ပဲလေ့စ်နောက်ခံလူဂူဟီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရေး ဘိုင်ယန်ကြိုးပမ်းလာ

အောက်တိုဘာ ၇

ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင်မာ့ခ်ဂူဟီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရေး ကြိုးပမ်းလာပါတယ်။

အသက် ၂၅ နှစ်ရှိ ဂူဟီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပဲလေ့စ်အား ကလပ်သမိုင်းတွင် ပထမဆုံး ဆုဖလားအဖြစ် အက်ဖ်အေဖလား ရရှိအောင် ဦးဆောင်ပေးခဲ့သလို ရာသီအစတုန်းကလည်း ကွန်မြူနတီဒိုင်းရယူပေးထားသူ ဖြစ်ပါတယ်။

သူဟာ ကလပ်နှင့် အင်္ဂလန်အသင်းတို့တွင် ခြေစွမ်းပြကစားနိုင်မှုနှင့်အတူ ကလပ်အမြောက်အမြားရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။

Sky Sports ရဲ့ ဖော်ပြလာမှုအရ ဂူဟီအား ခေါ်ယူရေး ကြိုးပမ်းလာတဲ့အသင်းများတွင် အသင်းသစ်အဖြစ် ဘိုင်ယန်မြူးနစ်လည်း ပါဝင်လာကြောင်း သိရပါတယ်။

ဂူဟီဟာ ယခုရာသီအကုန်တွင် ပဲလေ့စ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး လာမယ့် ဇန်နဝါရီလမှ စတင်ကာ နိုင်ငံခြားကလပ်များနှင့်လွတ်လပ်စွာ ဆွေးနွေးခွင့် ရှိနေသူ ဖြစ်ပါတယ်။

သူဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တုန်းက လီဗာပူးသို့ ပြောင်းလုနီးပါး ဖြစ်ခဲ့ပေမယ့်လည်း ပဲလေ့စ်ဘက်က အစားထိုးနိုင်မယ့် ကစားသမားရှာမရလို့ အပြောင်းအရှေ့ပျက်ပြယ်ခဲ့ရသူလည်း ဖြစ်ပါတယ်။

အစောပိုင်းတုန်းက ထွက်ပေါ်နေတဲ့သတင်းများအရ ဂူဟီဟာ လာမယ့် နွေရာသီတွင် ရီးရဲလ်မက်ဒရစ်သို့သာ ပြောင်းရွှေ့လိုနေကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ကလည်း လာမယ့်နွေရာသီတွင် ခံစစ်ကို ပြန်လည်တည်ဆောက်ရန် စီစဉ်ထားပြီး ၎င်းတို့ ခေါ်ယူမယ့် စာရင်းထဲတွင် ဂူဟီက ထိပ်ဆုံးက ပါဝင်နေတယ်လို့ ယုံကြည်ရပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

အောက်တိုဘာ ၇

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၉၆၅ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၀၂၀၀၀၀ ကျပ်
ဝယ်ဈေး ၇၉၈၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၆၂၀၀၀၀ ကျပ်
ဝယ်ဈေး ၇၅၈၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၉၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၈၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၅၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၈၅ ကျပ်
ဝယ်ဈေး - ၃၉၈၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၆၅ ကျပ်
ဝယ်ဈေး - ၃၀၈၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၈၅ ကျပ်
ဝယ်ဈေး - ၄၆၆၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅.၇၉ ကျပ်
ဝယ်ဈေး - ၁၂၂.၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၆၉ ကျပ်
ဝယ်ဈေး - ၉၄၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၇၄ ကျပ်
ဝယ်ဈေး - ၅၆၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၁၇ ကျပ်
ဝယ်ဈေး - ၂၆.၅ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၀၆ ကျပ်
ဝယ်ဈေး - ၄၄.၉၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉ ကျပ်
ဝယ်ဈေး - ၂.၈၂ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၅၁၀ ကျပ်
ဝယ်ဈေး - ၅၃၇၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၀၅ ကျပ်
ဝယ်ဈေး - ၂၆၄၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၃၀ ကျပ်
ဝယ်ဈေး - ၂၈၆၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၅ ကျပ်
ဝယ်ဈေး - ၅၁၂ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၁၃ ကျပ်
ဝယ်ဈေး - ၁၀၈၆ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image

မြန်မာ-ဘယ်လာရုစ်(၂)နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲတွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေမှု အပါအဝင် ကဏ္ဍများစွာဆွေးနွေးခဲ့

အောက်တိုဘာ ၅

မြန်မာ-ဘယ်လာရုစ်(၂)နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ပြင်ဆင်နေမှုအပါအဝင် ကဏ္ဍများစွာဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်၊ နံနက်ပိုင်းက ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကိုကိုကျော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(၁) မစ္စတာဆာဂေး လူကာရှယ်ဗစ်ချ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေမှု၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာပူး ပေါင်း ဆောင်ရွက်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစားနှင့်ခရီးသွားလာရေးစသည့် ကဏ္ဍ များအပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အာဆီယံ၊ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ BRICS အဖွဲ့တို့နှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများနှင့် ယင်းအဖွဲ့များအတွင်း ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များတွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Credit - NP News Agency

#centralnewsnaypyitaw

image

ယခုနှစ်တွင် ယူနိုက်တက်အတွက် ပြန်ကစားလာနိုင်ဖို့ ရှိနေတဲ့ အမေ့ခံ စတား

အောက်တိုဘာ ၇

ယူနိုက်တက်ဗဟိုနောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်ဟာ ယခုနှစ်အတွင်းတွင် ယူနိုက်တက်အတွက် ပြန်လည် ကစားလာနိုင်ဖို့ ရှိနေပြီ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိ မာတီနက်ဇ်ဟာ ဒူးအရွတ်ဒဏ်ရာကြောင့် ၈ လကျော်ကြာ အနားယူလာခဲ့ရသူ ဖြစ်ပါတယ်။

ဒါပေမယ့် အာဂျင်တီးနားနောက်ခံလူဟာ ဇူလိုင်လနှောင်းပိုင်းမှ စတင်ကာ Outdoor လေ့ကျင့်ခန်းဆင်းများ စတင်ပြုလုပ်လာနိုင်ခဲ့ပြီ ဖြစ်ပြီး တကိုယ်တည်းလေ့ကျင့်ခန်းဆင်းမှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

သူဟာ နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်များအပြီးတွင် ယူနိုက်တက်ကစားဖော်များနှင့်အတူ ပြန်လည်လေ့ကျင့်ခန်းဆင်းလာနိုင်မယ်လို့ ယူဆရပါတယ်။

မာတီနက်ဇ်ဟာ နွေရာသီတုန်းက ယူနိုက်တက်ခေါင်းဆောင်အုပ်စုတွင် ထည့်သွင်းခြင်းခံခဲ့ရသူ ဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းက အီတီဟတ်တွင် မန်စီးတီးအား ရှုံးနိမ့်တဲ့ပွဲကို လိုက်ပါခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်အတွက် ကစားနိုင်ခြင်း မရှိပေမယ့်လည်း ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်တဲ့ ကလပ်ရဲ့ တွေ့ဆုံဆွေးနွေးပွဲသို့ ပုံမှန်တက်ရောက်နေသူလည်း ဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ ၂၀၂၂ ခုနှစ်တွင် ယူနိုက်တက်သို့ ပြောင်းလာပြီးနောက် အဓိကကစားသမားအဖြစ် ကစားခွင့်ရလာခဲ့ပေမယ့်လည်း ဒဏ်ရာပြဿနာများဖြင့် နပန်းလုံးလာခဲ့ရသူ ဖြစ်ပါတယ်။

သူဟာ အစီအစဉ်အတိုင်း နိုဝင်ဘာလတွင် လေ့ကျင့်ခန်းဆင်းနိုင်မည်ဆိုပါက နှစ်မကုန်မီ ယူနိုက်တက်အတွက် ပြန်ကစားလာနိုင်ဖို့ သေချာနေပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

မီးပုံးပျံကျရာမှ နေအိမ်နှစ်လုံးမီးလောင်မှု ကျောက်တန်းတွင် ယနေ့ည ဖြစ်ပွား

အောက်တိုဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ စံချိန်မီရပ်ကွက် အ.မ.က. (၁၀)ကျောင်းလမ်းတွင် အောက်တိုဘာလ ၆ ရက် ည ၈ နာရီ ၂၇ မိနစ်ခန့်က မီးပုံးပျံကျရာမှ နေအိမ်နှစ်လုံး မီးလောင်ခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးပုံပျံမှာ နေအိမ်၂လုံးကြားရှိ အရိပ်စင်ပြုလုပ်ထားသော တာလပတ်ပေါ်ကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အလျား ပေ ၂၀၊ အနံ ပေ ၄၀ရှိ သွပ်မိုး၊ ပျဥ်ကာ၊ပျဥ်ခင်း တစ်ထပ်နေအိမ်နှစ်လုံး၏ အမိုးထုပ်တန်းနှင့် ဘေးအကာများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၁ စီးနှင့် သန္ဓေအရန်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၃၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

Credit - Myanmar Transprency News Agency

#centralnewsnaypyitaw

imageimage

ရသေ့တောင်က ရွာပေါင်း ၂၀ ကျော် စစ်ဘေး တိမ်းရှောင်နေရ

အောက်တိုဘာ ၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ လက်နက်ကြီးနဲ့ ဒရုန်း ကျရောက်မှုတွေ ရှိနေတာကြောင့် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

လက်ရှိမှာ ‌ရသေ့တောင်မြို့နယ်က ပန်ဇင်းမော်၊ ညောင်ပင်ကြီး၊ ကပ်ချောင်း၊ ကံပြင်၊ မင်းကန်းချောင်း၊ ဆားပြင်ကြီး၊ ဆားပြင်ချေ၊ အောက်ဇီးကိုင်း၊ လက်ပန်ပင်ရင်း၊ ဖြူချောင်း၊ ကျွန်းကြီး၊ ကြက်ရိုးဆိပ် အစရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာကျော် စစ်ရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီမြို့နယ်က AA ထိန်းချုပ်ထားတဲ့ မြို့တွေထဲမှာ ပါတယ်။ စစ်တွေ အစပ်မှာရှိတယ်။ ဒီရက်ပိုင်းထဲမှာကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ ပိုစိပ်လာတယ် ပြောရမယ်။ ဒရုန်းတွေနဲ့လည်း နေ့တိုင်း တိုက်ခိုက်တာရှိတယ်။ ဒေသခံတွေက ကိုယ့်လယ်ယာကိုတောင် ကောင်းကောင်း မလုပ်နိုင်ကြတော့ဘူး။ သူတို့ မွေးထားတဲ့ ကြက်တွေ၊ ဝက်တွေအကုန် ရရာဈေးနဲ့ ရောင်း၊ လယ်တွေကိုတော့ ဒီအတိုင်း ပစ်ထားခဲ့၊ အဲဒီလိုလုပ်ပြီး နီးစပ်ရာ ဘေးလွတ်မယ်ထင်တဲ့ နေရာတွေကို ရှောင်ကြရတာ‌” လို့ ကူညီပေးနေသူက ပြောပါတယ်။

လက်ရှိမှာ နလအ အနေနဲ့ စစ်တွေမြို့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတာဖြစ်ပြီး တဖက်မှာလည်း စစ်အင်အား ဖြည့်တင်းကာ စစ်တွေမြို့အနီး AA မဝင်ရောက်လာစေရေး အတွက် နယ်စပ်နေရာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ် ပစ်ခတ် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းက ကြက်ရိုးဆပ်ကျေးရွာမှာ လက်နက်ကြီး ကျရောက်မှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ နှစ်ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

AA က စစ်တွေမြို့နယ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရသေ့တောင်မြို့နယ် အပါအဝင် ပုဏ္ဏားကျွန်း၊ ပေါက်တော စတဲ့ မြို့နယ်တွေမှာလည်း လက်နက်ကြီး ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“နလအ က ရခိုင်ပြည်နယ်ထဲက မြို့နယ် ခုနစ်မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိနေတယ်။ ဒါပေမယ့် သူတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေက သုံးမြို့နယ်ပဲ ရှိတယ်။ ဆိုတော့ ကျန်တဲ့မြို့တွေမှာ ဖိအားပေးမှုတွေ ဆက်တိုက် လုပ်ဆောင်လာနိုင်တယ်။ လက်ရှိ လုပ်လည်း လုပ်နေတယ်ပေါ့။ ပြီးခဲ့တဲ့ စက်တင်ဘာလလောက်စပြီး AA ထိန်းချုပ်ထားတဲ့ မြို့တချို့မှာ လေကြောင်း တိုက်ခိုက်တာ၊ လက်နက်ကြီး ကျတာတွေ ခပ်စိပ်စိပ် ဖြစ်လာတာ တွေ့ရတယ်” လို့ စစ်ရေး လေ့လာသုံးသပ်သူ တယောက်က ပြောပါတယ်။

နလအ က လာမယ့် ဒီဇင်ဘာလမှာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပြီး တောင်ကုတ်၊ သံတွဲ၊ အမ်းနဲ့ ဂွမြို့နယ်တို့ကိုလည်း ရွေးကောက်ပွဲအမီ ပြန်လည် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ကျရောက်မှုတွေ မကြာခဏ ဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း သံတွဲမြို့၊ အမှတ် (၄) ရပ်ကွက်နဲ့ ညောင်ပင်ဈေး ရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း တယောက် သေဆုံးခဲ့ကာ ငါးယောက် ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ မင်းတဲကျေးရွာမှာ လက်နက်ကြီး ကျရောက်မှုကြောင့် တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo - CJ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image

ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် တံခါးဖွင့်ပေးလာတဲ့ ဟယ်ရီကိန်း

အောက်တိုဘာ ၇

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းက ပရီးမီးယားလိဂ်သို့ ပြန်လာရေး စိတ်ဝင်စားမှု အေးခဲနေပြီး ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် တံခါးဖွင့်ထားကြောင်း ပြောကြားလာပါတယ်။

ဟယ်ရီကိန်းဟာ ၂၀၂၃ ခုနှစ် နွေရာသီတွင် စပါးစ်မှ ပေါင် ၈၆.၄ သန်းဖြင့် ပြောင်းလာပြီးနောက် တစ်နှစ်ကျော်စာချုပ်သက်တမ်းသာ ကျန်တော့သူ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်ရှိ စပါးစ်တိုက်စစ်မှူးဟောင်းဟာ ဘိုင်ယန်မြူးနစ်အတွက် ၁၀၆ ပွဲကစားထားရာမှာ ၁၀၃ ဂိုးအထိ သွင်းထားနိုင်ပြီး ၂၀၂၄-၂၅ ဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးနိုင်အောင် အဓိကနေရာမှ ကူညီထားပါတယ်။

အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က အင်္ဂလန်အသင်းခေါင်းဆောင်ကိန်းအား အင်္ဂလန်သို့ ပြန်လာစေလိုကြောင်း ပြောကြားထားပါတယ်။

ဟယ်ရီကိန်းဟာ အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူထားသူ စံချိန် ၂၆၀ ဂိုးအား လိုက်မီရန် ၄၈ ဂိုးတည်းသာ လိုတော့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂလန်အသင်းခေါင်းဆောင်ကတော့ "ဒီမှာပဲ ပိုပြီးတော့ ရှည်ကြာနေချင်တယ်။ ဘိုင်ယန်နဲ့ စကားမပြောရသေးတာ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက ပြောဆိုခဲ့ပြီးပါပြီ။ ဒါပေမယ့် သူတို့ဘက်က ပြောဆိုလာမယ်ဆိုရင်တော့ ကျွန်တော့်ဘက်ကလည်း ဆွေးနွေးဖို့ အဆင်သင့်ပါပဲ။ တကယ်တော့ ဒါက လာမယ့် နှစ်မှာ ဘာလုပ်မယ်ဆိုတဲ့အရာအပေါ် မူတည်နေတာပါ။ ဘာတွေ အောင်မြင်နိုင်သလဲဆိုတဲ့အချက်အပေါ် မူတည်တယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ဟာ အရမ်းကောင်းတဲ့ အခိုက်အတန့် ရနေတယ်။ အခြားအရာတွေနဲ့ပတ်သက်ပြီး မတွေးဘူး။ အခု စာချုပ်ကလည်း နှစ်အနည်းငယ်ကျန်သေးတယ်။ မပြန်ဘူးလို့တော့ ရတိပြတ်မပြောလိုပါဘူး။ ကစားသမားဘဝအတွင်း ကွဲပြားတဲ့ အခွင့်အရေးတွေ၊ ကွဲပြားတဲ့အရာတွေ၊ ကွဲပြားတဲ့နေရာတွေကနေ သင်ယူခဲ့တယ်။ အခု ဘိုင်ယန်မြူးနစ်အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်နေပါတယ်"လို့ ပြောကြားသွားပါတယ်။

ဟယ်ရီကိန်းဟာ စပါးစ်နှင့် အင်္ဂလန်တို့အတွက် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေသူ ဖြစ်ပြီး မကြာသေးမီတုန်းက ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုတွင် ကလပ်တစ်ခုအတွက် ဂိုး ၁၀၀ အမြန်ဆုံးပြည့်သူအဖြစ် ၁၀၄ ပွဲဖြင့် သမိုင်းမှတ်တိုင်သစ်စိုက်ထူခဲ့သူလည်း ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

အောက်တိုဘာ ၇ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

အောက်တိုဘာ ၇ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
49 w - Translate

GCC Electric Vehicle Market Outlook 2032: Trends, Opportunities & Challenges - The Report Cube
GCC Electric Vehicle Market Overview:
Market Size (2024): USD 1.9 Billion
Market Size (2032): USD xx Billion
CAGR (2023–2032): 35.5%
Top Companies in GCC Electric Vehicle Market: Tesla Inc., Mercedes-Benz, Nissan Motor Company Ltd., Porsche, General Motors Company, Bayerische Motoren Werke (BMW) AG, Hyundai Motor Company, MG Motors, Toyota, and Others.
Request a Free Sample PDF of This Report - https://www.thereportcubes.com..../request-sample/gcc-

Request Sample -GCC Electric Vehicle Market Share, Size & Industry Analysis 2032

Request Sample -Explore the booming GCC Electric Vehicle Market, projected to grow at a CAGR of 35.5% from 2024 to 2032. Discover key drivers, government initiatives, and market trends as the sector reaches USD 1.9 billion in 2024, accelerating susta