ကြက်ကရင်သုတ် ရှူးရှဲလေး😋😋
ကြက်သားသုပ်ဖို့ လိုအပ်တာတွေကတော့
ကြက် ၅၀ သား တစ်ကောင်၊ ငရုတ်သီးခြောက် ၁၀ တောင့် (အစပ် စားနိုင်သလောက် ထည့်ပါ)၊ ကြက်သွန်နီ အလတ် ရ ဥ၊ ကြက်သွန်ဖြူ ၁ ဥ၊ ဆားနှင့် ငံပြာရည် အနည်းငယ်၊ ခွေးတောက်ရွက် နုနု ၅ ကျပ်သား၊ စပါးလင်၂ ပင်၊ သံပုရာသီး တစ်လုံး၊ ဂျင်း ၁ ကျပ်သားခန့်တို့ ဖြစ်ပါတယ်။
ဒါတွေပါရင် ကြက်သားသုပ်ဖို့ အမယ်တွေစုံပါပြီ၊ ဒါဆိုရင် ပထမဆုံးအဆင့်အနေနဲ့ ကြက် အကောင်လိုက်ကို ဗိုက်ဖောက် အူ၊ ကလီဇာစတာတွေထုတ်ပြီး သန့်စင်ထားပါ။ ပြီးရင် ဆား၊ ဆနွင်း၊ ငံပြာရည် နယ်ပြီး နာရီဝက်ခန့် နှပ်ထားရမှာပါ။ ရေတလီတာ ထဲကို ကြက်သွန်နီ ၃ဥ အလုံးလိုက်ထည့်ပါ။ ကြက်သွန်အဖြူကို ထောင်းပြီးထည့်ပါ။ စပါးလင်ကို ထုထောင်း ထုံးပြီး အိုးထဲထည့်ပါ။ ကြက်ကို ၄၅မိနစ်ပြုတ်ပါ။ ကြက်ကိုပြုတ်ဖို့ အဆင်သင့်ဖြစ်ပြီဆို အောက်ကပုံအတိုင်း မြင်ရမှာပါ။
ဒီအဆင့်ပြီးရင် ဒုတိယအဆင့်ကတော့ အနှစ်အတွက် ငရုတ်သီးတောင့်ကို ညက်အောင်ထောင်းပါ။ ကြက်သွန်နီ ၃ဥ ထည့်ထောင်းပါ။ အနှစ်ရပြီဆို ပြုတ်ထားတဲ့ ကြက်သားကို အသားနွှင်ပါ။ ဒီအဆင့်ရောက်ပြီဆို အောက်ပုံအတိုင်း မြင်ရမှာပါ။ အရသာရှိတဲ့ ကြက်သားသုပ်ဟင်းလျက် တစ်ခွက်ဖြစ်လာဖို့ နီးစပ်လာပါပြီ။
ဒီအဆင့်ပြီးရင် ကြက်သား စသုပ်ပါမယ်။ ကြက်သားနဲ့ ငရုတ်သီးထောင်းကို ရောနယ်ပါ ဆားအနည်းငယ်နဲ့ ငံပြာရည်နဲနဲထည့်ပါ။ သံပုရာသီး တစ်လုံး ညစ်ထည့်ပါ။ ကြက်က အိမ်ကြက်မို့ အရသာ ချိုပြီးသားဖြစ်လို့ အချိုမှုန့် ထည့်စရာမလိုပါဘူး။ ဒီနေရာမှာ တစ်ချို့ကမေးကြတယ် ငရုတ်သီး အလှော်မဟုတ်ပဲ အစိမ်းမို့လို့ အစိမ်းစော်မနံဘူးလား ဗိုက်မနာဘူးလားဆိုပြီး ဒီလို လုံးဝမဖြစ်ပါဘူး ကြက်သွန်နီနံ့ လေးရယ် သံပုရာသီး စစ်စစ် အနံ့လေးက အရမ်းကို မွှေးလို့ အနံ့ရရုံနဲ့ကို သွားရေယိုစေတာပါ။ သုပ်ပြီးရင်တော့ ဒီပုံအတိုင်း မြင်ရမှာဖြစ်ပါတယ်။ အသင့် စားလို့ရတော့မယ်နော်။
နောက်ဆုံးအဆင့် ဟင်းရည်အတွက်ပဲ လိုပါတော့တယ်။ ဟင်းရည် အတွက်ကတော့ အသားပြုတ်ရည် ပူပူလေးထဲကို ခွေးတောက်ရွက်လေး ညပ်ထည့်ပြီး ငရုတ်ကောင်းမှုန့်လေး ဖြူးသောက်ရင် အရမ်းမိုက်ပါတယ်။ ညဘက် အသောက်များပြီး ခေါင်းမကြည်သူတွေ အတွက်လဲ ခေါင်းကြည်ပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။ အားလပ်ရက် တွေမှာ မိတ်ဆွေ မိသားစု ချစ်သူခင်သူတွေနဲ့ အတူစုပြီး ကျေးလက်ရနံ့သင်းပျံ့နေတဲ့ ကရင်ရိုရာ ကြက်သားသုပ်လေး သုပ်စားရင်း အားလပ်ရက်ကို အပြည့်အဝခံစားလိုက်နိုင်ကြပါပြီရှင့်။
ဟင်းချက်နည်းကောင်းများလေ့လာရန် pageကို followလုပ်ထားပါ

image
49 w - Translate

Brown details.✨

image
49 w - Translate

🍀မေတ္တာက အစွမ်းထက်ပါတယ်…🍀
တစ်နေ့က အမေနဲ့စကားပြောကြတော့..အမေကပြောပါတယ်..။
“ မေတ္တာက တကယ်စွမ်းတယ်သိလား…အမေ့ခေါင်းရင်းမှာ စာကလေးမိသားစုလေးတွေ လာအသိုက်ဖွဲ့နေကြတယ်..။ ညညဆို တကျိကျိနဲ့ ဆူညံနေတတ်လို့ အိပ်လို့မရဘူး..။ အဲ့ဒါနဲ့ ညညတရားထိုင်ပြီးတိုင်း..သူတို့ကို အေးချမ်းပါစေ…အဆင်ပြေပါစေ..ဘေးကင်းလုံခြုံတဲ့နေရာလေး ရှာတွေပါစေ…လို့ မေတ္တာပို့ပေးတာ..အခု နေရာအသစ်တွေ့သွားကြတယ်ထင်ပါရဲ့..အသိုက်ပြောင်းသွားကြတာ…တိတ်ဆိတ်လို့…” လို့ ဆိုပါတယ်…။
မေတ္တာရဲ့အစွမ်းကို ကျွန်မလည်း တကယ်ယုံကြည်ပါတယ်…။ ကိုယ့်အပေါ်..မလိုမုန်းထားရှိသူတွေ…ဒုက္ခပေးသူတွေနဲ့တွေ့ရတိုင်း ကျွန်မက..သူ ကိုယ်စိတ်နှစ်ပါး ချမ်းသာပါစေ..အေးချမ်းပါစေ..အစစအဆင်ပြေပါစေ..လို့ မေတ္တာသာ ပို့ပေးလိုက်ပါတယ်..။ သူ့ဘက်မှာ ဘယ်လိုနေသလဲ မသိရသေးခင်…မေတ္တာပို့လိုက်ရတဲ့ စွမ်းအားကြောင့် ပထမဆုံးအေးငြိမ်းချမ်းသာခွင့်ရလိုက်တာက..ကိုယ့်ရဲ့စိတ်နှလုံးပဲဖြစ်ပါတယ်…။ မေတ္တာအစွမ်းကြောင့် ကိုယ်စိတ်အရင် အေးငြိမ်းရပါတယ်..။
ဒုတိယကတော့..ကိုယ်မေတ္တာပို့ပေးသူဆီကနေ ထူးထူးခြားခြားပြောင်းလဲလာတာ..အဆင်မပြေဖြစ်နေတဲ့ ကိစ္စလေးတွေ..တဖြည်းဖြည်းနဲ့ အဆင်ပြေအောင်မြင်လာတာကို တကယ်လက်တွေ့ ကြုံတွေ့လာရပါတယ်…။
ကျွန်မတို့ဘဝမှာ..အဆင်မပြေစရာ ဒုက္ခဆင်းရဲနဲ့ကြုံတွေ့ရချိန်တုန်းကဆိုရင်လည်း…နေ့တိုင်းလိုလို..ပါဝင်ပတ်သက်နေသူတွေ တစ်ယောက်ချင်းစီကို သေသေချာချာ မေတ္တာပို့ပေးတတ်ပါတယ်..။ တစ်ခုတော့ရှိပါတယ်..။ ကိုယ်ပို့ပေးတဲ့ မေတ္တာက မကျေနပ်မှု..အမုန်းတရားတွေ ကင်းရှင်းပြီး ကြည်လင်စင်ကြယ်နေဖို့လည်း အရေးကြီးပါတယ်..။ သူ..ငါတို့အပေါ် ဒုက္ခပေးလေခြင်းဆိုပြီး..သူ့အပေါ်မှာ မကျေနပ်တဲ့အမုန်းစိတ်အခံရှိနေရင်တော့ ကိုယ့်မေတ္တာက ထိရောက်နိုင်မှာ မဟုတ်ပါဘူး..။
ကိုယ့်ဘဝကို ဘယ်လောက်ပဲ..ဒုက္ခဆင်းရဲရောက်အောင် အငြိုးတကြီး ရန်ရှာနေသူဖြစ်စေဦးတော့…ပြုသူကအသစ်..ယူနေတာ..ဖြစ်သူက အဟောင်းအတွက်ပေးဆပ်ဖို့ ခံနေရတာ…လို့ မှန်ကန်စွာ နှလုံးသွင်းဆင်ခြင်လိုက်တဲ့အခါ..သူ့အပေါ် ရန်သူလို သဘောမထားတော့ဘဲ…သံသရာမှာ ကိုယ်လုပ်ခဲ့တဲ့အကြွေးကို လာပြန်ယူတဲ့ ကိုယ်စားလှယ်..လို့ပဲခံယူလိုက်ပါတယ်..။
သူ့ကို မေတ္တာနိုင်နိုင်ပို့နိုင်ဖို့အတွက်..ကိုယ့်မှာ မေတ္တာအရင်ဖြည့်ရပါတယ်…။ နေ့တိုင်း တရားပုံမှန်ထိုင်ပြီးချိန်မှာ စိတ်နှလုံးကြည်လင်အေးမြနေချိန်မျိုးမှာ…ပထမဆုံး..ကိုယ့်ကိုယ်ကိုယ်အတွက်…သူတော်ကောင်းတွေပို့သတဲ့မေတ္တာဓါတ်တွေကို အရင်ဆုံးခံယူရပါတယ်…။ ကိုယ့်မှာ မေတ္တာဓါတ်တွေ လွှမ်းခြုံပြည့်စုံလာတဲ့အချိန်မှ ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် မေတ္တာပို့ပါတယ်…..ပြီးမှ ဒုတိယအနေနဲ့.. မချစ်မမုန်း အလည်အလတ်လူတွေကိုမေတ္တာပို့ပေးပါတယ်..။ တတိယက..ကိုယ့်မိဘကို မေတ္တာပို့ပါတယ်..။ ကိုယ်ချစ်ခင်သူတွေကို တစ်ယောက်ချင်းစီ အဆင့်ဆင့် မေတ္တာပို့ပေးပါတယ်..။
နောက်ဆုံးအဆင့်ကျမှ…ကိုယ့်ကို ထိခိုက်နာကျင်အောင် ဒုက္ခပေးနေသူတွေကို မေတ္တာပို့ပါတယ်..။ သူ စိတ်ချမ်းသာပါစေ..အေးချမ်းပါစေ..မျှတတဲ့စိတ်ရှိပါစေ..အစစအရာရာ အဆင်ပြေပါစေ…လို့ မေတ္တာပို့ပေးပါတယ်…။ နေ့စဉ်တစ်စက်တစ်ပေါက်ချင်းပို့သတဲ့မေတ္တာဟာ..အချိန်တစ်ချိန်ကြာလာတဲ့အခါမှာတော့ ထိရောက်လာခဲ့တာပဲဖြစ်ပါတယ်…။ သူက ကိုယ့်ကို ဆက်ပြီးဒုက္ခပေးလို့ မရနိုင်တာ့တဲ့ အခြေအနေမျိုးတွေဆီ အံ့ဩစရာကောင်းလောက်အောင် ပြောင်းလဲလာခဲ့တာပဲဖြစ်ပါတယ်…။
သမီးလေးဆိုရင်လည်း..မကြာခင်မှာ မိဘနဲ့ခွဲပြီး တက္ကသိုလ်သွားတက်တော့မှာမို့..သူ့ကိုမှာတာက.. ကိုယ်နဲ့ ထိတွေ့ပတ်သက်ရမယ့် လူတွေကို အမြဲမေတ္တာပို့ပေးဖို့သာ မှာပါတယ်..။ ကိုယ်က မေတ္တာပို့ပေးနေရင်..ဒုက္ခပေးချင်သူနဲ့တွေ့ရင်တောင်..သူကကိုယ့်အနားရောက်မှ စိတ်ပြောင်းပြီး လှည့်ထွက်သွားနိုင်ပါတယ်..။ အထူးသဖြင့်..မေတ္တာအရမ်းရှားပါးလာတဲ့ ခုခေတ်ကြီးထဲမှာ…မေတ္တာပို့ပေးနိုင်ဖို့ တကယ်လိုအပ်ပါတယ်..။
တစ်နေ့တစ်နေ့ကြားနေရတဲ့ သတင်းတွေဟာ…မေတ္တာခေါင်းပါးပြီး..ကောက်ကျစ်ရက်စက်လှည့်ဖြားမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်..။ ဒါကြောင့်…သမီးလေးကို ပြောတိုင်း…” မေမေက သမီးလေးကို ယုံတယ်…စိတ်တွေ ဖောက်ပြန်နေတဲ့ လူတွေကို မယုံတာ…ဒါကြောင့် အမြဲသတိလေးနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့ လိုတာ” လို့ ပြောပြရပါတယ်..။ သူငယ်ချင်းတွေနဲ့ အဆင်မပြေရင်ပဲဖြစ်ဖြစ်..ကျွန်မက သမီးလေးကို..
” သူ့ကို မေတ္တာပို့ပေး..သမီးလေး..လူတစ်ယောက်က သူမပျော်ရွှင်တဲ့အခါ..သူများတွေကိုလည်း မပျော်နိုင်အောင် ဒုက္ခပေးတတ်တယ်..။ သူ့ကို အဆင်ပြေအောင်..အေးချမ်းအောင် မေတ္တာပို့ပေးလိုက်တာကလွဲပြီး..ဘာမှလုပ်ပေးလို့မရဘူးလေ…” လို့သာ ပြောရပါတယ်..။ သေသေချာချာ..ပို့ပေးမယ်ဆိုရင် မေတ္တာက တကယ် အစွမ်းထက်ပါတယ်..။ ကိုယ်ပို့တဲ့ မေတ္တာက ဒေါသသင့်နေတဲ့မေတ္တာ..မလိုမုန်းထားဖြစ်နေတဲ့ မေတ္တာဆိုရင်တော့ ဘယ်လိုမှ ထိရောက်မှု မရှိနိုင်ပါဘူး…။
ကိုယ်ချစ်တဲ့သူတွေကို မေတ္တာပို့ပေးဖို့က လွယ်ကူသလောက်...ကိုယ့်အပေါ်မကောင်းတဲ့…ဒုက္ခပေးနေတဲ့သူအပေါ် မေတ္တာပို့ပေးဖို့ကျတော့ အင်မတန်ခက်ပါလိမ့်မယ်…။ ခက်ခဲတဲ့အရာကို တစ်နေ့နည်းနည်းချင်းစီ အလေ့အကျင့်လေးလုပ်ပြီး..မေတ္တာပို့ကြည့်စေချင်ပါတယ်…။ ကိုယ့်မေတ္တာဓါတ်ပြည့်ဝလာတဲ့အခါ…တကယ်ပဲ အစွမ်းထက်လာပါလိမ့်မယ်…။ ဘက်ထရီအားဖြည့်သလိုမျိုးပေါ့…။ charging လုပ်တာ အားပြည့်လာမှ အစွမ်းထက်မှာဖြစ်ပါတယ်…။

image
49 w - Translate

"ပန်းဥယျာဥ်ကြီးထဲမှာ အချစ်များစွာနဲ့ စုံတွဲလေး"
Photo. Credit

image
49 w - Translate

"ပန်းဥယျာဥ်ကြီးထဲမှာ အချစ်များစွာနဲ့ စုံတွဲလေး"
Photo. Credit

image
49 w - Translate

"ပန်းဥယျာဥ်ကြီးထဲမှာ အချစ်များစွာနဲ့ စုံတွဲလေး"
Photo. Credit

image
49 w - Translate

"ပန်းဥယျာဥ်ကြီးထဲမှာ အချစ်များစွာနဲ့ စုံတွဲလေး"
Photo. Credit

image
49 w - Translate

"ပန်းဥယျာဥ်ကြီးထဲမှာ အချစ်များစွာနဲ့ စုံတွဲလေး"
Photo. Credit

image
image
image
image
49 w - Translate

ခြေတံရှည်အိမ်ကလေးကို အစိမ်းနုလေး သုတ်မယ်
ရေကြီးရင်လဲ အဆင်ပြေတယ်

image

image