ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အား ချိတ်ပိတ်အရေးယူ
စက်တင်ဘာ ၁၂
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အားချိတ်ပိတ်အရေးယူထားကြောင်း သတင်းရရှိသည်။
မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃×၃၆လမ်းထောင့်ရှိ COVER ကလပ်ဆိုင်တွင် DJ Violet မှ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အား DJ ဖွင့်ခဲ့ခြင်း ဖြစ်သည်။
“သိရသလောက်တော့ ပင်တိုင် DJ မဟုတ်ဘဲ ဧည့်သည်DJဖြစ်ပြီး သူက အဲသီချင်းဖွင့်တီးသွားတာ။ သိသိချင်း ဆိုင်အနေနဲ့လည်း သက်ဆိုင်ရာကို နောက်ရက်ချက်ချင်းတောင်းပန်တယ်လို့သိရတယ်။ ဆိုင်ကိုတော့ စစ်ဆေးဆဲကာလမို့ ချိတ်ပိတ်ထားတယ်။ သီချင်းဖွင့်တဲ့ DJ အမျိုးသမီးကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဘာပုဒ်မနဲ့အရေးယူမလည်းဆိုတာတော့ နောက်မှသိရမယ်” ဟု တာဝန်ရှိသူတစ်ဦးက အရေးယူမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။
DJ Violet က “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို ကလပ်တွင် DJ ဖြင့် တီးခတ်ဖျော်ဖြေမှုများ လူမှုကွန်ရက်စာမျက်နှာများ၌ ထွက်ပေါ်လာအပြီးတွင် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် ၎င်းက လူမှုကွန်ရက်တွင် ပြန်လည်တောင်းပန်ခဲ့သည်။
ဗုဒ္ဓဓမ္မတေး DJ remix လုပ်ထားသည့် သီချင်းကို စင်မြင့်ပေါ်တွင်ဖွင့်မိခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင်များအနေဖြင့် စိတ်နှလုံးမချမ်းမြေ့ ဖြစ်ခဲ့ရပါတယ်ရှင့်။ ညီမသည် ယနေ့အချိန်ထိ ဘာသာ သာသနာပေါ်ချစ်မြတနိုးပြီး နေ့စဉ် ယုံကြည်ကိုးကွယ်နေသူဖြစ်ပါရက်နဲ့ ယုခုလို အဖြစ်မျိုးကိုကြုံခဲ့ရအတွကိ လွန်စွာ စိတ်ထိခိုက်ရပါတယ်ရှင့်။ ထို့ကြောင့် မိမိအပြစ်ထင်ရှားသည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာများ နှင့် ဗုဒ္ဓဘာသာဝင်ပြည်သူများ အားလုံးကို အနူးညွှန့် ဝန်ချတောင်းပန်အပ်ပါတယ်ရှင့်။ သက်ဆိုင်ရာ သံဃာတော်အဖွဲ့အစည်းများနဲ့ တောင်းပန်အပ်သူများအားလုံးထံသို့လဲ ဆက်လက်တောင်းပန် သွားမှာဖြစ်ပါတယ်ရှင့်။ ဘဝမှာပြင်လို့မရတဲ့ အမှားတစ်ခုကို ကျူးလွန်မိခဲ့သည့်အတွက် လဲ နောင်တများစွာ ရခဲ့ရပါတယ်ရှင့်။ တောင်းပန်အပ်သူများအားလုံးကို တောင်းပန်ပါတယ်ရှင့် ” ဟု DJ Violet က လူမှုကွန်ရက်တွင် ရေးသားထားသည်။
ထို့အပြင် သင်္ဃန်းကျွန်းမြို့နယ် သံဃမဟာနာယကဆရာတော်ထံ သွားရောက်တောင်းပန်ထားသည့် ဓာတ်ပုံများနှင့် လျှောက်ထားတောင်းပန်မှုများကိုလည်း DJ Violet က ပြုလုပ်ခဲ့ပြီး ယခုသက်ဆိုင်ရာက အမှုဖွင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
Credit - Eleven Media Group

ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပံ့ပိုးကူညီမည်ဟု DKBA ပြော
စက်တင်ဘာ ၁၂
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော အထွေထွေရွေးကောက်ပွဲကို ဝန်းရံပံ့ပိုး ကူညီသွားမည်ဟု ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် ပဋိပက္ခများအား စစ်ရေးနည်းဖြင့် အဖြေရှာခြင်းထက် တွေ့ဆုံ ညှိနှိုင်း အဖြေရှာခြင်းဖြင့်သာ အဖြေမှန်ကို ရှာဖွေနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်း၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
DKBA က “လက်ရှိ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်မှ ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံတော်၏ အနာဂတ်ကို ရှေးရှုပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ့ကိုယ်စားလှယ် ရွေးချယ်ခြင်းဖြစ်ပါသဖြင့် ပြည်သူများအား အတက်နိုင်ဆုံး ဝန်းရံပံ့ပိုး ကူညီသွားမည်”ဟု ထုတ်ပြန် ပြောကြားခဲ့ သည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ်ပေါင်း ၁၀၂ မြို့နယ် မှာ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။
အဆိုပါ ၁၀၂ မြို့နယ်အနက် ကရင်ပြည်နယ်အတွင်းမှာ ဘားအံ၊ မြဝတီ၊ သံတောင်ကြီး စသည့် မြို့နယ် ၃ ခုမှာ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။
DKBA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် ကရင်လက်နက် ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ
(NSPNC) နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
DKBA သည် ကရင်ပြည်နယ်အတွင်းမှာ အခြေစိုက်လှုပ်ရှားလျက်ရှိပြီး မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်မှာ ဌာနချုပ် တည်ရှိသည်။
ထို့နောက် ဘုရားသုံးဆူမြို့နယ်၊ မြဝတီမြို့နယ်၊ မြိုင်ကြီးငူကျေးရွာ၊ ဆုံဆည်းမြိုင်ကျေးရွာ အပါအဝင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တို့တွင် လှုပ်ရှားလျက်ရှိသည်။
အဆိုပါ အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU)ကနေ ၁၉၉၄ ခုနှစ်မှာ ခွဲထွက်လာခဲ့သည့် အဖွဲ့လည်းဖြစ်သည်။
ပုံ - DKBA ခေါင်းဆောင်များကို တွေ့ရစဉ်
#centralnewsnaypyitaw
ဘရာဇီးသမ္မတဟောင်းဘိုလ်ဆိုနာရို ထောင် ၂၇ နှစ် ချမှတ်ခံရ
စက်တင်ဘာ ၁၂
ဘရာဇီးနိုင်ငံရဲ့လက်ယာစွန်းဝါဒီ သမ္မတဟောင်း ဂျယဲ ဘိုလ်ဆိုနာရို ကို စစ်အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ ထောင်ဒဏ် ၂၇ နှစ်နဲ့ ၃လ ချမှတ်ခဲ့ပါတယ်။
ဘိုလ်ဆိုနာရိုဟာ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ သူ့ရဲ့လက်ဝဲယိမ်းပြိုင်ဘက် လူလာ ဒါ ဆေလ်ဗာ ကိုရှုံးနိမ့်ပြီးနောက် အာဏာဆက်လက်ထိန်းချုပ်နိုင်ဖို့ရည်ရွယ်ပြီး ကြံစည်မှုတစ်ခုကို ဦးဆောင်ခဲ့တယ်လို့ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။
တရားသူကြီး၄ ဦးက သူ့ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး တစ်ဦးကတော့ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဘိုလ်ဆိုနာရိုရဲ့ရှေ့နေတွေကတော့ ဒီပြစ်ဒဏ်ဟာ အလွန်အကျွံ ဖြစ်တယ်လို့ ပြောခဲ့ပြီး သင့်တော်တဲ့ အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။
ထွက်ပြေးနိုင်ခြေရှိသူအဖြစ်သတ်မှတ်ခံရပြီး နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဘိုလ်ဆိုနာရိုဟာ စီရင်ချက်ချတဲ့နေ့မှာ တရားရုံးကို ကိုယ်တိုင်တက်ရောက်ခဲ့ခြင်းမရှိပါဘူး။
သူက၂၀၂၃ ခုနှစ်က အမေရိကန်ကို ၃ လကြာ တိမ်းရှောင်ခဲ့ပြီးမှပြည်တော်ပြန်ဝင်ခဲ့သူပါ။၂၀၂၆ သမ္မတရွေးကောက်ပွဲမှာ သူ ဝင်ရောက်မယှဉ်ပြိုင်နိုင်အောင် တားဆီးဖို့ ရည်ရွယ်တာလို့ ဘရာဇီးသမ္မတဟောင်းကပြောဖူးပြီးဒီလိုလုပ်တာကို “စုန်းဖမ်းပွဲ” လို့ ကင်ပွန်းတပ်ပါတယ်။
ဒီစကားတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အရင်က ပြောဖူးပြီး ဘိုဆိုနာရိုကို အပြစ်ပေးတဲ့အတွက် လက်စားချေတဲ့အနေနဲ့ ဘရာဇီးက သွင်းကုန်တွေအပေါ် အခွန် ရာခိုင်နှုန်း ၅၀ ကောက်ခံခဲ့ပါတယ်။
စီရင်ချက်ဟာ "အလွန်အံ့ဩစရာ" ဖြစ်တယ်လို့ ထရမ့်ကဆိုပါတယ်။
"ဒါဟာ ကျွန်တော့်ကို လုပ်ဖို့ကြိုးစားခဲ့တဲ့ ပုံစံမျိုးပါပဲ။ ဒါပေမဲ့ သူတို့ လုံးဝ မအောင်မြင်ခဲ့ဘူး” လို့ ထရမ့်ကပြောပါတယ်။
ဘိုဆိုနာရို ဟာ အခု အသက်၇၀ ရှိနေပြီဖြစ်ပြီး တစ်သက်လုံး ထောင်ထဲမှာ ကုန်ဆုံးရနိုင်ခြေနဲ့ ရင်ဆိုင်နေရပါတယ်။
သူ့ရှေ့နေတွေကတော့ ထောင်ထဲပို့မယ့်အစား နေအိမ်အကျယ်ချုပ် ထားဖို့နဲ့ ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ လျှောက်လဲချက် တင်သွင်းမယ်လို့ မျှော်လင့်ရပါတယ်။
သူတို့က အယူခံဝင်သွားမယ်လို့လည်း ပြောဆိုခဲ့ပေမယ့် တရားရေးကျွမ်းကျင်သူတွေကတော့ဒါဟာ ခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။ တရားသူကြီး ၅ ဦးထဲက ၂ဦးက အပြစ်မရှိဘူးလို့ ဆုံးဖြတ်မှသာ အယူခံဝင်ဖို့ ဖြစ်နိုင်တာကြောင့်ပါ။
#centralnewsnaypyitaw
သံဖြူဇရပ်မှာ ရွှေဆိုင်သိမ်းပြီးပြန်လာသူတွေ အိမ်ရှေ့ရောက်မှ ဓားပြတိုက်ခံရပြီး သိန်း ၄၀၀၀ နီးပါး ပါသွား
စက်တင်ဘာ ၁၂
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ရွှေဆိုင်သိမ်းပြီး နေအိမ်ကိုပြန်လာချိန် အိမ်ရှေ့အရောက်မှာ ဓားပြတိုက်ခံရပြီး ငွေသားနဲ့ ရွှေထည်ပစ္စည်းထုတ်အပါအဝင် စုစုပေါင်း သိန်း ၄၀၀၀ နီးပါး ပါသွားခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဥ်က စက်တင်ဘာ ၁၁ ရက်နေ့ ည၆ နာရီကျော်လောက်မှာ "ဝီရမာန် "ရွှေဆိုင်ပိုင်ရှင်လင်မယားက ရွှေဆိုင်သိမ်းပြီးပြန်လာချိန် နေအိမ်ရှေ့အရောက်မှာ အမည်မသိအမျိုးသားနှစ်ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ ကားအတွင်းမှ ရွေထည်တွေထည့်ထားတဲ့အထုတ်နဲ့ ငွေသားကို ယူဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။
"ညနေ ၆နာရီကျော်ကျော်လောက်မှာဖြစ်သွားတာပါ။သေနတ်နဲ့ချိန်ပီးတချက်ပစ်ပီးမှ ရွှေထုပ်နဲ့ပိုက်ဆံကို ကားထဲကနေဆွဲထုတ်ပြီး ဆိုင်ကယ်ပေါ်တက် ၊ တချက်ထပ်ပစ်ပီးမောင်းထွက်သွားတယ်။ " လို့ ဖြစ်စဥ်သိရှိသူတယောက်ကပြောပါတယ်။
ကနဦးသိရှိချက်အရတော့ ရွှေထည်ပစ္စည်းအမျိုးပေါင်း ၂၀ လောက် နဲ့အတူ ငွေသားအပါအဝင် သိန်း ၄၀၀၀ နီးပါးလောက် လုယက်ခံခဲ့ရတာဖြစ်ကြောင်း ၊ လက်ရှိအထိတော့ ဓားပြတိုက်သူတွေကို ဖမ်းမိခြင်းမရှိသေးဘူးလို့သိရပါတယ်။
"ညက မီးပြတ်တဲ့အချိန်ဖြစ်တာလို့သိရတယ်။ သူတို့ ဘယ်အချိန်အိမ်ပြန်နေကြလဲဆိုတာကိုသိတဲ့သူကလုပ်တာလို့ပဲထင်တယ်။ လုပ်ချင်တဲ့သူကတော့ စောင့်ကြည့်နေမှာပေါ့။ အခြေအနေလစ်တာနဲ့ ဝင်လုသွားတာဖြစ်မယ်။ သေနတ်ကလည်းပါတယ်ဆိုတော့ ကြောက်စရာကောင်းနေပြီ။လုံခြုံရေးအပိုင်း တော်တော်အားနည်းလာတာပေါ့ဗျာ။" လို့ မြို့ခံတယောက်ကမှတ်ချက်ပြုပြော ပါတယ်။
လက်ရှိမှာ ဓားပြတိုက်လုယက်သွားသူတွေကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် သံဖြူဇရပ်မြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ-၃၉၂ /၁၁၄ နဲ့အမှုဖွင့်ဆောင်ရွက်နေတယ်လို့သိရပါတယ်။
အဆိုပါ ဓားပြတိုက်ခံရမှုနဲ့ပတ်သက်ပြီး ဝီရမာန်ရွှေဆိုင်ကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းမှားနေကြောင်းပြောဆိုခဲ့ပြီး ဖြေကြားခြင်းမရှိခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး နိုင်ငံရေးအပြောင်းအလဲကြောင့် နယ်မြေမတည်ငြိမ်မှုတွေအပေါ်မှာ လူတချို့က အခွင့်ကောင်းယူပြီး ရွှေဆိုင်ဓားပြတိုက်ခြင်း ၊ ဘဏ်တွေဓားပြတိုက်ခြင်း ၊ နေအိမ်တွေဖောက်ထွင်းခိုးယူခံရခြင်း ၊ လုယက်ခြင်း ၊ နေအိမ်ထဲထိဝင်ရောက်ပြီး ပစ္စည်းယူကာ လူသတ်ခြင်း ၊ လူသတ်ပြီး ကားကိုလုယက်ခြင်း စတဲ့ ဒုစရိုက်မှုတွေကိုလုပ်ဆောင် လာနေတာဖြစ်ပါတယ်။
မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းမှာ ဓားပြတိုက်မှု ၊လုယက်မှု ၊ပစ္စည်းယူလူသတ်မှု စတဲ့ ဒုစရိုက်မှုတွေဖြစ်ပွားမှုအများဆုံးဖြစ်တယ်လို့သိရပါတယ်။
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး
အိုနာနာကို ထရက်ဇွန်စပေါ်ထံ အငှားချကြောင်း ယူနိုက်တက် အတည်ပြု
စက်တင်ဘာ ၁၂
ကင်မရွန်းဂိုးသမား အိုနာနာဟာ တူရကီကလပ် ထရက်ဇွန်စပေါ် အသင်းထံ ဒီရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီလို့ ယူနိုက်တက်အသင်းက အတည်ပြု ကြေညာခဲ့ပါတယ်။
အိုနာနာဟာ ယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ ၂ ရာသီအတွင်း ပုံမှန်လက်စွမ်း ပြသနိုင်ခြင်း မရှိသလို ဒီရာသီ အစ ပွဲစဉ်တွေမှာလည်း တူရကီဂိုးသမား ဘာယင်ဒါက သူ့ရဲ့နံပါတ်တစ် ဂိုးသမားနေရာကို ရယူနိုင်ခဲ့တာပါ။
အိုနာနာဟာ အစောပိုင်းက ယူနိုက်တက်အသင်းမှာ ဆက်နေပြီး ပွဲထွက်ခွင့် နေရာအတွက် တိုက်ပွဲဝင်မယ်လို့ ပြောထားပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ အန့်ဝါတ်အသင်းဂိုးသမား လမ်းမန်းစ်ကို ခေါ်ယူအားဖြည့်ခဲ့တာပါ။
အဲဒါကြောင့် အိုနာနာဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး တူရကီကလပ် ထရက်ဇွန်စပေါ် အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အိုနာနာရဲ့ အငှား အပြောင်းအရွှေ့အတွက် ငှားရမ်းခရမှာ မဟုတ်ပေမယ့် သူ့ရဲ့လုပ်ခ လစာ အပြည့်အဝကို ထရက်ဇွန်စပေါ်က ပေးချေသွားမှာပါ။
ဒီအပြောင်းအရွှေ့မှာ အပြီးသတ်ဝယ်ယူဖို့ သဘောတူညီမှု မပါဝင်တဲ့အတွက် အိုနာနာဟာ နွေရာသီမှာ ယူနိုက်တက်အသင်းထံ ပြန်လာရမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းက အိုနာနာရဲ့ အပြောင်းအရွှေ့ဟာ တူရကီ အပြောင်းအရွှေ့ ဈေးကွက် မပိတ်မီမှာ ပြီးမြောက် ခဲ့ပြီး သူကံကောင်းပါစေလို့ ဆုတောင်းကြောင်း သူတို့ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။
၂၀၂၃ နွေရာသီ အပြောင်းအရွှေ့မှာ အင်တာမီလန်အသင်းကနေ ပေါင် ၄၃.၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အိုနာနာ ဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၁၀၂ ပွဲ ပါဝင်ကစားခဲ့ပြီး FA ဖလားရယူနိုင်ခဲ့ပါတယ်။
ထရက်ဇွန်စပေါ်အသင်းဟာ ဒီရာသီ တူရကီလိဂ်ပွဲစဉ်မှာ ၄ ပွဲ ကစားထားပြီး ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာ ရပ်တည်နေကာ ဒီတစ်ပတ်လိဂ်ပွဲစဉ်အဖြစ် ဖီနာဘာချီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
ပုံ - အိုနာနာကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
❝မိတ္တီလာက လက်ဖက်ရည်ဆိုင်မှာ အကြော်ဆရာနှစ်ဦး စကားများရန်ဖြစ်ရာကနေ ဓါးထိုးမှုဖြစ်လို့ တစ်ဦးသေဆုံး❞
စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၊ ရတနာမာန်အောင်ရပ်ကွက်၊ နယ်မြေ(၅)မှာရှ်ိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အကြော်ဆရာနှစ်ဦး စမူဆာဗန်းကို အပြန်အလှန်ဆွဲယူရင်း စကားများရန်ဖြစ်ကြရာကနေ ဓါးထိုးမှုဖြစ်လို့ တစ်ဦးသေဆုံးသွားတဲ့ဖြစ်စဥ်တစ်ခု ဒီကနေ့ စက်တင်ဘာ ၁၁ ရက်နေ့လယ် ၂ နာရီ ၅၀ မိနစ်အချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်အတွင်း သေဆုံးသွားတဲ့ အကြော်ဆရာက အသက် (၁၇) နှစ်အရွယ် မောင်ထွေး(ခ)ပျော်ဘွယ် ဆိုသူဖြစ်တယ်လို့ သိရပြီး အသစ်ရောက်လာတဲ့ အသက် (၃၇)နှစ်အရွယ် အကြော်ဆရာ မောင်လင်း(ခ)အလီ ဆိုသူက မုန့်လုပ်ရာမှာအသုံးပြုတဲ့ မီးဖိုဆောင်သုံးဓားနဲ့ ထိုးခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ဓါးထိုးမှုကြောင့် မောင်ထွေး(ခ)ပျော်ဘွယ် ဆိုသူမှာ ဝဲပုခုံးညှပ်ရိုးကြားထိုးသွင်းဒဏ်ရာ၊ ယာဘက်ရင်အုံပွန်းခြစ်ဒဏ်ရာတွေ ရရှိခဲ့လို့ ဟိန္ဒူမျိုးဆက်သစ်လူမှုကူညီရေးအသင်းယာဥ်နဲ့ မိတ္တီလာပြည်သူဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပေမယ့် ဆေးကုသမှုခံယူနေစဥ် ညနေ(၅)နာရီကျော်အချိန်မှာပဲ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
ဒါကြောင့်မို့လို့ မောင်လင်း(ခ)အလီ ဆိုသူကို မြို့မရဲစခန်းက (ပ)၁၉၃/၂၀၂၅ နဲ့ ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်အရေးယူဖမ်းဆီးစစ်ဆေးနေရာကနေ ပုဒ်မ ၃ဝ၂ ကို ပြောင်းလဲဖွင့်လှစ်ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။
#centralnewsnaypyitaw