Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
❝AI နည်းပညာကို မှန်ကန်သည့် နယ်ပယ်များတွင် မျှတစွာ အသုံးပြုသွားရန် လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်ပြောကြား❞
စက်တင်ဘာ ၁၈
AI နည်းပညာကို နယ်ပယ်ကဏ္ဍအသီးသီးတွင် ကျယ်ပြန့်စွာ အသုံးပြုလာသည်နှင့်အမျှ လွဲမှားစွာအသုံးချမှုနှင့် ဆိုက်ဘာလုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး မှန်ကန်သည့် နယ်ပယ်များတွင် မျှတစွာအသုံးပြုသွားရန် လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က တရုတ်-အာဆီယံစီးပွားရေးခေါင်းဆောင်များဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားစဥ် ထည့သွင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို “အာဆီယံကို ဉာဏ်ရည်တုနည်းပညာဖြင့် ချိတ်ဆက်၍ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်ကို မျှဝေခြင်း” ဆောင်ပုဒ်ဖြင့် စက်တင်ဘာ ၁၇ ရက်၊ မွန်းလွဲပိုင်းက နန်နင်းမြို့ရှိ Grand Metropark Hotel ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းဖိုရမ်သည် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးကဏ္ဍတွင် ဦးဆောင်နေကြသည် ကုန်သည်အသင်းအဖွဲ့များအကြား စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်သည့် အခွင့်အလမ်းများကို ရရှိနိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်းလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ယခုအခါ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ (ASEAN-China Free Trade Area-ACFTA) ကို ACFTA (အက်ဖ်တာ) ဗားရှင်း ၃.၀ သို့ အဆင့်မြှင့် တင်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး၊ ထောက်ပံ့ရေးကွင်းဆက်ချိတ်ဆက်မှု၊ ယှဉ်ပြိုင်မှု၊ စားသုံးသူ ကာကွယ်ပေးရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများစသည့် နယ်ပယ်သစ်များတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်
နိုင်မည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ကဆိုသည်။
ထို့ကြောင့်ပင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် နယ်ပယ်သစ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မျှဝေခံစား သွားနိုင်ကြမည်ဖြစ်ကြောင်းနှင့် တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များဖိုရမ်မှတစ်ဆင့် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်ဟု သိရသည်။
ယင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာ သက်ခိုင်ဝင်း ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသလို ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အတိုင်ပင်ကွန်ဖရင့် ဥက္ကဋ္ဌ မစ္စတာစွမ်းသဝေ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ် Mr. Kao Kim Hourn တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) မှ ဒုတိယအကြီးအကဲ၊ ASEAN- China Centre မှ အထွေထွေအတွင်းရေးမှူး ၊ တရုတ်အာဆီယံနိုင်ငံများမှ ကုန်သည်အသင်းဥက္ကဋ္ဌများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်ဟုလည်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး
ထိုင်းမှာ လသားအရွယ် ကလေးငယ်ကို ခွေးဘီလူးက ကိုက်သတ်
စက်တင်ဘာ - ၁၇ ၊၂၀၂၅
ထိုင်းနိုင်ငံမှာ ကလေးတွန်းလှည်းထဲက မွေးကင်းစ ကလေးငယ်ကို ခွေးဘီလူး တစ်ကောင်က ကိုက်သတ်ခဲ့ကြောင်း သိရပါတယ်။
ရင်ထိတ်စရာ အဲဒီဖြစ်ရပ်ဆိုးဟာ စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ယူထိုင်ဌာနီမှာ ဖြစ်ပွားခဲ့တာပါ။ ၂ လသားအရွယ် မိန်းကလေးဟာ တွန်းလှည်းထဲမှာ ရှိနေတဲ့အချိန် အဲဒီ ခွေးက ကိုက်ချီယူသွားခဲ့တာလို့ ရဲတွေက ဆိုပါတယ်။
အခင်းဖြစ်ပွားရာ နေအိမ်နဲ့ ကလေးကို ကိုက်သတ်တဲ့ ခွေးရဲ့ ပိုင်ရှင်ဖြစ်သူကတော့ သူ့ခွေးဟာ ကလေးငယ်ကို ကစားစရာ အရုပ်နဲ့ မှားယွင်းယူဆပြီး တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲတွေကို ပြောပါတယ်။
ကလေးရဲ့ မိဘတွေဟာ ပစ္စည်းအတိုအစ အဟောင်းအနွမ်း ရောင်းဝယ်သူတွေဖြစ်ပြီး ခွေးမွေးထားတဲ့ အိမ်ထဲ ကလေးကိုပါ ခေါ်ဆောင်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်က ပစ္စည်း အတိုအစတွေကို စုစည်းယူနေတဲ့ အချိန် ကလေးကို သတိမထားမိခဲ့ရာက ဆိုးရွားလှတဲ့ တိုက်ခိုက်မှု ပေါ်ပေါက်လာခဲ့တာပါ။ ခွေးကြီးက ကလေးကို ကိုက်ချီပြီး တွန်းလှည်းထဲကနေ ဆွဲယူသွားခဲ့တာ ဖြစ်ပါတယ်။
ရဲတွေ ရောက်လာတဲ့ အချိန်မှာ ကလေးကို ခွေးက ရေမြောင်းတစ်ခုထဲ ဆွဲချသွားလို့ ၆ မီတာလောက် ရှည်လျားတဲ့ သွေးစွတ်ကြောင်းကြီး ထင်ကျန်နေတာကို တွေ့ခဲ့ရပါတယ်။
အနီးမှာ တွန်းလှည်းက ရှိနေပြီး သွေးစွန်းနေတဲ့ အရုပ်လေး သုံးခုလည်း ပြန့်ကြဲနေခဲ့ပါတယ်။ Bigလို့ နာမည်ပေးထားတဲ့ ၂ နှစ်သားအရွယ် ခွေးဘီလူးကလည်း ရဲတွေ ရောက်လာချိန်ထိ အဲဒီနေရာမှာ ရှိနေဆဲဖြစ်ပြီး ပိုင်ရှင်က လှောင်အိမ်ထဲ ပြန်ခေါ်ထည့်ထားခဲ့ရပါတယ်။
ကလေးရဲ့ နာနာကျင်ကျင် ငိုကြွေးသံကြောင့် ဖခင်ဖြစ်သူ ဒူဆစ် ဆာလီက ခွေးနောက်နေက ပြေးလိုက်ပြီး ခြောက်လှန့်မောင်းထုတ်ရင်း ကလေးကို ကယ်ဆယ်ခဲ့ရပါတယ်။ ကူရာကယ်ရာမဲ့ ကလေးမလေးဟာ အရွယ်နဲ့မမျှတဲ့ ဒဏ်ရာကြီးတွေ ရထားခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ပေမယ့်လည်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ရဲတွေက နာမည်ဖော်မပြတဲ့ ခွေးပိုင်ရှင်ကတော့ Bigဟာ ကလေးအရုပ်လေးတွေကို သူ့အတွက် ဆော့စရာအဖြစ် သင်ယူ မှတ်သားထားတာလို့ စုံထောက်အရာရှိတွေဆီ ပြောကြားခဲ့ပါတယ်။ ရဲတွေက အခုဖြစ်စဉ်အတွက် သေမှုသေခင်း တရားစွဲဆိုမှုတွေ လုပ်ဆောင်မယ်လို့ အတည်ပြုခဲ့ပါတယ်။
လူသေတဲ့ထိ တိုက်ခိုက်ခဲ့တဲ့ ခွေးကိုတော့ လောလောဆယ်မှာ ထိန်းသိမ်း ချုပ်နှောင်ထားပြီး ဘယ်လို စီရင်ဆုံးဖြတ်မလဲဆိုတာ မသိရသေးပါဘူး။ ကလေးမလေးရဲ့ မိသားစုကတော့ ရုတ်တရက် ကျရောက်လာတဲ့ ကြမ္မာဆိုးကြီးကြောင့် ဖြေမဆည်နိုင် ဖြစ်နေဆဲလို့ သိရပါတယ်။
ထိုင်းမှာ လမ်းဖြတ်ကူးရင်း ကားတိုက်ခံရသည့် မြန်မာအလုပ်သမား ၁ ဦး သေဆုံး
စက်တင်ဘာ ၁၈
ထိုင်းနိုင်ငံမှာ ရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတစ်ဦးဟာ လမ်းဖြတ်ကူးစဥ်မှာ ကားတိုက်ခံရပြီးနောက် ၅ ရက်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ ထိုင်းရောက်မြန်မာအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။
သေဆုံးသွားသူက ထိုင်းနိုင်ငံ ချွန်ဘူလီမြို့မှာနေထိုင်တဲ့ ကိုစိုးတင့် ဆိုသူဖြစ်တယ်လို့သိရပြီး သူဟာ စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်က လမ်းဖြတ်ကူးချိန်မှာ တစ်ဖက်လမ်းကလာတဲ့ကားနဲ့ တိုက်မိပြီး ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ကိုစိုးတင့် ကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက မြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့်လည်း စက်တင်ဘာ ၁၆ ရက်၊ ညပိုင်းမှာတော့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက် ညနေပိုင်းကလည်း လမ်းလျှောက်နေတဲ့ မြန်မာအလုပ်သမား ၂ ဦး ကားတိုက်ခံရလို့ သေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခု ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသမှာ ဖြစ်ပွားခဲ့သေးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
# centralnewsnaypyitaw

✨🌿 ကျောက်ကပ်သန့်စင်စေပြီး အပူကျစေတဲ့ သဘာဝအဖျော်ယမကာ 🥤💚
ဒီကနေ့မှာတော့ ကြံမဲ၊ ပြောင်းဖူးရိုးနဲ့ ဆွမ်းမွှေးမြစ်တို့ကို အသုံးပြုပြီး သဘာဝဆေးဖက်ဝင် အဖျော်ယမကာပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။ ဒီအဖျော်ယမကာက ဆီးရွှင်စေပြီး ကျောက်ကပ်ကို သန့်စင်ပေးသလို ခန္ဓာကိုယ်အပူကိုလည်း ကျစေပါတယ်။ ပူပူလေးပဲဖြစ်ဖြစ်၊ အေးအေးလေးပဲဖြစ်ဖြစ် သောက်လို့ကောင်းပြီး လည်ချောင်းကိုလည်း အေးမြစေပါတယ်နော်။
🥤 ကြံမဲ၊ ပြောင်းဖူးရိုး၊ ဆွမ်းမွှေးမြစ် ပြုတ်နည်း
🌱 ပါဝင်ပစ္စည်းများ.......
* ကြံမဲ - ၃-၄ ပိုင်း (၃-၄ လက်မခန့် အရှည်ပိုင်းဖြတ်ထားပါ)
* ပြောင်းဖူးရိုး - ၂-၃ ရိုး
* ဆွမ်းမွှေးမြစ် - လက်တစ်ဆုပ်စာ
(သန့်စင်အောင် ဆေးထားပါ)
* ရေသန့် - ၂ လီတာ
🍵 ပြုလုပ်နည်း.....
၁။ ကြံမဲကို သန့်စင်အောင်ဆေးပြီး အပိုင်းလေးတွေ ပိုင်းထားပါ။
၂။ ပြောင်းဖူးရိုးနဲ့ ဆွမ်းမွှေးမြစ်တို့ကို သန့်စင်အောင် ဆေးထားပါ။
၃။ အိုးတစ်လုံးထဲမှာ အားလုံးထည့်ပြီး ရေသန့် ၂ လီတာထည့်ပါ။
၄။ အလယ်အလတ်မီးနဲ့ တည်ပါ။ ဆူလာပြီဆိုရင် မီးအေးအေးနဲ့ မိနစ် ၂၅-၃၀ ခန့် ဆက်တည်ပါ။
၅။ အရည်ကို စစ်ယူပါ။ ပြီးရင် နွေးနွေးလေး သို့မဟုတ် ရေခဲသေတ္တာထဲ ထည့်ပြီး အေးအောင်လုပ်ကာ သောက်သုံးနိုင်ပါတယ်။
💡 အကြံပြုချက်
* အချိုဓာတ်နဲ့ သဘာဝအနံ့အရသာ ပိုကောင်းအောင် ပျားရည် ဒါမှမဟုတ် ပန်းရောင်ဆား (pink salt) အနည်းငယ် ထည့်နိုင်ပါတယ်။
* အရသာနဲ့ ဆေးဖက်ဝင်တန်ဖိုး မပျက်အောင် တစ်ရက်အတွင်း ကုန်အောင် သောက်သင့်ပါတယ်။
* တစ်ရက်ကို ၂-၃ ခွက်ခန့် သောက်သုံးပေးမယ်ဆိုရင် ဆီးရွှင်စေပြီး ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်စေပါတယ်။
🥤 ကျောက်ကပ်ကို ကောင်းမွန်စေပြီး သောက်ရလွယ်တဲ့ ဒီသဘာဝအဖျော်ယမကာကို အိမ်မှာ စမ်းသပ်လုပ်ကြည့်ပါဦးနော်။ 🌿
(ကြံမဲဆိုတာ မြန်မာကြံဖြစ်ပါတယ်)
ငံပြာရည် ကြက်သားပြုတ် နူးညံ့ပြီး အရည်ရွှမ်းတဲ့အသား ချက်နည်းနဲ့ ချဥ်ငံစပ် ပင်လယ်စာအချဥ်ရည် လုပ်နည်း
ပါဝင်ပစ္စည်းများ......
* ကြက်ပေါင်နဲ့ တင်ပါးဆုံသား - ၁ ကီလိုဂရမ်
* စပါးလင် - ၄ ပင် (ထုထားပါ)
* နံနံပင်အမြစ် - ၅ ပင်
* ကြက်သွန်ဖြူ - ၈ မြွှာ (ထုထားပါ)
* ငရုတ်ကောင်းမှုန့် (အကြမ်းထု) - စားပွဲတင်ဇွန်း ၁ ဇွန်း
* ရေသန့် - ၁,၅၀၀ မီလီလီတာ
* ငံပြာရည် - စားပွဲတင်ဇွန်း ၈ ဇွန်း
* ပဲငံပြာရည်အကြည် - စားပွဲတင်ဇွန်း ၄ ဇွန်း
* ပဲငံပြာရည်အနောက် - စားပွဲတင်ဇွန်း ၁ ဇွန်း
* အုန်းသကြား - စားပွဲတင်ဇွန်း ၂.၅ ဇွန်း
ချဥ်ငံစပ်အချည်ရည်လုပ်ရန် ပါဝင်ပစ္စည်းများ...
* ငရုတ်သီးအနီတောင့် - ၅ တောင့်
* ကြက်သွန်ဖြူ - ၃ မြွှာ
* နံနံပင်အမြစ် - ၂ ပင်
* အုန်းသကြား - စားပွဲတင်ဇွန်း ၁ ဇွန်း
* ငံပြာရည် - စားပွဲတင်ဇွန်း ၂ ဇွန်း
* သံပရာရည် - စားပွဲတင်ဇွန်း ၃ ဇွန်း
(အားလုံးကို ရောပြီး ညက်နေအောင် ကြိတ်ပါ။)
ပြုလုပ်နည်း.......
၁။ အိုးထဲမှာ စပါးလင်၊ နံနံပင်အမြစ်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်တို့ကို အရင်ဆုံးထည့်ပါ။ ပြီးမှ ကြက်သားကို အပေါ်ကနေ တင်ပေးပါ။
၂။ ငံပြာရည်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက် နဲ့ အုန်းသကြားတို့နဲ့ အရသာနယ်ပါ။ ပြီးရင် ရေသန့်ထည့်ပါ။
၃။ အိုးကို အပူချိန်ပြင်းပြင်းနဲ့ တည်ပါ။ ပွက်ပွက်ဆူလာတဲ့အခါ အလယ်အလတ်အပူချိန်ကို လျှော့ပြီး အပေါ်က အမြှုပ်တွေကို ခပ်ထုတ်ပေးပါ။ ပြီးနောက် မိနစ် ၃၀ ခန့် ဆက်ပြီးပြုတ်ပါ။
၄။ ကြက်သားကို တစ်ဖက်လှန်ပြီး နောက်ထပ် မိနစ် ၃၀ လောက် ဆက်ပြုတ်ပါ။ ကြက်သားနူးအိပြီး အရသာဝင်သွားပြီဆိုရင် မီးပိတ်ပြီး ပန်းကန်ထဲ ပြောင်းထည့်ပါ။
၅။ ပင်လယ်စာအအချဥ်ရည်နဲ့ တွဲဖက်ပြီး အရသာရှိရှိ စားသုံးနိုင်ပါတယ်။