Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
❝မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ်ခြင်း၊ တရားမဝင်ဆန့်ကျင်သည့် လှုပ်ရှားမှုများဆောင်ရွက်ခြင်းခွင့်ပြုမည်မဟုတ်ဟု တီမောပြောဆို❞
စက်တင်ဘာ ၁၉
တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ်ခြင်း၊ တရားမဝင်ဆန့်ကျင်သည့် လှုပ်ရှားမှုများဆောင်ရွက်ခြင်းခွင့်ပြုမည်မဟုတ်ကြောင်း တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာဘန်ဒီတိုဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ် က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့သည်။
အဆိုပါ တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာဘန်ဒီတိုဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ အလုပ်သဘောခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်နေခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် စက်တင်ဘာ ၁၈ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ယင်းတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံဆက်ဆံရေးကို အာဆီယံပဋိညာဉ်၊ အခြေခံမူများ၊ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ တစ်နိုင်ငံ၏ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုဘဲ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို တိုးမြှင့်သွားကြရန် အလေးထား ဆွေးနွေးသဘောတူခဲ့ကြသလို မြန်မာနိုင်ငံအစိုးရအား တီမောလက်စ်တေနိုင်ငံ မြို့တော်ဒီလီ၌ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ရန် ကမ်းလှမ်းသွားခဲ့သည်။
အလားတူ နှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ အာဆီယံနိုင်ငံများအကြား ချုပ်ဆိုကြသည့် နှစ်နိုင်ငံသံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးအတွက် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
#သတင်းဟင်းလေးအိုးကြီး
ကျနော်က ကားမက်စ်ကို ကြိုက်တယ်
အမေက ဗုဒ္ဓကို ချစ်တယ်
ကမ္ဘာကြီး စပျက်တော့
သစ္စာလေးပါးကို အမေပိုင်ပါစေလို့ ဆုတောင်းတယ်
အမေက ရေခဲရေမကြိုက်ဘူး
ရေနွေးကို လက်ဖက်ခြောက်ကောင်းကောင်းနဲ့
သောက်တယ်
ကမ္ဘာကြီးစပျက်တော့
အနည်မထိုင်တဲ့ လက်ဖက်ခြောက်ရိုးလေးဟာ
ငါ့သားပေါ့တဲ့
ဆေးလိပ်အဖြူတွေ မသောက်ပါနဲ့
သားအဆုတ်လေးတွေကို အမေချစ်တယ်တဲ့
ကမ္ဘာကြီးစပျက်တော့
ဘယ်တော့မှကောင်းကျိုးမပေးတဲ့ကောင်လေးဆိုပြီး
ကျနော့်ကို ခိုးခိုးနမ်းရှာတယ်။
- သူလှိုင်းမော်
လီဗာပူးလ်နဲ့ ပြန်လည်ရင်ဆိုင်ရမယ့်ပွဲကို အာနိုးလ် လွဲချော်ဖွယ်ရှိ
စက်တင်ဘာ ၁၉
ရီးရယ်လ်အသင်း ညာနောက်ခံလူ အာနိုးလ်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် ၆ ပတ်ကြာ အနားယူရဖွယ် ရှိနေတဲ့အတွက် အန်ဖီးလ်ထံ ပြန်လာပြီး အသင်းဟောင်း လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲကို လွဲချော်ဖွယ်ရှိ နေပါတယ်။
အာနိုးလ်ဟာ ရီးရယ်လ်အသင်းက မာဆေးလ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် League Phase အဖွင့်ပွဲစဉ်ရဲ့ ပွဲချိန် ၅ မိနစ်မှာ ဒဏ်ရာကြောင့် လူစားလဲမှု ပြုလုပ်ခြင်း ခံခဲ့ရတာပါ။
ရီးရယ်လ်အသင်းဟာ အာနိုးလ်ရဲ့ ဒဏ်ရာ အခြေအနေကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ တံကောက် ကြော ဒဏ်ရာ ရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
အာနိုးလ်ဟာ ၆ ပတ်ကြာ အနားယူရမယ်လို့ သတင်းတွေမှာ ဖော်ပြထားတဲ့အတွက် သူဟာ နိုဝင်ဘာ ၄ ရက်မှာ အသင်းဟောင်း လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို ပါဝင်နိုင်ဖို့ မသေချာပါဘူး။
အာနိုးလ်အနေနဲ့ အင်္ဂလန်အသင်းရဲ့ လာမယ့် အောက်တိုဘာနဲ့ နိုဝင်ဘာ နိုင်ငံတကာ ပွဲစဉ်တွေကိုလည်း လွဲချော်ဖို့ ရှိတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ချင်တဲ့ သူ့ရဲ့မျှော်လင့်အတွက် ကြီးမားတဲ့ ဆုတ်ယုတ်မှု ဖြစ်လာနိုင်ပါ တယ်။
အာနိုးလ်ဟာ စက်တင်ဘာထဲ ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ချန်လှပ်ခြင်း ခံခဲ့ရပြီး ခံစစ်ကစားပုံကို ပိုပြီးကောင်းအောင်လုပ်ဖို့ နည်းပြတူချယ်လ်ရဲ့ သတိပေးခြင်း ကို ခံထားရတာပါ။
အာနိုးလ်ဟာ ၆ ပတ်ကျော် အနားယူရမယ့် အချိန်ထက်စောပြီး ကွင်းထဲကို အမြန်ဆုံး ပြန်လာနိုင်ဖို့ အာရုံစိုက်ပြီး လုပ်ဆောင် သွားရတော့မှာ ဖြစ်ပါတယ်။
အာနိုးလ်ဟာ ရီးရယ်လ်အသင်းမှာ ညာနောက်ခံ နေရာအတွက် အသင်းခေါင်းဆောင် ကာဗာဟယ်လ်နဲ့ ယှဉ်ပြိုင် နေရပြီး နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ ၃ ပွဲမှာ ၂ ပွဲကို အရန်ခုံပေါ်မှာ ထိုင်ခဲ့ရတာပါ။
အာနိုးလ်အနေနဲ့ ဒဏ်ရာကနေ သက်သာပြီး ရီးရယ်လ်အသင်းအတွက် ပြန်ပါဝင်ကစားနိုင်ချိန်မှာ ပွဲထွက်ခွင့်နေရာ ကို ရယူနိုင်ဖို့ တိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။
လာလီဂါပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားတဲ့ ရီးရယ်လ်အသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် အက်စ်ပန်ညိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailmymail
ပုံ - အာနိုးလ်ကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
မြေငလျင်သတင်း
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁) နာရီ၊ (၂၈) မိနစ်၊ (၁၂) စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၀၇၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Near East coast of Kamchatka, Russia)၊ မြောက်လတ္တီတွဒ် (၅၃.၃၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၆၀.၄၀) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၇.၈) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။
ရန်ကုန်မှာ လမ်းဘေးတောင်းရမ်းတဲ့ အသက် ၄ နှစ်ကလေးမလေး အဓမ္မပြုကျင့်ခံရတဲ့လက္ခဏာတွေရလို့ ဆေးရုံမှာကုသမှုခံယူနေရ
စက်တင်ဘာ ၁၉၊ ၂၀၂၅
ရန်ကုန်တိုင်း ၊ ဗိုလ်တထောင်မြို့နယ်၊ အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းကြား ၄၈ လမ်းရှိ ကားပါကင်အနောက်မှာ ဒီနေ့စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက လမ်းဘေးတောင်းရမ်းတဲ့ အသက် ၄ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာ တွေ့ရှိရတာကြောင့် ဟယ်လ်ပင်ကလေးဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူက ကလေးငယ်နဲ့ ရင်းနှီးသူထဲကဖြစ်နိုင်ကြောင်း ရှင်သန်ရေးကူညီမှုအသင်းတာဝန်ရှိသူက မြေပြင်မေးမြန်းစုံစမ်းချက်အရ သုံးသပ်ပြောဆိုပါတယ်။
"ဒီကလေးလေးက အဲဒီတယောက်နဲ့ နည်းနည်းရင်းရင်းနှီးနှီးရှိတဲ့သဘောရှိတယ်။ကျွန်တော့ကလေးတွေကမေးတော့ ဘာဖြစ်တာလဲဘာညာပေါ့ ဒီအရုပ်ကလေးကလှလိုက်တာဆိုတော့ ဦးဦးဝယ်သွားပေးတာ၊မုန့်လည်းကျွေးတယ်ဆိုပြီးပြောတယ်။သူတို့အဖွဲ့ထဲကရင်းနှီးတဲ့သူဖြစ်လောက်တယ်။သူတို့ကအဲဒီနားမှာကျက်စားတဲ့သဘောရှိတယ်။ကလေးကို မိဘတွေက လမ်းဘေးမှာတောင်းစားခိုင်းတဲ့သဘောရှိတယ်။တချို့လည်းကလေးလေးကိုသိနေကြတဲ့သဘောရှိတယ်။"လို့ မြေပြင်ကူညီရေးဆောင်ရွက်ခဲ့တဲ့ ရှင်သန်ရေးကူညီမှုအသင်းတာဝန်ရှိသူကပြောပါတယ်။
ဖြစ်စဥ်ကတော့ ကားပါကင်အနောက်မှာ ကလေးငယ်တယောက်တွေ့ရှိရကြောင်း သတင်းအရ သွားရောက်ခဲ့ရာ ကလေးကိုတွေ့ရှိချိန်မှာ ကလေးငယ်ရဲ့ ခြေထောက်နဲ့ အင်္ကျီမှာ သွေးတွေတွေ့ရှိရတာကြောင့် မြို့နယ်ဆရာဝန်မှ ရောက်လာပြီးစစ်ဆေးမှုအရ ကလေးငယ်မှာ အဓမ္မပြုကျင့်ခံထားရတဲ့လက္ခဏာတွေ့ရှိရတဲ့အတွက် ဆေးရုံကိုပို့ဆောင်ခဲ့တာဖြစ်တယ်လို့ မြေပြင်ကူညီရေးဆောင်ရွက်ခဲ့တဲ့ ရှင်သန်ရေးကူညီမှုအသင်းတာဝန်ရှိသူကပြောပါတယ်။
"ရောက်သွားတော့ ခြေထောက်နဲ့စကတ်မှာ သွေးစတွေတွေ့တော့ ချက်ခြင်းမြို့နယ်ဆရာဝန်မကိုလှမ်းဆက်တယ်။ရောက်လာပြီး စစ်ဆေးပြီးဆေးရုံကြီးသွားခိုင်းတယ်။ဆေးရုံကြီးမှာစစ်ဆေးပြီး ကလေးဆေးရုံကြီးကိုပို့ခိုင်းတယ်။ဆရာမတွေပြောနေကြတဲ့သဘောအရ ထိခိုက်မှုရှိတယ်ပေါ့။"လို့ သူကထပ်မံပြောပါတယ်။
လက်ရှိမှာ ကလေးငယ်ရဲ့မိဘတွေနဲ့လည်း အဆက်အသွယ်ရရှိပြီဖြစ်ကြောင်း ၊ကလေးကို ဟယ်လ်ပင်ကလေးဆေးရုံကြီးမှာ လိုအပ်တဲ့ဆေးဝါးကူသမှုတွေပေးနေတယ်လို့သိရပါတယ်။
ဖြစ်စဥ်ဖြစ်ပွားရာအနီးတဝိုက်မှာ cctv တွေရှိတာကြောင့် သက်ဆိုင်ရာ ဗိုလ်တထောင်မြို့နယ်ရဲစခန်းက အမှုဖြစ်စဥ်ကို စုံစမ်းနေပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။
ဓာတ်ပုံ - ရှင်သန်ရေးကူညီမှုအသင်း