ဒိန်းမတ်အတွက် နှစ်ဂိုးသွင်းလာတဲ့ ယူနိုက်တက်အပယ်ခံ ဟွိုင်းလန်း

အောက်တိုဘာ ၁၀

ယူနိုက်တက်အပယ်ခံ ရာစမပ်ဟွိုင်းလန်းဟာ ဒိန်းမတ်ရဲ့ ကမ္ဘာ့ဖလားအိပ်မက် ဆက်လက် ရှင်သန်နိုင်ရေးအတွက် ဘီလာရုစ်အား ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူလာပါတယ်။

ဒိန်းမတ်ဟာ ဘီလာရုစ်အား ၆-၀ ဂိုးဖြင့် အနိုင်ရရှိမှုနှင့်အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု(C) တွင် စကော့တလန်နှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စုကို ဦးဆောင်ထားနိုင်ပါတယ်။

ဟန်ဂေရီတွင် ကစားတဲ့ ယင်းပွဲမှာ ဒိန်းမတ်ဟာ ပွဲအစ ၁၄ မိနစ်မှာ ဗစ်တာဖရိုဟိုးရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီးနောက် ၅ မိနစ်အကြာမှာ ယူနိုက်တက်ကနေ နာပိုလီသို့ အငှားဖြင့် သွားရောက် ကစားနေရတဲ့ တိုက်စစ်မှူးဟွိုင်းလန်းက ဒုတိယဂိုးသွင်းခဲ့ပါတယ်။

ယင်းနောက် နာပိုလီတိုက်စစ်မှူးဟွိုင်းလန်းကပင် ပထမပိုင်းမပြီးခင် တတိယဂိုးသွင်းခဲ့သလို အချိန်ပို ၄၅+၆ မှာ ယူနိုက်တက်နောက်ခံလူဒေါ်ဂူက စတုတ္ထဂိုးသွင်းခဲ့လို့ ပထမပိုင်းမှာပင် ဒိန်းမတ်တို့ ၄ ဂိုးအသာဖြင့် အနိုင်ရနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အင်ဒါဒရီယာက ၂ ဂိုးထပ်မံ သွင်းယူခဲ့လိ့ ဒိန်းမတ်တို့ ဂိုးဒါဇင်ဝက်ဖြင့် အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ ဒိန်းမတ်ဟာ ဂိုးပေါက်ကန်သွင်းမှု ၂၄ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ဘောလုံးပေးပို့မှု ၈၃၉ ဂကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။

ဒိန်းမတ်ဟာ စကော့တလန်နှင့် ရမှတ်တူညီနေပေမယ့်လည်း ဂိုးကွာခြားချက် ၅ ဂိုးအထိ အသာရထားပါတယ်။

ယခုပွဲမှာ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ၂ ဂိုးသွင်းယူခဲ့တဲ့ ဟွိုင်းလန်းက ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဟွိုင်းလန်းဟာ နွေရာသီမှာ ယူနိုက်တက်မှ အငှားဖြင့် ထွက်ခွာပြီးနောက် နာပိုလီအတွက် ၆ ပွဲကစားထားရာမှာ ၄ ဂိုးသွင်းထားနိုင်သလို ယခု ဒိန်းမတ်အတွက်လည်း ၂ ဂိုးသွင်းလာနိုင်ပါတယ်။

ဒိန်းမတ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး နောက်ထပ်ပွဲတစ်ပွဲအဖြစ် ဂရိကို ဧည့်ခံကစားရပါမယ်။ တဖက်မှာ စကော့တလန်ကလည်း အုပ်စုတွင်းမှာ ရမှတ်တစ်မှတ်မျှ မရသေးတဲ့ ဘီလာရုစ်ကို ဂလက်စကိုမှာ ဧည့်ခံကစားရပါမယ်။

#ဘောလုံးသတင်းစုံ

image