သီးစုံကြော်ကြက်သားလေးနဲ့ကြော်ပြီး အမဲနှပ်ဆီပြန်လေးချက်..👩🏻🍳🥦
အသားနဲ့ အသီးအရွက်ဓာတ်လေးပါ မျှတအောင် အရွက်ကြော်တစ်ခွက်ကတော့ မဖြစ်မနေ ထည့်ချက်စားဖြစ်တယ်😋
#ကြက်သားသီးရွက်စုံကြော်နည်း
ကြက်သားလေးတွေကို သေးသေးလေးတွေလှီး ဆား၊အရသာမှုန့်၊ပဲငံပြာရည်အနောက်တို့ဖြင့် နယ်ထားပေးပါ၊ဆီပူလာရင် ကြက်သွန်နီလေးစိတ်လှီးထားတာလေးထည့်၊အဖြူထည့်ပြီး ဆီသတ်၊ကြက်သားလေးတွေပါထည့် သေချာသမအောင်မွှေပြီး ကိုယ်ကြိုက်တဲ့ အသီးအရွက်တွေထည့် အရသာမှုန့်၊ပဲငံပြာရည်အကြည်၊ခရုဆီတို့ ထည့်ပြီးကြော်၊စားချင်တဲ့အနေထားလောက် ရောက်ပြီဆို ကော်ရည်လေးထည့်မွှေလိုက်ပါ..ဒါဆိုရင်တော့ စားလို့လဲကောင်း ကျန်းမာရေးအတွက်လည်း သင့်တော်တဲ့ ကြက်သားသီးစုံကြော်လေး ရပါပြီရှင့် ဒီနည်းလေးကတော့ အိမ်မှာချက်စားဖြစ်တဲ့ နည်းလေးကို မျှဝေပေးတာ ဖြစ်ပါတယ်ရှင့်..👩🏻🍳🥦
#သီးစုံကြော်
#ဟင်းချက်နည်း
#cooking
