အချိန်ကား...ည ၁၀ နာရီ၊
"ဟဲ့ကေ.ာ.င်မ.....ငါ့ကိုဇေတစ်လုံးသွားဝယ်ပေးစမ်းအခုမြန်မြန်"
ဖိုးထောင်တစ်ယောက် သူ့မိန်းမအားလေသံမာမာဖြင့်ပြောလိုက်ခြင်းဖြစ်သည်။
"ကိုဖိုးထောင်....ရှင်စောနကပဲတစ်ပုလင်းလုံးကုန်အောင်သောက်ပြီးပြီလေ" ဟု သူ့ဇနီးဖြစ်သူ မအေးရီကပြန်ပြောသည်။
"ဟာ...ငါအာသာမပြေလို့ပေါ့ဟာ မဝသေးလို့""အဲ့ဒါဆိုလဲကိုယ့်ဘာကိုယ်သွားဝယ်ပါလားအေ...ကျုပ်လိုမိန်းမသားတစ်ယောက်က အရက်သွားဝယ်လို့သင့်တော်ပါ့မလားလို့""ဟာ...ဒီဟာမတော်တော်အရစ်ရှည်ပါလား ငါထစောင့်က.န်လိုက်ရကွာ ဝယ်ဆိုသွားဝယ်ပေါ့ ဖေ --- မ!!"အဲ့ဒါနဲ့ အေးရီလဲ ဖိုးထောင်ကိုကြောက်တာကြောင့် မဝယ်ချင်ဝယ်ချင်နဲ့ ညအချိန်မတော်ကြီးအရက်ဆိုင်သို့တစ်ယောက်ထဲထွက်လာခဲ့လိုက်ရသည်။မဝယ်လို့ကလဲမရ၊ အိမ်ထောင်ကျပြီးထဲက ဖိုးထောင် အေးရီအပေါ်ကိုလက်မပါတဲ့နေ့ဆိုတာမရှိသလောက်လေ၊ပတ်ဝန်းကျင်ကြားမကောင်းလောက်အောင် နှိပ်စက်ခဲ့တဲ့နေ့တွေလဲရှိခဲ့သည်။
ရပ်ကွက်ကလူတွေလဲအေးရီကိုဝိုင်းသနားကြရုံကလွဲလို့ ဘာမှမလုပ်ပေးနိုင်ကြ၊ဖိုးထောင်ကလဲအရမ်းဆိုးတာကိုး၊ ဘယ်သူမှရန်စဖို့နေနေသာသာမျက်လုံးချင်းစုံအောင်တောင်မကြည့်ရဲကြဘူး။ဒီတော့ အေးရီခမျာ ဒီလင်ဆိုးရဲ့ဒဏ်ကိုတစ်ယောက်ထဲနေ့စဉ်ခံစားနေရရှာတာပေါ့၊ သားသမီးလဲမရှိတော့ပိုဆိုးသည်။အခုလဲ ဖိုးထောင်သောက်ဖို့အရက်ပုလင်းကိုဝယ်ပြီး အိမ်ကိုခပ်သွက်သွက်ပြန်လာနေရသည်။ဝယ်တာကြာလို် ့နောက်ကျရင်လဲ အိမ်ရောက်ရင်ဟိုက ေ.ဖေတြ-.ာတွေဆဲပြီး ရစရာမရှိအောင်ထုထောင်းတာခံရဦးမည်။ညဘက်ဒီလိုချိန်ကြီးအရက်ဆိုင်ထဲမိန်းကလေးတစ်ယောက်ထဲ အရက်သွားဝယ်ရတာ အေးရီဖြင့်ရှက်လိုက်တာပြောမနေပါနဲ့တော့၊ဆိုင်ထဲက ငမူးငရူးတွေ ေ.ခြ.းမျက်လုံးတွေနဲ့ဝိုင်းကြည့်ကြတာလဲခံခဲ့ရသေးသည်။
အခုလဲဝယ်ဆိုလို့သာဝယ်ပေးရတယ်၊ မူးပြီးရင်ဘာတွေရစ်ဦးမလဲမသိသေး၊ ဒီညေရာငါအ.ရို.က်.လွတ်ပါ့မလားတွေးပူရင်း အိမ်သို့သာခြေလှမ်းကျဲကြီးတွေနှင့်မအေးရီပြန်လာနေသည်။ဒီကြားထဲအိမ်ကငမူးကြောင့်စိတ်ဆင်းရဲနေပါတယ်ဆို လမ်းမှာမင်္သကာစရာအဘွားကြီးတစ်ယောက်နဲ့တိုးပြန်သည်။ဆံပင်ဖြူဖြူခပ်ပိန်ပိန်နဲ့ ခါးကြီးကိုင်းပြီးမအေးရီလျှောက်လာနေတာကို ဟိုးအဝေးကြီးမှာထဲကလှမ်းshowနေတာ၊သူ့နားရောက်လာတော့ပိုဆိုးတယ်။ ဇက်ကြီးပါလိမ်မတတ်တဆုံးလိုက်ကြည့်နေတာ မျက်လုံးကြီးပြူးပြီး၊လမ်းကလူခေါင်ရတဲ့အထဲ ညဒီလိုအချိန်ကြီးတစ်ယောက်ထဲဆိုတော့ မအေးရီလဲကြောက်တာပေါ့၊
ငါ့ဘဝကလဲလင်ကြောက်ရ သရဲကြောက်ရနဲ့ပါလား ဟုစိတ်ထဲတွေးရင်း ဘုရားစာသာပွစိပွစိရွှတ်ရင်း အဘွားကြီးကိုမမြင်ချင်ယောင်ဆောင်ကာဆက်လျှောက်လာခဲ့လိုက်သည်။ခဏကြာတော့စိတ်ထဲမင်္သကာတာနဲ့ နောက်လှည့်ကြည့်ကြည့်လိုက်တော့ ဗုဒေ္ဓါ အဲ့အဘွားကြီးသူ့နောက်မှာပါလာနေတုန်းပဲ ခါးကြီးကုန်းကုန်းကုန်းကုန်းနဲ့လိုက်လာနေတာတောက်လျှောက်။
မအေးရီလဲဘယ်ပြောကောင်းမလဲ ထပြေးမှအနောက်ကပြေးလိုက်လာမှာကိုပိုကြောက်တာနဲ့ မမြင်ချင်ယောင်ပြန်ဆောင်ပြီး လက်တစ်ဖက်ကအရက်ပုလင်းကိုကိုင် နောက်တစ်ဖက်က ထဘီကိုဒူးပေါ်လောက်ထိမပြီး မပြေးရုံတမယ်ခြေလှမ်းကျဲကြီးတွေနဲ့လျှောက်တော့တာပဲ၊ဒါပေမယ့်.......မေအးရီ လွတ်ပြီလို့သူ့ကိုယ်သူထင်လိုက်တဲ့အချိန်မှာပဲ အေနာက္ကေန သူ့ခါးကိုလက်အေးအေးကြီးနဲ့လာတို့တာခံလိုက်ရတယ်။"အား အမေလး ဘုရား....!!!!!!!"
ဖိုးထောင်တောက်တခေါက်ခေါက်နဲ့စောင့်နေရင်းမအေးရီတစ်ယောက်မကြာခင်မှာပဲ အိမ်ကိုပြန်ရောက်လာခဲ့တယ်။
"မသာမရယ် ကြာလိုက်တာဟာ ဘယ်လင်တွေနဲ့သဝေထိုးနေတာလဲ"
အသံဆိုးနဲ့အပေါက်ဝကဆီးကြိုတဲ့ဖိုးထောင်ကိုအေးရီဘာမှပြန်မပြော၊
အရက်ပုလင်းသာလက်ထဲထိုးပေးပြီး အိမ်ထဲဝင်သွားတယ်၊ မျက်နှာတော့သိပ်မကောင်းလှ။
"ဪ...ဒီမိန်းမငါ့ကိုများပြန်မပြောနားမကြားနဲ့ လုပ်ရင်နာဦးမယ်!!!"
ဆယ်အိမ်ကြားအောင်အော်ဟစ်ကြုံးဝါးရင်း...အရက်ပုလင်းကိုဖွင့်ပြီး ဖိုးထောင်တစ်ယောက်မော့သောက်တော့သည်။
မေအးရီကေတာ့....အိမ်ထဲမှာထိုင်ရင်းမလှုပ်မရက်ဖြင့်ဖိုးထောင်ကိုစေ့စေ့ကြည့်နေခဲ့သည်။
သူမပုံစံဟာ ပုံမှန်လုံးဝဟုတ်မနေခဲ့..........
ဒီလိုနဲ့တဖြည်းဖြည်းရက်တွေကြာလာလေ အေးရီပုံစံကပိုထူးဆန်းလာလေ........
လူမှန်းသူမှန်းမသိအောင်အမြဲမူးရူးနေတတ်တဲ့သူ့လင်ဖိုးထောင်တောင် အေးရီအခြေအနေကိုသတိထားမိလာတယ်။
ညညဆိုထမင်းတွေသုံးပန်းကန်လောက်ထိတိရစာၦန်တစ်ကောင်လို အကျည်းတန်စွာစားနေတာတွေ
တော်ရုံနဲ့မအိပ်ပဲ အိမ်ထဲလျှောက်သွားနေတာတွေ၊
အကြောင်းမရှိ ထထရယ်တာတွေ၊
အိပ်နေရင်း ငိုသံရှည်ကြီးနဲ့ညည်းနေတာတွေ
တစ်ခါတစ်လေမျက်လုံးကြီးပြူးပြီးကြောင်ကြည့်နေတတ်တာတွေ
တစ်ယောက်ထဲစကားတွေပြောနေတတ်တာတွေ
ကြာတော့ဖိုးထောင်ကိုယ်တိုင်ပါသူ့မိန်းမကိုကြောက်လာတယ်။
ဘယ်လိုကြည့်ကြည့်သရဲဝင်ပူးနေတယ်ဆိုတာအသိသာကြီးလေ၊
အလုပ်မရှိအကိုင်မရှိမွဲတေနေတဲ့အပြင် တစ်ရပ်ကွက်လုံးနဲ့ပါမတည့်တော့သူ့ကိုဘယ်သူကကူညီမယ်တဲ့လဲ၊
အဲ့တော့ ဘာမှမတတ်နိုင်ပဲ သရဲဝင်ဝင်ပူးနေတတ်တဲ့မိန်းမနဲ့ပဲတစ်အိမ်ထဲကြိတ်မှိတ်နေနေရတာပေါ့။
အရက်မူးလာတဲ့ညဆို အိမ်ကပစ္စည်းတွေပစ်ပေါက်ခွဲပြီးသောင်းကျန်းတတ်လို့အရက်တောင်သိပ်မသောက်ဖြစ်တော့ဘူး
သူ့ကိုပြောဆိုဆဲဆိုမိတဲ့နေ့တွေဆိုလဲ ညဘက်အိပ်နေချိန်လည်ပင်းထထညှစ်လို့ အရင်လိုလက်တင်ဖို့နေနေသာသာ ဆဲတောင်မဆဲရဲတော့ဘူးဘဝက
ဒီကြားထဲသူဗိုက်ဆာရင် အိမ်ပြိုမတတ်ကြမ်းတတ်လို့ စားချင်တာတွေကိုဝယ်ကျွေးရရှာသေးတယ်
အဲ့ဒါတောင်စိတ်မထင်ရင်မထင်သလို ခြောက်လိုက်လန့်လိုက် ပါးချလိုက် ဇက္ပိုးတီးလိုက္က လုပ္ခံရေသးတာ.......
ဒီလိုနဲ့နေလာရင်း တစ်နှစ်လောက်လဲကြာရော ဖိုးထောင်လဲတော်တော်လိမ္မာသွားပြီ။
အသောက်အစားကင်းပြီး အလုပ်လေးအကိုင်လေးလဲရှိနေပြီဖြစ်ပြီးဇနီးမယားအပေါ်လဲသိတတ်စပြုနေပါပြီ။
လူမိုက်လဲမလုပ်တော့သလိုရပ်ကွက်ထဲကလူတွေနဲ့လဲတည့်နေလေပြီ။
မေအးရီကေတာ့ ပထမဆုံးကိုယ်ဝန်ကိုလွယ်ထားရပြီဖြစ်ပေမယ့်....သရဲကတော့ညတိုင်းဝင်ပူးနေဆဲပါပဲ။
ဖိုးထောင်အတွက်အရက်သွားဝယ်တဲ့ညတုန်းက လမ်းမှာ ဒီသရဲပူးဟန်ဆောင်တဲ့လင်နိုင်နည်းကြီးကိုတကူးတကလိုက်ပြောပြသင်ပေးခဲ့တဲ့ ဟိုအဘွားကြီးကိုလဲမအေးရီတစ်ယောက်ခုထိကျေးဇူးတင်မဆုံးနိုင်ပေ၊
ဒါပေမယ့် ဒီအကြောင်းတွေကိုသာ ဖိုးထောင်သိသွားခဲ့ပါလျှင်........