ရန်ကုန်မြို့လယ်က Beauty Land Hotel တွင် အမျိုးသမီးငယ်အား အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခဲ့သူကို ဖမ်းမိ

အောက်တိုဘာ ၉

ရန်ကုန်မြို့လယ်က ဟိုတယ်တစ်ခုတွင် အမျိုးသမီးငယ်တစ်ဦး အား အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခဲ့သူကို အောက်တိုဘာလ ၇ ရက် ညနေပိုင်းတွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

သတ်ဖြတ်မှူကျူးလွန်သူမှာ သာကေတမြို့နယ်တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသူ ဖြစ်ပြီး အသတ်ခံရသူမှာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်မှ ရန်ကုန်တွင်လာရောက်နေထိုင်သည့် အသက် ၂၃ နှစ်ခန့်အရွယ် ပြည့်တန်ဆာ အမျိုးသမီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအား ပြည့်တန်ဆာကိစ္စပျော်ပါးရန် အွန်လိုင်းပေါ်မှ ချိတ်ဆက်၍ အခကြေးငွေဖြင့် ခေါ် ဆောင်အိပ်စက်ပြီးနောက် သတ်ဖြတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

ထိုဖြစ်စဥ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက် သီတင်းကျွတ်လပြည့် နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ ၃၂လမ်း (အထက်)၊ Beauty Land Hotel (2) ၏ အခန်း ၅၀၂ တွင် အဆိုပါ အမျိုးသမီးငယ်မှာ ခုတ်ထစ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ယင်း လူသတ်မှုကျူးလွန်သူမှာ စိတ်ဝေဒနာသည်မဟုတ်သော်လည်း လူသတ် ရုပ်ရှင်ဇာတ်လမ်းများ အကြည့်များသူ ဖြစ်ကြောင်း သို့သော် မူးယစ်ဆေးဝါးသုံးစွဲ လက္ခဏာ မတွေ့ရကြောင်းလည်း သိရသည်။

“သာကေတက သူ့နေအိမ်မှာဖမ်းမိတာတဲ့။ သူသတ်လိုက်တဲ့ ကောင်မလေးကို အဲဒီမှာမှ သူက မြင်ဖူးတာ။ ရန်ငြိုးရန်စ အခြားအကြောင်းတွေကြောင့် သတ်တာမဟုတ်ဘူး။ ကောင်လေးက လူသတ်ကားတွေကို ကြည့်ပြီး စိတ္တဇဆန်ဆန် သတ်တဲ့ သဘောပေါ့။အသတ်ခံရတဲ့ ကောင်မလေးက နတ်တလင်းက။ ရန်ကုန်မှာနေတာ။ အွန်လိုင်းက ခေါ်တာ။ ခေါ်ပြီး အိပ်တယ်။ အိပ်ပြီးသတ်တယ်။ သတ်တဲ့အခါ အပိုင်းပိုင်း ခုတ်ထစ်ပြီးတော့ ဝမ်းတွင်းကလီစာတွေကို ဆွဲထုတ်တယ်။ ပေါင်က အသားတွေကို လှီးတယ်။ ပြီးတော့ အိတ်တစ်လုံးနဲ့ ထပ်ထုတ်တယ်။ အခုက ဖမ်းမိပြီး စစ်နေတုန်း။ အမှုဖွင့်တဲ့လုပ်ငန်းစဉ် ဆက်လုပ်မှာပေါ့။”ဟု အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Credit - .Myanmar Transprency News Agency

#သတင်းဟင်းလေးအိုးကြီး

image