ပြောင်းဖူးသုပ် (သက်သတ်လွတ်)

​ပြောင်းဖူးပြုတ် ၂ဖူး
ကြက်သွန်နီ ၂လုံး
ခရမ်းချဉ်သီး ၂လုံး
သံပုရာသီး ၁လုံး
ဆား အနည်းငယ်
အချိုမှုန့် အနည်းငယ်
နံနံပင်
ငရုပ်သီးစိမ်း
(ပုစွန်ခြောက်
ကြက်ဥပြုတ် ၁လုံး)သက်သတ်လွတ်ဆို မထည့်နဲ့နော်😁
နှမ်း အနည်းငယ်
ရောသုပ်လိုက်ရုံပဲ
#crdဆွေဇင် 🌸

image
11 w - Translate

combo
Split push လို့အကောင်းဆုံး combo ထဲကတစ်ခုဖြစ်တဲ့

Claude - Luo yi combo

11 w - Translate

ထုတ်​ပေးဖို့ပြင်ဆင်ထားပေမဲ့ နှစ်အတော်ကြာဆိုင်းငံ့ခံထားရသော Skin များ 💔
မျှော်နေတဲ့ Skin တွေပါကြရဲ့လား

image
11 w - Translate

သဲကန္တာရထဲက စက်ဝိုင်းပုံ စိုက်ခင်းကြီးများ
ကောင်းကင်မြင်ကွင်းကနေ ကြည့်လိုက်ရင် အာရေဗျသဲကန္တာရကြီးထဲမှာ အစိမ်းရောင်စက်ဝိုင်းကြီးတွေ အများကြီးကို တွေ့ရပါလိမ့်မယ်။ ဒါတွေက ဆော်ဒီအာရေဗျနိုင်ငံရဲ့ နည်းပညာသုံး စိုက်ပျိုးရေးစနစ်တွေပဲ ဖြစ်ပါတယ်။
ဒီစနစ်ကို Center Pivot Irrigation လို့ခေါ်ပါတယ်။ စက်ဝိုင်းပုံ စိုက်ခင်းတွေရဲ့ အလယ်ဗဟိုမှာ ရေပိုက်တိုင်တစ်ခု ထောင်ထားပြီး အဲဒီကနေ ဘီးတပ်ထားတဲ့ ရေဖြန်းစက်ကြီးက စက်ဝိုင်းပတ်လည် လှည့်ပတ်ပြီး ရေဖြန်းပေးတဲ့ စနစ်ပါ။ တစ်ခုချင်းစီရဲ့ အချင်းဝက်က မီတာ ၅၀၀ လောက်အထိ ရှိတတ်ပါတယ်။
ဆော်ဒီအာရေဗျလို သဲကန္တာရနိုင်ငံမှာ စိုက်ပျိုးမြေနဲ့ ရေရှားပါးတာကြောင့် ဒီလိုနည်းပညာတွေကို အသုံးပြုပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတာပါ။ မြေအောက်ရေတွေကို စုပ်ယူသုံးစွဲပြီး ဂျုံ၊ အာလူး၊ ခရမ်းချဉ်သီး စတဲ့ သီးနှံတွေကို စိုက်ပျိုးကြပါတယ်။
ဒါပေမယ့် ဒီစနစ်က ရေကို အများကြီး သုံးစွဲရတာကြောင့် ရေရှည်မှာ မြေအောက်ရေတွေ ခန်းခြောက်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါ့အပြင် သဲကန္တာရထဲမှာ စိုက်ပျိုးရေးလုပ်တာဟာ ကုန်ကျစရိတ်လည်း အတော်များပါတယ်။
ဒီလိုအခက်အခဲတွေ ရှိပေမယ့် ဆော်ဒီအစိုးရက စားနပ်ရိက္ခာဖူလုံရေးအတွက် ဒီလိုနည်းပညာတွေကို ဆက်လက်အသုံးပြုနေရပါတယ်။ နောက်ပိုင်းမှာ ရေသုံးစွဲမှု ပိုမိုထိရောက်အောင် ဆော်ဒီတွေဟာ ရေပြန်လည်သုံးစွဲတဲ့စနစ်တွေ၊ မိုးရေစုဆောင်းတဲ့စနစ်တွေကိုပါ တွဲဖက်အသုံးပြုလာကြပါတယ်။
အခုဆိုရင် Google Earth ကနေ ကြည့်လိုက်ရင် ဆော်ဒီရဲ့ သဲကန္တာရထဲက စိမ်းလန်းနေတဲ့ စက်ဝိုင်းပုံစိုက်ခင်းတွေဟာ လူသားတွေရဲ့ နည်းပညာအင်အားကို ပြသနေတဲ့ သက်သေတစ်ခုလို ဖြစ်နေပါပြီ။ ဒါဟာ သဘာဝတရားနဲ့ နည်းပညာကို ဟန်ချက်ညီညီ အသုံးချနိုင်မှု၊ စိုက်ပျိုးရေးနည်းပညာ တိုးတက်မှုတွေရဲ့ သာဓကကောင်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

image

ဒေါပုံရဲစခန်းမှာ အချုပ်ခန်းဖောက်ပြီး အချုပ်သားလေးယောက် ထွက်ပြေးလွတ်မြောက်

ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်ရဲစခန်းမှာ အချုပ်ခန်းဖောက်ဖျက်ပြီး အချုပ်သားလေးယောက်ထွက်ပြေးမှု ဖေဖော်ဝါရီ ၉ ရက်နေ့မနက်အစောပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

" မနက် ၂ နာရီကျော်လောက်မှာ တာဝန်ကျရဲအရာရှိက အချုပ်ခန်းကိုလာစစ်ဆေးတော့မှ အချုပ်ခန်းဖျက်ပြီး ထွက်ပြေးသွားတာကိုသိကြတာ။ထွက်ပြေးတာလေးယောက်လို့သိရတယ်။ယောကျ်ားလေးတွေချည်းပါပဲ။ ထွက်ပြေးတဲ့အထဲမှာ ဒေါပုံမှာနေတဲ့သူကသုံးယောက်ပါတယ်။ကျန်တယောက်ကလှိုင်သာယာကပါ။ " လို့ရဲစခန်းနဲ့နီးစပ်သူဒေသခံကပြောပါတယ်။

အချုပ်ခန်းဖောက်ပြီးထွက်ပြေးသွားသူတွေမှာ မူးယစ်ဆေးးဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အမှုမှ ရမန်နဲ့ ချုပ်နှောင်ထားသူကနှစ်ယောက်ပါဝင်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့အမှုဖွင့် ခံထားရသူနှစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ ထွက်ပြေးအချုပ်သားတွေကို ဖမ်းဆီးရမိရေး စစ်ဆေးရှာဖွေမှုတွေလုပ်နေပေမယ့် ခုချိန်ထိတော့ ပြန်လည်ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။

အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတဲ့အချုပ်သားတွေက အသက် ၁၇ နှစ်အရွယ် ခန့်ထည်ဝါထွန်း၊ ညီညီခန့်၊ ဝေယံအောင် (ခ) သင်္ဘောသီး၊ သူရဇော်(ခ)အောင်ရဲလင်းဆိုသူတို့ဖြစ်တယ်လို့ ရဲစခန်းနဲ့နီးစပ်သူ ဆီကသိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့နယ်ရဲစခန်းမှာ အချုပ်သားတွေနဲ့တာဝန်ကျရဲအရာရှိတွေအကြား ပစ်ခတ်မှုဖြစ်ပွားပြီး အချုပ်သား လေးယောက်ထွက်ပြေးလွတ်မြောက်သွားပြီး ဒုရဲအုပ်အပါသုံးယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။

Photo - CJ

#centralnewsnaypyitaw

image
image
image
image

သီရီလင်္ကာမှာ မျောက်တကောင်ကြောင့် တနိုင်ငံလုံး မီးပျက်နေ

ကိုလံဘို၊ ဖေဖော်ဝါရီ ၁၀

သီရိလင်္ကာနိုင်ငံတဝန်းမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့ပြီး မီးစက်တွေအရေးပေါ်အသုံးပြုနေရတဲ့ ဆေးရုံတွေအပါအဝင် နေရာအချို့မှာတော့ တဖြည်းဖြည်း ပြန်လည်ရရှိနေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အခုလို လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုပြန်လည်ကောင်းမွန်ဖို့ နာရီအနည်းငယ်ကြာမြင့်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုထားပြီး ဆေးဘက်ဆိုင်ရာ အဆောက်အအုံနဲ့ ရေသန့်စင်စက်ရုံတွေကို ဦးစားပေးနေတယ်လို့ ဆိုပါတယ်။

စွမ်းအင်ဝန်ကြီး ကူမူရာဂျာရာကိုဒီကတော့ မျောက်တကောင်ကြောင့် အခုလိုလျှပ်စစ်ဓါတ်အား ပြတ်တောက်မှုဖြစ်တာလို့ ပြောပါတယ်။ အဲဒီမျောက်နဲ့ ပါဝါထရန်စဖော်မာထိတွေ့ရှော့ခ်ဖြစ်ခဲ့ပြီး ဓါတ်အားစနစ် ချို့ယွင်းခဲ့တာလို့ သူကပြောပါတယ်။

ကိုလံဘိုမြို့တောင်ဘက် ဓါတ်အားခွဲရုံတခုမှာ အရေးပေါ်အခြေအနေကြောင့် လျှပ်စစ်ဓါတ်အား ပြတ်တောက်ခဲ့တာလို့ လျှပ်စစ်ဖြန့်ဖြူးမှုကို တာဝန်ယူနေတဲ့ စီအီးဘီကုမ္ပဏီက ပြောပါတယ်။ ကျွန်းနိုင်ငံတဝန်းမှာ ဓါတ်အားပြတ်တောက်မှုကို အမြင်္နဆုံး ပြန်လည်ရရှိဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ပါတယ်။

လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာမှာ အခုလို မီးပျက်မှုတွေကြောင့် ဆေးရုံနဲ့ စီးပွားရေးလုပ်ငန်းတွေအပါအဝင် လုပ့်ငန်းတွေမှာ မီးစက် သို့မဟုတ် အင်ဗာတာတွေကို အသုံးပြုနေကြရပါတယ်။ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်းကလည်း လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါတယ်။

Ref:BBC
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

image
11 w - Translate

ဒီတစ်ခါကတော့ Beyond the boundary Movie ရဲ့ ဒုတိယပိုင်းဖြစ်တဲ့ Beyond the boundary - Future ကို တင်ဆက်ပေးသွားပါမယ်။

Beyond The Boundary The Movie: I'll Be Here - Future (2015)
(Kyoukai No Kanata The Movie: I'll Be Here - Future)


Akihito ဟာ Beyond the boundary မိစ္ဆာကြီးကို နှိမ်နင်းပြီး ပျောက်ကွယ်သွားခဲ့တယ်လို့ ထင်ခဲ့တဲ့ Mirai နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။

ကြေကွဲစရာအချက်ကတော့ Mirai ဟာ Akihito တို့နဲ့ ခင်မင်ခဲ့တာတွေ၊ အတိတ်တုန်းက သူဟာ မိစ္ဆာနှိမ်နင်းသူတစ်ယောက်ဖြစ်ခဲ့တာတွေကအစ အကုန်မေ့သွားခဲ့တာပါ။

Akihito က စိတ်မကောင်းဖြစ်သွားပေမဲ့ ဒါက သူချစ်ရတဲ့ကောင်မလေး သာမန်ကောင်မလေးအဖြစ်နေထိုင်နိုင်တဲ့ အခွင့်အရေးတစ်ခုမှန်းသိတဲ့အတွက် Mirai သာမန်ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက် သူ့ရဲ့မူရင်းဇစ်မြစ်ကိုမသိရအောင် Akihito တို့သုံးယောက်လုံး Mirai နဲ့ မိတ်မဖွဲ့ဘဲ မသိချင်ယောင်ဆောင်ခဲ့ကြပါတယ်။

ဒါပေမဲ့ Mirai ရဲ့ အတိတ်ဘဝက ဆိုးဝါးတဲ့မှတ်ဉာဏ်တွေကပြန်ပေါ်လာတဲ့ အခါဘာဆက်ဖြစ်မလဲ...
ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ

https://t.me/+nqhhs6tGKeRjZjA1

ဇာတ်ကားကြည့်ရန်နှိပ်ပါ

https://t.me/c/2088510221/1373

image
11 w - Translate

Virgo ♍️, Gemini ♊️, Scorpio ♏️ ,Aries ♈️ , Leo ♌️, Sagittarius ♐️

အချစ်ခံရတာအရမ်းကြိုက်၊အချော့ခံရတာအရမ်းကြိုက်၊အမူတ်ခံရတာကြိုက် ဖူးဖူးမူတ်တာမျိုး🥲

အလံနီတွေအလံဖြူတွေမသိဘူး အချော့ခံရရင်ရပြီ ခေါင်းမှာဂျိုပေါက်နေလဲ ပြုံးနေတာ။အပေါ်ယံသာ ကြမ်းသလိုတမ်းသလိုနဲ့ တကယ်ကျ နှစ်ခါမချော့ရဘူးအလိုလိုပျော့တယ်။စကားလုံးနုနုလေးတွေသိပ်ကြိုက်ကြတဲ့ လူကြမ်းပေမဲ့ အသဲနုပါတယ်ဆိုတဲ့ Zodiac တွေပေါ့🙄

#lunatarot

image
11 w - Translate

သရုပ်ဆောင် ဒါရိုက်တာ ပရိုဂျူဆာ တေးရေး ဇာတ်ဝင်တေးသီချင်းအဆိုတော် စွယ်စုံရမင်းသား
Dhanush နဲ့ မင်းသမီးချောလေး Samyuktha Menon တို အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Rating လည်းကောင်း ကြည်နူးမှုကြောင့်လည်းမျက်ရည်စိုရမဲ့ အိန္ဒိယဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ
ဇာတ်ကားအစမှာကျောင်းသားသုံးယောက်ဟာသူတိုအဘိုးပိုင်ခဲ့တဲ့ ဗီဒီယိုခွေဆိုင်အဟောင်းလေးကို ရှင်းလင်းရင်းနဲ့
ဗီဒီယိုတိတ်ခွေဟောင်းတွေကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ
သူတိုမနက်တုန်းမှာ ကျောင်းမှာသင်ခဲ့တဲ့ သင်္ချာပုစ္ဆာကို ဆရာငယ်ငယ်တစ်ယောက်က
သင်ပေးနေတဲ့ ဗီဒီယိုမှတ်တမ်းကိုတွေ့လိုက်ပါတယ်
အဲဒါနဲ့ သူတိုကစာမလိုက်နိုင်တော့ အဲဒီဆရာဆီမှာကျူရှင်သင်မယ်ဆိုပြီး
အဲ့တိတ်ခွေအဖုံးပေါ်မှာပါတဲ့ နာမည်နဲ့လိပ်စာအတိုင်းလိုက်ရှာကြည့်တော့
သူတိုတွေ့လိုက်ရတာ အဲဒီဆရာရဲ့တပည့်ဖြစ်တဲ့သူကိုပါ
အဲဒီကနေတစ်ဆင့် ဆရာ့ရဲ့နာမည်က ဘာလာဖြစ်ပြီး ဆရာဘာလာရဲ့အကြောင်းတွေကို
နောက်ကြောင်းပြန်ပြောပြလိုက်တဲ့အခါမှာတော့.....
ဇာတ်ကားကကြည့်လိုကောင်းတယ်ဆိုတာ ဒီနေရာမှာတင်ရပါပြီ
ဇာတ်လမ်းဇာတ်ကွက်ကောင်း ပေးချင်တဲ့ message ကောင်းတဲ့အပြင် cast ကလဲကောင်း
အချစ်ဒရာမာအက်ရှင် အစုံပါဝင်တာမို ပေးတဲ့ rating နဲ့လဲထိုက်တန်ပါတယ်
အောက်ကစာကတော့ ကျွန်တော် အာချောင်ထားတာပါ

ဒီဇာတ်လမ်းလေးကို မချီးကျူးခင်မှာ နယ်ဆင်မင်ဒဲလားပြောခဲ့တဲ့ စကားလေးတစ်ခုရှိပါတယ်
Education is the only weapon that can change the world တဲ့
ကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့တစ်ခုတည်းသောလက်နက်ဟာ ပညာရေးပါတဲ့
၁၉၉၀ ပြည့်နှစ်တွေမှာ အိန္ဒိယမှာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ အသိပညာရှင် အတတ်ပညာရှင်တွေ
လိုအပ်လာပြီး ပညာရေးက အားလုံးအတွက် အဓိကလိုဖြစ်လာပါတယ်
အဲ့ပညာရေးနဲ့အတူ ခါတော်မီ ပညာရေးကိုအမှီပြုစီးပွားရှာမဲ့လူတွေလည်း ပေါ်ပေါက်လာပါတယ်
ဘော်ဒါဆောင်တွေဖွင့် ကိုယ်ပိုင်ကျောင်းတွေဖွင့်နဲ့ ပညာရေးကိုအမှီပြုစီးပွားရေးသောင်းကျန်းကြနဲ့
အကွက်ပေါင်းစုံ လှည့်ကွက်ပေါင်းစုံ လူ့သဘာဝပေါင်းစုံနဲ့ ဇာတ်လမ်းက သူပေးချင်တဲ့ Message ကို
ရှုထောင့်ပေါင်းစုံကနေ ထောက်ပြသွားတာကိုတွေ့ရမှာပါ

ဒီဇာတ်ကားလေးမှာ ဆရာဘာလာရဲ့နေရာကနေ သူပြချင်သွားတာက ပညာရေးဆိုတာ
ဆရာတွေက စေတနာမေတ္တာတွေနဲ့ ပြည့်စုံရုံတင်မကဘဲနဲ့
စနစ်ကလည်း ပညာရေးကို အလေးပေးဖိုလိုအပ်ကြောင်းကို တစ်ခေတ်တုန်းကဖြစ်ခဲ့တဲ့အမှန်တရားတွေနဲ့
ထောက်ပြပြီး တင်ဆက်ပေးထားတာကို တွေ့ရမှာပါ

#crd
#storymode

image

ငနီတူနှင့်မရွတ်ဆံရခိုင်ချဉ်ငံစပ်ရှူးရှဲသုပ်

ကြက်သွန်နီ+အဖြူ+ငြုပ်သီးစိမ်း ၃ မျိုးကိုအိုးကင်းပူတိုက်ပါ
အနံ့မွှေးလာရင် ဖယ်ထားပြီး အိုးအပူရှိန်နဲ့ ငပိကို လှိမ့်ပါ

အိုးကင်းပူတိုက်ထားတဲ့ ကြက်သွန်နီ+အဖြူ+ငြုပ်သီးစိမ်း+ငပိ+ဆား+ရသာမှုန့် ကို ခပ်ကြမ်းကြမ်းထောင်းပြီး မကျည်းမှည့်အရည်များများ ကိုပါဆုံထဲထည့်ဖျော်ပါ

သုပ်မယ့်အဆာက ငါးနီတူပါတယ်ဆိုရင် ရေကျက်အေး အနည်းငယ်ပါထည့်ဖျော်ပါ
သုပ်တဲ့အချိန် ငါးနီတူကအနှစ်ရည်ကိုစုတ်သွားတတ်တဲ့အတွက် အသုပ်ကစိုစိုရွှဲရွှဲလေးမဖြစ်ဘဲခြောက်ခြောက်ကြီးဖြစ်သွားတတ်ပါတယ်
ဒါဆိုရခိုင်သုပ်အခြေခံ ငပိငြုပ်အနှစ်ရည်ရပါပြီ

ငနီတူသပ်သပ်သုပ်စားသလို မရွတ်ဆံကိုလည်း သပ်သပ်သုတ်စားကြပါတယ်
ကျမကတော့ မရွတ်ဆံကတခါသုပ်စာအတွက်နည်းနေလို့ ငါးနီတူနဲ့ရောသုပ်လိုက်တာပါ

ကြက်သွန်နီကိုပါးပါးလှီးထားပါ
စားခါနီးအားလုံးရောနယ်ပြီး အပေါ့အငံမြည်းပြီးသုံးဆောင်နိုင်ပါပြီ

image