တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်တွင် ကုန်တင်စက်လှေတစ်စီး တစ်နာရီခွဲကြာ မီးလောင်မှုဖြစ်ပွား 
 
အောက်တိုဘာ ၆ 
 
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ တောနောက်လယ်ကျေးရွာအနီး တနင်္သာရီမြစ်အတွင်း ကုန်တင်စက်လှေတစ်စီး တစ်နာရီခွဲကြာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှသိရသည်။ 
 
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၅ရက်)၊ နံနက် (၁၀)ဝန်းကျင်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
 
အဆိုပါမီးလောင်မှုအား မြိတ်မြို့နယ်မီးသတ်စခန်းမှ Speed Boat (၃)စီး၊ လူနာတင်ယာဉ်(၁)စီး၊ ပုဂ္ဂလိကကုန်တင်စက်လှေ(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဂရုဏာလူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့စု(မြိတ်)မှတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
 
ထိုသို့ဆောင်ရွက်ခဲ့ရာ မွန်းလွဲ (၁၁)နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ 
 
Credit - NP News Agency 
 
#centralnewsnaypyitaw

 
          
        
         
 
		  
		 
		 
		 
		 
                