ပရီးမီးယားလိဂ်နိုင်ပွဲ ၂၅၀ ရရှိလာပြီးနောက် ဆာအဲလက်စ်ဖာဂူဆန်နှင့် ဝင်းဂါးတို့အား ညစာဖိတ်ကျွေးမယ်လို့ ဂွါဒီယိုလာ ပြောကြားလာ

အောက်တိုဘာ ၆

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်နိုင်ပွဲ ၂၅၀ အား အမြန်ဆုံး ရယူနိုင်တဲ့ နည်းပြအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီးတဲ့နောက် အထူးစပါယ်ရှယ်အောင်ပွဲခံရန် စီစဉ်နေပါတယ်။

ဂွါဒီယိုလာဟာ ဘရန့်ဖို့ဒ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတွင် နိုင်ပွဲ ၂၅၀ ရယူနိုင်တဲ့ ၁၆ ဦးမြောက်နည်းပြဖြစ်လာပါတယ်။

ယခင်တုန်းက ပရီးမီးယားလိဂ်နိုင်ပွဲ ၂၅၀ အမြန်ဆုံးရယူနိုင်တဲ့ နည်းပြအဖြစ် ဆာအဲလက်စ်ဖာဂူဆန်က ၄၀၄ ပွဲဖြင့် ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဂွါဒီယိုလာဟာ ပွဲ ၃၄၉ ပွဲ ကိုင်တွယ်ရာမှာ နိုင်ပွဲ ၂၅၀ ရယူနိုင်ခဲ့တာ ဖြစ်ပြီး ယင်းမှတ်တမ်းအား အမြန်ဆုံး ရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂွါဒီယိုလာက "ဆာအဲလက်စ်ဖာဂူဆန်၊ အာစင်ဝင်းဂါးတို့နဲ့ အတူ မှတ်တမ်းရေးထိုးနိုင်လို့ ဂုဏ်ယူတယ်။ သူတို့ကို ကောင်းမွန်တဲ့ညစာစားဖို့ ဖိတ်သွားမယ်။ ပရီးမီးယားလိဂ်သမိုင်းရဲ့ အစိတ်အပိုင်း ဖြစ်ခွင့်ရလို့ အရမ်းကျေနပ်တယ်။ အရမ်းကျေနပ်တယ်။ အခု ပွဲ ၂၅၀ ကျော်နိုင်ပွဲတွေဆီသို့ သွားကြစို့"လို့ ပြောကြားလာပါတယ်။

မန်စီးတီးကို ၁၀ ရာသီမြောက် ကိုင်တွယ်နေတဲ့ ဂွါဒီယိုလာဟာ ၂၀၁၆ တွင် မန်စီးတီးသို့ ရောက်လာပြီးနောက် ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ် ရယူပေးထားသလို ၂၀၂၃ ခုနှစ်တုန်းက သမိုင်းဝင် ဆုဖလား ၃ လုံး ရယူပေးနိုင်ခဲ့ပါတယ်။

သူဟာ ၂၀၁၇-၁၈ ရာသီတုန်းက ပရီးမီးယားလိဂ် ၃၈ ပွဲတွင် နိုင်ပွဲ ၃၂ ပွဲအထိ ရယူကာ သမိုင်းတွင် တစ်ရာသီတည်း ရမှတ် ၁၀၀ အထိ ရယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့သလို ပရီးမီးယားလိဂ်ဖလား ၄ ရာသီဆက် ရယူထားနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ်လည်း သမိုင်းမှတ်တိုင်စိုက်ထူထားပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

ကျိုက်ထိုမှ ရန်ကုန်သို့ ဘုရားဖူးလာသည့်ယာဥ် လှည်းကူး Max တိုးဂိတ်အနီးတွင် ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာက ၁၆ ဦး ဒဏ်ရာရ

အောက်တိုဘာ ၆

ကျိုက်ထိုမြို့မှ ရန်ကုန်မြို့သို့ ဘုရားဖူးလာရောက်သည့်ယာဥ် လှည်းကူး Max တိုးဂိတ်အနီးတွင် ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာက ဘုရားဖူးခရီးသည် ၁၆ ဦး ဒဏ်ရာရမှု အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်ဟု Yangon Rescue Organization (YRO) မှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က ကျိုက်ထိုမြို့မှ ရန်ကုန်သို့ ဘုရားဖူးရန်လာသော ခရီးသည်တင် Mini Bus ကားတစ်စီးသည် လှည်းကူး Max တိုးဂိတ်အနီး ဘရိတ်ပေါက်ပြီး လမ်းဘယ်ဘက်အခြမ်းဘက်ရှိ ပလက်ဖောင်းနှင့် အကာအရံများအားကျော်၍ လမ်းဘေးသို့ရောက်ရှိ တိမ်းမှောက်သွားကြောင်း သိရှိရသည်။

အဆိုပါ တိမ်းမှောက်မှုဖြစ်စဥ်ကြောင့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁၅ ဦး အပါအဝင် လူ ၁၆ ဦးတွင် အဝါရောင်အဆင့် ၂ ဦးနှင့် အစိမ်းရောင်အဆင့် လူနာ ၁၄ ဦးအား လှည်းကူးပရဟိတကွန်ရက်မှ ကြက်ခြေနီများအပါအဝင် လူနာတင်ယာဥ် ၅ စီး၊ ထောက်ကြံ့ကွန်ရက်မှ လူနာတင်ယာဥ် ၂ စီး၊ YRO ရှာ/ကယ် အတွင်းရေးမှူး (မိုးပျံ)နှင့် "01" အဖွဲ့တို့မှ လူနာတင်ယာဥ် ၄ စီး တို့ဖြင့် သွားရောက်ကူညီကာ လူနာများအား လှည်းကူးဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြသည်ဟု သိရသည်။

ဓာတ်ပုံ - YRO & ရှင်သန်ရေးကူညီမှုအသင်း

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်တွင် ကုန်တင်စက်လှေတစ်စီး တစ်နာရီခွဲကြာ မီးလောင်မှုဖြစ်ပွား

အောက်တိုဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ တောနောက်လယ်ကျေးရွာအနီး တနင်္သာရီမြစ်အတွင်း ကုန်တင်စက်လှေတစ်စီး တစ်နာရီခွဲကြာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှသိရသည်။

ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၅ရက်)၊ နံနက် (၁၀)ဝန်းကျင်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုအား မြိတ်မြို့နယ်မီးသတ်စခန်းမှ Speed Boat (၃)စီး၊ လူနာတင်ယာဉ်(၁)စီး၊ ပုဂ္ဂလိကကုန်တင်စက်လှေ(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဂရုဏာလူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့စု(မြိတ်)မှတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ မွန်းလွဲ (၁၁)နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Credit - NP News Agency

#centralnewsnaypyitaw

imageimage

မန်စီးတီး နိုင်ပွဲဆက်၊ အာဆင်နယ် ဇယားထိပ်ရောက်လာ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာ မန်စီးတီးဟာ ဘရန့်ဖို့ဒ်ကို ၁-၀ နဲ့ နိုင်ပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာကို ရောက်လာပါတယ်။

မန်စီးတီးဘက်က အာလင်း ဟာလန်းက ပွဲစပြီး ၉ မိနစ်မှာ သွင်းယူတဲ့ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ဟာလန်းဟာ ၇ ပွဲမှာ ၉ ဂိုးသွင်းထားနိုင်ပြီး အခုချိန်ထိ ဂိုးအများဆုံးသွင်းထားသူလည်း ဖြစ်ပါတယ်။

ဒီရာသီမှာ ရှုံးပွဲမရှိသေးတဲ့ ခရစ္စတယ်ပဲလေ့စ်ကတော့ မနေ့က အယ်ဗာတန်ကွင်းမှာ ၂-၁ နဲ့ရှုံးပြီး ပထမဆုံးရှုံးပွဲနဲ့ ကြုံရကာ အဆင့် ၆ နေရာကို ရောက်သွားပါတယ်။

စနေနေ့က ပွဲစဥ်တွေထဲမှာတော့ အာဆင်နယ်နိုင်ပွဲရပြီး လီဗာပူးလ်ကတော့ ချဲလ်ဆီးကွင်းမှာ ၂-၁ နဲ့ ရှုံးလို့ နှစ်ပွဲဆက်ရှုံးပွဲကြုံခဲ့ရပြီး အာဆင်နယ်ဟာ လီဗာပူးလ်ကို ၁ မှတ်အသာနဲ့ ဇယားထိပ်ကို ရောက်လာပါတယ်။ မန်ယူကတော့ စနေနေ့က ဆန်းဒါးလန်းကို နိုင်ပြီး နိုင်ပွဲပြန်ရခဲ့ပါတယ်။

ဒီအပတ်ကစားခဲ့တဲ့ ပွဲစဥ်အားလုံးရလဒ်တွေကတော့

လိဒ်စ် ၁-၂ တော့တင်ဟမ် ဟော့စပါး
အာဆင်နယ် ၂-၀ ၀ကျဈဟမျး
မန်ချက်စတာယူနိုက်တက် ၂-၀ဆနျးဒါးလနျး
ချဲလ်ဆီး ၂-၁ လီဗာပူးလ်

အက်စတန်ဗီလာ ၂-၁ ဘန်လေ
အယ်ဗာတန် ၂-၁ ခရစ္စတယ်လ် ပဲလေ့စ်
နယူးကာဆယ် ၂-၀ နော့တင်ဟမ် ဖောရက်စ်

ဝုဗ်စ် ၁-၁ ဘရိုက်တန်
ဘရန့်ဖို့ဒ် ၀-၁ မန်ချက်စတာ စီးတီး
ဘွန်းမတ်သ် ၃ - ၁ ဖူလ်ဟမ်

#ဘောလုံးသတင်းစုံ

imageimage
+5

အောက်တိုဘာ ၆ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

အောက်တိုဘာ ၆ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
49 w - Translate

ရောက်ရှိ သတင်းပို့

image
49 w - Translate

မိုးအေးတော့လည်း ဖြစ်သလိုလေး 😁

image
49 w - Translate

ဆိုင်နီးချင်းရဲ့ အလှူ
သာဓု သာဓု သာဓု ပါဗျာ

image

ချယ်လ်ဆီးအသင်းမှာ ပထမဆုံးဂိုးသွင်းယူနိုင်ခြင်းနဲ့အတူ အသင်းကိုပါ နိုင်ပွဲရယူပေးနိုင်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ဘရာဇီးလ်တောင်ပံကစားသမားလေး Estvo

Credit Photo
#ဘောလုံးသတင်းစုံ

image
image
image
image
image