TNLA ထိန်းချုပ်ထားတဲ့ သီပေါမှာ သုံးရက်အတွင်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ဖြစ်ပွား

အောက်တိုဘာ ၅

ရှမ်းပြည်နယ် မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ အောက်တိုဘာလ ၂ ရက်နေ့နဲ့ ၄ ရက်နေ့ သုံးရက်အတွင်း လေကြောင်းနဲ လေးကြိမ် ဗုံးကြဲ တိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"သီပေါမှာ သုံးရက်ထဲကို လေယာဉ်နဲ့ လေးကြိမ် ဗုံးကြဲ ခံရတာ ဟုတ်တယ်။ မနေ့က တရက်ထဲပဲ သုံးကြိမ် ကြဲသွားတယ်။ ၂ ရက် ညက တကြိမ် ကြဲသွားတယ်။" လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ည ၈ နာရီကျော်ခန့်က တကြိမ်ထဲ သုံးနေရာ ဗုံး ငါးလုံးခန့် ကြဲသွားတယ်လို့ သူက ပြောပါတယ်။

"အထက ၂ ထဲတလုံး၊ ဇာတ်စုရပ်မှာ နှစ်လုံးကျတယ်။ တလုံး မကွဲဘူး။ ကျောင်းစုရွာက ဘုန်းကြီးကျောင်းမှာရော ကျတယ်။ အဲဒီ နားက လူတွေ ရှောင်သွားကြပြီ ဖြစ်လို့ လူ မထိဘူး" လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

လေယာဉ် ဗုံးကြောင့် မြို့ထဲ နေအိမ် ၈ လုံးခန့် ပျက်စီးသွားပြီး ကျောင်းစုရွာဘက်တော့ သိမ်ကျောင်းရယ်၊ ကမ္ဘာလုံးစေတီရယ်၊ အဆောင်ရယ် ထိခိုက်ပျက်စီး သွားတယ်လို့ သူက ပြောပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်ခန့်က ကျင်သီရွာဘက် လေကြောင်း ဗုံးကြဲ ခံရလို့ တောင်ယာထဲကျရောက် ပေါက်ကွဲခဲ့တာကြောင့် အလုပ်လုပ်နေတဲ့ အမျိုးသား တယောက် ခြေထောက် နှစ်ဖက် ပြတ်သွားတာ နောက်ထပ် အမျိုးသား တယောက်က ဗိုက်မှာ ထိမှန် ဒဏ်ရာ ရခဲ့တယ်လို့ သူက ပြောပါတယ်။။

ယမန်‌နေ့ အောက်တိုဘာလ ၄ ရက်‌ေန့မှာပဲ မနက်မနက် ၇ နာရီ ၅၀ မိနစ်ခန့် သီပေါမြို့နယ်၊ အုံမုရွာနဲ့ ဂေါ်ဒန်သတ္ထုတွင်းကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့ည ၁၀ နာရီကျော်ခန့်ကလည်း သီပေါမြို့နယ်၊ စံဖိတ်ရွာရှိ ကုမုဒြာ ဟိုတယ်မှာ လေကြောင်း ဗုံးကြဲသွားလို့ အဆောက်အဦးတွေ ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂ နေ့ ကနေ ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ အထိ TNLA ထိန်းချုပ်ရာ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန် တွေမှာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရလို့ အနည်းဆုံး လူ ၆ ယောက် သေဆုံးပြီး ၁၇ ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ပြီပြီကြောင်း ဒေသခံတေဠရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo Crd# ဒေသခံများ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image

တာချီလိတ်တွင် အရှိန်ပြင်းစွာမောင်းလာသော ကားတစ်စီးအဆင့်ဆင့်ဝင်တိုက်မိ၍ သားအမိ(၂)ဦး ပွဲချင်းပြီးသေဆုံး

အောက်တိုဘာ ၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အရှိန်ပြင်းစွာမောင်းလာသော ကားတစ်စီးအဆင့်ဆင့်ဝင်တိုက်မိ၍ သားအမိ(၂)ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(အောက်တိုဘာ ၅ရက်)၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က တာချီလိတ်မြို၊ ဗိုလ်ချုပ်လမ်း၊ အ.ထ.က(၁) ကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်တာက စပြီးတိုက်ပြီဆိုတည်းက တရစပ်တိုက်သွားတာ။ တိုက်ပြီးရှေ့နားလေးရောက်တော့ ဆိုင်ကယ်သမားတွေရော ကား သမားတွေရော တိုက်တော့ သေတာက (၂)ယောက်ပါ။ တစ်နှစ်ကျော်ကလေးလေးတစ်ယောက်ရယ်။ သူ့မေရယ် (၂)ယောက်သေတာ။ တိုက်တာက တရစပ်တိုက်သွားတာဆိုတော့ သာမန်မဟုတ်လို့ဖြစ်မယ်။ တိုက်တဲ့ကားသမားကိုလည်း ကျွန်မတို့တော့မတွေ့ လိုက် ဘူး။ သူများတွေ လိုင်းပေါ်မှာတင်ထားမှ သိတာ။ (၂)ဦးလို့သိရတယ်”ဟု ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက်(၁)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူ အသက်(၂၀)နှစ်ကျော်အရွယ် အမျိုးသမီး (၁) ဦးတို့ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် အသက်(၁၀)နှစ်အရွယ် အမျိုးသား(၁)ဦး၊ အသက်(၄၀)ကျော်ဝန်းကျင် အမျိုးသား (၁) ဦးနှင့် အမျိုးသမီး(၁) ဦးအပါအဝင် အသက်(၆၀)ကျော်အရွယ် အမျိုးသမီး (၁) ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“အသက်(၄၀)ကျော်ပတ်လည် အမျိုးသား (၁)ယောက် အမျိုးသမီး(၁)ယောက် ကလည်းအခြေအနေမကောင်းဘူး။ ဆွေမျိုးတွေ မတွေ့သေးဘူး။ တိုက်တာက (၆) ယောက်ကိုတိုက်မိတာ။ အသက် (၆၀)ကျော်အဖွားတစ်ယောက်ကလည်း ခြေထောက်နာသွားတာ။ ကျိုးလားမကျိုးလားဆိုတာတော့ ဓာတ်မှန်ရိုက်ကြည့်မှသိရမယ်။ အဖွားနဲ့ (၁၀)နှစ်ကျော်လေးကတော့ မစိုးရိမ်ရဒဏ်ရာပေါ့နော်”ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းထံမှ တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ယာဉ်တိုက်မှုကျူးလွန်သူအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

Credit - NP News Agency

#centralnewsnaypyitaw

imageimage

အစ္စရေးဓါးစာခံတွေအားလုံးကို ပြန်လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဟားမက်လက်နက်ကိုင်အဖွဲ့ပြော

အောက်တိုဘာ ၅

ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အစ္စရေးဓါးစာခံတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ လွှဲပြောင်းပေးမှုဆိုင်ရာအသေးစိတ်အချက်အလက်တွေကို‌ ဆွေးနွေးဖို့အတွက် ပြင်ဆင်ထားတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသကို လွတ်လပ်တဲ့ပါလက်စတိုင်းအဖွဲ့ထံ လွှဲပြောင်းပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသငြိမ်းချမ်းရေးအတွက် ဒေါ်နယ်ထရမ့်ရဲ့အဆိုပြုချက်ကို လေ့လာသုံးသပ်ခဲ့ပြီးနောက် အဲဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်တယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့အဆိုပြချက်ထဲမှာ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား ချက်ချင်းအပစ်အခတ်ရပ်စဲဖို့၊ အကျဉ်းသားအပြန်အလှန်လဲလှယ်ဖို့၊ ဂါဇာကနေ အစ္စရေးတပ်ဖွဲ့တွေရုတ်သိမ်းဖို့တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။

ဟားမက်လက်နက်ကိုင်အဖွဲ့က “ဒီလိုအခြေအနေမျိုးမှာ ဓါးစာခံတွေ ပြန်လွှတ်ပေးဖို့နဲ့ အကျဉ်းသားလဲလှယ်မှုဆိုင်ရာအသေးစိတ်အချက်အလက်တွေကို ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသအုပ်ချုပ်ရေးကို လွတ်လပ်တဲ့ ပါလက်စတိုင်းအဖွဲ့ကို လွှဲပြောင်းပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image

စင်္ကာပူမှာ မြန်မာအိမ်အကူတစ်ဦး အိမ်ရှင်ဘဏ်ကတ်ထဲက ငွေထုတ်ယူမှုနဲ့ ထောင်ဒဏ် ချမှတ်ခံရ

အောက်တိုဘာ ၅

စင်္ကာပူနိုင်ငံမှာ မြန်မာအိမ်အကူ အမျိုးသမီးငယ်တစ်ဦးဟာ အိမ်ရှင်ရဲ့ ဘဏ်ကတ်ထဲက ငွေတွေ ထုတ်ယူမှုနဲ့ ထောင်ဒဏ် ၉ လ ချမှတ်ခံလိုက်ရတယ်လို့ စင်္ကာပူကလာတဲ့သတင်းတွေမှာ ဖော်ပြ ပါတယ်။

အိမ်ရှင်ရဲ့ငွေ စင်္ကာပူ ဒေါ်လာ တစ်သောင်းကျော်ကို ဘဏ်ကတ်ထဲကနေ ထုတ်ယူခဲ့သူဟာ အသက် ၂၅ နှစ်အရွယ် မယဉ်ဆိုသူလို့လည်း သတင်းတွေက ဆိုပါတယ်။

လေဖြတ်လို့ ဘီးတပ်ကုလားထိုင်သုံးပြီး သွားလာနေရတဲ့ အိမ်ရှင်အမျိုးသမီးဟာ မယဉ်ကို ATM ကတ်နဲ့အတူ စကားဝှက်ကို ပေးပြီး ငွေထုတ်ခိုင်းခဲ့အပြီးမှာ မယဉ်က နောက်ပိုင်း ပိုင်ရှင် မသိဘဲ အကြိမ်ကြိမ် ငွေတွေထုတ်ခဲ့တာလို့ စင်္ကာပူသတင်း ရှင်းမင်းနေ့စဉ်သတင်းက ဆိုပါတယ်။

အသက် ၆၈ နှစ်အရွယ် အမျိုးသမီးက လေဖြတ်သွားတာကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာကစပြီး မြန်မာအိမ်အကူကို တစ်လ စင်ကာပူဒေါ်လာ ၅၅၀ ( မြန်မာငွေ ရှစ်သိန်းကိုးသောင်းကျော်)နဲ့ အလုပ်ခန့်ခဲ့တာပါ။

ဒါ့ကြောင့် မြန်မာအိမ်အကူက အိမ်ရှင်ခွင့်ပြုချက်မရှိဘဲ ၂၀၂၄ ခုနှစ် ဧပြီ ၂၆ ကနေ အောက်တိုဘာ ၃၀ ရက်အတွင်း အကြိမ်ပေါင်း ၁၉ ကြိမ် မှာ ငွေ စင်ကာပူဒေါ်လာ ၁၀၀ ကနေ ၅၀၀ အထိ စုစုပေါင်း ၁၀,၀၀၀ ကျော် ထုတ်ယူခဲ့ပါတယ်။

Credit - BBC Burmese

#centralnewsnaypyitaw

image

သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ နှင့် ရေနံစိမ်းများကို လက်ခံသိုလှောင်ထားသော သံကန်တန်းများတွင် လုံခြုံရေးသတိထားရန် တိုက်တွန်း

အောက်တိုဘာ ၅

သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ နှင့် ရေနံစိမ်းများကို လက်ခံသိုလှောင်ထားသော သံကန်တန်းများတွင် လုံခြုံရေးသတိထားရန် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က တိုက်တွန်းပြောကြားထားသည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ပဲခူးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းနှင့်အတူ အောက်တိုဘာ (၃)ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပြည်ရေနံမြေရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေးဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ သွားရောက်စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်ရေနံမြေသည် သက်တမ်းရင့်ရေနံမြေတစ်ခုဖြစ်သော်လည်း နိုင်ငံတော်မှလိုအပ်လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အလားအလာကောင်းများစွာရှိကြောင်း ပြောကြားခဲ့သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့နှစ်မျိုးလုံးကို တူးဖော်ထုတ်လုပ်နိုင်သည့် ရေနံမြေတစ်ခုဖြစ်ပြီး ခေတ်မီနည်းပညာနှင့် စက်ကိရိယာများ အသုံးပြုထုတ်လုပ်နိုင်ရေးအတွက် အစီအမံများချမှတ်၍ ဖြည့်ဆည်းပေးလျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ထို့ပြင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများနှင့် ရေနံစိမ်းများကို လက်ခံသိုလှောင်ထားသော သံကန်တန်းများတွင် အဖျက်အမှောင့်လုပ်ငန်းများမရှိစေရေး လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်မြို့ဆည်မြောင်းဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် ပြည်ခရိုင်စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ စက်သုံးဆီဆိုင်လုပ်ငန်းရှင်များနှင့်လည်းကောင်း၊ ဥသျှစ်ပင်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပန်းတောင်းမြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များ၊ ဥသျှစ်ပင်မြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

ထိုသို့ ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လက်ရှိအခြေအနေတွင် ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှုသည် RON 68၊ 77 တို့သာထုတ်လုပ်ပေးနိုင်ပြီး ပြည်တွင်းသုံးစွဲမှု လုံလောက်မှုမရှိပါသဖြင့် ပြည်ပမှဝယ်ယူတင်သွင်းမှုကို မှီခိုနေရကြောင်း၊ အဆိုပါအခြေအနေကို ကျော်လွှားနိုင်ရေး ပြည်တွင်းတွင် ကိုယ်တိုင်ချက်လုပ်နိုင်ရန်အတွက် ရေနံချက်စက်ရုံစီမံကိန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါရေနံချက် စက်ရုံစီမံကိန်းများပြီးစီးပါက စက်သုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဖူလုံစွာဝယ်ယူအသုံးပြုခွင့်ရရှိကြမည်ဖြစ်ပြီး စက်သုံးဆီလုပ်ငန်းရှင် များအနေဖြင့်လည်း အများပြည်သူများသို့ သတ်မှတ်ထားသော ဈေးနှုန်းများနှင့်အညီ ဖြန့်ဖြူးရောင်းချရန် လိုအပ်ကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် အရည်အသွေးနှင့် အခြင်အတွယ်ကိုက်ညီမှန်ကန်မှုရှိစေရန် လိုအပ်ပါကြောင်းပြောကြားခဲ့ကြောင်း သိရသည်။

Credit - NP News Agency

#centralnewsnaypyitaw

image

ယူနိုက်တက်ရဲ့အကောင်းဆုံးအချိန်ခါ စတင်ကျရောက်လာပြီလို့ ရူဘင်အမိုရမ် ယုံကြည်နေ

အောက်တိုဘာ ၅

ဆန်းဒါးလန်းနှင့်ပွဲစဉ်တွင် အကောင်းဆုံးခြေစွမ်းဖြင့် ကစားနိုင်ခဲ့ပြီးနောက် ရူဘင်အမိုရမ်က ယူနိုက်တက်ရဲ့ အကောင်းဆုံးအချိန်အခါ စတင်ကျရောက်လာပြီလို့ ယုံကြည်ကြောင်း ပြောကြားလာပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာ ဘရန့်ဖို့ဒ်အား ရှုံးနိမ့်ပြီနောက် မဖြစ်မနေ နိုင်ပွဲ ရယူရမယ့် တန်းတက် ဆန်းဒါးလန်းနှင့်ပွဲစဉ်တွင် နိုင်ပွဲ ရရှိလာမှုနှင့်အတူ ဖိအားအနည်းငယ်လျော့ကျလာပါတယ်။

ယူနိုက်တက်ဟာ မနေ့ညကပွဲတွင် မေဆင်မောင့်နှင့် တိုက်စစ်မှူးသစ်ဘင်ဂျာမင်ဆက်စ်ကိုတို့ရဲ့ ဂိုးဖြင့် ဆန်းဒါးလန်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ယင်းပွဲတွင် ကလပ်အတွက် ပထမဆုံးပွဲ ကစားလာတဲ့ ဂိုးသမားဆန်နီလမ်မန်မှာလည်း ဂိုးပေးခဲ့ရခြင်း မရှိပါဘူး။

အမိုရမ်က "ပြီးပြည့်စုံတဲ့ ခြေစွမ်းတော့ မဟုတ်ဘူး။ ဒါပေမယ့် ရင့်ကျက်တဲ့အသင်း၊ ပြိုင်ဆိုင်မှုကောင်းတဲ့အသင်း ဖြစ်နေပါတယ်"လို့ ပြောကြားသွားပါတယ်။

အမိုရမ်ဟာ ဆန်းဒါးလန်းနိုင်ပွဲကြောင့် ဖိအားအနည်းငယ်လျော့ကျလာတယ်ဆိုပေမယ့်လည်း ရာထူးမှ ထုတ်ပယ်ခံရနိုင်သေးတဲ့ အခြေအနေမျိုးမှာ ရှိနေဆဲ ဖြစ်ပါတယ်။

မေဆင်မောင့်ကတော့ "နည်းပြနောက်မှာ ကျွန်တော်တို့ ရာနှုန်းပြည့် ရှိနေတယ်။ ကျွန်တော်တို့ ၊ ပရိသတ်တို့၊ နည်းပြအဖွဲ့တို့ နာကျင်ရတဲ့ ရလဒ်အချို့ ရခဲ့တယ်။ ဒါပေမယ့် ဒီနိုင်ပွဲက အရေးပါတဲ့ နိုင်ပွဲပါ"လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး အမိုရမ်က "သူတို့(ကစားသမားတွေ)အကောင်းဆုံးလုပ်ချင်ကြတာ ကျွန်တော် သိပါတယ်။ သူတို့ နည်းပြအပြောင်းအလဲ မဖြစ်ချင်ကြဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ပြဖို့ လိုနေတယ်။ ဒီအပတ်ထဲမှာ ဒါကို ခံစားရတယ်။ ဒါပေမယ့် ကွင်းထဲမှာလည်း ပြဖို့ လိုတယ်။ တခါတလေ သူတို့ ပိုကောင်းနိုင်တာ သူတို့ သိကြပါတယ်"လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ အမိုရမ်လက်ထက် ပထမဆုံး နိုင်ပွဲဆက် နိုင်ပွဲရရှိရေးအတွက် နိုင်ငံတကာပွဲအပြီးတွင် ယခုနှစ်များအတွင်းတွင် အခက်ခဲဆုံး ပြိုင်ဘက်များဖြစ်နေတဲ့ လီဗာပူး၊ ဘရိုက်တန်တို့နှင့် ရင်ဆိုင်ကစားရပါမယ်။

#ဘောလုံးသတင်းစုံ

image

လီဗာပူးနိုင်ပွဲမှ အကြီးအကျယ်အောင်ပွဲခံမှုကြောင့် တစ်ပွဲပယ်ခံလာရတဲ့ ချဲလ်ဆီးနည်းပြမာရက်စ်ကာ

အောက်တိုဘာ ၅

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာဟာ မနေ့ညတုန်းက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် အက်စ်တီဗာအိုရဲ့ နောက်ကျအနိုင်ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်မှ အကြီးအကျယ်အောင်ပွဲခံမှုအတွက် တစ်ပွဲပယ်ပြစ်ဒဏ် ကျခံလာရတော့မှာ ဖြစ်ပါတယ်။

အီတလီလူမျိုးနည်းပြဟာ အချိန်ပို ၉၅ မိနစ်တွင် အက်စ်တီဗာအိုက နောက်ကျ အနိုင်ဂိုးသွင်းယူပြီးနောက် ကွင်းဘေးစည်းတစ်လျှောက် ပြေးလွှားကာ ကစားသမားများနှင့်အတူ အကြီးအကျယ်အောင်ပွဲခံမှု ပြုလုပ်ခဲ့ပါတယ်။

လက်စတာနည်းပြဟောင်းဟာ ယင်းသို့ အောင်ပွဲခံမှုကြောင့် ယင်းပွဲရဲ့ ဒုတိယမြောက်အဝါကတ်ပြသခြင်းခံလာရကကာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံလာရပါတယ်။

မာရက်စ်ကာဟာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံရမှုကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်အား ကျခံလာရပါမယ်။

သူဟာ နိုင်ငံတကာပွဲစဉ်များအပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် နော်တင်ဟမ်ဖောရက်စ်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမယ့်ပွဲစဉ်ကို ကြီးကြပ်ခွင့် ရရှိလာမှာ မဟုတ်ပါဘူး။

Credit - Playmaker News Journal

#ဘောလုံးသတင်းစုံ

imageimage

KNPP/KNDF အဖွဲ့နှင့် PDF ဖျက်ဆီးတိုက်ခိုက် သတ်ဖြတ်မှုကြောင့် နှစ်နစ်ခန့်ပိတ်ထားရသော လွိုင်ကော်တက္ကသိုလ်တွင် အဝေးသင် သင်တန်း ပြန်လည်ဖွင့်လှစ်မည်

အောက်တိုဘာ ၅

KNPP/KNDF အဖွဲ့နှင့် PDF ဖျက်ဆီးတိုက်ခိုက် သတ်ဖြတ်မှုကြောင့် နှစ်နစ်ခန့်ပိတ်ထားရသော လွိုင်ကော်တက္ကသိုလ်တွင် အဝေးသင် သင်တန်း တက်ရောက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက ယနေ့ကြေညာသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တောင်ကြီးတက္ကသိုလ်၏ ၂၀၂၅ ပညာသင်နှစ် အဝေးသင် သင်တန်းတွင် ကျောင်းအပ်နှံထားသော လွိုင်ကော်တက္ကသိုလ် (အဝေးသင်သင်တန်း) မှ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၅ ပညာသင်နှစ်၊ ဒုတိယအသုတ်နှင့် တတိယအသုတ် အနီးကပ်သင်တန်းနှင့် စာမေးပွဲများကို လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက်ဖြေဆိုကြရမည် ဖြစ်သည်။

KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကယားပြည်နယ်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ လူနေအဆောက်အဦများ၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည့်အပြင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကာ ပညာရေးဆိုင်ရာ အဆောက်အဦများ ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။

ထို့ပြင် လွိုင်ကော်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် ပါမောက္ခချုပ်အပါအဝင် ဆရာ/ဆရာမများနှင့် ပညာရေးဝန်ထမ်း ၁၃၂ ဦးနှင့်အတူ မှီခိုသူမိသားစုဝင် ၆၄ ဦး၊ စုစုပေါင်း ၁၉၆ ဦးနှင့် ကျောင်းသားများကို အသုတ်လိုက် အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်သွားခြင်းခံခဲ့ရသလို ဆရာ၊ ဆရာမအချို့ကိုလည်း သတ်ဖြတ်လိုက်ကြသဖြင့် ထိုအချိန်မှစကာ လွိုင်ကော်တက္ကသိုလ် မဖွင့်လှစ်နိုင်တော့ဘဲ ၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက်သမားများကို ရှင်းလင်းပြီးနောက်တွင်လည်း ယင်းတို့ဖျက်ဆီးခဲ့သော လွိုင်ကော်တက္ကသိုလ်၏ ၃ ထပ် ပင်မဆောင် ၊ ၂ ထပ် ဘွဲ့နှင်းသဘင်ခန်းမ၊ ၂ ထပ် စာသင်ဆောင်များ၊ ရေသန့်စနစ်နှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ ဆက်စပ်ပစ္စည်းများ၊ ၂ ထပ် ဆရာ၊ ဆရာမများဆောင်၊ အရာရှိ အိမ်ရာ၊ ၄ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာများ၊ ၄ ခန်းတွဲ ၄ ထပ်၊ ၈ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာများ၊ ပါမောက္ခချုပ်နေအိမ်၊ ဒုတိယပါမောက္ခချုပ်နေအိမ်များ၊ ၂ ထပ် ကျောင်းသား ကျောင်းသူ ဆောင်များ၊ အားကစားရုံနှင့်အားကစားခန်းမ၊ ၂ ထပ် စာကြည့်တိုက်များ၊ ၂ ထပ် ကျောင်းသားကျောင်းသူ နားနေဆောင်ပျက်စီးခဲ့မှုများကို ပြန်လည်ပြုပြင်နေရသဖြင့် ယခုမှသာ အဝေးသင် သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။

KNPP/KNDF နှင့် PDF များက လွိုင်ကော်တက္ကသိုလ်ကို စီးနင်းချိန်က ပညာရေးဝန်ထမ်းများကို စစ်ပွဲကြားမှ ကယ်ထုတ်သည်ဟု လိမ်လည်ခဲ့သော်လည်း နောက်ပိုုင်းတွင် ပါမောက္ခချုပ်အပါအဝင်အများအပြားကို ဖမ်းဆီးထောင်ချကာ ငွေဒဏ်ရိုက်မှု၊ ဖမ်းဆီးသွားသော ဆရာ၊ ဆရာမများ ဝန်ထမ်းမိသားစုများထံမှ ရွှေ၊ ငွေ၊ ဖုန်းပါရှိသမျှ လုယက်ထားခဲ့လိုက်ကြသည်။

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

image
image
image
image

ရန်ကုန်ကနေ မန္တလေးကို မိသားစုသုံးဦး အလုပ်ရှာ‌ဖွေဖို့ ထွက်လာရင်း လူကွဲသွားရာက သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်ဘုန်းမင်းခန့်ကို လူမှုကူညီရေး အသင်းက စောင့်ရှောက်ပေးထားရပြီး မိသားစုဝင်များ သိရှိဆက်သွယ်ရန် အကူအညီတောင်းခံ

အောက်တိုဘာ ၅

မိသားစု သုံးယောက် ရန်ကုန်ကနေ မန္တလေးကို အလုပ်ရှာ‌ဖွေလုပ်ကိုင်ဖို့ ထွက်လာရင်း လူကွဲသွားပြီး သားဖြစ်သူ အသက် ၁၂ နှစ်သားအရွယ်မှာ လူမှုကူညီရေး အသင်းထံရောက်ရှိနေတာကြောင့် လူမှုကူညီရေးအသင်းက ဆိုရှယ်မီဒီယာပေါ် မိသားစုဝင်တွေ တွေ့ရှိနိုင်ဖို့ အသိပေးတင်ပြလာပါတယ်။

အဆိုပါ ကလေးရဲ့နာမည်က မောင်ဘုန်းမင်းခန့် ‌(ခေါ်) ထွန်းလင်းနိုင်လို့သိရပြီး မိဘတွေက အဖ ဦးအောင်ကျော်ဦး၊ အမိ ဒေါ်သီသီလွင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့တွေက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ပတ္တမြားရပ်ကွက်မှာ နေထိုင်ပြီး အလုပ်နဲ့လာရင်း မိဘတွေနဲ့ကွဲသွားတာကြောင့် မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ က စောင့်ရှောက်ထားပါတယ်။

မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက "ကလေးက ပြောတာတော့ သူ့အမေက သူ့ကို ထားခဲ့တယ်ပြောတာပဲ။ ရထားပေါ် အိတ်ကျန်ခဲ့လို့ ဆိုပြီး ပြန်တက်ယူပြီး သူ့ကို ချန်ခဲ့တာတဲ့။ ကျွန်တော်တို့ဆီ မရောက်ခင် ရပ်ကွက် လမ်းပေါ်သွားနေတာ သုံးရက်ရှိပြီတဲ့။ ထမင်းလည်း မစားရသေးဘူးတဲ့။ ကျွန်တော်တို့ကတော့ ယုံတော့ မယုံပါဘူး။ ကလေးပြောတာဆိုတော့လေ။ ကျွန်တော့်ဆီ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မနက် ၈ နာရီလောက် (၄.၁၀.၂၀၂၅ ရက်နေ့ မနက် ၈ နာရီ ) လာအပ်တာ။ ရောက်ရောက်ချင်း လက်ဖက်ရည်နဲ့ နံပြား သူစားချင်တာ ကျွေးထားပါတယ်" လို့ ဆိုပါတယ်။

မိဘနဲ့ ကွဲကွာလာသူ သားငယ် မောင်ဘုန်းမင်းခန့် ‌(ခေါ်) ထွန်းလင်းနိုင်က "သူ့ကို ရန်ကုန်ပြန်တဲ့ ကားပေါ်သာ တင်ပေးပါ။ သူ ရန်ကုန်ရောက်ရင် ရွှေပြည်သာက သူတို့နေထိုင်ခဲ့တဲ့ အိမ်ကို လမ်းလျှောက်ပြီး‌တောင် ပြန်နိုင်‌ကြောင်းနဲ့ ၊ ဆွေမျိုးသားချင်း‌ တွေရှိပါတယ်လို့ ဆိုပေမယ့် မြရည်နန္ဒာ အသင်းအနေနဲ့ ကလေးကို မိဘ ဆွေမျိုးတစ်ဦးဦးက ဆက်သွယ် ခေါ်ယူတာမျိုးမဟုတ်ရင် လက်လွတ်စပယ် ဘယ်ကို မှ ပေးသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မြရည်နန္ဒာ လူမှုကူညီရေး အသင်းတာဝန်ရှိသူက "မိဘ ‌ဆွေမျိုး တစ်ဦးဦးက ဆက်သွယ်လာရင်တော့ ကျွန်တော်တို့ မိတ်ဖက်အသင်းတွေနဲ့ ချိတ်ဆက်ပေးပြီး ကလေးပြန်ပို့တာ ဖြစ်ဖြစ်၊ ကားပေါ်တင်ပေးရတာဆိုရင်လည်း ကားနံပါတ်ကအစ သေချာမှတ်ပြီး ဝင်ထွက်ချိန်၊ ရောက်ချိန် ဒါတွေကအစ စနစ်တကျ လုပ်ဆောင်ပြီး ပို့ပေးရမှာပါ။ ကျွန်တော်တို့လက်ထဲကနေမှ ပြန်ပျောက်သွားတာမျိုး ဖြစ်လို့မရပါဘူး။ တာဝန်ကြီးပါတယ်။ သက်ဆိုင်ရာကိုလည်း သတင်းပို့ထားပါတယ်ခင်ဗျာ့" လို့ MT News ကို ပြောပါတယ်။

အဆိုပါ သားငယ် မောင်ဘုန်းမင်းခန့် ‌(ခေါ်) ထွန်းလင်းနိုင် ကို သိရှိပါက မြရည်နန္ဒာ လူမှုကူညီရေးအသင်းရဲ့ ဖုန်းနံပါတ် 09255255416 ကို ဆက်သွယ်နိုင်ပါတယ်လို့လည်း အသိပေးထားပါတယ်။


Credit - Myanmar Transprency News Agency

#သတင်းဟင်းလေးအိုးကြီး

image

ယခုရာသီ ဘိုင်ယန်အတွက် ၁၀ ပွဲတွင် ၁၈ ဂိုးအထိ သွင်းကာ မှတ်တိုင်သစ်စိုက်ထူလာပြန်တဲ့ ဟယ်ရီကိန်း

အောက်တိုဘာ ၅

ဟယ်ရီကိန်းဟာ မနေ့ညတုန်းက ဖရန့်ဖတ်အား အနိုင်ရတဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်အတွက် ထပ်မံ ဂိုးသွင်းယူကာ အံ့ဩစရာကောင်းတဲ့ ဂိုးသွင်းမှတ်တမ်းအား ဆက်လက် ရေးသားနေပါတယ်။

မနေ့ညက ပွဲတွင် ဘိုင်ယန်မြူးနစ်ဟာ ဖရန့်ဖတ်အား ၃-၀ ဂိုးဖြင့် အနိုင်ယူကာ ယခုရာသီ ပွဲအားလုံး အနိုင်ရတဲ့ မှတ်တမ်းကြီးကိုလည်း ဆက်လက် ပိုင်ဆိုင်လာပါတယ်။

မကြာသေးမီတုန်းက ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုမှာ ဂိုးရာပြည့် အမြန်ဆုံးသွင်းနိုင်သူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့တဲ့ ဟယ်ရီကိန်းဟာ မနေ့ညက ဖရန့်ဖတ်နဲ့ပွဲမှာ လူးဝစ်ဇ်ဒီယာ့ဇ်ရဲ့ ဖန်တီးမှုကနေ ဒုတိယဂိုးအား သွင်းယူပြီးတဲ့နောက် ယခုရာသီ ဘိုင်ယန်မြူးနစ်အတွက် ၉ ပွဲ ကစားထားရာမှာ ၁၈ ဂိုးအထိ သွင်းထားနိုင်ပြီ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဖရန့်ဖတ်ပွဲမှ ဂိုးကြောင့် ဘွန်ဒက်စ်လီဂါအဖွင့်ပွဲ ၆ ပွဲမှာ ၁၁ ဂိုးအထိ သွင်းထားနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ နိုင်ငံတကာပွဲစဉ်များအပြီးမှာ ချန်ပီယံဆုအတွက် အဓိကခြိမ်းခြောက်နေတဲ့ ဒေါ့မွန်နှင့် ရင်ဆိုင်ကစားရပါမယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image