19 w - Translate

ထူးခြားဆန်းပြားတဲ. ကျောက်စိမ်း 🥰
မောင်းကွင်း အသန်.လေးနော် 🥰🥰

image
19 w - Translate

ထူးခြားဆန်းပြားတဲ. ကျောက်စိမ်း 🥰
မောင်းကွင်း အသန်.လေးနော် 🥰🥰

image
image
image
19 w - Translate

ငရုတ်သီးရဲ့ အစပ်ဓာတ်ကို ဖြစ်စေတဲ့ 'capsaicin' ဆိုတဲ့ ဓာတ်တစ်မျိုးဟာ နို့တိုက်သတ္တဝါတွေရဲ့ နာကျင်မှု ခံစားရတဲ့ အာရုံကြောတွေကို လှုံ့ဆော်ပေးနိုင်ပေမဲ့ ငှက်တွေအတွက်တော့ ဘာမှမဖြစ်ပါဘူး။
ဒီလိုထူးခြားတဲ့ သဘာဝအလျှောက် ပြုပြင်ပြောင်းလဲမှုဟာ အစေ့တွေကို ဖျက်ဆီးတတ်တဲ့ နို့တိုက်သတ္တဝါတွေကို ဝေးဝေးမှာထားပြီး၊ ငှက်တွေကတော့ ငရုတ်သီးကို စားသုံးကာ အစေ့တွေကို မပျက်မစီးစေပဲ သဘာဝအတိုင်းနေရာအနှံ့ ပျံ့နှံ့အောင် ကူညီပေးနိုင်ပါတယ်။
ဒီလိုနည်းလမ်းကြောင့် အပင်တွေဟာ သူတို့ရဲ့မျိုးဆက်တွေကို ဆက်လက်ရှင်သန်စေနိုင်သလို ငှက်တွေအတွက်လည်း ဘေးကင်းပြီး အာဟာရဖြစ်တဲ့ အစာတစ်ခုကို ရရှိစေတာဖြစ်ပါတယ်။

image
19 w - Translate

မှတ်တိုင်
ဘဝ ခရီးလမ်းမှာ လူတိုင်း မှတ်တိုင်တွေ
ကျော်ဖြတ်ရတယ်။
မှတ်တိုင်ဆိုတာ ဘဝအတွက် အမှတ်တရတွေပဲ။
ငယ်ငယ်က မှတ်တိုင်မှာ ဘတ်စ်ကားစောင့်ရင်း
အဖေပြောတဲ့ နံပါတ်ပါတဲ့ကားကို မျှော်ရတာ
အမောပဲ၊
တစီးပြီးတစီး ဖြတ်သွားလိုက် ကိုယ်စီးမယ့်ကား
နံပါတ် မဟုတ်လိုက်နဲ့။
ကိုယ်စီးမယ့်ကားလာတော့ ဆရာကြီးအထာနဲ့
လက်နဲ့တား၊ ကားရပ်တော့ ကားပေါ်ပြေးတက်ရင်း
နေရာလွတ်များ ရမလားလို့ ရှာရတာက ကလေး
ဘဝရဲ့အပျော်။
တချို့တွေက မှတ်တိုင်မှာ ဆင်းတယ်။
တချို့တွေက မှတ်တိုင်က တက်တယ်။
တချို့တွေက မှတ်တိုင်မှာ ခဏခိုတယ်။
မှတ်တိုင်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ
အများကြီးရှိတယ်။
မှတ်တိုင်တွေက တချို့အတွက် ခရီးအစပေမယ့်
တချို့အတွက်တော့ ခရီးအဆုံး ဖြစ်နေတတ်တယ်။
ဘဝခရီးလည်း ဒီလိုပဲ။
ငါတို့ မှတ်တိုင်တွေ ဘယ်လောက်ဖြတ်ခဲ့ပြီး
ဘယ်အရာတွေ ချန်ထားခဲ့သလဲ ???

#photo_credit

image
19 w - Translate

Bon Appetite Your Majestry Ep-5 ကြည့်ပြီးတဲ့ ငါတို့ အဖွဲ့ရဲ့ လက်ရှိအခြေအနေ

image

External HDD တွေအကြာကြီးခံအောင်ထိန်းသိမ်းနည်း
HDD Lifespan သည် ၇နှစ်၀န်းကျင်ရှိပါတယ်
1. စနစ်တကျ Backup လုပ်ပါ
အလွန်အရေးကြီးသော File များကို external hddအပိုတစ်ခုနှင့်ဖြစ်စေCloud ဖြင့်ဖြစ်စေသိမ်းထားပါ
2. Safely Eject
External hard drive ကို PC ကနေ ဖြုတ်တဲ့အခါ “Safely Remove Hardware”** နည်းကို အသုံးပြုပြီး eject လုပ်ပါ။ဤနည်းလမ်းကHDD ထဲမှData များပျက်စီးပျောက်ဆုံးမှုကိုကာကွယ်ပေးပါတယ်
3-Over Heating
HDD ကိုမလိုအပ်ဘဲအမြဲမတပ်ထားပါနဲ့။ External HDD ထဲမှာလည်းဂိမ်းကိုတန်းဆော့ချင်းမှရှောင်ပါ။
Overheating သည် hard drive ရဲ့သက်တမ်းကို လျှော့စေပါတယ်။ External hard drive ကိုနေရောင်ခြည်ကင်းဝေးသောနေရာတွင်ထားပါ
4. Defragmentation (HDD အတွက်)
HDD (Hard Disk Drive)drive ကိုdefragment လုပ်ခြင်းဖြင့် fragmented files များကို ပြန်စီသွားစေပြီး, **performance** ကောင်းမွန်စေပါသည်။
SSD (Solid State Drive)ကိုတော့ defragment လုပ်ဖို့မလိုပါဘူး လုပ်မိရင် Hpကျပါတယ်ခင်ဗျ
5-Error Checking (Chkdsk Command)
External hard drive ကို error checking လုပ်ပါ။ Windows မှာ chkdsk နည်းကိုသုံးပြီး, bad sectors များကို စစ်ဆေးပါ။
Bad sectors တွေကိုစောစီးစွာစစ်ဆေးခြင်းက hard drive ထိခိုက်မှုများကို အနည်းငယ်လျော့စေပါသည်။
6. Virus and Malware Protection
External hard drive ကို PC သို့ဆက်သွယ်တဲ့အခါ, virus နှင့် malware တို့ကို ပုံမှန်စွာစစ်ဆေးပါ။ Antivirus software အသုံးပြုပြီး drive ကိုပုံမှန်စစ်ဆေးခြင်းဖြင့် data ကို အန္တရာယ်မှကာကွယ်နိုင်သည်။
(crack software တွေသုံးတဲ့အခါ Virus malware တွေကို သတိထားပေးပါ အန္တရာယ်များပါတယ်ဗျ)
ဖြစ်နိုင်ရင် crack softwareတွေသုံးတဲ့ ဖြုတ်ထားတာအကောင်းဆုံးပါ
7. Data Organization
- External hard drive ထဲရှိ data တွေကို စနစ်တကျစီစဉ်ထားခြင်းက performance နှင့် efficiency ကို ပိုတိုးတက်စေပါသည်။ အလွန်ကြီးမားသော folders များကို ခွဲခြမ်းပြီး folder structure ပိုပြီးကောင်းအောင်တည်ဆောက်ပါ။
FolderတခုထဲမှာSize ပေါင်းစုံရောထားချင်းသည် Data ဆုံးရှုံးနိုင်သည်။ တူညီသောSize များကိုတစုတစည်းထဲထည့်ပါ။
8. Always Have Extra Storage
HDDများကို နီနေအောင်မထည့်ဘဲအနဲဆုံး50GBလောက်ချန်ထားပါ။
- Storage space တော်တော်များများကို အသုံးပြုပြီးသွားရင် hard drive performance နှင့် lifespan အပေါ် ထိခိုက်တတ်ပါတယ်။
ဒီလိုနည်းလမ်းတွေက external hard driveကို သက်တမ်းတိုးပြီး performance ကောင်းမွန်စွာအသုံးပြုနိုင်ပါလိမ့်မယ်။

image

image
19 w - Translate

မိုးရွာနေချိန်မှာ တိရစ္ဆာန်တစ်ကောင်ကောင် သင့်ဆီပြေးလာပါက ကျေးဇူးပြု၍သူတို့ကိုမောင်းမထုတ်ပါနဲ့။
သူတို့ဟာ ချမ်းအေးတဲ့ မိုး‌​​​ေ
စက်တွေကြောင့် ကြောက်လန့်နေပြီး အသက်ရှင်သန်ခွင့်ရဖို့ ကြိုးစားနေကြရုံမျှသာဖြစ်ပါတယ်။
သင့်ဆီက အကာအကွယ်တစ်ခုခု ရလိုရငြားအကူအညီလာတောင်းခံခြင်းသာဖြစ်ပါတယ်။
သင်က သူတို့အတွက် လုံခြုံတဲ့နေရာတစ်ခု ခဏလောက်ဖြစ်ခွင့်ပေးလိုက်ပါ။

image
19 w - Translate

သိမ်ကြီး​စျေးအနီး YBS အချင်းချင်းတိုက်မိရာကနေ ကားငါးစီးဆင့်တိုက်မှုဖြစ်ပွား
စက်တင်ဘာ ၈ ၊၂၀၂၅

ရန်ကုန်တိုင်း ၊ လမ်းမတော်မြို့နယ် သိမ်ကြီး​စျေး နဲ့ ဂမုန်းပွင့်အနီးမှာ ဒီနေ့စက်တင်ဘာ ၈ ရက်နေ့မနက်ပိုင်းက YBS အချင်းချင်းဝင်တိုက်မိရာကနေ ကားငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က လှည်းကူး နဲ့ ဆူးလေပြေးဆွဲနေတဲ့ YBS 107 ကားနောက်ပိုင်းကို ရွှေတိဂုံဘုရားလမ်းမီးပွိုင့်မှာ နောက်ထပ် YBS တစီးက ဝင်ရောက်တိုက်မိရာကနေ YBS 107 မှ နောက်ထပ်ကားသုံးစီးကို ထပ်မံဆင့်တိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
YBS107 ကားမောင်းသူကတော့ ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးသွားတယ်လို့သိရပါတယ်။
" မီးပွိုင့်ပျက်နေတာလားတော့မသိဘူး နှစ်ဖက်လုံးက ကားကိုမရပ်ပဲမောင်းတော့ ညီမတို့ကားအနောက်ပိုင်းကို ​​​တခြားကားကနေဖြတ်တိုက်ခံရတာပါ။ အဲဒီမှာ အရှိန်ထိန်းမရပဲ ကားကလည်သွားပြီး ဟိုဘက်လမ်းကြောမှာ ရပ်ထားတဲ့ကားသုံးစီးကိုထပ်တိုက်တာပါ။ ညီမတို့စီးလာတဲ့ကားသမားက ကားမှောက်မှာစိုးပြီး ထိန်းရင်းကနေ ထပ်တိုက်မိတာပါ။ ကားသမားကတော့ ပြေးသွားတယ်။လူတွေတော့ သိပ်မထိခိုက်ပါဘူး။ထပ်အတိုက်ခံရတဲ့ ကားအဖြူလေးကတော့ ကားထိပ်ပိုင်းပျက်စီးသွားတယ်။ " လို့ YBS 107 ကားပေါ်စီးနင်းလိုက်ပါခဲ့တဲ့ မျက်မြင်တွေ့ရှိ သူကပြောပါတယ်။
ကားငါးစီးဆင့်တိုက်မှု ဖြစ်ပွားမှုကြောင့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိတာမျိုးမရှိပေမယ့် YBS 107 ကားထိခိုက်ပျက်စီးမှုရှိသလို ထပ်မံဝင်တိုက်ခံရတဲ့ကားတွေလည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့သိရပါတယ်။
အဆိုပါ ယာဥ်တိုက်မှု နဲ့ပတ်သက်ပြီး ခရီးသွားပြည်သူတယောက်က " တလမ်းမောင်းကြီးကို ဘယ်လိုမောင်းလို့ ယာဥ်တိုက်မှုဖြစ်လည်းမသိဘူး။ybs တွေကခုနောက်ပိုင်းအခြေအနေဆိုးလာတယ်။တကားနဲ့တကား ပြိုင်မောင်းတယ်။လမ်းပြောင်းပြန်မောင်းကြတယ်။ခရီးသည်တွေအပေါ် မကြည့်ကြဘူး။ပြိုင်ကားတွေလားထင်ရတယ်။ယာဥ်မောင်းပြေးသွားလည်း.သူ့ယာဥ်လိုင်းကတော့သိမှာပဲလေ။ထိထိရောက်ရောက်အရေးယူပေးဖို့လိုပါတယ်။ " လို့ ပြောပါတယ်။
ဇူလိုင် ၁၆ ရက်နေ့ ညကလည်း အင်းစိန်မြို့နယ်၊အောင်ဆန်းရပ်ကွက်၊အောက်မင်္ဂလာဒုံလမ်း​မပေါ်၊အောင်ဆန်းစျေးအကျော် မှာ YBS 77 ကားနဲ့ ညဘက်ခရီးသည်ပြေးဆွဲတဲ့ကြားကားတို့ တိုက်မိပြီး လူ ၁၆ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ် YRTC ကတော့ ယာဥ်စည်းကမ်းဖောက်ဖျက်တဲ့ ယာဥ်မောင်းတွေကိုအသိပညာပေးဆွေးနွေးခြင်း ၊ အရေးယူခြင်းတွေ ပြုလုပ်နေတယ်လို့ ဆိုထားပါတယ် ။
လက်ရှိ ရန်ကုန်တိုင်းမှာ YBS ယာဥ်လိုင်းပေါင်း ၁၀၀ ကျော်ကနေ ကားအစီးရေ ၃၇၀၀ ဝန်းကျင်နဲ့ နေ့စဥ် ခရီးသွားပြည်သူ ၁.၅ သန်းကိုပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။