9 w - Translate

Tattoo ideas

image
9 w - Translate

Tattoo ideas

imageimage
+5
9 w - Translate

Camp East Montana, the latest and largest of the new migrant detention centers opening across the country, has been met with criticism from immigration advocates after officially opening Sunday.
Protesters greeted the opening of the facility over the weekend.
Read more:
https://abcnews.visitlink.me/3WJPu_

image
9 w - Translate

The extreme dry conditions that have persisted for more than two decades across the western U.S. and the resulting megadrought are likely being fueled by human activity, according to a new study.
https://abcnews.go.com/Interna....tional/live-updates/

image
Helarri shared a post  
124 yrs

12 w

#အားလူးချိစ့်ကြော်

အားလူး ၂၅သား
mozzarella ၁တုံး
(သို့)cheese ၃ပြား
ဆား အနည်းငယ်
ငရုတ်ကောင်း ။
ကြက်ဥ ၁လုံး
ပေါင်မုန့်ခြောက် လိုသလောက်

-အားလူးကိုပြုတ်အခွံခွာပြီးထောင်း(သို့)လက်နှင့်ချေလဲရ
တယ်နော်။ပြီးရင် ဆား ငရုတ်ကောင်းထည့်နယ်ထားပါ။
-ကြက်ဥ၁လုံးခလောက်ထားပါ။ပန်းကန်တစ်ခုထဲမှာပေါင်မုန့်
ခြောက်ထည့်ထားပါ။
-ချိစ့်ကmozzarella(သို့)cheeseအပြားလေး များကိုခဲ
အောင်လုပ်ပြီးအချောင်းလေးတွေလှီးထားပါတယ်။
## အားလူးကိုအနေတော်အလုံးအရွယ်ယူပြီးလုံးပါ။ပြီးရင်
လက်ထဲမှာပြားပြီးအလည်မှာချိစ့်အချောင်းလေတွေထည့်ပြီး
ပြန်ပြီးကြိုက်နှစ်သက်ရာပုံစံလုံးပါ။ပြီးမှကြက်ဥထဲနှစ်ပေါင်မုန့်
ခြောက်(bread crumb)ကပ်ပြီးဆီပူပူမှာဆီမြုပ်အောင်
ထည့်ကြော်ပြီးရဲလာလျှင်ဆီစစ်ပြီးရပါပြီ။
ကိုသစ်ထူးရဲ့နည်းလေးနဲ့ကြော်ထားတာပါ။

image

◼ ရေကြီးခဲ့သော ဧရိယာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ပါကစ္စတန်ပြန်လည်စတင်၊ သေဆုံးသူ ၃၀၀ ကျော်ရှိ
မိုးသည်းထန်မှုကြောင့် လုပ်ငန်းများကို နာရီများစွာ ရပ်တန့်ထားခဲ့ရပြီးနောက် ရုတ်တရက်ရေကြီးမှုများဖြစ်ပေါ်ပြီး လူပေါင်း ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသော နိုင်ငံအနောက်မြောက်ပိုင်းတွင် ကယ်ဆယ်ရေးနှင့်အကူအညီပေးရေး လုပ်ငန်းများကို ပါကစ္စတန်အာဏာပိုင်များက ပြန်လည်စတင်လိုက်ကြောင်း အစိုးရအရာရှိတစ်ဦးက ပြောသည်။
သောကြာနေ့က စတင်ခဲ့သော မိုးသည်းထန်မှုများက မြောက်ပိုင်းခရိုင်းအများအပြားတွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ လူ့အသက်ဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့ကာ လူအများစုမှာ လျှပ်တစ်ပြက်ရေကြီးမှုများကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း အမျိုးသား ဘေးအန္တရာယ်စီမံခန့်ခွဲရေးရုံးက ပြောကြားသည်။
တောင်ထူတပ်သောဧရိယာများတွင် မိုးသည်းထန်မှုနှင့်အတူ ရွှံ့နွံများ၊ ကျောက်တုံးများ ပြိုဆင်းမှုများဖြစ်ပေါ်လာခဲ့ကာ နေအိမ်များ ၊ကားများ ၊ အဆောက်အဦးများ နှင့် အခြားပိုင်ဆိုင်မှုများ မျောပါသွားခဲ့ရသည်။ ရေကြီး မြေပြိုမှုဒဏ်အဆိုးရွားဆုံး ခံစားခဲ့ရသော ဘူနာခရိုင်တွင် သေဆုံးသူ ၂၀၀ ကျော်ခဲ့သည်။
ဘူနာခရိုင်အပါအဝင် ရေကြီးမှုဖြစ်ခဲ့သော ဧရိယာများတွင် မိုးသည်းထန်နေခဲ့သဖြင့်လည်း ကယ်ဆယ်ရေးအဖွဲ့များက နာရီပေါင်းများစွာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆိုင်းငံ့ထားခဲ့ရကြောင်း ဒေသခံအစိုးရ အရာရှိ အဘစ်ဝါဇေ က ရိုက်တာသတင်းဌာနကိုပြောကြားသည်။
“ အခုအချိန်မှာ ဦးစားပေးက လမ်းတွေကို ရှင်းလင်းဖယ်ရှား၊ တံတားတွေပြန်ထိုးပြီး ထိခိုက်ခဲ့တဲ့သူတွေကို အကူအညီပေးပို့ရေးဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ထိခိုက်ခဲ့သော ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ထားပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး အက်တော်လာတာရာ က ပါကစ္စတန် Geo News ရုပ်သံအားပြောကြားသည်။
အစားအသောက်၊ ဆေးဝါး၊ စောင်များ၊ ယာယီတဲများ၊ မီးစက်တစ်လုံး နှင့် ရေစုပ်ထုတ်သော ပန့်များလည်း ကယ်ဆယ်ရေးပစ္စည်းများတွင် ပါဝင်ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးရုံးက ထုတ်ပြန်ပြောကြားသည်။
မြို့တော် အစ္စလာမာဘတ်မှ ကားဖြင့် သုံးနာရီခွဲသွားရသော ဘူနာ ခရိုင်သည် ကျဉ်းမြောင်းသောဧရိယာတွင် ရုတ်တရက်မိုးပြိုသည့် ရှားပါးသောဖြစ်ရပ် (cloudburst) နှင့် ကြုံတွေ့ခဲ့ရကြောင်း ယင်းဧရိယာတွင် တစ်နာရီအတွင်း မိုးရေချိန် ၅ လက်မကျော် ရွာသွန်းခဲ့ကြောင်း အရာရှိများက ပြောကြားကြသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

image

◼ ဇီလန်စကီးနှင့်ဥ‌ရောပ‌ခေါင်းဆောင်များဒေါ်နယ်ထရန့်နှင့် ဝါရှင်တန်တွင် တွေ့ဆုံမည်
ရုရှားနှင့်စစ်ပွဲအား အဆုံးသတ်ရန် ရည်ရွယ်ထားသော ယနေ့ပြုလုပ်မည့် ဆွေးနွေးပွဲများအတွက် သမ္မတ ဇီလန်စကီး ဝါရှင်တန်မြို့သို့‌ရောက်ရှိလာချိန်မှာပင် ခရိုင်းမီးယားဒေသအားပြန်လည်ရယူရေးနှင့် နေတိုးအဖွဲ့ထဲသို့ ဝင်ရောက်‌ရေးတို့မှာ ယူကရိန်းအတွက် စားပွဲပေါ်တွင်မရှိတော့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။
နယ်မြေများ စွန့်လွှတ်ရေးအား အကြိမ်ကြိမ်ပယ်ချထားသော ဇီလန်စကီးသည် ဝါရှင်တန်တွင် ဒေါ်နယ်ထရန့် နှင့် ယနေ့ တွေ့ဆုံမည်ဖြစ်ကာ ၎င်းနှင့်အတူ ဥရောပကော်မရှင်ဥက္ကဌ အာဆူလာဗွန်ဒါလီယန်း နှင့် အခြားဥရောပ‌ခေါင်း‌ဆောင်များလည်း ပူးပေါင်းပါဝင်ဆွေးနွေးကြမည်ဟု သိရသည်။
သောကြာနေ့က အမေရိကန်နိုင်ငံ အလာစကာပြည်နယ်မှ သမ္မတထရန့် နှင့်ရုရှားခေါင်းဆောင်ပူတင်တို့၏ ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ယခု ဝါရှင်တန်တွေ့ဆုံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်းထိပ်သီးတွေ့ဆုံမှု၌ အပစ်အခတ်ရပ်စဲရေးလမ်းစ မပေါ်ထွက်ခဲ့သော်လည်း ယူကရိန်းအတွက် လုံခြုံ‌ရေး အာမခံချက်များပေးအပ်ရန် ခေါင်းဆောင်နှစ်ဦးစလုံး က ကတိပြုခဲ့ကြသည်။
အလာစကာ အစည်းအဝေးသို့ ဇီလန်စကီးအား ဖိတ်ကြားခဲ့ဖြင်းမရှိ‌‌ဘဲနောက်ပိုင်းတွင်လည်း ငြိမ်းချမ်းရေးသဘောတူညီချက်မတိုင်မီ အပစ်အခတ်ရပ်စဲမှု မလိုအပ်ကြောင်း ရုရှားတို့၏ ကြာရှည်ရပ်တည်မှုဘက်သို့ ဒေါ်နယ်ထရန့် ယိမ်းသွားခဲ့သည်။
“ သူ အလိုရှိတယ်ဆိုရင် သမ္မတ ဇီလန်စကီး က ရုရှားနဲ့စစ်ပွဲကို ချက်ချင်းဆိုသလို အဆုံးသတ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း ဆက်ပြီးတိုက်ခိုက်နိုင်ပါတယ်” ဟု ထရန့် က ၎င်း၏ လူမှု မီဒီယာပလက်ဖောင်းပေါ်တွင်ရေးသားသည်။
“ ဒီ စစ်ပွဲ ဘယ်လိုစတင်ခဲ့သလိုဆိုတာကို အမှတ်ရပါ။ လွန်ခဲ့တဲ့ ၁၂ နှစ် က သေနတ်တစ်ချက်မှ မဖောက်လိုက်ရဘဲ ခရိုင်းမီးယားကို ပေးခဲ့တဲ့ အိုဘားမားကိုလည်း ပြန်ခေါ်လို့ မရပါဘူး။ ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ထဲ ဝင်လို့မရပါဘူး။ အချို့အရာတွေက ဘယ်တော့မှ မပြောင်းလဲပါဘူး” ဟု ထရန့် က ဆက်လက်ရေးသားသည်။
ဝါရှင်တန်တွင် ဒေါ်နယ်ထရန့်နှင့် ဇီလန်စကီးတို့ တစ်ဦးချင်းစီ တွေ့ဆုံပြီးနောက် အခြားဥရောပခေါင်းဆောင်များနှင့်လည်း ပါဝင်ဆွေးနွေးကြရန် စီစဉ်ထား‌ကြောင်း အိမ်ဖြူတော်၏ ပြောကြားချက်အရ သိရသည်။
မစ္စက်ဗွန်ဒါလီယန်းနှင့်အတူ နေတိုးအဖွဲ့ အကြီးအကဲ မာ့ခ်ရူတဲ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ နှင့် ဖင်လန် ခေါင်းဆောင်များလည်း ဝါရှင်တန်အစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်သည်။
ဖေဖော်ဝါရီလတွင် ယူကရိန်းခေါင်းဆောင်နှင့် အချင်းများပြီး ကျေးဇူးမသိတတ်ဟု ဆိုကာ သမ္မတ ထရန့် နှင့် ဒုသမ္မတ ဂျေဒီဗန့်စ်တို့က ထိုးနှက်ပြောဆိုခဲ့ကြပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဇီလန်စကီး ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
မိမိတို့အားလုံး က စစ်ပွဲကို မြန်မြန်ဆန်ဆန် ၊ ယုံကြည်စိတ်ချစွာ အဆုံးသတ်ရန် အခိုင်အမာဆန္ဒရှိကြပါကြောင်း ယမန်နေ့ညတွင် ဝါရှင်တန်သို့ ရောက်ရှိလာခဲ့ပြီးနောက်တွင် ဇီလန်စကီး က ပြောကြားသည်။
ဖေဖော်ဝါရီလတွင် ဇီလန်စကီးနှင့် ဘဲဥပုံရုံးခန်း အချင်းများမှုနောက်ပိုင်းတွင် ထရန့် က ပူတင်အပေါ် ဝေဖန်မှုများ ပိုများလာခဲ့ကာ ရုရှားက ငြိမ်းချမ်း‌ရေးဆွေးနွေးပွဲများကို ထပ်ခါထပ်ခါ ရပ်တန့်စေခဲ့ပြီးနောက် စိတ်ပျက်သောအမူအရာများလည်း ပြသခဲ့ကာ တားဆီးပိတ်ဆို့မှုများ ထပ်မံချမှတ်မည်ဟု အကြိမ်များစွာ ခြိမ်းခြောက်ခဲ့သည်။
သို့သော် ဝါရှင်တန် က မော်စကိုအပေါ် တားဆီးပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ခြင်း မရှိခဲ့သလို ယူကရိန်းအား ကျူး‌ကျော်ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သည့်သောကြာနေ့တွင် အနောက်တိုင်းသို့ ပထမဆုံးအကြိမ် ပူတင် လာရောက်လည်ပတ်ချိန်တွင် ၎င်းအား ခမ်းခမ်းနားနား ကြိုဆိုခဲ့ခြင်းကလည်း ရုရှားတို့အတွက် သံတမန်ရေး အောင်ပွဲအဖြစ် ရှုမြင်ကြသည်။
ထရန့်နှင့် ပူတင်တို့ အလာစကာတွင် ပြောဆိုခဲ့သော အကြောင်းအရာများကို ၎င်းအနေဖြင့် ပိုမိုကြားသိလိုကြောင်း ဝါရှင်တန်သို့ မထွက်ခွာမီ ဘရပ်ဆဲလ်မြို့တွင် ဇီလန်စကီး က ပြောသည်။
ယူကရိန်းအတွက် ဝါရှင်တန်၏ လုံခြုံရေးအာမခံချက်များမှာလည်း သမိုင်းဝင်ဖြစ်ကြောင်းလည်း ဇီလန်စကီး က ပြောသည်။
ယူကရိန်းအတွက် နေတိုးပုံစံစုပေါင်းကာကွယ်ရေးအားမခံချက်ဖြစ်နိုင်ခြေကို ပူတင်အား ပြောကြားခဲ့ကြောင်း ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
ယင်းကတိကဝတ်မှာ ယူကရိန်းကအဖွဲ့ဝင်ဖြစ်ရန် ဆန္ဒရှိနေသော အနောက်တိုင်း စစ်ရေးမဟာမိတ် နေတိုးအဖွဲ့၏ မူဘောင်ပြင်ပမှဖြစ်ကြောင်း သိရသည်။
နေတိုးအဖွဲ့သို့ ယူကရိန်းဝင်ရောက်ခြင်းကို ၎င်းတို့အတွက် ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် ရုရှားက ရှုမြင်ထားသည်။
ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ကို ဝါရှင်တန်က မည်သည့်အတိုင်းအတာအထိ ပါဝင် ဖြည့် ဆည့်ပေးမည်နည်းဆိုခြင်းကို ဥရောပခေါင်းဆောင်များက မေးမြန်းသွားကြမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-AFP
#နိုင်ငံတကာသတင်း

image
9 w - Translate

◾️ထိုင်း-မြန်မာနယ်စပ်ရှိ ချစ်ကြည်ရေးတံတားအမှတ် (၂) မြန်မာဘက်မှယာယီပိတ်ထားဟုဆို
ထိုင်း-မြန်မာနယ်စပ်ရှိ ချစ်ကြည်ရေးတံတားအမှတ် (၂) ကို ယနေ့(သြဂုတ် ၁၈ ရက်)နံနက်ပိုင်းတွင် မြန်မာဘက်မှယာယီပိတ်ထားကြောင်း မြဝတီမြို့ရှိဒေသခံများထံမှသိရသည်။
အဆိုပါတံတားပိတ်ထားခြင်းကြောင့် မြန်မာဘက်သို့ပို့ဆောင်မည်ကုန်ကား အစီးရေး ၅၀၀ ခန့် မဲဆောက်တွင်ပိတ်မိနေကြောင်း ဒေသခံတစ်ဦးကပြောသည်။
"အမှတ်(၂) တံတားယာယီပိတ်မယ်ဆိုတာဘယ်သူမှမသိကြဘူး။ ကြေညာထားတာလည်းမရှိဘူး။ ဒီမနက်မှ ရုတ်တရက်ပိတ်လိုက်တာ။ ဘာကြောင့်လဲဆိုတာတော့ဘယ်သူမှအတိကျမသိဘူး။ ကျွန်တော့်အထင် ကန့်သတ်ပစ္စည်းတွေကိုစစ်ဆေးနေတဲ့အတွက် တံတားကိုယာယီပိတ်လိုက်တာထင်တယ်" ဟု ၎င်းကပြောသည်။
ချစ်ကြည်ရေးတံတားအမှက်(၂) ပိတ်ထားခြင်းနှင့်ပတ်သက်ပြီး စက်သုံးဆီများကို တနိုင်တပိုင်သယ်ယူရောင်းချခြင်းများကြောင့်လမ်းပိတ်ခြင်း၊ တရားမဝင်ကုန်တင်ဆောင်ခြင်းကြောင့် ကုန်ကားများကို မဲဆောက်ဘက်တွင်ဖမ်းဆီးထားခြင်း၊ တိုက်ပွဲများကြောင့်အာရှလမ်းပိတ်ထားခြင်းနှင့်ဆက်စပ်ခြင်း စသည်တို့ကြောင့်ဖြစ်သည်ဟု ခန့်မှန်းပြောဆိုမှုများထွက်ပေါ်နေသော်လည်း စံတော်ချိန်ဒစ်ဂျစ်တယ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း

image
9 w - Translate

◾️အားကောင်းသောလေဖိအားနည်းရပ်ဝန်း လာမည့် ၁၂ နာရီအတွင်းမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်
အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်းမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
ယနေ့(သြဂုတ် ၁၈ ရက်)နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်များအရ အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး၊ နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း၊ မနက်ဖြန်(သြဂုတ် ၁၉ ရက်)တွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း- အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့ကို ဖြတ်ကျော်နိုင်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
“တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းနှစ်ခု ကုန်းတွင်းဝင် ရောက်ပြီး နောက် ၄၈ နာရီအတွင်းသြဂုတ် ၂၀ ရက်အထိ မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)တို့တွင်သာမိုးများနိုင်ပြီး ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင်မိုးအနည်းငယ်မှမိုးအသင့်အတင့်ရွာသွန်းနိုင်ပါမည်” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကလည်း ခန့်မှန်းထားသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေမည်ဖြစ်ကြောင်း၊ ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း ယနေ့မွန်းတည့်မှနောက် ၂၄ နာရီအတွင်းလှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်မှာ ကိုးပေမှ ၁၁ ပေခန့်အထိရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း

image
9 w - Translate

လူပျောက်မိသားစုတစ်စုကို ရှာဖွေရင်း အမှုကြီးတစ်မှုကို ဖော်ထုတ်မိသွားတဲ့အခါ

The Accountant 2
2025 ‧ Action/Thriller ‧ 2h 10m

2016 တုန်းက အောင်မြင်ခဲ့တဲ့ ဘန်အက်ဖလစ်ရဲ့ စာရင်းကိုင်ရုပ်ရှင် အဆက်ထွက်လာပါပြီ။ ဒါရိုက်တာကလည်း Gavin O’Connor ပါပဲ။
ဒီအပိုင်းမှာတော့ ခရစ်ရဲ့ ညီအဖြစ် Punisher နဲ့လူသိများတဲ့ မင်းသား Jon Bernthal ပါ ပါဝင်လာပါပြီ။
ထုံးစံအတိုင်း ဉာဏ်ကြီးရှင်လည်းဖြစ် ဖိုက်တာလည်းဖြစ်တဲ့ ခရစ်က လူတွေကို ကူညီဖို ကြိုးစားရင်း ရာဇဝတ်ဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်ရတာပါပဲ။
ဇာတ်လမ်းအကျဉ်း
ရေးကင်းဆိုတဲ့လူဟာ ပျောက်ဆုံးနေတဲ့ လက်တီနို သားအမိနှစ်ယောက်ကိုလိုက်ရှာရင်း အသခံလိုက်ရပါတယ်။
အဲဒီမှာ ဘဏ္ဍာရေးဌာန ဒုညွှန်ချုပ်ဖြစ်နေတဲ့ မယ်ဒီနာက စာရင်းကိုင်ကြီးကို အကူအညီတောင်းလာပါတယ်။
အဲဒီမှာ သားအမိနှစ်ယောက်လူပျောက်ရှာရုံနဲ့ ဘာလို ရာဇဝတ်ဂိုဏ်းတစ်ခုက အပြင်းအထန်လုပ်ကြံရသလဲဆိုတာ အဖြေရှာရင် ပိုကြီးတဲ့ အမှုကြီးကို အစဆွဲထုတ်မိပါတော့တယ်။
ခရစ်အကူအညီလိုလာတဲ့အတွက် လုပ်ကြံရေးသမားဖြစ်နေတဲ့ သူ့ ညီဘရက်စတန်ပါ လာကူညီရတဲ့အခါ ညီအစ်ကိုနှစ်ယောက် ပွဲကြမ်းရပါတော့တယ်။

🚨📺Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯

☄️✏️Channel Link ကိုအရင် Join ထားပါဗျ👇👇

https://t.me/addlist/wZvYAaIr8Mk3MmU1

📺🔥ဇာတ်ကားကြည့်ရန် Link

https://t.me/Boomerangcomedy/84

image