မြန်မာရွေ့ပြောင်းလုပ်သား ၄၀နီးပါးကို ကြိုတင်အကြောင်မကြား အလုပ်ထုတ်​ခံရမှုအပေါ် အလုပ်သမားသံအရာရှိမှသွားရောက်ဖြေရှင်း

ရန်ကုန် အောက်တိုဘာ ၁၀

ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ ပိတ်စဆေးဆိုးပန်းရိုက်စက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၉)ဦးကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရမှုနှင့်ပတ်သတ်၍ အလုပ်သမားသံအရာရှိရုံးက ထိုင်းနိုင်ငံ လုပ်သားဥပဒေအရ လုပ်သားများနစ်နာမှုမရှိစေရေးသွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ ပိတ်စဆေးဆိုးပန်းရိုက်စက်ရုံမှ မြန်မာရွှေပြောင်းအလုပ်သမား (၃၉)ဦးကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်မှုနှင့်စပ်လျဉ်း၍ သတင်းရရှိမှုအရ အောက်တိုဘာလ ၉ ရက်နေ့တွင် အလုပ်သမားသံအရာရှိနှင့်အဖွဲ့မှ နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆဝါဒီကန်) တာဝန်ခံအရာရှိ၊ နယ်မြေခံအလုပ်အကိုင်ဦးစီးဌာန တာဝန်ရှိသူအဖွဲ့နှင့်ပူးပေါင်း၍ ကြိုတင်အကြောင်းကြားမှုမရှိဘဲ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများ၏ နစ်နာမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအလုပ်သမားဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းအလုပ်သမားသံအရာရှိရုံးကထုတ်ပြန်ထားသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရပါကအလုပ်သမားသံအရာရှိ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း တိကျစွာသတင်းပေးတိုင်ကြားနိုင်ကြောင်းကိုလည်း ထုတ်ပြန်ထားသည်။

Credit - Trend News Journal

#centralnewsnaypyitaw

image