သိပ္ပံဇာတ်လမ်းမဟုတ်တော့ဘူး။ ရင်သားကင်ဆာကို ၅ နှစ်ကြိုသိနိုင်မယ့် AI တကယ်ပေါ်လာပြီ။
======================================================
ကိုယ့်ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ ရင်သားကင်ဆာလို အန္တရာယ်တစ်ခုကို ရောဂါမဖြစ်လာခင် နှစ်ပေါင်းများစွာကတည်းက ကြိုတင်သိနိုင်ပြီဆိုရင် ဘယ်လောက်ကောင်းမလဲ။ အရင်ကတော့ ဒါဟာ သိပ္ပံဇာတ်လမ်းထဲက စိတ်ကူးတစ်ခုပါပဲ။ အခုတော့ MIT နဲ့ Massachusetts General ဆေးရုံက သုတေသီတွေကြောင့် တကယ်ဖြစ်လာပါပြီ။
သူတို့ဟာ လူသားတွေရဲ့ မျက်စိနဲ့မမြင်နိုင်တဲ့အရာတွေကို မြင်နိုင်တဲ့ စုံထောက်တစ်ယောက်လို လုပ်ဆောင်ပေးတဲ့ ဆန်းသစ်တဲ့ AI တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲဒီ AI ဟာ သာမန် ရင်သားဓာတ်မှန် (mammogram) တွေကိုပဲ ကြည့်တာပါပဲ။ ဒါပေမဲ့ သူက ဆရာဝန်တွေတောင် မမြင်နိုင်တဲ့ သေးငယ်ပြီး ပုံမှန်မဟုတ်တဲ့ အချက်အလက်လေးတွေကို ရှာဖွေနိုင်ပါတယ်။ အဲဒီအချက်တွေကပဲ နောင်နှစ်ပေါင်းများစွာအကြာမှာ ကင်ဆာဖြစ်လာနိုင်ခြေကို ကြိုတင်သတိပေးနေတာ ဖြစ်ပါတယ်။
ဒါဟာ မှန်းဆပြီးပြောနေတာမဟုတ်ပါဘူး။ ဒီ AI ကို ဓာတ်မှန်ပုံပေါင်း ၉၀,၀၀၀ ကျော်နဲ့ ဆေးမှတ်တမ်းပေါင်း ၆၀၀,၀၀၀ ကျော်ကိုသုံးပြီး အထူးလေ့ကျင့်ပေးထားတာပါ။ သူ့ရဲ့ရည်ရွယ်ချက်က ဆရာဝန်တွေကို အစားထိုးဖို့မဟုတ်ဘဲ သူတို့လက်ထဲကို အစွမ်းထက်တဲ့ လက်နက်တစ်ခု ထည့်ပေးလိုက်တာပါပဲ။ ပိုကောင်းတာက ဒီနည်းပညာဟာ လူမျိုး၊ အသားအရောင်မရွေး အမျိုးသမီးအားလုံးအတွက် တန်းတူညီမျှ အလုပ်လုပ်ပေးနိုင်တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုမှာ မညီမျှမှုတွေကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါဆို ဒါတွေအားလုံးက ဘာကိုဆိုလိုတာလဲ။ ကင်ဆာဆဲလ်တွေ မကြီးထွားခင်၊ မပျံ့နှံ့ခင်မှာ ကြိုတင်သိရှိပြီး ကုသနိုင်တာကို ဆိုလိုပါတယ်။ ကုသမှုတွေက နာကျင်မှုနည်းပြီး ပိုထိရောက်လာမယ်၊ အသက်ရှင်နိုင်ခြေ ပိုများလာမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ကမ္ဘာတစ်ဝန်းက အမျိုးသမီး သန်းပေါင်းများစွာအတွက်တော့ ဒါဟာ တန်ဖိုးဖြတ်မရတဲ့ အကျိုးကျေးဇူးပါပဲ။
Ref : Techworm
Digital Times

လူကိုယုံရင်
စကား အကုန်မပြောနဲ့
မှတ်ထား
သစ္စာဖောက်တယ်ဆိုတာ
လူအရင်း တွေကပဲသစ္စာ‌ဖောက်တတ်ကြတာ    

🙏

image

အေးချမ်းတဲ့နေရာ 🌿
.
မြန်မာ့အလှ မြန်မာ့ဘ၀
#photocredit

image
14 w - Translate

ဗြိတိန်နိုင်ငံက အသက် ၂၆ နှစ်အရွယ် James Brown ဟာ မီးသတ်သမားတွေကို အလွန်အမင်း စွဲလမ်းပြီး သူတို့ရဲ့ ဝတ်စုံတွေ၊ မီးသတ်ကားတွေကို စိတ်ဝင်စားလွန်းတယ်လို့ သိရပါတယ်
သူဟာ အရေးပေါ်အခြေအနေ မရှိဘဲနဲ့ မီးသတ်ဌာနကို အကြိမ်ကြိမ် ဖုန်းခေါ်ဆိုပြီး အနှောင့်အယှက် ပေးခဲ့ပါတယ် ဒီလိုမျိုး ဖုန်းခေါ်ဆိုမှုတွေက တစ်လအတွင်း အကြိမ် ၃၀ ကျော်အထိ ရှိခဲ့ပါတယ် သူဟာ မီးသတ်သမားတွေ ရောက်လာတာကို ကြည့်ချင်တဲ့အတွက် သူ့ရဲ့ အပြုအမူတွေဟာ တဖြည်းဖြည်းနဲ့ပိုမိုဆိုးရွားလာပါတယ်
အဲဒီနောက်မှာတော့ သူဟာ သူနေထိုင်တဲ့ အိမ်ကိုဘဲ မီးနှစ်ကြိမ် ရှို့ခဲ့ပါတယ် ပထမတစ်ကြိမ်က မီးဖိုချောင်ထဲက မီးခိုးအာရုံခံကိရိယာကို ဖုံးအုပ်ပြီး မီးရှို့ခဲ့တာပါ ဒုတိယတစ်ကြိမ်ကတော့ အဲဒီနေရာကိုဘဲ မီးထပ်ရှို့ခဲ့ပါတယ် အဲဒီ မီးလောင်မှုနှစ်ခုဟာ မိနစ် ၉၀ အတွင်းမှာဘဲဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် မီးသတ်သမားတွေနဲ့ ရဲတွေဟာ သံသယဝင်ခဲ့ပါတယ်
စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ James Brown ကိုယ်တိုင်က အစပျိုးပြီး မီးရှို့ခဲ့တာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ် သူဟာ မီးသတ်သမားတွေ လာတာကို အနီးကပ် မြင်ချင်၊ ကြည့်ချင်တဲ့စိတ်နဲ့ ဒီလိုမျိုး လုပ်ခဲ့တာလို့လည်း ဝန်ခံခဲ့ပါတယ်
တရားရုံးကို ရောက်တဲ့အခါမှာတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ဒီလိုမျိုး လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရှေ့နေက လျှောက်လဲခဲ့ပါတယ် နောက်ဆုံးမှာတော့ တရားမဝင်လုပ်ရပ်နဲ့မီးရှို့မှု (arson) အတွက် သူ့ကို ထောင်ဒဏ် နှစ်နှစ်နဲ့ တစ်လချမှတ်ခဲ့ပြီး အရေးပေါ်ဝန်ဆောင်မှုတွေကို အလွဲသုံးစားလုပ်မှုအတွက်လည်းထောင်ဒဏ် ခြောက်လ ထပ်တိုး ချမှတ်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
credit

image

Me : ငါဒီညတော့ ဘာမှ မစာ:တော့ဘူး
Also me at night :

image
14 w - Translate

The Secret Life of Pets 2 : (2019)
ဒီဇာတ်လမ်းမှာတော့ မက်စ်ရဲ့သခင် ကေတီဟာ ချပ်ခ် နဲ့အိမ်ထော င်ရက်သားကျပြီး လီယန်ဆိုတဲ့ သားလေးတစ်ယောက်ကို မွေးခဲ့ပါတယ်
ကလေးမချစ်တတ်တဲ့ မက်စ်တစ်ယောက် လီယန်နဲ့တွေ့တဲ့အခါမက်စ်တစ်ယောက် လီယန်ကို ချစ်သွားပါတော့တယ်။
မက်စ်ဟာ အစိုးရိမ်ကြီးလွန်းတဲ့ စိတ်ရောဂါဝင်လာပြီးတော့ အရာရာကို ကြောက်နေတတ်ပါတယ်။
သူချစ်တဲ့ လီယန်လေးကိုလည်း အရမ်းတွေ စိုးရိမ်ပါတယ်။
ကေတီဟာ မက်စ်ကို တိရစ္ဆာန်ဆရာဝန်နဲ့ ပြသပြီးတဲ့အခါမှာတော့ မက်စ်တို့ဟာ နယ်ဘက်ကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။
မက်စ်ရဲ့အစိုးရိမ်လွန်၊ အကြောက်လွန်တဲ့ရောဂါဟာ ပျောက်နိုင်ပါ့မလား ?
တစ်ချိန်ထဲမှာပဲ ယုန်ဆိုးလေး စနိုးဘောဟာ ကပ္ပတိန်စနိုးဘောအနေနဲ့ ပါဝင်လာဦးမှာပါ။
တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့သူတွေအနေနဲ့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးပါပဲနော်
ဇာတ်ကားကြည့်ရန် link👇
https://t.me/+K0HSWkOmZ1hhNTI1
#မြန်မာစာတန်းထိုးဇာတ်ကားကောင်းများ
#toonflix
#movie

image
14 w - Translate

အခက်ခဲဆုံးအချိန်မှာ
အနာဂတ်ဆိုတဲ့ အဝေးကြီးကို မတွေးဘဲ
ဒီကနေ့ကိုပဲ အကောင်းဆုံးဖြစ်အောင်
ကြိုးစား ဖြတ်သန်းရအောင်။
လောကမှာ မျှော်လင့်မထားတာတွေက
သိပ်များတာမို့
တချို့အရာတွေက
ကိုယ့်စိတ်ခံစားချက်ကို စိုးမိုးရလောက်အောင်လုံးဝ မထိုက်လို့ပါ။
#နိုင်းနိုင်းစနေ
#note_pages

ပြင်ဦးလွင်မှာ အီတလီဟိုတယ်ဆိုပြီး
နာမည်ကြီးနေတဲ့ ဒီဟိုတယ်🏠
ဒီဟိုတယ်နာမည်လေးက
Snow Palace Hotel တဲ့🏠
🌸ပန်းပွဲတော်သွားရင်းနဲ့လမ်းကြုံရင်ဒီဟိုတယ်ကိုလာတည်းကြည့်ကြပါနော်😍Snow Palace Hotel
📍တည်နေရာလေးကတော့ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁၂) ရေချမ်းအိုး ငြိမ်းအေးချမ်းသာလမ်းမကြီးမေးတင်မှာတည်ရှိပါတယ်
Snow Palace Hotelကိုဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်များကို Postရဲ့ Commentမှာချန်ပေးထားတယ်နော်😍
#package-ပက်ကေ့ချ်
ဓာတ်ပုံပိုင်ရှင်(Novatek)

image

ပြင်ဦးလွင်မှာ အီတလီဟိုတယ်ဆိုပြီး
နာမည်ကြီးနေတဲ့ ဒီဟိုတယ်🏠
ဒီဟိုတယ်နာမည်လေးက
Snow Palace Hotel တဲ့🏠
🌸ပန်းပွဲတော်သွားရင်းနဲ့လမ်းကြုံရင်ဒီဟိုတယ်ကိုလာတည်းကြည့်ကြပါနော်😍Snow Palace Hotel
📍တည်နေရာလေးကတော့ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁၂) ရေချမ်းအိုး ငြိမ်းအေးချမ်းသာလမ်းမကြီးမေးတင်မှာတည်ရှိပါတယ်
Snow Palace Hotelကိုဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်များကို Postရဲ့ Commentမှာချန်ပေးထားတယ်နော်😍
#package-ပက်ကေ့ချ်
ဓာတ်ပုံပိုင်ရှင်(Novatek)

image