Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဂျေဆန်ဘရောင်း (Jason Brown) နာမည််ကျော် NFL ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ် ၂၀၀၉ ခုနှစ်မှာ သူဟာ စိန့်လူဝီရမ်စ် (St. Louis Rams) အသင်းနဲ့ ဒေါ်လာ ၃၇.၅ သန်းတန်ကြေးရှိတဲ့ 5 နှစ်စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ် ဒါကြောင့် အဲဒီအချိန်က သူဟာ NFL မှာအမြင့်ဆုံး လုပ်ခလစာရရှိတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်
၂၀၁၂ ခုနှစ်မှာတော့ အသင်းကနေ ထွက်ခွါခဲ့ပါတယ် အဲ့ဒီအချိန်အခြားအသင်းတွေဆီကနေ ကစားဖို့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမဲ့ အသက် ၂၉ နှစ်အရွယ်မှာဘဲ သူဟာ ဘောလုံးလောကကနေအပြီးအပိုင် ထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပါတယ်
သူဒီလိုထွက်ခွာတဲ့အခါ သူ့ရဲ့ အေးဂျင့်က "မင်းဘဝရဲ့ အကြီးမားဆုံး အမှားကို လုပ်မိနေတာ" လို့ ပြောခဲ့ပေမဲ့ ဘရောင်းက "မဟုတ်ဘူး" လို့ဘဲ ပြန်ဖြေခဲ့ပါတယ် ပရိသတ်တွေနဲ့ သတင်းသမားတွေအတွက်တော့ ဒီဆုံးဖြတ်ချက်ဟာ အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်
အဲလိုနဲ့ ဘရောင်းဟာ ငွေကြေးအကျိုးအမြတ်တွေကို ရှာဖွေတာထက် ထူးခြားတဲ့ဘဝမှာနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် သူ့ရဲ့ အစ်ကိုဖြစ်သူ Lunsford B. Brown II ဟာ အီရတ်မှာ စစ်မှုထမ်းနေရင်း ၂၀၀၃ ခုနှစ်က ကျဆုံးခဲ့ပြီး အစ်ကိုရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုဟာ သူ့ကို ကြီးမားစွာ လှုံ့ဆော်မှုတွေပေးခဲ့ပါတယ်
ဒါကြောင့် သူဟာ သူ့ရဲ့ဇာတိဖြစ်တဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ လူးဝစ်ဘတ်ဂ် မှာ ဧက ၁,၀၀၀ ကျယ်ဝန်းတဲ့ မြေကွက်ကို ဝယ်ယူခဲ့ပြီး အဲ့ဒီခြံကြီးကို First Fruits Farm လို့ အမည်ပေးခဲ့ပါတယ်
သူ့မှာ စိုက်ပျိုးရေး အတွေ့အကြုံ လုံးဝမရှိခဲ့ပါဘူး ဒါကြောင့် လယ်ထွန်နည်းကအစပြုပြီး သီးနှံစိုက်ပျိုးနည်းတွေကို YouTube videos တွေကြည့်ပြီး ကိုယ့်ဘာသာကိုယ် သင်ယူခဲ့ရပါတယ် သူနဲ့ သူ့ဇနီးတို့ဟာ ဒီခြံကနေ ထွက်ရှိတဲ့ သီးနှံအားလုံးကို လိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းကို လှူဒါန်းဖို့ လည်းကတိပြုခဲ့ကြပါတယ်
ဘရောင်းရဲ့ "First Fruits Farm" ဟာ စတင်စိုက်ပျိုးပြီးကတည်းက ဒေသတွင်းလူတွေရဲ့ ဆာလောင်ငတ်မွတ်မှုကိုဖြည့်ဆည်းပေးခဲ့ပါတယ် သူဟာ ဒီနေ့အချိန်အထိ ပေါင် ၁.၅ သန်းကျော်ရှိတဲ့ လတ်ဆတ်တဲ့ သီးနှံတွေကို ဒေသတွင်း အစားအစာ လှူဒါန်းရေးဗဟိုဌာန (food pantries) တွေကနေတစ်ဆင့် လိုအပ်နေတဲ့သူတွေဆီ အကျိုးအမြတ်မယူဘဲ လှူဒါန်းပေးလျက်ရှိပါတယ်
ဒါကြောင့် ဂျေဆန် ဘရောင်းရဲ့ ဇာတ်လမ်းဟာ စစ်မှန်တဲ့ အောင်မြင်မှုဆိုတာဟာ ငွေကြေးနဲ့ ဂုဏ်သတင်းထက် အခြားသူတွေရဲ့ ဘဝအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုပေးနိုင်ခြင်းဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်
credit
အနေသာလို့ အသာနေခဲ့ရင်
______________________________
သား...
မင်း အလုပ်မလုပ်တော့ဘူးလား....?
မင်းကျောင်းပြီးတာလဲကြာပြီကွာ.....
အဖေတို့ကျန်းမာရေးကောင်းတုန်းတော့
မင်း အလုပ်မလုပ်လည်းရတယ်....
ဒါပေမယ့် အဖေတို့မရှိတော့ရင်
ဘယ်သူ့ကိုအားကိုးမလဲ.....?
သား....အိမ်ထောင်ပြုရင် အိမ်ထောင်ဦးစီး
တာ၀န်ကိုဘယ်လိုယူမလဲ.....?
မင်း လုပ်ကျွေးတာကို မိဘတွေက
မျှော်လင့်လို့မဟုတ်ပါဘူးကွာ.......
မိဘတွေက ဂုဏ်ယူပြီးကြွားချင်လို့ပါကွာ.....
*ဖေဖေ*
သား အလုပ်စဉ်းစားနေတုန်းပါ....
ရတဲ့အလုပ်ကျတော့
သား ရထားတဲ့ဘွဲ့နဲ့မတန်ပါဘူးဗျာ....
သားနဲ့ထိုက်တန်တဲ့အလုပ် တွေ့ရင်
လုပ်မှာပါ ဖေဖေ....
မင်း...အဲဒီလို အကြောင်းပြချက်
ပေးခဲ့တာ ဘယ်လောက်ကြာပြီလဲ...?
လူဆိုတာ အလုပ်တခုတော့လုပ်ရတယ်ကွ....
*ဦးနှောက်ဆိုတာ ပုံမှန်သွေးနေမှ
ထက်သလို လူဆိုတာလည်း
အလုပ်ပုံမှန်ရှိမှ မြတ် တာကွ......*
မင်းကို အဖေမေးမယ်.....
ခုချိန်မှာ မင်း ထမင်းစားဖို့တောင်
ပူပင်နေရပြီဆိုရင် မင်းရထားတဲ့
ဘွဲ့နဲ့ ပညာနဲ့ မထိုက်တန်ဘူးဆိုပြီး
ရတဲ့အလုပ်ကိုမလုပ်ဘဲနဲ့
မင်းနဲ့ ထိုက်တန်တဲ့အလုပ်ကို
စောင့်နေမှာလား....?
သား ဖြစ်သူသည်
ခေတ္တမျှစဉ်းစားပြီး
စောင့်နေရင် ထမင်းငတ်မှာပေါ့ ဖေဖေ.....
အေးလေ....မင်းသင်ကြားခဲ့တဲ့
ပညာတွေကပဲမြင့်လွန်းနေတာလား....?
မင်းကပဲ အတတ်ကျူ းနေတာလား....?
မပြောတတ်တော့ပါဘူးကွာ.....
သား ကို ဖေဖေပြောမယ်
တွေးပါ ဆုံးဖြတ်ပါ...
*အနေသာလို့ အသာနေရင်
အသေနာတတ်တယ်
နေသလိုမဖြစ်တဲ့ဘ၀မှာ
ဖြစ်သလိုနေခဲ့ရင်
နေသလို ဖြစ်မှာပဲ....*သား*
သားကိုရှင်းပြပါအုံး ဖေဖေ.....
ဖေဖေဖြစ်သူက....ရှင်းပြပါတယ်....
ငါ...မလုပ်လဲဖြစ်တယ် ဆိုပြီး
နေသာသလို အပျင်းထူခဲ့ပြီး
အသာလေးနေခဲ့ရင်
အသက်ကြီးရင့်လာတဲ့အချိန်မှာ
ရောဂါကြီးကြီးဖြစ်လာခဲ့ရင်
ကောင်းကောင်းမသေရဘူး
တရားဓမ္မလည်း အေးအေးချမ်းချမ်း
အားထုတ်နိူင်လောက်အောင်
ဆန်အိုးထဲမှာ ဆန်မရှိဘူး....
*အူမတောင့်မှ သီလစောင့်နိူင်မယ်*ဆိုတဲ့
စကားပုံအရ အူမတောင့်အောင်
မရှာခဲ့တော့ သီလလည်း
မဆောက်တည်နိူင်ခဲ့ဘူး...
အဲဒါကြောင့်
သေလမ်းခရီးမဖြောင့်ဖြူးးပဲ
အသေနာတတ်တယ်......
ဘ၀ဆိုတာတိုက်ပွဲတစ်ခုပါ သား....
ဘ၀ဆိုတဲ့ တိုက်ပွဲကိုကြောက်ရွံ့နေပြီး
နေသလိုမဖြစ်တဲ့ဘ၀မှာ
တိုက်ပွဲကို ရှောင်ပုန်း၍
ဖြစ်သလိုနေခဲ့မယ်ဆိုရင်
ဘ၀က မိမိနေထိုင်ခဲ့တဲ့အတိုင်း
ဖြစ်သလိုဘဝြဖစ်နေမှာပါ...
ကိုယ်စိုက်တဲ့ အပင်ကအသီးကို
မိမိပဲအကျိုးခံစားခွင့်
စားသုံးခွင့်ရမှာပါ.....
ချဉ်ပေါင်ပင်စိုက်ပြီး
ပန်းသီး စားချင်လို့တော့ မရဘူး*သား*....
အဲဒီတော့
ဖေဖေ ပြောချင်တာကတော့.....
*နေသလို မဖြစ်တဲ့ဘ၀မှာ
ဖြစ်သလို မနေဘဲ
ဘ၀ကို မိမိကိုယ်တိုင်
အကောင်းဆုံးဆေးခြယ်
အရောင်တင်မှ မိမိဘ၀က
တောက်ပြောင် ခမ်းနားလာမှာ ပါ *သား*.....
သားဖြစ်သူ သည်
ဖေဖေ၏ စကားဆုံးသောအခါ
ဖေဖေကို စိုက်ကြည့်ပြီး အဲဒါကြောင့်
ဖေဖေကို လူတွေကလေးစား
တန်ဖိုးထားကြပြီး မိသားစုရဲ့
နေမင်းကြီး ဖြစ်နေတာပါ ဖေဖေ
ဖေဖေ့ကို သားကတိပေးပါတယ်.....
သား နေသာသလို မနေတော့ပါဘူး....
သား ဘ၀ကို သားကိုယ်တိုင်
အရောင်တောက်ပြောင်အောင်
ကြိုးစားပါတော့မယ်နော်......
Credit : original
Facebook link နဲ့ကြည့်ရမယ့် တရုတ်ကာတွန်းကားလေးသစ်...🥰
အချိန်၏ရင်သွေးငယ် ⏱️👩🏻🦰
Endless Journey of Love (时间之子)
ဒီရုပ်ရှင်လေးထဲက ဇာတ်လိုက်မင်းသား ရှီချီးရဲ့နောက်ခံအသံသရုပ်ဆောင်က မင်မင်တို့ ကိုကိုချောလေး Wang JunKai (TF Boys)ပဲဖြစ်ပါတယ်နော် 🙉
ဒီကားလေးမှာ ရင်သပ်ရှုမောဖွယ်အလှတရားနဲ့ စိတ်ကူးယဉ်ဆန်မှုတွေ အချိန်ကာလစွန့်စားခန်းနဲ့ ရှေးခေတ်အလှအပရသတွေကိုဖော်ကျူးထားတယ်လို့ဆိုပါတယ် 🙊
ဇာတ်လမ်းအကျဉ်း
ဟိုးရှေးရှေးတုန်းက ငါးဖမ်းကျေးရွာက ချန်းရှောင်ဆိုတဲ့ကောင်မလေးတစ်ယောက်က သူမျှော်လင့်စောင့်စားခဲ့ရတဲ့ မြို့ကြီးဆီကို ရွက်လွှင့်ပြီး ပျော်ပျော်ရွှင်ရွှင်လာခဲ့တာပေါ့။
ဒါပေမဲ့ မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် အချိန်စက်ဝန်းရဲ့ရွေးချယ်ခံရပြီး အချိန်ကိုထိန်းချုပ်နိုင်သွားသတဲ့။ ဒီလိုနဲ့ နှစ်ယောက်မရှိတဲ့ပြိုင်ဘက်ကင်း “အချိန်၏ရင်သွေးငယ်လေး” ဖြစ်သွားတော့တာပေါ့။
သာမန်ဘဝကလေးကနေစတင်ခဲ့တဲ့ သူမရဲ့ဘဝ အနာဂတ်မှာ ဘယ်လိုတွေ တွေ့ကြုံရလေမလဲ ???
မျက်စိဒေါက်ထောက် ကျားချောင်းချောင်းနေတဲ့သူတွေကိုရော ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ ???
ကဲကဲ မိန်းကလေး MC မျှော်တဲ့သူ၊ အချိန်တွေအာကာသတွေထိန်းချုပ်ပြီး မိုးမြေလှန်ပစ်တာကြိုက်တဲ့သူတွေအတွက် SoulAnimedom မှ ကားသစ်လေးနဲ့ ထပ်မံမိတ်ဆက်ပေးလိုက်ရပါတယ် 🥰