နေ့စဉ်မိုးလေဝသသတင်း
--------------------------
(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
===========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့် အတင့်ရှိနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာ မည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက် ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင် ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးပိုလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
လာမည့်စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

imageimage
14 ပတ် - ဘာသာပြန်ပါ။ - Youtube

#မြန်မာဇာတ်ကား စ/ဆုံး ချစ်ခြင်း၏ပြင်းရှရှရင်ခုန်သံ ပြေတီဦး သက်မွန်မြင့်

14 ပတ် - ဘာသာပြန်ပါ။

စိတ်ဓာတ်လေးတွေ သိရတာပေါ့ မင်းကြီးရယ် 🤣

image
14 ပတ် - ဘာသာပြန်ပါ။

Neckline Guide

image
14 ပတ် - ဘာသာပြန်ပါ။

ဆရာမကြီး ခင်နှင်းယု ပီပီ ပါဝင်ပတ်သက်သမျှ ဇာတ်ကောင်တိုင်းရဲ့ စရိုက်နဲ့ သရုပ်ကို တကယ်ကို ထူးခြားပေါ်လွင်အောင် ရေးဖွဲ့နိုင်သောပါပဲ။
တစ်ယောက်ချင်းစီရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်တွေ မှ တစ်ဆင့် ဇာတ်ကို လိုက်ပါ စီးမျောရတာ တကယ် မျက်စိရှေ့တင် ဖြစ်နေသဖွယ်ပါ။
ရှမ်းပြည် မြောက်ပိုင်းရဲ့ အလှတရား နဲ့ အေးငြိမ်းမှုတွေကို ခံစားရပုံကတော့ ဒီတစ်အုပ်လုံးမှာ အကြိုက်ဆုံးပါပဲ။
ကိုယ်ကိုတိုင် ရှမ်းပြည် မနက်ခင်းတွေမှာ သန့်စင်လတ်ဆတ်စွာ နိုးထရပြီး ညခင်းတွေမှာ မီးပုံလေးဘေး နွေးထွေးနေရသဖွယ်ပါပဲ။
တစ်ခုတော့ရှိတယ်... ဒီစာအုပ်ကလေး ဖတ်မယ်ဆို စာအုပ်ရှေ့ဆုံးက အမှာကို မဖတ်မိဖို့ပါပဲ။ မေဘယ်(လ်) တော့ ဖတ်မိလိုက်တာမို့ ဇာတ်လမ်း ရဲ့ အစအဆုံးကြီး သိလိုက်ရပြီး ဆက်ကို မဖတ်ချင်တော့အောင် ဖြစ်သွားခဲ့ပါတယ်။ ဇာတ်လမ်း ကြီး တစ်ပုဒ်လုံး သိပြီးမှတော့ အထဲက အလှည့်အပြောင်းတွေ ဘယ်လိုလာလာ ကိုယ်က ရင်မခုန်ရတော့ဘူးလေ။
ဒါပေမယ့် ဒီစာအုပ်ကလေးက ချစ်ခင်ရတဲ့ သူလေးဆီက လက်ဆောင်လေး အဖြစ် ရထားတာက တကြောင်း၊ ဆရာမကြီးရဲ့ ရေးဖွဲ့ပုံ ထူးခြားလှပတဲ့ စာကြောင်းတကြောင်းချင်း၊ စာလုံးတလုံးချင်းစီကို ခံစားချင်တာက တကြောင်းနဲ့ အဆုံးထိ ဆက်ဖတ်ဖြစ်ခဲ့ပါတယ်။
စာအုပ်ကလေးကို ဖတ်ရင်း ရှမ်းပြည်မြောက်ပိုင်းရဲ့ ပညာရေး အထိအတွေ့နည်းပြီး သင်ယူသင်ကြားလက်ခံသူ ရှားပါးပုံတွေ၊ လူသူအရောက်အပေါက် နည်းပြီး သီးခြားကမ္ဘာလေးဆန်ဆန် သူတို့ရဲ့ အေးချမ်းရောင့်ရဲတဲ့ ဘဝလေးတွေမှာ ပျော်မွေ့နေကြပုံကို သိမြင်ရပါတယ်။
ရှိတာလေးတွေနဲ့ ရောင့်ရဲတင်းတိမ်ပြီး ဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေကြပုံများ တကယ်ကို အားကျမိသောပါပဲ။ ဂုဏ်တုဂုဏ်ပြိုင် ဟန်ဆောင် အပေါ်ယံ ဆက်ဆံရေးတွေရဲ့ ဝေးရာဆိုလည်း မမှားသောပါပဲ။
ဆက်ဖတ်ရင်း စိမ်းရဲ့ ဘယ်လို ဘဝ မျိုးရောက်ရောက် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ပုံတွေ၊ တစ်ကောင်ကြွက် တစ်မျက်နှာလေး ဆိုပေမယ့် စိတ်အလိုလျှောက်မလိုက်ပဲ ထိန်းသင့်တာထိန်းပုံလေးတွေ၊ ပြီးတော့ ထပ်ပြီး ပေါ်လွင်အောင် မြင်နေရတာလေးကတော့ စိမ်းရဲ့ မိန်းမ ပီသမှုပါပဲ။ အိမ်ထောင်မှု နိုင်နင်းပုံတွေ၊ လူတွေ အပေါ် မေတ္တာထားပြီး ကြင်နာစာနာတတ်ပုံလေးတွေကို အထင်းသား ‌ရေးဖွဲ့ပေးထားပါတယ်။
တစ်ခုတော့လည်း ရှိတယ်... စိမ်းကလေးက အညှာမလွယ်ပေမယ့် အယုံလေးတော့ လွယ်ရှာတယ်။ အရာရာကို သူ့စိတ်သဘောလေး အတိုင်း ခိုင်းနှိုင်း တုံ့ပြန်ရှာတယ်။
ကိုဝဏ္ဏ ကတော့ တကယ့်ကို green flag အမြဲစိမ်း သစ်တောကြီး။ ပြောရမယ်ဆို အမျိုးသမီးလေးတွေ လိုချင်တဲ့ စံနှုန်းနဲ့ တကယ်ကို ပြည့်မီ၊ ပြည့်စုံသော... မျက်စိစုံမှိတ်ပြီး ပစ် အားကိုးချင်စရာ ယောက်ျားသားကြီးပဲ။ အော်... ရိုတတ်လိုက်တာလည်း လွန်ပါရော...
🌸"ချယ်ရီပွင့်များကို ခူး၍ စိမ်းအတွက် မွေ့ရာလုပ်ပေးချင်သည်။ သန့်စင်ပွင့်ဖတ်ဖြင့် ဆောင်းအခါတွင် စိမ်းခြုံဖို့ စောင်ကလေးကိုလည်း ရက်လိုက်ချင်သည်။ ဆောင်း၏ နှင်းမှုန်များအား ခြယ်လှယ်၍ ရပါလျှင်လည်း ငွေဇာပြင် လုံချည်ကို စိမ်းအတွက် ရက်လိုက်ချင်ပါ၏"။ 🌸
❄️ "နောက်တစ်ခေါက် ကျောက်မဲကို သွားရလျှင် စိမ်းဖို့ အကျီ အဝတ်အစား ဝယ်ရဦးမည်။ ရှေ့လာမည့် ဆောင်းတွင်လည်း စိမ်းဖို့ အနွေးထည်များ လိုဦးမည်။ ရှမ်းပြည်၏ ဆောင်းဒဏ်ကိုလည်း စိမ်းတစ်‌ယောက် ခံမှ ခံနိုင်ပါ့မလား ဟူ၍လည်း တွေး၍ပူမိသေး၏။" ❄️
ပြီးတော့လေ ကိုဝဏ္ဏ တစ်ယောက်ထဲနဲ့တင် ဒီလောက် ပြည့်စုံ လုံခြုံနေပြီကို သူ့ရဲ့ မိသားစုတစ်စု‌လုံးကပါ တကယ်ကို နွေးထွေးလုံခြုံပြီး စိတ်ကို အမြဲ ကြည်လင် ချမ်းမြစေတဲ့ heartening environment လေး။
ဒီလို gladdening zone ထဲ... ဘဝက အကြည်ဓာတ်လေးတွေနဲ့ လွှမ်းခြုံနေတုန်း ရန်ကုန်ကို ဘဝရဲ့ အလှည့်အပြောင်း အကြောင်းကိစ္စ အမျိုးမျိုးကြောင့် ပြန်ရောက်ချိန်မှာတော့ လေထုက အစ ညစ်ညမ်းပူလောင် ပြီး ဘဝရဲ့ ရှုပ်ထွေးပွေလီ ပုံလေးတွေကို ဆရာမကြီးက ပညာသားပါပါ ရေးဖွဲ့ပြထားပါတယ်။
ဒီတစ်အုပ်လုံးရဲ့ အနှစ်ကတော့ ရန်ကုန်မှာ ရင်ဆိုင်ကြုံဆုံ ဖြေရှင်းခဲ့ရတဲ့ နေ့လ ရက်များပါပဲ။
ရှမ်းပြည်မှာ အေးချမ်းသလောက် ရန်ကုန်မှာ ပူလောင်လိုက်ပုံများ... ရာသီဥတုပူတာထက် လူ့အငွေ့အသက် နဲ့ စိတ်ဓာတ်တွေက မြှိုက်ပြီး လောင်နေစေတာမျိုးပေါ့။
မုဆိုးမ၊ တစ်ခုလပ် တစ်ကောင်ကြွက် ဆိုလျှင်ပင် လူတွေက ရုပ်မမြင်ရသေးခင် ကြိုနှိမ်ချင်တာမျိုး၊ အသံမကြားရသေးခင်ကပင် ရှုံ့ချချင်တာမျိုး၊ လှလှပပ ကျော့ကျော့ရှင်းရှင်း ဝတ်စားဆင်ယင်ခြင်းနဲ့ ပွဲလမ်းသဘင် တက်ခြင်းမျိုးဟာ သူတို့နဲ့ လားလားမျှ မဆိုင်တာမျိုး စသဖြင့် ယုတ်ညံ့သော အတွေးအခေါ် ရှိသူတို့ရဲ့ သရုပ်သကန်ကို စက်ဆုပ်ဖွယ်ကောင်းအောင် ရေးဖွဲ့ပေးထားပုံများ တကယ်ကို ထိမိလွန်းပါတယ်။
အဲ့ဒီဘက် ခေတ်တွေဆီက မပြောနဲ့...အခုလို ခေတ်မီတိုးတက်လာတဲ့ AI တွေတောင် စအသုံးပြုနေပြီ ဖြစ်တဲ့ ခေတ်မှာတောင် ဒီလို စိတ်သဘောထားသေးသိမ်သူတွေဟာ ကျန်ရှိနေမြဲပါပဲ။
ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း၊ ဘာတွေ ဘယ်လိုပဲ တိုးတက် တိုးတက် ... လူညစ် တွေကတော့ ခေတ်အဆက်ဆက် ရှိနေဦးမှာပါပဲလေ။
အဲ့ဒီလို ရှုံ့ချ ဝေဖန် အပြစ်ပြောတတ်သူတွေထဲ ကိုယ်တွေသာ တမှုံတလေ မပါဝင်ဖို့ အဲ့ဒီလို မသေခင်ထဲက ပုပ်နေတဲ့ လူတချို့ကို ရှောင်ကြဉ်တတ်ဖို့ ကြိုးစားရမှာပါ။
ဆရာမကြီး အနေနဲ့ အမျိုးသမီးလေးတွေကို အပေါ်ယံမြင်နေရတဲ့ အရာတွေကိုသာ ကြည့်ပြီး မဆုံးဖြတ်မိစေဖို့၊ အရာရာကို ကိုယ့်စိတ်ကလေးနဲ့ နှိုင်းပြီး အယုံမလွယ်စေဖို့ သေချာလေးကို ရေးဖွဲ့ တင်ပြထားတဲ့ စာအုပ်ကလေးပါပဲ။
အထဲမှာ ပါဝင်တဲ့ ဇာတ်ကောင် အမျိုးသား ၃ ယောက်ရဲ့စိတ်နေစိတ်ထားနဲ့ personality တွေကိုလည်း ‌အပြင်မှာ မြင်ယောင်လာတဲ့ အထိ ရေးဖွဲ့ပေးထားတာမို့ အမျိုးသမီးလေးတွေ "အပေါ်ယံ ရွှေမှုန်ကြဲ၊ အထဲက နွားချေးခံ" ဆိုတဲ့ လူမျိုး ရန်ကနေ ရှောင်ရှားတတ်ဖို့၊ ဘဝကလေး အေးချမ်း တည်ငြိမ် ပျော်ရွှင်နိုင်ဖို့... လူရွေး မမှားဖို့ပဲ လိုတယ်ဆိုတဲ့ အကြောင်းကလေးတွေကို စိမ်းကလေးကို နမူနာ ပြပြီး ‌စိတ်ထဲ စွဲထင်အောင်ထိ ရေးဖွဲ့တင်ပြထားတယ်လို့ပဲ မြင်မိပါတယ်ရှင်။ ...
မေဘယ်(လ်)
၁၀.၅.၂၄

image
14 ပတ် - ဘာသာပြန်ပါ။

သနပ်ခါးလေးနဲ့ပိုပြိီးချစ်ဖို့ကောင်းနေတဲ့ ဖြူဖြူထွေး❤❤
celenewmyanmar

image
14 ပတ် - ဘာသာပြန်ပါ။

သနပ်ခါးလေးနဲ့ပိုပြိီးချစ်ဖို့ကောင်းနေတဲ့ ဖြူဖြူထွေး❤❤
celenewmyanmar

image
14 ပတ် - ဘာသာပြန်ပါ။

သနပ်ခါးလေးနဲ့ပိုပြိီးချစ်ဖို့ကောင်းနေတဲ့ ဖြူဖြူထွေး❤❤
celenewmyanmar

image
14 ပတ် - ဘာသာပြန်ပါ။

သနပ်ခါးလေးနဲ့ပိုပြိီးချစ်ဖို့ကောင်းနေတဲ့ ဖြူဖြူထွေး❤❤
celenewmyanmar

image
image
image
14 ပတ် - ဘာသာပြန်ပါ။

Black Jade လက်စွပ်

image