ရွှေပြည်သာရှိ ဂေါက်အိတ်စက်ရုံ ယနေ့ မီးလောင်မှု သွယ်တန်းထားသော ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်ဟု စစ်ဆေးတွေ့ရှိ
အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ် (၄)ရပ်ကွက်၊ကျောက်စိမ်းလမ်းရှိ King. A Co., Ltd
ဂေါက်အိတ်စက်ရုံတွင် ယနေ့ အောက်တိုဘာလ ၉ ရက် နံနက် ၉ နာရီ ၃၅ မိနစ်ခန့်က လောင်ကျွမ်းခဲ့သော မီးလောင်မှုမှာ သွယ်တန်းထားသော ဝါယာကြိုးအပူလွန်ကဲ၍ မီးပွားထွက်ကာ ပိတ်လိပ်များပေါ်ကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
အလျား ပေ ၆၀၊ အနံ ပေ ၁၅၀ရှိ RC တစ်ထပ်ရှိ ဂေါက်အိတ်ပိတ်လိပ်များထားသောအခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၁၇ မိနစ်ကြာလောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် ပိတ်လိတ် ၁၀ လိပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၄စီး၊ ရေသယ်ယာဥ် ၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅၃ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် စတိုတာဝန်ခံ အသက် ၂၇ နှစ်အရွယ် အမျိုးသားကို လှော်ကားနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Credit - Myanmar Transprency News Agency
#သတင်းဟင်းလေးအိုးကြီး