Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၃ရက်ကြာ ပျောက်နေတဲ့ အသက်၆နှစ်အရွယ် မိန်းကလေးငယ်ကို ေ-သဆုံးလျက်ပြန်တွေ့
စက်တင်ဘာ ၆၊ ၂၀၂၅။
မြစ်ကြီးနားမြို့
နောင်နန်ကျေးရွာနေ ကလေးငယ်သည် ပြီးခဲ့သည့် september
2ရက်နေ့က ပျောက်ဆုံးသွားပြီး တစ်ယောက်ယောက်က ဖြားယောင်းခေါ်ဆောင်သွားခြင်းဖြစ်နိုင်သည်ဟု ရပ်ကွက်တွင်းနေသူက ပြောပါသည်။
“ ကလေးပျောက်သွားတာက သုံးရက်ရှိပြီ ဒီနေ့နဲ့ဆို လေးရက်ရှိသွားပြီ။ အဲ့ကလေးက အိမ်မှာ ညခြောက်နာရီလောက်ထိတော့ရှိသေးတယ်တဲ့။ နောက်ခနကြာအချိန် တစ်စုံတစ်ဦးက ခေါ်သွားတဲ့ ပုံစံပဲထင်မိတယ်။
ကြာသွားလို့ ပုပ်သွားလို့ ဘယ်လိုလုပ်သွားသလဲဆိုတာတော့ မပြောနိုင်သေးဘူးနော” ဟုဒေသခံက ပြောသည်။
နောင်နန်းကျေးရွာရှိ စာသင်ကျောင်းအနီး ေ-သ-ဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။
"လူတွေကတော့ အမျိုးမျိုးပြောနေကြတယ်။ မုဒိန်းကျင့် သ-တ်ခဲ့တာလည်း ဖြစ်မယ်။ မှတ်ချက်တွေကတော့ စုံလို့ပါဗျာ အ-ေ-လာင်းတွေ့တာလည်း နောင်နန်းကျောင်းနဲ့ သိပ်မဝေးဘူး” ဟုပြောသည်။
ကလေးငယ်မှာ အသက် (၅) နှစ်ကျော်အရွယ်သာရှိသေးပြီး KG အတန်းတွင် တက်ရောက်ပညာသင်ကြားနေသူဖြစ်သည်။
ဒိုမီနို လုပ်နည်း
ဒိုမီနို လုပ်နည်းလေးမေးထားတဲ့သူတွေအတွက် တင်ပေးလိုက်ပါပြီနော်။ အိသက်အမျိုးသားလဲ ဒိုမီနို အရမ်းကြိုက်လို့ ၂ခွက်တောင်သောက်ဖြစ်သွားပါတယ်၊
ပါဝင်ပစ္စည်းများ
-အသီးစုံ(သင်္ဘောသီး၊ နာနတ်သီး၊ စပျစ်သီး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ ငှက်ပျော်သီး)
-Vanilla ရေခဲမုန့်
-သီးစုံအခြောက်လေးများ( စပျစ်သီးခြောက်၊ သီဟိုဠ်စေ့၊ ကျောက်ဖရုံရို)
- ready madeဂျယ်လီ
-နို့အပျစ်
-သကြားရေ
-စတော်ဘယ်ရီယို (သို့) ချောကလက်ဖျော်ရည် ၁ဇွန်း(စားပွဲတင်)
ပထမဆုံး သကြားကို ရေနဲ့ခပ်ပျစ်ပျစ်ကျိုထားပါ။ rose syrup တစက်ခန့်မွှေးအောင်ထဲ့လိုက်ပါ။
ဂျယ်လီ ၊ အသီးအစုံ ကိုအတုံးလေးများလှီးထားပါ။
နို့အပျစ်အစား double cream၊ နို့စိမ်းကိုသုံးလို့ရပါတယ်
စစချင်း ဒိုမီနို လုပ်မဲ့ဖန်ခွက်လေးထဲကို သကြာရေ ၂ဇွန်းထဲ့ပါပြီးရင် သီးစုံအခြောက်လေးများထဲ့ပါ။
ပြီးမှ ဂျယ်လီလေးများကိုထဲ့ပါ။
အဲဒီအပေါ်ကမှ သစ်သီးအစုံလေးများကိုတင်ပါ။
နို့ရေခဲမုန့်လေးတင်ပြီးရင် နို့ဆမ်းလိုက်ပါ။
wipping cream ရှိရင်တင်ပြီး စတော်ဘယ်ရီယို (သို့) ချောကလက်ဖျော် ထားတာလေးဆမ်းပြီးစားလို့ရပါပြီ။
credit
ဟင်းချက်နည်းကောင်းများလေ့လာရန် pageကို like & follow လုပ်ထားပါ။