက်သိမ်းခဲ့ပြီး Lady Gaga ရဲ့ပွဲကိုတော့ ကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးခဲ့တာပါ။ သူမရဲ့ ပွဲလက်မှတ်ဝင်ကြေးဟာ အနိမ့်ဆုံး ဒေါ်လာ ၅၀ ကနေ ၂၀၀ အထိရှိခဲ့ပြီး lady gaga ရဲ့ရှိုးပွဲလက်မှတ်နဲ့လည်း နှိုင်းယှဉ်ခံခဲ့ရပါသေးတယ်။