ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
---------------------------------------------
(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
==========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
=========================================
မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်။ လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၆ ပေမှ ၈ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
===========================================
မိုးလေ၀သအ‌ခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၆ ပေမှ ၈ ပေခန့်။

20 w - Translate

Big news! An exciting new release is coming to Netflix on December 19, starring Kim Da-Mi and Park Hae-Soo. Don’t miss it! 🔥
On what may be the last day on Earth, a life-or-death struggle in a flooded apartment quickly becomes humankind's one and only hope for survival.

image

image

TRANSFER:

“ André Onana ၏ အပြောင်းအရွေ့သည် အငှါးဖြစ်သာ ထွက်ခွါခဲ့သည်ဖြစ်သော်လည်း ၎င်း၏ ယူနိုက်တက် ကစားသမားဘဝသည် အဆုံးသတ်ဖြစ်သွားရန် ရှိကြောင်း သိရှိရသည်။ Onana အနေဖြင့် အငှါးတစ်ရာသီ ပြီးဆုံးသည့်တိုင်အောင် Old Trafford သို့ ပြန်လည်ရောက်ရှိလာရန် အခြေအနေမှာ နည်းပါးကြောင်း သိရှိရသည်။”

[The Athletic]
#siki

image

အီရန် နျူကလီးယားစက်ရုံတွေကို ပြန်လည်စစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ အိုင်အေအီးအေပြော

တီဟီရန်၊ စက်တင်ဘာ ၁၁

အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်ခဲ့တဲ့ နျူကလီးယား စက်ရုံတွေအပါအဝင် အီရန်ရှိ နျူကလီးယား စက်ရုံတွေအားလုံးကို ပြန်လည်စစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ) အကြီးအကဲ က ပြောပါတယ်။

အိုင်အေအီးရဲ့ ဘုတ်အဖွဲ့အစည်းအဝေးကို မနေ့က ပြုလုပ်ရာမှာ အီရန်နျူကလီးယား အရေးဟာ ထိပ်ဆုံးမှာ ပါဝင်ခဲ့ပြီး နျုကလီးယားစက်ရုံတွေကို ပြန်လည်စစ်ဆေးဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတွေက သဘောတူခဲ့တယ်လို့ အိုင်အေအီးအေနဲ့ အီရန်တို့က ပြောပါတယ်။

အဲဒီလို စစ်ဆေးမှုတွေ ပြန်လည်လုပ်ဆောင်ဖို့ရာမှာ နောက်ထပ်ဆွေးနွေးဖို့တွေ လိုတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရာချီက ပြောပါတယ်။ ဒီကိစ္စကို အရင်ပုံစံမျိုးနဲ့မဟုတ်ဘဲ နည်းလမ်းသစ်လိုတယ်လို့ သူကဆိုပါတယ်။

ဇွန်လအတွင်းက အီရန်နျူကလီးယားစက်ရုံတွေကို အမေရိကန်နဲ့ အစ္စရေးက တိုက်ခိုက်ပြီးနောက် အိုင်အေအီးအေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အီရန်က ရပ်ဆိုင်းခဲ့ပါတယ်။ လက်ရှိ အိုင်အေအီးအေနဲ့ ညှိနှိုင်းမှုတွေဟာ အီရန်နျူကလီးယား စက်ရုံတွေကို အပြည့်အ၀ စစ်ဆေးခွင့်ရမလားဆိုတာကတော့ ရှင်းလင်းစွာ မသိသေးပါဘူး။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုပြီးနောက် အီရန်နျူကလီးယားအစီအစဉ်ဟာ နှစ်အတန်‌ကြာ နောက်ပြန်ဆုတ်သွားနိုင်ကြောင်း ထောက်လှမ်းရေးအသိုင်းအဝိုင်းက သုံးသပ်ထားပြီး အီရန်ဟာ သန့်စင်ပြီး ယူနေရနီယံအချို့ကို နေရာ ရွှေ့ပြောင်းထားတယ်လို့ဆိုပါတယ်။

အီရန်အနေနဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ မလုပ်ဘူးဆိုရင် အီရန်အပေါ် ကုလသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ပြန်လည်အသက်သွင်းဖို့ ပြင်သစ်အပါအဝင် ဥရောပအင်အားကြီးနိုင်ငံတွေက သတိပေးထားပါတယ်။

Ref:NHK
Photo:AFP

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

ထရမ့် မဟာမိတ် ချာလီ ကာ့ တက္ကသိုလ်ဝင်းထဲ ပစ်ခတ်ခံရပြီး သေဆုံး

စက်တင်ဘာ ၁၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မဟာမိတ်လည်းဖြစ်၊ ကွန်ဆာဗေးတစ်တစ်ဦးလည်းဖြစ်တဲ့ ချာလီကာ့ ဟာ အမေရိကန်ပြည်ထောင်စုက ယူတာ့ကောလိပ်မှာ စကားရည်လုပွဲအစီအစဉ် တက်နေတုန်း သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ က ကျင်းပခဲ့တဲ့ သူ့ရဲ့ ဒီအစီအစဉ်ကို လူ ၃,၀၀၀ ကျော် တက်ရောက်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲကို ကျောင်းသားတွေ အများစုတက်ရောက်ခဲ့တာဖြစ်ပြီး ပွဲတက်လာသူတွေကိုတော့ ပစ်ခတ်မှု မရှိခဲ့ပါဘူး။

လူမှုကွန်ယက်စာမျက်နှာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်တွေထဲမှာ ချာလီကာ့က “လက်နက်ကိုင်အကြမ်းဖက်မှုတွေ” အကြောင်းပြောနေတဲ့အချိန် မှာ လည်ပင်းကို ထိမှန်သွားခဲ့တာဖြစ်ပါတယ်။

သံသယရှိသူ နှစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပေမယ့် ပြန်လွှတ်ပေးခဲ့တယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

အခုတော့ ကောလိပ်တစ်ခုလုံးကို သွားလာမှုကန့်သတ်လိုက်ပြီး လက်နက်အပြည့်အစုံနဲ့ ရဲတပ်ဖွဲ့တွေလည်း ကောလိပ် ပရဝုဏ်မှာ ကင်းလှည့်နေပါတယ်။

ယူတာ့မြို့တော်ဝန်ကတော့ ဒီတိုက်ခိုက်မှုကို “နိုင်ငံရေးအရ လုံကြံသတ်ဖြတ်မှု”လို့ ပြောပြီး အမေရိကန်နိုင်ငံသားတွေအချင်းချင်း “အမုန်းတရား” တွေ ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

ချာလီကာ့ဟာ သူ့အသက် ၁၈ နှစ်အရွယ် ၂၀၁၂ ခုနှစ်မှာ Turning Point USA (TPUSA) ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ BBC
TPUSA ဟာ ကောလိပ်တွေမှာ ရှေးရိုးစွဲအယူဝါဒတွေ ပြန့်ပွားစေရေး ရည်ရွယ်ခဲ့တာပါ။

TPUSA ဟာ အမေရိကန် သမ္မတ ထရမ့် မဲဆွယ်ရေးအစီအစဉ် နဲ့ နီးကပ်တဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပြီး ပြီးခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာ လူငယ်မဲပေးသူများစွာကို ရှေးရိုးစွဲအယူဝါဒတွေ ဖြန့်ဝေနိုင် ခဲ့ပါတယ်။

ကာ့ ရဲ့ followers သန်းနဲ့ချီတဲ့ ပေါ့ကတ်စ် အစီအစဉ်ထောင်ဟာ လည်း ထရမ့်ရွေး‌ကောက်ပွဲ အောင်နိုင်ရခြင်းရဲ့ အဓိကသော့ချက်တွေထဲက တစ်ခုဖြစ်တယ်လို့ ရီပတ်ဘလင်ကန်ပါတီဘက်က ပြောကြပါတယ်။

ဇန်နဝါရီလက မြို့တော်ဝါရှင်တန်ဒီစီမှာ လုပ်တဲ့ ထရမ့်ရဲ့ သမ္မကျမ်းကျိန်တဲ့အခမ်းအနား ကို ချာလီကော့ လည်းတက်ရောက်ခဲ့ပြီး၊ နောက်ပိုင်းမှာ အိမ်ဖြူတော် ပုံမှန် ဝင်ထွက်သွားလာနေသူ ဖြစ်လာခဲ့ပါတယ်။ အမေရိကန်သမ္မတထရမ့် ကတော့ သူ့ရဲ့လူမှုကွန်ယက်မီဒီယာ Truth မှာ “ချာလီကာ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် ပူဆွေးသောကတွေ နဲ့ အမြတ်ဒေါသတွေ ပြည့်နှက်နေတယ်” လို့ ရုပ်သံဗီဒီယိုကတဆင့် ပြောလိုက်ပါတယ်။

Source - BBC

ပုံစာ - ချာလီကာ့ ပစ်ခတ်မခံရမီ မြင်ကွင်

#centralnewsnaypyitaw

image
20 w - Translate

Upgrade your interiors with stylish and durable wall panels from Haibo, designed to blend beauty with strength.

#wallpanelfactory #interiordesign #homeimprovement #haibo

Wall Panel Factory - Haibo Manufacturer in China

Choose Haibo Wall Panel Factory for affordable, stylish wall panels that match any interior. Our custom solutions are designed to meet your needs and exceed your expectations.

image
20 w - Translate

မိမိစိတ်ကို ထိန်းသိမ်းနည်း "
လောကမှာ လူတွေဟာ အချင်းချင်း ဆက်ဆံနေကြတဲ့အခါမှာ
- မဟုတ်မမှန်တာတွေ ပြောတာတွေ
- ရိုင်းရိုင်းပြပြ ပြောတာတွေ
- ကျိုးကြောင်းစီလျော်မှုမရှိဘဲ ပြောတာတွေ ကြုံတွေ့နိုင်တယ်။
အဲလိုစကားတွေ ကြားလာခဲ့ရင် -
မြတ်စွာဘုရားက ကျင့်စဉ်လေး ပေးထားတယ် ။
"န စဝေ မေ စိတ်တံ ဝိပရိဏတံ ဘဝိဿတိ "
- ငါ့စိတ်က အပြောင်းအလဲ မဖြစ်စေရဘူး လို့
အဲဒီလို စိတ်မဆိုးနဲ့တဲ့။
- ပင်ကိုယ်စိတ်ကလေးက ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားစေနဲ့ ။
- ဒေါသစိတ် မဖြစ်ပေါ်နဲ့ ။
- စိတ်ဓါတ် မပြောင်းလဲသွားစေနဲ့တဲ့ ။
- အပြောမခံရခင်က စိတ်ကတစ်မျိုး , အပြောခံရတဲ့အခါမှာ
စိတ်က တစ်မျိုး အဲဒီလို မပြောင်းလဲသွားစေနဲ့ တဲ့ ။
အပြောမခံလိုက်ရခင်က စိတ်မျိုးကို ထိန်းထားပါတဲ့ ။
မျက်နှာကြော တင်းသွားတာတို့ ၊
ဒေါသနဲ့ ပြန်ပြောမိတာတို့ ဖြစ်တတ်ပါတယ် ။
အဲဒီလို စိတ်ပြောင်းလဲမသွားအောင် ထိန်းပါ တဲ့ ။
တရားကျင့်တယ် ဆိုတာလဲ ဒါပါပဲ ။
တရားကျင့်တယ် ဆိုတာ အများက " တင်ပလ္လင်ခွေ ထိုင်ပြီး မျက်စိကို စုံမှိတ်ထားတာ အဲဒီလိုမျိုး ထိုင်မှ တရားကျင့်တယ် , တရား အားထုတ်တယ် လို့ ထင်တယ် ။ အဲဒီလိုကျင့်တာက သမာဓိရအောင် ကျင့်တာ ခေါ်တယ် ။
ကိုယ့်စိတ်ကလေးကို ပြောင်းလဲသွားတာမျိုး မဖြစ်အောင်
ထိန်းနိုင်တာကိုလည်း တရားကျင့်တယ် လို့ သတ်မှတ်နိုင်တယ် ။
ဒါကြောင့် စိတ်ဆုံးဖြတ်ချက် ချပြီးတော့ စိတ်ကလေးကို
ထိန်းသိမ်းမယ် လို့ သန္နိဋ္ဌာန် ချထားလိုက်ပါ ။
-----------------------------------------
စိတ်ကလေးကို မထိန်းနိုင်လို့ ပြောင်းသွားပြီ ဆိုရင်
ထပ်ပြီး ထိန်းလိုက်ရမှာက -
- မကောင်းတဲ့ စကားနဲ့ မတုန့်ပြန်နဲ့ ။
- ရိုင်းရိုင်းစိုင်းစိုင်း မတုန့်ပြန်နဲ့ တဲ့ ။
- မကြားဝံ့ မနာသာ စကားမျိုးတွေ မထွက်ပါစေနဲ့ တဲ့ ။
( ၁) စိတ်မဆိုးမိအောင် ထိန်းလိုက်ပါ ။
( ၂ ) တကယ်လို့ စိတ်မထိန်းနိုင်လို့ ဒေါသ ဖြစ်မိရင်လဲ
မကြားဝံ့ မနာသာ စကားတွေနဲ့ မတုန့်ပြန်လိုက်ပါနဲ့ တဲ့ ။
လူက ကိုယ့်ကိုလာပြီးဆဲရင် ပြန်ပြီး ဆဲတတ်ကြတယ် ။ ဒါကြောင့် ယုတ်ယုတ်မာမာ စကားလုံးတွေနဲ့ ပြန်မပြောပါနဲ့ လို့ ပြောတာ ။
ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး ။ ဒါက မျိုသိပ်နိုင်တဲ့ အဆင့်ထိ ပြောတယ် ။ တချို့က ပြောတယ် ။ မျိုသိပ်ရတာ များရင် ပေါက်ကွဲကုန်မယ် တဲ့ ။ တနည်းအားဖြင့် သည်းခံတယ် ဆိုတာ အတိုင်းအတာ ရှိတယ် ။ ဒါကြောင့် မပေါက်ကွဲအောင် ဘယ်လိုလုပ်ရမလဲ ။
( ၃ ) အဲဒီစကားလာပြောတဲ့ ပုဂ္ဂိုလ်ရဲ့ ကောင်းကျိုးကို လိုလားတဲ့ စိတ်ကလေး မွေးလိုက်ပါ တဲ့ ။ ဒေါသစိတ်နဲ့ မတုံ့ပြန်ပဲ နေလိုက်ပါ ။ စိတ်ဓါတ်ကို ပြောင်းလိုက်တာနော် ။
( ၄ ) ဒီလို ပြောတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးကို လိုလားတဲ့စိတ်နဲ့ မေတ္တာ ပို့ပေးပါ ။
ဒီလိုမှ မဟုတ်ရင် ပေါက်ကွဲသွားနိုင်တာကိုး ။ ဒါကြောင့် မြတ်စွာဘုရားရှင်က ကိုယ့်ကို ဒီလိုမျိုး ဆက်ဆံလာလို့ရှိရင် -
ပထမ - ပြောလာတဲ့သူကို စိတ်မဆိုးမိအောင် စိတ်ကို ထိန်းလိုက်ပါ ။
ဒုတိယ - ကြမ်းတမ်းတဲ့ စကားတွေနဲ့ မတုံ့ပြန်ပါနဲ့ ။
တတိယ - အကျိုးလိုလားတဲ့ စိတ်ကလေး မေတ္တာစိတ်ကို မွေးလိုက်ပါ တဲ့ ။
ပိုပြီးခိုင်မာလာအောင် အဲဒီပုဂ္ဂိုလ်ကို မေတ္တာပွားများပေးလိုက်ပါ တဲ့ ။
နောက်တစ်ခုက အဲဒီလူအပေါ်ကနေ မေတ္တာစိတ်ကလေး ထားရာကနေ ပိုပြီး ကျယ်ပြန့်တဲ့ မေတ္တာနဲ့ သတ္တဝါအားလုံးအပေါ်မှာ မေတ္တာ ဖြန့်ကျက်လိုက်ပါတဲ့ . . ။
---------------------------------------------------
လွယ်လွယ်ကူကူတော့ရမှာ မဟုတ်ပေမယ့် လေ့ကျင့်ယူကြရမယ် ။
တချို့ကပြောတယ် ။ ကိုယ်နဲ့ မတန်တဲ့သူကို ဘယ်လိုမှ မေတ္တာ ထားလို့ မရဘူး တဲ့ ။ ဒါဟာ အမုန်းတရားကို အရှုံးပေးနေတာပါပဲ ။ အဲဒီလူမှာ မေတ္တာဓာတ် အလွန်အားနည်းနေလို့ပဲ ။
လူတွေရဲ့ မွေးရာပါ သန္တာန်မှာ အကောင်းနဲ့ အဆိုး ( ၂ ) မျိုးပဲ ရှိတယ် ။ သဘာဝ( ၂ ) မျိုးမှာ ဒေါသဆိုတဲ့ အဆိုးတရားက လွှမ်းမိုးနေလို့ မေတ္တာဓါတ်တွေ အားနည်းနေတာ ဖြစ်တယ် ။
ဒါဆို ဘယ်လိုလုပ်ရမလဲ ။ မေတ္တာဓါတ်တွေ ရလာအောင် တဖြည်းဖြည်း လေ့ကျင့်ယူရမှာပေါ့ ။ မလေ့ကျင့်ဘဲ လာမှ မဖြစ်လာနိုင်ဘူး။
တောင်တက်သမားတွေ ဆိုရင်လဲ လေ့ကျင့်ရတယ် ။
ဘောလုံးသမားတွေဆိုရင်လည်း လေ့ကျင့်ရတာပါပဲ ။
ရေကူးသမားတွေလည်း လေ့ကျင့်ရတာပဲ ။
လေ့ကျင့်ရင် စွမ်းရည် တက်လာတာပဲ။
စိတ်ကိုလည်း လေ့ကျင်ပေးရင် စွမ်းရည်တက်လာမှာပါပဲ ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

သံသရာကို မကြောက်ရင်တော့
ကံကြမ္မာကို ဖောက်ပြန်ကြရုံပေါ့ ။
သူအသက်ကို သတ်ရင်
ကိုယ့်အသက်လည်း မရှည်ပါဘူး ။
သူ့ဥစ္စာကို ခိုးယူထားရင်
ကိုယ့်ဥစ္စာလည်း လုံးဝမတိုးပွားဘူး ။
သူ့သားမယား စော်ကားရင်
ကိုယ့်မှာလည်း မတော်မတရားဖြစ်မယ် ။
ကိုယ်မဟုတ်တာ လိမ်ပြောမိရင်
မှန်တဲ့သူတွေနဲ့လည်း မတွေ့ရတတ်ဘူး ။
မေ့လျော့စွာ သေရည်သောက်ရင်
ဖြစ်လေရာ ဉာဏ်မရှိပဲ အရှူးဖြစ်မယ် ။
ပစ္စုပ္ပန်အကြောင်း ကောင်းပါမှ
အနာဂတ် အကျိုးကောင်းကြမှာပါ ။
ဘယ်သူမှ မသိဘူး မထင်ပါနဲ့
ကံ၀ဋ်ကြွေးတွေက သိနေကြပါတယ် ။
အပြင်မှာ လာဘ်ထိုးလို့ ရပေမယ့်
ကံကြွေး‌ဆိုရင် ငရဲမှာ လာဘ်ထိုးမရပါဘူး ။
စားရလှတစ်ဝမ်း ဝတ်ရလှတစ်နေ့
နေရလှတစ်သက်လောက်ပါ
ဘာမှမက်လောက်စရာ မရှိကြပါဘူး ။
သံသရာမှာ အကုသိုလ်ကံသတ္တိတွေဟာ
ကမ္ဘာနဲ့ချီပြီးတော့ ခံကြရတာပါ ။
နေရသမျှ အခိုက်တန့်လေးမှာ
တစ်ခဏ ချမ်းသာဖို့ အရေးအတွက်
သံသရာရဲ့ဒုက္ခများစွာနဲ့ မလဲမိအောင်
အထူးဂရုစိုက်ပြီး နေထိုင်ဖို့လိုပါတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
🙏ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ🙏

image