Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ပြဿနာ က ပြောတယ်
အခက်အခဲနဲ့ ကြုံတွေ့တဲ့အခါ
စိတ်ကိုအေးအေးထားပါတဲ့။
နာရီက ပြောတယ်
အချိန်တွေကိုမဖြုန်းတီးနဲ့
တန်ဖိုးရှိရှိအသုံးချပါတဲ့
ဖိနပ်က ပြောတယ်
ခြေထောက်မှာလှဖို့မစီးနဲ့
ဆူးဒဏ်ကိုကာကွယ်နိုင်ဖို့စီးပါတဲ့။
ထီးက ပြောတယ်
ဘယ်သွားသွားငါ့ကိုပါအောင်ခေါ်ပါ
အပူဒဏ်ကိုလည်းကာကွယ်ရမယ်
မိုးဒဏ်ကိုလည်း ကာကွယ်ရမယ်တဲ့။
ပိုက်ဆံက ပြောတယ်
လိုချင်တာထက် လိုအပ်တာကို
ပိုပြီးဦးစားပေးအသုံးချပါ
သုံးနှင့်ဖြုန်းတာ မခွဲခြားတတ်ရင်
မင်းဘဝမှာ ငါမရှိတဲ့အခါ
လူတွေကြားမှာ မျက်နှာငယ်ရမယ်တဲ့။
လမင်းကြီးက ပြောတယ်
ဘယ်လောက်ပဲမှောင်မည်းနေပါစေ
အလင်းရောင်တွေပေးနိုင်တဲ့
လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါတဲ့။
နေမင်းကြီးက ပြောတယ်
မင်းဘဝကို ယုံကြည်မှုတွေနဲ့ရှေ့ဆက်ပါ
လူတွေက အလင်းရောင်ပေးနိုင်တဲ့သူကိုပဲ
တောင်းတကြတယ်တဲ့။
ကောင်းကင်ကြီးက ပြောတယ်
တိမ်တိုက်တွေမရှိလည်း
ငါ့အလှနဲ့ငါ လှနေတာပဲတဲ့။
သစ်ပင်က ပြောတယ်
ဘယ်သူပဲခိုနားခိုနား
ငါ့လိုအေးချမ်းတဲ့အရိပ်ကို
ပေးတတ်တဲ့လူ ဖြစ်ပါစေတဲ့။
စာအုပ်တွေက ပြောတယ်
ငါ့နဲ့စကားများများပြော
မင်းကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်လိမ့်မယ်တဲ့။
ပင်လယ်ကြီးက ပြောတယ်
ငါ့လိုမနေနဲ့ ငါကရေများပေမယ့်
ဘယ်သူမှ မသောက်ကြဘူးတဲ့။
မီး က ပြောတယ်
ငါ့လိုမနေနဲ့ ငါကပူတယ်
ဒါကြောင့် ....
ငါ့အနားကို ဘယ်သူမှမကပ်ဘူးတဲ့။
ဒါကြောင့် ....
ဘယ်သူတွေဘယ်လောက်ဆိုးဆိုး
မင်းကောင်းအောင်နေရမယ်။
မင်းဘဝအတွက်
မင်းကြိုးစားရမယ်
မင်းအလှကို မင်းမြင်တတ်ရမယ်
မင်းရနေတဲ့အခြေအနေပေါ်မှာ
မင်းအကောင်းဆုံး
ပျော်ရွှင်အောင်နေတတ်ရမယ်
ဆိုတာမမေ့ပါနဲ့။
ပြုံးလိုက်စမ်းပါ သူငယ်ချင်း
🌠🌠🌠🌠🌠🌠🌠🌠🌠
နာကျင်မူတွေမရှိလို့ ပြုံးပျော်နေတာ မဟုတ်ဘူး။
နာကျင်စရာတွေကို မပေါ်အောင် အပြုံးလေးနဲ့
ဖုံးကွယ်လိုက်တာပါ။
စိတ်ညစ်စရာတွေ မရှိလို့တော့ မဟုတ်ဘူး။
ကိုယ့်စိတ်ညစ်မှုတွေကို တခြားသူတွေကို
မကူးစက်ချင်လို့ အပြုံးလေးနဲ့ ဖုံးကွယ်လိုက်တာပါ။
စိတ်ချမ်းသာမှုတွေ ပြည့်နေလို့
ပြုံးနေတတ်တာတော့ မဟုတ်ဘူး။
ကိုယ့်အပြုံးကြောင့် တစ်ခြားသူတွေ
စိတ်ချမ်းသာပါစေဆိုတဲ့ ကုသိုလ်စိတ်နဲ့
ပြုံးနေတတ်တာပါ။
ပျော်ရွှင်စရာတွေနဲ့ အမြဲကြုံတွေ့နေရလို့
ပြုံးပျော်နေတာတော့မဟုတ်ဘူး။
ကိုယ့်ရဲ့ပျော်ရွှင်မှုကို ကြည့်ပြီး တစ်ခြားသူတွေ
စိတ်ချမ်းသာပါစေဆိုတဲ့ အတွေးနဲ့
ဟန်ဆောင်ပြီးတော့လည်း ပြုံးနေတတ်တာပါ။
တစ်ခါတလေ အပြုံးဆိုတာ
အောင်မြင်ခြင်းရဲ့လမ်းစဖြစ်သလို
ချစ်ခင်ကြင်နာမှုရဲ့ မာန်တိုင်သဖွယ်လည်း
ဖြစ်နေတတ်တယ်။
နာကျင်ရချိန်မှာ ပြုံးနေတတ်ရင်တော့
ရင့်ကျက်မှုရဲ့သဏ္ဍာန်ပေါ့။
ဒါကြောင့် ပြုံးလိုက်စမ်း သူငယ်ချင်း
အပြုံးတိုင်းဟာ မင်းအတွက်
စိတ်မချမ်းသာမှုမရှိရင်တောင်
တခြားသူတွေက မင်းကိုကြည့်ပြီး
စိတ်ချမ်းသာသွားရင်
မင်းအတွက် ကုသိုလ်တစ်မျိုးပါပဲ။
ပြုံးလိုက်စမ်းပါ နာကျင်လို့ပဲပြုံးပြုံး၊
ဟန်ဆောင်ပြီးတော့ပဲ ပြုံးပြုံး
မုန်းတီးလို့ပဲ ပြုးပြုံး
ငေးငေးမှိုင်မှိုင် မရွှင်လန်းတဲ့
မျက်နှာထားနဲ့ နေ နေမယ့်အစား
ပြုံးလိုက်တာဟာ မင်းအတွက်
အကျိုးသက်ရောက်မူ ရှိလိမ့်မယ် သူငယ်ချင်း။
..အမှန်တွေ့လောကမှာအဲလို့မျိုးက ခပ်များများ......"မဖိနှိမ့်ပါနဲ့"
ခွေးကိုက်မှာစိုးလို့ လမ်းဖယ်ပေးတာကို
ခွေးကြောက်တယ်ထင်ပြီး
ရှူးတိုက်ချင်သေးတယ်။
လည်မျိုတက်နင်းလို့ လျှာထွက်နေတာကို
မျက်နှာပြောင်တယ်ထင်ပြီး
ပါးရိုက်ချင်သေးတယ်။
ကြိုးစားနေချိန်မို့ သည်းခံနေတာကို
ကြောက်တတ်တယ်ထင်ပြီး
ဗိုလ်ကျချင်သေးတယ်။
အားနာလို့ လိုက်ရောတာကို
အ,တယ်ထင်ပြီး
အနိုင်ကျင့်ချင်သေးတယ်။
ရန်ကင်းချင်လို့ ခေါင်းငုံ့နေတာကို
သတ္တိမရှိဘူးထင်ပြီး
မိုက်ကြေးခွဲချင်သေးတယ်။
နိမ့်ကျသူမို့ နှိမ့်ချပြီးနေတာကို
အဆင့်မရှိဘူး ထင်ပြီး
မောက်မာချင်သေးတယ်။
လူတစ်ချို့က
ငါ သူ့ကိုလုပ်ချင်တိုင်း လုပ်လို့ရတယ်၊
ငါ သူ့ကိုပိုင်တယ်၊
ငါ လုပ်သမျှ ငြိမ်ခံနေတာပဲ၊ ခေါင်းငုံ့နေတာပဲ၊
ငါ့ကိုသူ မတော်လှန်ရဲဘူးဆိုပြီး
အပေါ်စီးက အမြဲနေချင်ကြတယ်။
တစ်နေ့တစ်ချိန်မှာ နာကျင်မှုတွေ
ပြင်းထန်ပြီး သည်းခံမှု ကုန်ဆုံးလာရင်
ပေါက်ကွဲထွက်လာမယ့် ဒဏ်ရာတွေက
အင်မတန် ပြင်းထန်လာလိမ့်မယ်။
အဲ့အချိန်ကျရင် သတိထားပေတော့
တန်ပြန်သက်ရောက်မှုက နှစ်ဆကြီးမားမှာမို့ သူတစ်ပါးကို ဘယ်တော့မှ မဖိနှိမ့်ပါနဲ့။