49 w - Translate

မနေ့က အစ်မတစ်ယောက်နဲ့ စကားပြောဖြစ်တော့..သူပြောလိုက်တဲ့ စကားလေးကို အလွန် သဘောကျသွားမိပါတယ်..။ သူ့မှာ သားလေးနှစ်ယောက်ရှိပါတယ်..။ နှစ်ယောက်စလုံးက မင်းသားတွေလို ရုပ်ရည်ချောမောသလို..ပညာတွေလည်းတတ်ပါတယ်..။ သားအကြီးက အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်တောင် ဖြစ်နေပါပြီ..။ သားအငယ်ကတော့ ဆရာဝန်ဘွဲ့ရထားပြီးသူပါ..။ သားအကြီးက အိမ်ထောင်ကျပြီးသားဖြစ်သလို..သားအငယ်ကလည်း..ချစ်သူရည်းစားရှိပါတယ်..။
အစ်မက သူ့သားတွေ မိန်းမ မရမှာ..ချစ်သူ မရမှာကို အလွန်စိုးရိမ်ခဲ့တယ်လို့ ဆိုပါတယ်..။ ပြီးတော့ သူ့သားတွေနဲ့ ပတ်သက်လာမယ့် ချစ်သူကောင်မလေးတွေကိုလည်း…လိုက်ချစ်ပေးဖို့ အဆင်သင့်အမြဲရှိနေတယ်လို့ ဆိုပါတယ်..။ ကိုယ့်သားကို ချစ်လို့ ကိုယ့်ဘဝထဲ ဝင်လာတဲ့ မိန်းကလေးတွေကို အစ်မကတော့ ကျေးဇူးလည်းတင်တယ်..အသိအမှတ်ပြု လက်ခံပေးလိုက်တယ်.. လို့ဆိုတဲ့စကားလေးကို ကျွန်မက အရမ်းနှစ်သက်သွားမိပါတယ်..။
ကျွန်မတို့ရဲ့ဘဝမှာ..အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ဘဝထဲ ဝင်ရောက်ပတ်သက်လာသူတွေကို အသိမှတ်ပြုပေးဖို့..လက်ခံပေးဖို့ တကယ်အရေးကြီးပါတယ်..။ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံပတ်သက်ခွင့်ရလာတာကိုက ဆုံတွေ့ဖို့ အကြောင်းရှိလို့ ဆုံခွင့်ရခြင်းသာ ဖြစ်ပါတယ်…။
တစ်ချို့က ကောင်းသောဆုံတွေ့ခြင်းတွေဖြစ်ပြီး…ကောင်းကျိုးရလဒ်တွေ ရရှိဖို့ ဖြစ်ပပါတယ်..။ တစ်ချို့သောဆုံတွေ့ရခြင်းတွေကတော့..ပေးဆပ်စရာ ဝဋ်ကြွေးတွေဆပ်ဖို့…ဆိုးကျိုးတွေရရှိဖို့ ဆုံတွေ့ကြရတာဖြစ်ပါတယ်..။ ဘယ်လိုပဲဖြစ်စေ…ကောင်းသောဆုံတွေ့ရခြင်းပဲဖြစ်ဖြစ်..ဆိုးသောဆုံတွေ့ရခြင်းပဲဖြစ်ဖြစ်…ကျွန်မတို့ လက်ခံအသိအမှတ်ပြုပေးရမှာဖြစ်ပါတယ်..။ ငြင်းဆန်လို့..ရှောင်ပြေးလို့..အပြစ်တင်လို့ မရပါဘူး..။ အသိအမှတ်မပြုချင်လို မရပါဘူး..။ လက်မခံချင်လို့ မရပါဘူး…။
ဥပမာတစ်ခုပြောပြရရင်..ကျွန်မက အရင်တုန်းက အရဟံဂုဏ်တော်ကို တစ်နေ့ပုတီး၁၀၈ ပတ်အမြဲ နေ့စဉ်ပုံမှန် စိပ်ပါတယ်..။ ဆေးကျောင်းပထမနှစ်စတက်ကတည်းက စပြီးစိပ်ခဲ့တာဖြစ်ပါတယ်..။ အရဟံဂုဏ်တော် ပုတီး၁၀၈ ပတ်ပြည့်ဖို့အတွက် တစ်နာရီကျော်ကျော် အချိန်ပေးရပါတယ်..။ ထိုတစ်နာရီကို နေ့တိုင်းပုံမှန်စိပ်တာက ကျွန်မရဲ့ဘာဝနာကုသိုလ်တစ်ခုပါပဲ..။ ဆေးကျောင်းတက်တုန်းကဆို..စာမေးပွဲတွေရှိလို့ သူငယ်ချင်းအိမ် ညအိပ်ညနေ စာသွားကျက်ရင်တောင်..အပျက်မခံဘဲ..ဆယ့်နှစ်နာရီမထိုးခင် အခန်းထဲပြေးဝင်ပြီး အရဟံကို ၁၀၈ ပတ်ပြည့်အောင်..ကြိုးစားပြီးစိပ်ခဲ့သူပါ..။
ကျွန်မရဲ့ချစ်သူနဲ့ လက်ထပ်ပြီးချိန်မှာတော့..ခင်ပွန်းဖြစ်သူက ဝိပဿနာသမားစစ်စစ်ဖြစ်ပါတယ်..။ တရားစခန်းတွေလည်း မကြာခဏဝင်လေ့ရှိပါတယ်..။ ကျွန်မကိုပါ တရာစခန်းဝင်ဖို့ တိုင်တွန်းတော့ ကျွန်မမှာ အရဟံဂုဏ်တော်စိပ်တာပျက်မှာစိုးလို့ နေ့ရွှေ့ညရွှေ့ ရွှေ့ခဲ့ရပါတယ်..။ ကျွန်မအတွက်က အရဟံဂုဏ်တော်မပျက်မကွက်စိပ်ရေးက အဓိက အရေးအကြီးဆုံးဖြစ်နေခဲ့တာကိုး..။
နောက်ဆုံးတော့ တရားစခန်းဝင်ဖြစ်ခဲ့ပြီး ခင်ပွန်းနဲ့အတူ..ဝိပဿနာတရားကို အတူတူအားထုတ်လေ့ကျင့်ရင်း..ဝိပဿနာတရားရဲ့အနှစ်သာရကို ကောင်းစွာသိရှိတန်ဖိုးထားလာမိပါတယ်..။ သေသေချာချာ စဉ်းစားမိတော့ ဒီခင်ပွန်းနဲ့သာ မဆုံစည်းမိရင်..ကျွန်မ ဝိပဿနာတရားကို အားထုတ်ဖြစ်ချင်မှ အားထုတ်မိမှာပါ..။ ကျွန်မအတွက် ဝိပဿနာမျိုးစေ့အထုံလေးပါသွားဖို့အတွက်..ဒီခင်ပွန်းနဲ့ ဆုံစည်းခွင့်ရတာဖြစ်ပါတယ်..။ ဒါကို လက်ခံအသိအမှတ်ပြုရပါတယ်..။
ကျွန်မကို တရားပုံမှန်အားထုတ်ဖြစ်အောင်..တရားစခန်းတွေဝင်ဖြစ်အောင်..အမြဲတိုက်တွန်းအားပေးခဲ့သူက ကျွန်မရဲ့ယောက္ခမဖြစ်သူပါ..။ အန်တီဟာ ကျွန်မကို သူ့ရဲ့သားတွေနဲ့ အတူတူ သမီးတစ်ယောက်လိုပဲ လက်ခံအသိအမှတ်ပြုပေးခဲ့သူဖြစ်ပါတယ်..။ တရားအသိတွေ..ကျွန်မ မသိသေးတာတွေ..နားမလည်တာတွေ..မေးတိုင်း စိတ်ရှည်လက်ရှည် ရှင်းပြပေးခဲ့သူပါ..။ အန်တီကိုယ်တိုင်က တရားပြသူဆရာမတစ်ယောက်မို့ ကျွန်မမေးသမျှကို ရှင်းလင်းနားလည်အောင် အမြဲပြောပြပေးနိုင်သူဖြစ်ပါတယ်..။ ကျွန်မကို ဝိပဿနာမျိုးစေ့လေး ချပေးခဲ့သူဟာ အန်တီကိုယ်တိုင်လည်း ဖြစ်ပါတယ်..။ ဒါကိုလည်း ကျွန်မက လက်ခံအသိအမှတ်ပြုရပါတယ်..။ ကျေးဇူးလည်း တင်ရပါတယ်..။
တစ်ယောက်နဲ့တစ်ယောက် အကြောင်းဆုံလို့ ပတ်သက်ခွင့်ရတဲ့အခါ…သူ့ကိုတော့ ဘယ်လိုအနိုင်ယူလိုက်မယ်..အကြောမခံဘဲ တင်စီးထားလိုက်မယ်..မလှန်နိုင်အောင်ဖိနှိပ်ထားလိုက်မယ်..စတဲ့ အတွေးဆိုးတွေဟာ..လူနှစ်ယောက်ဆက်ဆံရေးမှာ..မစစ်မှန်တဲ့ ဆက်ဆံရေး…အသိအမှတ် မပြုနိုင်..လက်ခံမပေးနိုင်တဲ့ ဆက်ဆံရေးမျိုးဖြစ်ပါတယ်..။ ဒီဆက်ဆံရေးဟာ အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးမျိုးသာ ဖြစ်ပါတယ်..။
ခင်ပွန်းနဲ့ ဇနီးပဲဖြစ်စေ…ယောက္ခမနဲ့ ချွေးမ..သားမက်ပဲဖြစ်စေ…မိဘနဲ့ သားသမီးပဲဖြစ်စေ…ညီအစ်ကို မောင်နှမချင်းပဲဖြစ်စေ…သူဘာပဲဖြစ်ဖြစ်..လက်ခံပေးဖို့..အသိအမှတ်ပြုပေးဖို့..ချစ်ခင်တန်ဖိုးထားပေးဖို့ အရေးကြီးပါတယ်…။ ဒါဟာ ဆက်ဆံရေးတစ်ခုရဲ့ အဓိကသော့ချက်တစ်ခုလည်းဖြစ်ပါတယ်..။
#လွန်းထားထား
#ပိုအေးချမ်းတဲ့ကိုယ်

image

Hygrophila Sp.'chai'

image

Hygrophila Sp.'chai'

image

Hygrophila Sp.'chai'

image

Hygrophila Sp.'chai'

image

Hygrophila Sp.'chai'

image
image
image
image
49 w - Translate

အောက်တိုဘာလ (၄) ရက်နေ့မှာ အသက် (၁) နှစ်ပြည့်သွားပြီဖြစ်တဲ့ သမီးလေးနေအရာရာချော"
Photo. Credit
#celefocus

image
49 w - Translate

ဘဝမှာ ကိုယ်ရပ်ကျန်နေခဲ့ရင်
စောင့်ခေါ်တတ်တဲ့
ပြန်လှည့်လာတတ်တဲ့
ချစ်ခြင်းမေတ္တာတွေကိုလည်း
တွေ့ကြုံချင်ပါသေးတယ်။
#ခွန်းညိုသွေး

image
49 w - Translate

#beautiful for natural tanzanit available for sale
Weight: 4 carats
Dimension: 11.2*8.4*6mm

Credit to owner

image

အူလမ်းကြောင်းက်ိုရှင်းလင်းခြင်းဗိုက်ပူနေတဲ့သူများဗိုက်ချပ်သွားချင်ရင်
တို့တွေရဲ့အူလမ်းကြောင်းဟာ အညစ်အကျေးတွေနဲ့ပြည့်နေလေ့ရှိပါတယ်။
အညစ်အကျေးတွေက အစဉ်အမြဲရှိနေတတ်တော့
အဲဒီ့အညစ်အကျေးတွေကနေဖြစ်လာတဲ့
ချိုးတွေလည်းအူနံရံတွေမှာကပ်နေလေ့ရှိပါတယ်။
လူတွေရဲ့အူဟာ
အမြဲတန်းသန့်နေဖို့လိုအပ်ပါတယ်။
ဘာကြောင့်လဲဆိုတော့သွေးဟာအူတွေကနေစဖြစ်တာမို့လို့ပါ။
အစားအသောက်တွေကနေရလာတဲ့
အာဟာရရည်ကို
အူတွေကနေစုပ်ယူပြီး
သွေးအဖြစ်ပြောင်းလဲပေးတာပဲဖြစ်ပါတယ်ဒါကြောင်
အူသန့်ရင်သွေးသန့်မယ်၊
အူမသန့်ရင်သွေးမသန့်ဘူးဆိုတာထင်ရှားပါတယ်။
အူတွေကိုသန့်ရှင်းပေးတော့မှ အဆိပ်တောက်ကင်းတဲ့
သွေးသန့်ကိုရမှာပဲဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာကသွေးကအဓိကပဲ။
သွေးသန့်ရင်ရောဂါကင်းမယ်၊ သွေးညစ်ရင်ရောဂါများမယ်။
သွေးသန့်ဖို့အတွက်
အူသန့်အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်။
အူတွေသန့်ရှင်းအောင်လုပ်ဖို့ကလည်း
မခက်ပါဘူး။
စင်ထိုးပြီးစိုက်ရတဲ့
အညွန့်အရွက်တွေစားပေးရုံပါပဲ။
ဘူးညွန့်၊
ဂေါ်ရခါးညွန့်၊
ရွှေဖယုံညွန့်စတဲ့
အညွန့်အရွက်တွေမှာ
အမွှေးအမျှင်လေးတွေပါပါတယ်။
အဲဒီ့အရွက်အညွန့်တွေဟာ
မျက်နှာသုတ်ပဝါမှာပါတဲ့
အမွှေးလေးတွေလိုပဲသုတ်လို့ရှိရင်
စင်ကြယ်သွားပါတယ်။
အဲဒီအမွှေးအမျှင်ပါတဲ့
အညွန့်အရွက်တွေကိုကြော်ပြီးစားပါ။
အစာလမ်းကြောင်းတစ်လျှောက်က
အညစ်အကျေးတွေကိုပြောင်အောင်
သုတ်သင်ပေးသွားပါလိမ့်မယ်။
အစာလမ်းကြောင်းတစ်ခုလုံး
သန့်ရှင်းနေတော့အာဟာရကနေရတဲ့
ရသရည်ကလည်းသန့်ရှင်းပြီး
သွေးကလည်းသန့်တော့တာပေါ့
အဲဒီ့အပြင်အူတွေထဲမှာ
အညစ်အကျေးချိုးကပ်မှုတွေများလို့
ဗိုက်ပူနေတဲ့သူတွေလည်း
တဖြည်းဖြည့်နဲ့ဗိုက်ချပ်သွားပါလိမ့်မယ်။
အနာရောဂါကင်းကင်းနဲ့
အသက်ရှည်ရှည်နေနိုင်တဲ့
နည်းကောင်းတစ်ခုပါပဲ။
ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏
သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။
Crd original writer 🤍🤍

image