အူလမ်းကြောင်းရှင်းလင်းခြင်း....
ဗိုက်ပူနေတဲ့သူများ ဗိုက်ချပ်သွားချင်ရင်... တို့တွေရဲ့ အူလမ်းကြောင်း ဟာ အညစ်အကြေးတွေနဲ့ ပြည့်နေလေ့ရှိပါတယ်။ အဲဒီအညစ်အကြေးတွေကနေ ဖြစ်လာတဲ့ ဂျိုးတွေကလည်း အူနံရံတွေမှာ အမြဲတမ်း ကပ်ငြိနေတတ်ပါတယ်။
အူသန့်ရှင်းနေဖို့ ဘာကြောင့် အရေးကြီးတာလဲ?
လူတွေရဲ့အူဟာ အမြဲတမ်း သန့်နေဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးဟာ အူတွေကနေ စဖြစ်တာမို့လို့ပါ။ အစားအသောက်တွေကနေရလာတဲ့ အာဟာရရည်ကို အူတွေက စုပ်ယူပြီး သွေးအဖြစ် ပြောင်းလဲပေးတာ ဖြစ်ပါတယ်။ ဒါကြောင့်...
အူသန့်ရင် သွေးသန့်မယ်။
အူမသန့်ရင် သွေးမသန့်ဘူး ဆိုတာ ထင်ရှားပါတယ်။
အူတွေကို သန့်ရှင်းပေးတော့မှ အဆိပ်အတောက်ကင်းတဲ့ သွေးသန့် ကို ရရှိမှာပါ။ ခန္ဓာကိုယ်မှာက သွေးက အဓိကပဲ။ သွေးသန့်ရင် ရောဂါကင်းမယ်၊ သွေးညစ်ရင် ရောဂါများမယ်။ သွေးသန့်ဖို့အတွက် အူသန့်အောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။
အူသန့်ရှင်းအောင် လုပ်ရမယ့် လွယ်ကူတဲ့ နည်းလမ်း
အူတွေ သန့်ရှင်းအောင် လုပ်ဖို့ကလည်း မခက်ပါဘူး။ စင်ထိုးပြီး စိုက်ရတဲ့ အညွန့်အရွက်တွေ စားပေးရုံပါပဲ။
ဘူးညွန့်၊ ဂေါ်ရခါးညွန့်၊ ရွှေဖယုံညွန့် စတဲ့ အညွန့်အရွက်တွေမှာ အမွှေးအမျှင်လေးတွေ ပါဝင်ပါတယ်။ အဲဒီအရွက်အညွန့်တွေဟာ မျက်နှာသုတ်ပဝါမှာပါတဲ့ အမွှေးလေးတွေလိုပဲ အညစ်အကြေးတွေကို သုတ်သင်ပေးနိုင်တဲ့ သဘောရှိပါတယ်။
အဲဒီအမွှေးအမျှင်ပါတဲ့ အညွန့်အရွက်တွေကို ကြော်ပြီး စားပါ။ အစာလမ်းကြောင်းတစ်လျှောက်က အညစ်အကြေးတွေကို ပြောင်အောင် သုတ်သင်ပေးသွားပါလိမ့်မယ်။
ရလဒ်ကောင်းများ
အစာလမ်းကြောင်းတစ်ခုလုံး သန့်ရှင်းနေတော့...
အာဟာရကနေ ရတဲ့ ရသရည်ကလည်း သန့်ရှင်းပြီး သွေးကလည်း သန့်သွားပါလိမ့်မယ်။
အူတွေထဲမှာ အညစ်အကြေးအချိုး ကပ်မှုတွေများလို့ ဗိုက်ပူနေတဲ့သူတွေလည်း တဖြည်းဖြည်းနဲ့ ဗိုက်ချပ်သွားပါလိမ့်မယ်။
ဒါဟာ အနာရောဂါကင်းကင်းနဲ့ အသက်ရှည်ရှည် နေနိုင်တဲ့ နည်းကောင်းတစ်ခု ပါပဲ။
ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြပါစေခင်ဗျာ။ သင့်မိတ်ဆွေတွေလည်း သိစေရန် ပြန်လည်မျှဝေခြင်းဖြင့် ကျန်းမာရေး ကုသိုလ်ယူပေးပါ။
#maungnaingkhant
#ကျန်းမာရေးဗဟုသုတ
#fblifestyle

image

ငါ့ဘ၀ရဲ့ ဖြစ်တည်မှုထဲ
မင်းလက်ကို ထိုးသွင်းကြည့်လိုက်စမ်း
ကိုင်း •• အချစ်နံ့တွေ ရတယ်မဟုတ်လား။

မင်းနဲ့ ပတ်သက်ပြီးတိုင်း
ငါ ရရှိလာတဲ့ ပျော်ရွှင်မှုဆိုတာ
စစ်ပွဲကြီးတစ်ခု ပြီးသွားတဲ့အခါ
ကျည်ဆန်ခွံ လိုက်ကောက်ရတဲ့
ကလေးလိုပါပဲ။

ဘာမှန်းမသိတဲ့ အရာတွေအပေါ်
ဘာမှန်းမသိဘဲ လိုက်လျောနေရတာ
ငါ့ဘ၀ပါကွယ်။

- ပိုင်စိုးဝေ

ယောဂဗဟုသုတဟင်းလေးအိုး အပိုင်း(၃) Hatha yogaနဲ့အသက်စွမ်းအင်ပရာန(prana) ကီအာလီယန်(kirlian)ကင်မရာကို 1939ခုနှစ်ဝန်းကျင်မှာ ကီအာလီယန်(kirlian)အမည်ရှိတဲ့ ဇနီးမောင်နှံက တီထွင်ခဲ့ပါတယ် သုတေသီတွေက ကီအာလီယန်ကင်မရာနဲ့ အရာဝတ္ထုအမျိုးမျိုးကိုစမ်းသပ်ခဲ့ကြပါတယ် ကီအာလီယန်ကင်မရာကြောင့် သက်ရှိသဘာဝပစ္စည်းတိုင်းမှာ auraလို့ခေါ်တဲ့ရောင်ခြည်ဝန်းတေ​ွရှိနေတာကိုတွေ့ခဲ့ကြပါတယ် သုတေသီတွေက ကီအာလီယန်ကင်မရာနဲ့ထောင်ပေါင်းများစွာသော လူတွေသက်ရှိတွေ ကျန်းမာတဲ့သူ မကျန်းမာတဲ့သူ စိတ်ချမ်းသာတဲ့သူစိတ်ဖိစီးနေတဲ့သူတွေကို စမ်းသပ်ခဲ့ပါတယ် ​စမ်းသပ်မူတခုမှာဆိုရင် အမျိုးသားနဲ့အမျိုးသမီးကိုလက်ချင်းကိုင်စေပြီးကင်အာလီယန်ကင်မရာနဲ့ရိုက်လိုက်တဲ့အချိန်မှာ အမျိုးသားရဲ့ကိုယ်ရောင်ခြည်(aura)ကအမျိုးသမီးရဲ့ကိုယ်ရောင်(​aura)ကိုဆွဲငင်နေပါတယ် ခန္ဓာကိုယ်ကကိုယ်ရောင်ခြည်(aura)က စိတ်နဲ့လဲဆက်စပ်နေတာတွေ့ရှိခဲ့ပါတယ် ဥပမာအားဖြင့် စိတ်တည်ငြိမ်ပြီး အနားယူတဲ့လူရဲ့ကိုယ်ရောင်က တည်ငြိမ်ပြီးတော့ရောင်ခြည်ရပ်ဝန်းကကျယ်ပြန့်ပါတယ် စိတ်ဖိစီးစိတ်ညစ်နေတဲ့လူရဲ့ ကိုယ်ရောင်ခြည်က တည်ငြိမ်မူမရှိပါဘူး သုတေသီတွေက မကြာခင်သေဆုံးတော့မဲ့လူတွေကိုလေ့လာရာမှာ သူတို့ရဲ့ကိုယ်ရောင်ခြည်မရှိတော့တာကို သိခဲ့ရပါတယ် ယောဂကျင့်တဲ့လူတယောက်ရဲ့ ယောဂမကျင့်ခင်နဲ့ယောဂကျင့်ပြီးအခြေအနေကို ကီအာလီယန်ကင်မရာနဲ့ရိုက်ကြည့်တဲ့အခါမှာ မကျင့်ခင်ကိုယ်ရောင်ခြည်ဓာတ်အားမကောင်းပေမဲ့ ယောဂကျင့်ပြီးတဲ့အချိန်မှာ လက်ကကိုယ်ရောင်ခြည်ဓာတ်(aura)​တွေဖြာထွက်နေတာကိုမြင်ခဲ့ရပါတယ် ကိုယ်ရောင်ခြည်ဓာတ်(aura)ကလူကောင်းရော လူဆိုးမှာပါရှိပါတယ် ဒါပေမဲ့အရောင်အဝါချင်းကွာခြားပါတယ် hatha yogaကျင့်စဥ်တွေက အသက်ဓာတ်စွမ်းအင်ပရာနစီးဆင်းမူကို အားကောင်းစေတာကြောင့် ကိုယ်ရောင်ခြည်(​aura)ကိုလည်းဖြာထွက်စေပါတယ် hatha yogaကျင့်စဥ်ငါးရပ်မှာ အသက်ဓာတ်စွမ်းအင်ပရာန(prana)ကိုပိုရစေတဲ့ကျင့်စဥ်က pranayama(ပရာနာယာမ)ပဲဖြစ်ပါတယ် pranayama(ပရာနာယာမ)က အသက်ဓာတ်စွမ်းအင်(prana)ကိုထိန်းချုပ်ပြီး စိတ်ကိုတည်ငြိမ်စေပါတယ် Hatha yogiတွေရဲ့ပြောနေကျစကားက စိတ်မတည်ငြိမ်တာနဲ့ပတ်သက်ပြီးစိတ်မပူပါနဲ့ pranayamaကိုသာကျင့်ပါ စိတ်ကကျင့်ရင်းတည်ငြိမ်လာပါလိမ့်မယ်လို့ ဆုံးမကြပါတယ် စိတ်နဲ့အသက်ရူပုံကလဲဆက်စပ်နေပါတယ် ဒေါသထွက်တဲ့အချိန်မှာအသက်ရူမြန်ပြီး စိတ်ချမ်းသာတည်ငြိမ်တဲ့အချိန် ညင်ညင်သာသာလေးနဲ့အသက်ရူကြပါတယ် တရားမထိုင်ခင် ပုတီးမစိပ်ခင် မိမိတို့ကိုးကွယ်ရာဘာသာအလိုက်ဘုရားဝတ်မပြုခင်မှာ pranayamaကိုကျင့်ရင် တရားစာရွတ်တဲ့အချိန်မှာအာရုံစူးစိုက်မူအပြည့်နဲ့စိတ်အေးအေးချမ်းချမ်း မိမိတို့ဘုရားကို ဝတ်ပြုနိုင်တဲ့အကျိုးရရှိမှာပါ hatha yogaက kundalini(ကုဏ္ဍလိနီ)စွမ်းအင်ကို နိုးဆွတဲ့နေရာမှာလဲ အထောက်အကူပြုပါတယ် ဒါပေမဲ့ အသက်ဓာတ်စွမ်းအင်ပရာန(prana)က လေကိုပြောတာမဟုတ်ပါဘူး pranayamaကိုကျွမ်းကျင်တဲ့ယောဂီက အသက်မရူဘဲအကြာကြီးနေနိုင်ကြပါတယ် ကမ္ဘာကျော်ယောဂဂုရုတယောက်ဖြစ်တဲ့ ဆွာမိသီဝနန္ဒ(swami sivananda)ရဲ့တပည့်ရင်း ​ဆွာမိနာဒဗြဟ္မာနန္ဒ(swami nadabrahmananda)ကအသက်မရူဘဲအကြာကြီးထိန်းနိုင်စွမ်းရှိသူပါ သူ့ကိုသုတေသီတွေ စမ်းသပ်ထားပါတယ် သူ့ကိုလေမရှိတဲ့ဖန်ပြွန်ချောင်းကြီးထဲမှာထည့်ထားပါတယ် နောက်​ဖန်ပြွန်မှာ မျောက်တကောင် နောက်ထပ်ဖန်ပြွန်မှာ မီးထွန်းထားတဲ့ဖယောင်တိုင်းထည့်ထားပါတယ် ဖန်ပြွန်ထဲက swami nadabrahmanandaကို သူ့ရဲ့တကိုယ်လုံးမှာ electrodesကြိုးတွေတပ်ထားပါတယ် သူရဲ့နှာခေါင်းနဲ့နားကိုပိတ်ထားပြီး တကိုယ်လုံးကိုလဲလေမဝင်နိုင်အောင် ပျားဖယောင်းတွေသုတ်ထားပါတယ် ဒီလိုနဲ့နောက်ထပ် 3မိနစ်အကြာမှာ ဖန်ပြွန်ထဲကဖယောင်းတိုင်း​မီးငြိမ်းသွားပါတယ် ၁၅မိနစ်အကြာမှာ ဖန်ပြွန်ထဲက မျောက်မေ့မြောသွားပါတယ် ဆွာမိနာဒဗြဟ္မာနန္ဒကတော့ လေမရှိတဲ့ဖန်ပြွန်ထဲမှာ အိန္ဒိယဗုံတမျိုးကိုတီးခတ်နေဆဲဖြစ်ပါတယ် သူက လေမရှိတဲ့ဖန်ပြွန်ထဲမှာ မိနစ်40ကြာအောင် နေပြခဲ့ပါတယ် ဖန်ပြွန်ထဲရှိနေတဲ့အချိန်မှာ သူရဲ့ခန္ဓာကိုယ်မှာတပ်ထားတဲ့ microphoneမှာ ရေတံခွန်ကရေစီးကျနေတဲ့အသံမျိုးကြားရပါတယ် သူကရှင်းပြပါတယ် ဒီအသံကသူရဲ့ ခန္ဓာကိုယ်ထဲမှာ အားကောင်းတဲ့အသက်ဓာတ်စွမ်းအင်ပရာန(prana)တွေစီးဆင်းနေတဲ့အသံလို့ရှင်းပြခဲ့ပါတယ် အပိုင်း(4)ဆက်ရန်🙏🙏🙏 ကိုးကားကျမ်းများ

Credit to owner

image
49 w - Translate

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်က ရီလုံအလယ်တန်းကျောင်း မှ အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်သူ ရန်ကျွင်းကျဲ့ ဟာ သွေးကင်ဆာရောဂါနဲ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာကြောင့် အတန်းဖော်တွေနဲ့ အတန်းအတူရှိခွင့် မရတော့ပါဘူး
အဲ့လိုနဲ့ ၂၀၂၅ ခုနှစ် မေလ ၁၇ ရက်နေ့မှာ ရန် ရဲ့ အတန်းဖော် ၅၀ ကျော် နဲ့ ဆရာ/ဆရာမများ ဟာ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ ဆေးရုံကို လမ်းလျှောက်ပြီး ရန် ကိုစိတ်ခွန်အားပေးဖို့လာခဲ့ကြပါတယ်
ကျောင်းမတက်နိုင်လို့ အိပ်ရာထဲလဲနေတဲ့ ရန်ကို သူ့ရဲ့ သူငယ်ချင်းတချို့က ဆေးရုံဆောင်ထဲ ဝင်ပြီး ကျောင်းဝတ်စုံ ကို ဝတ်ဆင်ပေးခဲ့ကြပါတယ် အဲ့ဒီနောက် ရန်ကို တွန်းလှည်းပေါ် တင်ပြီး ဆေးရုံဥယျာဉ်သို့ ခေါ်သွားခဲ့ကြကာ အတန်းဖော်အားလုံး ဝိုင်းရံပြီးအုပ်စုလိုက် ဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ် ဒီဓာတ်ပုံဟာ ရန် အတွက် ဆေးရုံရဲ့ နံရံတွေကြားကနေ လွတ်မြောက်ပြီး သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ရှိနေတဲ့မမေ့နိုင်စရာ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်
အတန်းဖော်တွေဟာ ရန် အတွက် ရေးသားထားတဲ့ စာတွေ ကဗျာတွေနဲ့အတူ လက်ဆောင်တွေလည်းပေးခဲ့ကြပါတယ် အဲ့ဒီထဲမှာ အတန်းတစ်ခုလုံးက လက်မှတ်ထိုးထားတဲ့ ဘတ်စကက်ဘောတစ်လုံးလည်း ပါဝင်ပြီး ဒါဟာ ရန် ပြန်လည်ကောင်းမွန်လာရင် သူတို့နဲ့အတူ ဆော့ကစားဖို့အတွက် မျှော်လင့်ချက်ကို ဖော်ပြခြင်း ဖြစ်ပါတယ်
ဒီလို ချစ်ခြင်းမေတ္တာတွေပြသခဲ့ပြီး မနက်ခင်းမှာတော့ ဝမ်းနည်းဖွယ်ရာ သတင်းတစ်ခု ကြားသိခဲ့ရပါတယ် ရန်ကျွင်းကျဲ့ဟာ သူငယ်ချင်းတွေ လာရောက်တွေ့ဆုံပြီး နောက်တစ်ရက် မနက် ၄ နာရီမှာဘဲ ကွယ်လွန်သွားခဲ့ပါတယ် သူ့ရဲ့ ၁၆ နှစ်ပြည့် မွေးနေ့မတိုင်မီ တစ်လအလိုမှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်
စိတ်မကောင်းဖွယ်ရာအခြေအနေတွေ ခံစားခဲ့ပြီးတဲ့နောက် သူ့ရဲ့ မိသားစုဝင်တွေဟာ ဒီအမှတ်တရ ဓာတ်ပုံတွေနဲ့ လက်ဆောင်တွေကို ဆိုရှယ်မီဒီယာပေါ် မျှဝေခဲ့ပြီး ကျောင်းသားတွေနဲ့ ဆရာတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image
49 w - Translate

အသစ်ထွက်ထားတဲ့ ကာတွန်းကားလေး😍 Fb link ရတုန်းကြည့်ကြည့်🥰🩷
Heart-sping: Teenie-ping of Lo-ve (2024) မြန်မာစာတန်းထိုး
မင်းသမီး Romi ဟာ သူမရဲ့တကယ်အချစ်တစ်ယောက်ဖြစ်မယ်လို့ ယုံကြည်ရာ Heartsping ကို ရှာတွေ့ဖို့အတွက်၊ မှော်လျှောက်နှင့် ခြုံတွန်းနေတဲ့အကြောင်းအရာထဲကူးဖို့စတင်ပါတယ်။
သူမထဲမှာ ရဲရဲတင်းစွာမြင့်မားတဲ့ စိတ်ဓာတ်မျိုး၊ မကြောက်ရွံ့တဲ့ စိန်ခေါ်ချက်တွေကို ခံယူတက်ပြီး၊ မကြာမီ တည်ရှိနေတဲ့ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်သွားရပါတယ်။
ထိုခရီးထဲမှာ Romi ဟာ သူမရဲ့ ရည်းစားဖြစ်လာနိုင်တဲ့ Heartsping ကို ကယ်တင်ကာ၊ ယုံကြည်မှုနဲ့ ကိုယ်ထူးခြားတဲ့ စျပတ်ခြင်းတွေ၊ နှလုံးသားသန့်ရှင်းမှုနဲ့ လူသားအချစ်ကို ပြသပြီး၊ သူတို့အကြား ရင်းနှီးချစ်ခင်မှု တည်ထောင်လိုက်ပါတယ်။

Credit to owner

image
49 w - Translate

တောင်ကြီးမြို့ရဲ့
ဆောင်းအ‌ငွေ့သက်လေးတွေနဲ့အတူ ပန်းလေးတွေကလဲ လှပဝေဆာစွာဖူးဖွင့်နေကြတဲ့အချိန်တုန်းက🌸
တောင်ကြီးမြို့နေရာတိုင်းလမ်းဘေးမှာအလေ့ကျပေါက်တဲ့ပန်းလေးတွေ🌸
လမ်းဘေးမှာပေါက်တဲ့ပန်းဆိုပေ
မယ့် မြတ်နိုးတန်းဖိုးထားတဲ့သူကမြတ်နိုးမှာပဲနော်🌸

image
49 w - Translate

တောင်ကြီးမြို့ရဲ့
ဆောင်းအ‌ငွေ့သက်လေးတွေနဲ့အတူ ပန်းလေးတွေကလဲ လှပဝေဆာစွာဖူးဖွင့်နေကြတဲ့အချိန်တုန်းက🌸
တောင်ကြီးမြို့နေရာတိုင်းလမ်းဘေးမှာအလေ့ကျပေါက်တဲ့ပန်းလေးတွေ🌸
လမ်းဘေးမှာပေါက်တဲ့ပန်းဆိုပေ
မယ့် မြတ်နိုးတန်းဖိုးထားတဲ့သူကမြတ်နိုးမှာပဲနော်🌸

image
49 w - Translate

တောင်ကြီးမြို့ရဲ့
ဆောင်းအ‌ငွေ့သက်လေးတွေနဲ့အတူ ပန်းလေးတွေကလဲ လှပဝေဆာစွာဖူးဖွင့်နေကြတဲ့အချိန်တုန်းက🌸
တောင်ကြီးမြို့နေရာတိုင်းလမ်းဘေးမှာအလေ့ကျပေါက်တဲ့ပန်းလေးတွေ🌸
လမ်းဘေးမှာပေါက်တဲ့ပန်းဆိုပေ
မယ့် မြတ်နိုးတန်းဖိုးထားတဲ့သူကမြတ်နိုးမှာပဲနော်🌸

image
49 w - Translate

တောင်ကြီးမြို့ရဲ့
ဆောင်းအ‌ငွေ့သက်လေးတွေနဲ့အတူ ပန်းလေးတွေကလဲ လှပဝေဆာစွာဖူးဖွင့်နေကြတဲ့အချိန်တုန်းက🌸
တောင်ကြီးမြို့နေရာတိုင်းလမ်းဘေးမှာအလေ့ကျပေါက်တဲ့ပန်းလေးတွေ🌸
လမ်းဘေးမှာပေါက်တဲ့ပန်းဆိုပေ
မယ့် မြတ်နိုးတန်းဖိုးထားတဲ့သူကမြတ်နိုးမှာပဲနော်🌸

image
49 w - Translate

တောင်ကြီးမြို့ရဲ့
ဆောင်းအ‌ငွေ့သက်လေးတွေနဲ့အတူ ပန်းလေးတွေကလဲ လှပဝေဆာစွာဖူးဖွင့်နေကြတဲ့အချိန်တုန်းက🌸
တောင်ကြီးမြို့နေရာတိုင်းလမ်းဘေးမှာအလေ့ကျပေါက်တဲ့ပန်းလေးတွေ🌸
လမ်းဘေးမှာပေါက်တဲ့ပန်းဆိုပေ
မယ့် မြတ်နိုးတန်းဖိုးထားတဲ့သူကမြတ်နိုးမှာပဲနော်🌸

image
image
image
image