19 ပတ် - ဘာသာပြန်ပါ။

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်ဖြစ်တဲ့ Quakers Hill မှာ နေထိုင်တဲ့ Zammit မိသားစုဟာ ဧရိယာ စတုရန်းမီတာ ၂၀,၀၀၀ ကျယ်ဝန်းတဲ့ မြေကွက်တစ်ခုကို ပိုင်ဆိုင်ပါတယ် အဲဒီမြေကွက်ကို ကြီးမားတဲ့ အိမ်ရာစီမံကိန်းတစ်ခုထဲ ထည့်သွင်းချင်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေက အထူးလိုချင်ခဲ့ကြပါတယ်
နှစ်တွေကြာတဲ့အထိ သူတို့ရဲ့အိမ်ကို ရောင်းချဖို့အတွက် သြစတြေးလျဒေါ်လာ သန်း ၆၀ အထိ ကမ်းလှမ်းခံခဲ့ရပေမဲ့ Zammit မိသားစုကတော့ ငြင်းပယ်ခဲ့ပါတယ် ဒီအခြေအနေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာ သူတို့ပိုင်မြေကို ကျော်ပြီး ဘေးပတ်ပတ်လည်မှာ အိမ်ရာရာနဲ့ချီ ဆောက်လုပ်ခဲ့ကြရပါတယ်
ရလဒ်အနေနဲ့ Zammit မိသားစုရဲ့ ကျယ်ဝန်းလှတဲ့ ခြံဝင်းကြီးဟာ ရှည်လျားတဲ့ ဝင်ပေါက်လမ်းနဲ့ မြက်ခင်းစိမ်းတွေနဲ့အတူ၊ အိမ်ရာတွေကြားမှာ တစ်မူထူးခြားတဲ့နေရာတစ်ခုလို ဖြစ်နေခဲ့ပါတယ်
သူတို့ရဲ့အိမ်ဟာ တစ်ချိန်က တိတ်ဆိတ်ငြိမ်သက်ပြီး ကျေးလက်ဆန်တဲ့ ရပ်ကွက်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ပေမဲ့ အခုတော့ မြို့ပြဆန်တဲ့ အိမ်ရာတွေကြားထဲမှာ ထီးထီးကြီး ရပ်တည်နေပါတယ်
ပတ်ဝန်းကျင်တစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားပေမဲ့လည်း ဒီမိသားစုကတော့ သူတို့ရဲ့ဆုံးဖြတ်ချက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားပါတယ် ဒီအိမ်ကြီးရဲ့ပုံရိပ်ကြောင့် ဒီမိသားစုရဲ့ ဆုံးဖြတ်ချက်ဟာ အွန်လိုင်းပေါ်က လူတွေရဲ့ ချီးကျူးပြောဆိုမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image

YUFL က အမှတ်စဉ်(၅) Diploma in English for Communication Skills (Online) သင်တန်းနဲ့ ( Face to Face) သင်တန်းများအတွက် လျှောက်လွှာခေါ်စာ

image
image
image
image
19 ပတ် - ဘာသာပြန်ပါ။

မြတ်စွာဘုရားရဲ့ဘဝဖြစ်စဉ်ကိုရိုက်ကူးထားတဲ့ Japan Anime ကားလေး.....

Buddha: The Great Departure ( 2011 )
==============================

IMDb 6.3ထိရထားတဲ့ ဒီဇာတ်ကားလေးဟာ Japan anime movie version ဗုဒ္ဓဝင်ဇာတ်လမ်းလေးဖြစ်ပါတယ်။

မြတ်စွာဘုရားရဲ့ဘဝဖြစ်စဉ်ကိုရေးဆွဲထားတယ်ပြောပေမယ့် ဗုဒ္ဓစာပေကဇာတ်လမ်းကျောရိုးလောက်ပဲယူထားတာဖြစ်လို ကျွန်ေတာ်တိုသိတဲ့ဗုဒ္ဓဝင်ဇာတ်နဲ့လုံးဝကွဲထွက်နေပြီး စိတ်ကူးယဉ်ဇာတ်ကောင်များလည်းအများအပြားထည့်သွင်းထားတာကြောင့် ပျင်းရိဖွယ်မကောင်းပဲ စကြည့်ဖြစ်ရင်အဆုံးအထိမထတန်းကြည့်ဖြစ်မယ့်ကားလေးပါ

Japan Anime တိုရဲ့မူအတိုင်း ကြည့်ပြီးရင်လည်းရင်ထဲတသသဖြစ်အောင်ပေးစွမ်းနိုင်ပါတယ် ။

ကျွန်တော့်အပြောထက် ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းပါလိမ့်မယ်။

➡️ ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လိုရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️

https://t.me/+nqhhs6tGKeRjZjA1

➡️ ဇာတ်ကားကြည့်ရန်လင့်⬇️

https://t.me/c/2088510221/3010

image
19 ပတ် - ဘာသာပြန်ပါ။

နယ်သာလန် ဂိုးသွင်းစံချိန်သစ် တင်နိုင်ခဲ့လို့ ဒီပိုင်း ဂုဏ်ယူ

စက်တင်ဘာ ၉

ကိုရင်သီယန်အသင်း တိုက်စစ်မှူး ဒီပိုင်းက နယ်သာလန် လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် စံချိန်သစ် တင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။

ဒီပိုင်းက “ကျနော် အလွန်ဂုဏ်ယူမိပြီး ရော်ဘင်ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းသာပါတယ်။ အဝတ်လဲခန်းမှာရှိတဲ့ သူတွေအားလုံးကို ကျနော် ကျေးဇူးတင်ပါတယ်။ ဟန်တယ်လားနဲ့ အာဂျန်ရော်ဘင်တို့လို အသင်းဖော်ဟောင်းတွေကိုလည်း ကျနော် ကျေးဇူးတင်ချင်ပါတယ်။ ပတ်ထရစ်က လွိုင်ဗတ်ကိုလည်း ကျနော် ကျေးဇူးတင်ချင်ပြီး သူ့ကြောင့် နယ်သာလန်အသင်းကို ရောက်ချင်ခဲ့တာပါ”လို့ ဒတ်ချ် NOS TV ကို ပြောခဲ့တာပါ။

ဒီပိုင်းဟာ နယ်သာလန်အသင်းက လစ်သူယေးနီးယားအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ၂ ဂိုး သွင်းယူပြီးနောက် သွင်းဂိုး ၅၂ ဂိုးနဲ့ နိုင်ငံအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။

နယ်သာလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် အရင်က စံချိန်တင်ထားတဲ့သူက ဗန်ပါစီဖြစ်ပြီး သွင်းဂိုး ၅၀ သွင်းယူခဲ့တာပါ။

အခုအချိန်မှာတော့ ဒီပိုင်းက ၂ ဂိုးအသာနဲ့ ဗန်ပါစီရဲ့စံချိန်ကို ကျော်ဖြတ်ပြီး နယ်သာလန်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ နယ်သာလန်အသင်းအတွက် စတင်ပွဲဦးထွက်ခဲ့တဲ့ ဒီပိုင်းဟာ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၀၄ ပွဲ ပါဝင်ကစားထားတာပါ။

ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းမှာ ကစားနေတဲ့ ဒီပိုင်းဟာ ပုံမှန်ခြေစွမ်း ပြသနိုင်ခြင်းမရှိလို့ ဝေဖန်ခံ နေရတဲ့ အပေါ်မှာလည်း သူဟာ ဂိုးတွေ အများကြီး သွင်းယူထားနိုင်သလို အကောင်းဆုံး လုပ်နိုင်သေးတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

နယ်သာလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ အုပ်စုတွင်း ထိပ်ဆုံး နေရာမှာ ရပ်တည်နေတာပါ။

နယ်သာလန်အသင်းဟာ လာမယ့် အောက်တိုဘာမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် မော်လ်တာ၊ ဖင်လန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: CNA

#ဘောလုံးသတင်းစုံ

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

စက်တင်ဘာ ၉

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၆၅၂ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၆၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၉၆၀၀၀၀ ကျပ်
ဝယ်ဈေး ၇၉၂၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၅၆၀၀၀၀ ကျပ်
ဝယ်ဈေး ၇၅၂၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၈၄၀၀၀၀ ကျပ်
ဝယ်ဈေး ၇၈၀၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၄၄၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၀၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၇၀ ကျပ်
ဝယ်ဈေး - ၄၁၈၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၃၀ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်

-ယူရို
ရောင်းဈေး - ၅၀၂၅ ကျပ်
ဝယ်ဈေး - ၄၉၂၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၅.၁၄ ကျပ်
ဝယ်ဈေး - ၁၃၂.၄၅ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၅ ကျပ်
ဝယ်ဈေး - ၉၉၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၀၀ ကျပ်
ဝယ်ဈေး - ၅၅၈ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉ ကျပ်
ဝယ်ဈေး - ၂၈.၄၂ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၈.၅၈ ကျပ်
ဝယ်ဈေး - ၄၇.၆၂ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၈ ကျပ်
ဝယ်ဈေး - ၃.၀၂ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၉၅ ကျပ်
ဝယ်ဈေး - ၅၆၈၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၂၀ ကျပ်
ဝယ်ဈေး - ၂၇၆၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၉၀ ကျပ်
ဝယ်ဈေး - ၃၀၃၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၈ ကျပ်
ဝယ်ဈေး - ၅၃၇ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၆၃ ကျပ်
ဝယ်ဈေး - ၁၁၄၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image
19 ပတ် - ဘာသာပြန်ပါ။

ကနဦး တွက်ချက်မှုတွေအရ သက်တမ်းနှစ်ပေါင်း ၁.၈ သန်းခန့်ရှိတဲ့ လူသားမျိုးနွယ်ဝင်တစ်ဦးရဲ့ မေးရိုးအပိုင်းအစတစ်ခုကို ဂျော်ဂျီယာနိုင်ငံမှာ အခုနှစ် July လ အတွင်းမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒီလိုတွေ့ရှိမှုမျိုးဟာ အာဖရိကတိုက်ပြင်ပမှာနေထိုင်ခဲ့ဖူးတဲ့ ရှေးအကျဆုံး လူသားမျိူးဆက်တစ်ခုရဲ့အရိုးစုတွေ ကို တွေ့ရှိခဲ့တာဖြစ်ပြီး လူသားတွေရဲ့ ရွှေ့ပြောင်းနေထိုင်မှု သမိုင်းကို ပြန်လည်ရေးဆွဲနိုင်ဖို့ အရေးပါတဲ့ အထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။
ဒီမေးရိုးဟာ ရှေးအကျဆုံးလူသားမျိုးနွယ်တစ်ခုဖြစ်တဲ့ Homo Erectus မျိုးစိတ်ဝင်လူသားတစ်ဦးရဲ့ အရိုးဖြစ်တယ်လို့ ပညာရှင်တွေက အတည်ပြုထားပါတယ်။
Homo Erectus တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ သန်းခန့်က စတင်ပေါ်ပေါက်ခဲ့ပြီး အာဖရိကတိုက်ကနေ ပထမဆုံးအကြိမ် ကမ္ဘာအနှံ့ပြန့်နှံ့ခဲ့တဲ့ မျိုးစိတ်ဖြစ်ပါတယ်။
"Homo Erectus" ဆိုတဲ့ လက်တင်စကားအမည်ရဲ့ အဓိပ္ပာယ်ကတော့ "မတ်မတ်ရပ်တဲ့လူ" ဖြစ်ပါတယ်။ သူတို့ဟာ လူသားသမိုင်းမှာ ပထမဆုံး မတ်မတ် လမ်းလျှောက်နိုင်ခဲ့တဲ့ မျိုးစိတ်ဖြစ်တာကြောင့် သူတို့ရဲ့အရိုးစုရုပ်ကြွင်း တွေဟာ ခေတ်သစ်လူသားတွေနဲ့ အတော်လေး ဆင်တူပါတယ်။
ဒါပေမယ့် Homo Erectus တွေဟာ ကျွန်တော်တို့ရဲ့ Homo Sapiens (ဉာဏ်ပိုကောင်းတဲ့လူ) မျိုးစိတ်ရဲ့ တိုက်ရိုက်ဘိုးဘွားတွေတော့ မဟုတ်ပါဘူး။
သိပ္ပံပညာရှင်တွေရဲ့ ယူဆချက်အရ ယနေ့ခေတ်သစ်လူသား Homo Sapiens တွေဟာ အာဖရိကတိုက်ထဲမှာပဲ သီးခြားဆင့်ကဲပြောင်းလဲ ပေါ်ပေါက်လာခဲ့ကြတာပါ။
နောက်ပိုင်းမှာHomo sapiens မျိုးဆက်တွေ ကမ္ဘာအနှံ့ပြန့်နှံ့တဲ့အခါ အာဖရိကတိုက်ပြင်ပမှာရှိနေတဲ့ Homo Erectus မျိုးစိတ်နဲ့ Neandertals (နီးအန်ဒါသဲ) လိုမျိုး အခြားလူသားမျိုးစိတ်တွေဟာ တဖြည်းဖြည်း မျိုးတုန်းပျောက်ကွယ်သွားခဲ့ပါတယ်။
ဒီရှေးဟောင်းအရိုးစုတွေရဲ့ တွေ့ရှိမှုဟာ လူသားမျိုးနွယ်တွေရဲ့ ရှေးဟောင်းသမိုင်းကို ပိုမိုနားလည်နိုင်ဖို့ အထောက်အကူပြုနေပါတယ်။
~MASES / Soe pyae htat

imageimage
19 ပတ် - ဘာသာပြန်ပါ။

The Deceased aka Almarhun (2025)

မြန်မာ့ဓလေ့မှာ လကွယ်နေ့မှာကွယ်လွန်သူကို ရက်မကူးခင်သဂြိုဟ်ရပါတယ်။ မဟုတ်ဘဲရက်ကူးမိတဲ့အခါ မိသားစုဝင်တွေနဲ့ ရပ်ကွက်ကိုခိုက်တတ်ပြီး လူတွေအပြုံလိုက်သေတတ်ကြတယ်လို အယူရှိပါတယ်။ ဒီဇာတ်ကားလေးကလည်း အလားသဏ္ဍာန်တူ အင်ဒိုနီးရှားအယူတစ်ခုအပေါ် အခြေခံထားတာဖြစ်ပါတယ်။

ရာဘာခြံသူဌေးကြီးတစ်ယောက်က သူ့သားသမီးတွေကို ပညာတတ်ကြီးဖြစ်စေချင်ခဲ့ပြီး သူ့သမီးနောက်ရက် ဘွဲယူမဲ့နေ့မှာ ဆုံးပါးသွားခဲ့ပါတယ်။ သူဆုံးပါးသွားတဲ့နေ့က မကောင်းတဲ့နေ့ရက်တစ်ရက်ဖြစ်နေပြီး ရိုးရာဓလေ့ မပြုလုပ်ပါက တမိသားစုလုံးပါ ၅ ရက်အတွင်း သေဆုံးတတ်တဲ့ အယူရှိပါတယ်။

ဒါပေမဲ့လည်း အငယ်သားသမီးနှစ်ယောက်သာ ထိုဓလေ့ကို ပြုလုပ်ခဲ့ပြီး မိသားစုထဲမှ တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာကြတဲ့အခါ အသက်ရှင်အောင် ဘယ်လိုအဖြေရှာကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ အင်ဒိုသရဲကားအသစ်လေးပါ။

image
19 ပတ် - ဘာသာပြန်ပါ။

September 10 ရက်နေ့မှာ
Mister International 2025
သွားရောက်ယှဉ်ပြိုင်ရတော့မယ့်
Myanmar 🇲🇲 ကိုယ်စားပြု
Yazar Htet Aung
Mister Myanmar Organization ရဲ့
Winner အနေနဲ့ စေလွှတ်တဲ့ major ပွဲကြီးမှာ
Myanmar placement ကို
ဆက်လက်ထိန်းသိမ်းသွားနိုင်မလား ⚡️

image